Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 3, 2016

(ဘီလ်ဂိတ်၏ဘ၀ထဲမှ သင်ခန်းစာများ)(၂)

ဘီလ်ဂိတ် ဘယ်လိုတွေးသလဲ
(ဘီလ်ဂိတ်၏ဘ၀ထဲမှ သင်ခန်းစာများ)(၂)
==========================
ဖြိုးဝေ (မဟာဝိဇ္ဇာ)

ဘီလ်ဂိတ်ရဲ့သူရဲကောင်းတွေ
===================
ခင်ဗျားကိုယ်ခင်ဗျား ကမ္ဘာပေါ်ကဘယ်သူနဲ့မှမနှိုင်းယှဉ်ပါနဲ့။ ခင်ဗျား အဲဒီလိုလုပ်မယ်ဆိုရင် ခင်ဗျားကိုယ်ခင်ဗျား စော်ကားနေတာပါပဲ။
-ဘီလ်ဂိတ်
+++++++++++++

ဆယ်ကျော်သက်အများစုဟာ အားကစားကြယ်ပွင့်တွေ၊ ပေါ့ပ်စတားတွေ၊ ရုပ်ရှင်အထင်ကရတွေ၊ တော်လှန်ရေးသမားတွေ ရဲ့ပုံတွေကိုနံရံတွေမှာကပ်ပြီး အရူးအမူးစွဲလန်းတတ်ကြပေမဲ့ ဘီလ်ဂိတ်ကတော့ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ပုဂ္ဂိုလ်ရေး ကိုးကွယ်သူတစ်ယောက်မဟုတ်ခဲ့ပါ။ ဒါပေမဲ့ သူလေးစားရတဲ့ ပုဂ္ဂိုလ်အချို့ရှိခဲ့ပြီး အဲဒီထဲမှာ သမိုင်းမှာထင်ရှားတဲ့ပုဂ္ဂိုလ်တချို့ လည်းပါပါတယ်။ ဥပမာအားဖြင့် ၁၇ ရာစုနဲ့ ၁၈ ရာစုကြားမှာကမ္ဘာ မြေရဲ့ဆွဲငင်မှုနိယာမကိုဖော်ထုတ်ခဲ့တဲ့နယူတန်ကို လေးစားသူ တစ်ယောက်ပါ။ သင်္ချာနဲ့ရူပဗေဒကျောင်းသားတစ်ယောက်အနေနဲ့ ဘီလ်ဂိတ်ဟာ အကောင်းဆုံးတွေကိုသာ ဆန္ဒပြင်းပြပါတယ်။ ဒါကြောင့်လည်း မိုနာလီဇာပန်းချီကားရေးဆွဲပြီး အောင်မြင်မှုတွေ တစ်လှေကြီးနဲ့ အကြားအမြင်ဗဟုသုနဲ့ပြည့်စုံတဲ့ အီတလီလူမျိုး လီယိုနာဒိုဒါဗင်ချီကို သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။ လီယိုနာဒိုဒါဗင်ချီဟာ ဘီလ်ဂိတ်အသက်ကြီးလာတဲ့အချိန်ထိ ဆက်ပြီးလွှမ်း မိုးနိုင်သူတစ်ယောက်ပါ။ ၁၉၉၅ ခုနှစ်က The New York Times မှာ သူကအခုလိုပြောခဲ့ပါတယ်။ ''လီယိုနာဒိုဟာ ရှိရှိသမျအံ့သြစရာ အကောင်းဆုံးလူတွေထဲကတစ်ယောက်ပါ။ သူဟာ အခြားသိပ္ပံ ပညာရှင်တွေထက်နယ်ပယ်စုံတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အလွန်အံ့အားသင့်စရာကောင်းတဲ့ ပန်းချီပန်းပုပညာရှင်ပါ။''

အမျိုးသားတွေထဲက ခေါင်းဆောင်တွေ
++++++++++++++++++++++++
ဘီလ်ဂိတ်ကိုနှစ်ခြိုက်သွားစေတဲ့ ရာဇ၀င်ထဲကပုဂ္ဂိုလ် တစ်ယောက်ကတော့ အာဏာရှင်ဖြစ်သွားတဲ့ ပြင်သစ်ဗိုလ်ချုပ် နပိုလီယံလို့ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ရဲရင့်မှု၊ အမြော် အမြင်ရှိမှုတို့နဲ့ ကမ္ဘာကြီးကိုစိုးမိုးဖို့ရည်မှန်းထားသူတွေပါ။ သူတို့ နှစ်ယောက်လုံးဟာ သူတို့ရန်သူတွေရဲ့အားနည်းချက်ကို ရှာဖွေ ဖော်ထုတ်နိုင်တဲ့အရည်အချင်းနဲ့လည်း ပြည့်စုံသူတွေဖြစ်သလို တစ်ခါတစ်ရံ ခက်ထန်ကြမ်းတမ်းတဲ့ခေါင်းဆောင်မှုဟန်ပန်ရှိသူ တွေလို့ ဂုဏ်သတင်းကျော်တဲ့သူတွေပါ။ ဘီလ်ဂိတ်ကို နည်းပညာ ခေတ်ရဲ့နပိုလီယံအဖြစ်သိပ်အများကြီးတွေးကြည့်ဖို့တောင်မလိုပါဘူး။ဘီလ်ဂိတ်ရဲ့စံနှုန်းတွေနဲ့ အတိအကျကိုက်ညီဖို့မလွယ်ပေမဲ့ သူရဲ့ဘ၀နောက်ပိုင်းမှာ တခြားသူရဲကောင်းတွေထပ်ရှိလာပါတယ်။ ဥပမာ- ဟင်နရီဖို့ဒ်ဟာသူ့အတွက် သတ်မှတ်အဆင့်မမီပေမဲ့ အောင်မြင်လာတဲ့အခါ သူ့အတွက်စံထားရတဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကိုမထိန်းနိုင်တဲ့အခါမှာတော့ စိတ်ပျက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ သဘောထားကြီးပြီး ဆိုးဆိုးဝါးဝါး ရန်လိုသူနဲ့ရင်ဆိုင်ရာမှာ နှိုင်းနှိုင်းချိန်ချိန်လုပ်တတ်တဲ့ နယ်ဆင်မန် ဒဲလားကိုတော့ သူလေးစားခဲ့ပါတယ်။ ဘီလ်ဂိတ်ငယ်စဉ်တုန်းကတော့ လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်တဲ့ခေါင်းဆောင်နဲ့ ဆော့ဖ်ဝဲ တစ်ဖက်ကမ်းခတ်သူတို့ကြားကမျဉ်းပြိုင်နှစ်ခုဟာ ဆုံဖို့ခဲယဉ်းကောင်းခဲယဉ်းပေမဲ့ကမ္ဘာ့ပရဟိတသမားဖြစ်လာတဲ့အခါ မှာတော့ သူ့အပေါ် မန်ဒဲလားရဲ့လွှမ်းမိုးမှုတွေကို အလွယ်တကူမြင်နိုင်ပါ တယ်။ ဘီလ်ဂိတ်ရဲ့အစောပိုင်းကာလမှာ လေးစားအထင်ကြီးသူ အဖြစ် သိသာတဲ့လူတစ်ယောက်ကတော့ ဂေါက်သီးအားကစား လောကမှာ စံချိန်သစ်တွေတင်ပြီး သက်ရောက်မှုများခဲ့တဲ့တိုက်ဂါး ၀ုဒ်ပါပဲ။ နောက်ပိုင်းမှာ အလားတူသက်ရောက်မှုမျိုး ကွန်ပျူတာ လုပ်ငန်းလောကမှာ ဘီလ်ဂိတ်ကလုပ်ခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ငယ်ရွယ်စဉ်မှာအောင်မြင်မှုတွေရခဲ့သလို တခြားသူတွေနဲ့ ယှဉ်ပြိုင်ရတဲ့နယ်ပယ်အသီးသီးမှာ အာရုံစိုက်ခဲ့ကြပါတယ်။
ဘီလ်ဂိတ်ဟာ ခေတ်သစ်သိပ္ပံနယ်ပယ်က ရူပဗေဒနိုဘယ် ဆုရှင် ရစ်ချက်ဖိုင်းမန်းကိုလည်း အာရုံကျခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ် နဲ့လူချင်းတွေ့ဖို့စိတ်ပိုင်းဖြတ်ပြီးမကြာခင် ၁၉၈၈ ခုနှစ်မှာပဲ ဖိုင်းမန်းကွယ်လွန်သွားတဲ့အတွက် ဘီလ်ဂိတ်ဝမ်းနည်းပက်လက်ဖြစ် ခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မှာမွေးတဲ့ အမေရိကန်ရူပဗေဒပညာရှင် ရစ်ချက်ဖိုင်းမန်းဟာ 'စွမ်းအင်ဆိုတာခွဲထုတ်လို့မရတဲ့ ယူနစ်တစ်ခု ချင်းအဖြစ်သာတည်ရှိတဲ့အရာဖြစ်တယ်' ဆိုတဲ့သီအိုရီကြောင့် လူသိများပြီး ၁၉၆၅ ခုနှစ်မှာ ရူပဗေဒနိုဘယ်ဆုရခဲ့သူပါ။ သူဟာ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုဖော်ပြနိုင်ဖို့ ဆန်းသစ်တဲ့နည်းလမ်းတွေ ကိုရှာဖွေခဲ့ပြီး ပုံစံကားချက်တွေနဲ့ စနစ်တစ်ခုဖန်တီးခဲ့လို့ ဖိုင်းမန်း ပုံစံကားချပ်ဆိုပြီးလူသိများပါတယ်။ သူ့ကိုဘီလ်ဂိတ်သဘော ကျတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ Microsoft
ရဲ့ထိပ်သီးဖြစ်တဲ့ ဘီလ်ဂိတ်ကိုအဆွဲဆောင်နိုင်ဆုံးအရာကတော့ ဖိုင်းမန်းက သူ့တပည့်တွေထဲက တစ်ယောက်ဆီရေးခဲ့တဲ့စာထဲက အနှစ်ချုပ်ထားတဲ့စကားပါပဲ။ အဲဒီစကားကတော့ ''အရေးပါတဲ့ ပြဿနာတွေဆိုတာ ခင်ဗျားတကယ်ကူညီပံ့ပိုးဖြေရှင်းပေးနိုင်တဲ့ အရာတွေပေါ့။ တကယ်လို့ပြဿနာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တစ်စုံတစ်ခုလုပ်နိုင်မယ်ဆိုရင် ဘယ်ပြဿနာမှ သေးငယ်ပြီး အရေး မပါဘူးဆိုတာမရှိပါဘူး။'' အဲဒီစကားလုံးတွေဟာ ဘီလ်ဂိတ်ကိုယ် တိုင်ရဲ့နှုတ်ဖျားကနေ အလွယ်တကူထွက်အန်ကျလာနိုင်တဲ့ စကား လုံးတွေလည်းဖြစ်ပါတယ်။

မိတ်ဆွေနဲ့စံထားရသူ
++++++++++++++
ဘီလ်ဂိတ်ကြည်ညိုလေးစားတဲ့သူကတော့ ဘီလ်ဂိတ်ရှင် သန်ကျက်စားတဲ့နည်းပညာလောကနဲ့ မသက်ဆိုင်တဲ့သူပါ။ သူကတော့ ကိုယ်ထူးကိုယ်ချွန်ဘီလျံနာတစ်ဦးဖြစ်သလို ကမ္ဘာပေါ်က အချမ်းသာဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုယှဉ်ပြိုင်အန်တုမယ့် ဘီလ်ဂိတ်ရဲ့ အကြီးမားဆုံး အဓိကပြိုင်ဘက်တွေထဲကတစ်ဦးဖြစ်တဲ့ ၀ါရန်ဘား ဖတ်ပဲဖြစ်ပါတယ်။ သူဟာ ဘီလ်ဂိတ်ရဲ့ ပရဟိတလုပ်ငန်းတွေ အပေါ်အများကြီးလွှမ်းမိုးနိုင်တဲ့သူလည်းဖြစ်ပါတယ်။ နယ်ဘရက်စ် ကာပြည်နယ်၊ အိုမားဟားမြို့မှာ ၁၉၃၀ ပြည့်နှစ်မှာမွေးဖွားခဲ့တဲ့ ဘားဖတ်ဟာ Berkshire Hathawayရဲ့အကြီးအကဲဖြစ်ပြီး ရှိရှိ သမျ ဉာဏ်အများဆုံးရင်းနှီးမြှုပ်နှံသူတွေထဲကတစ်ဦးအဖြစ် သတ် မှတ်ခံထားရသူပါ။ သူ့ပိုင်ဆိုင်မှုက ၂၀၁၅ ခုနှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၇၃ ဘီလီယံရှိပြီးမှန်ကန်တဲ့ငွေရေးကြေးရေးအပေါ်ကျော ထောက်နောက်ခံပြုထားတဲ့သူတစ်ယောက်ပါ။အိုမားဟားမြို့က မှော်ဆရာလို့နာမည်ပြောင်တွင်တဲ့ဘားဖတ်က သူ့ရဲ့အောင်မြင်မှု အများစုဟာ ပရော်ဖက်ရှင်နယ်ကျကျရင်းနှီးမြှုပ်နှံသူ ဘန်ဂျမင် ဂရေဟန်အားပေးတဲ့သဘောတရားတွေကို လိုက်နာကျင့်သုံးခဲ့လို့ ပါလို့ သူကအသိအမှတ်ပြုပါတယ်။ ဘားဖတ်က ဘန်ဂျမင်ရဲ့ သဘောတရားတွေကို ၁၉၄၀ ပြည့်နှစ်နှောင်းပိုင်းကစလေ့လာခဲ့တာပါ။ ဘားဖတ်ရဲ့ငွေထဲကနေ ငွေထပ်ပွားအောင်လုပ်နိုင်တဲ့ အရည်အချင်းတွေထဲကတစ်ခုကိုပြောရရင် ၁၉၆၅ ခုနှစ်က Berkshire Hathawayမှာ ဒေါ်လာတစ်သောင်းရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၄ ခုနှစ်မှာ ဒေါ်လာသန်း ၅၀ ပိုပြီးတန်ကြေးရှိလာခဲ့ပါတယ်။ ဘီလ်ဂိတ်နဲ့ ၀ါရန်ဘားဖတ်ဟာ ဘီလ်ဂိတ်အမေ မယ်ရီစီစဉ်တဲ့ပွဲ တစ်ခုမှာ ပထမဆုံးအကြိမ်စတင်ဆုံဖြစ်ခဲ့ပါတယ်။ ချက်ချင်းဆို သလို သူတို့နှစ်ယောက်ဟာ ပလဲနံပသင့်သွားကြပါတယ်။ ၂၀၀၆ ခုနှစ်ကGuardian သတင်းစာမှာ ''၀ါရန်ဘားဖတ်ဟာ ကိစ္စတွေ ကို ရိုးရိုးရှင်းရှင်းနဲ့ အလွန်ထူးခြားစွာရှုမြင်တတ်တဲ့သူပါ'' လို့ ဘီဂိတ် ကပြောတာကို ကိုးကားဖော်ပြခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးဟာ ဟာသဉာဏ်ရှိပြီး ဒီမိုကရက် ပါတီနဲ့ နိုင်ငံရေးဆိုင်ရာပတ်သက် ဆက်နွှယ်မှုကျယ်ကျယ်ပြန့်ပြန့် ရှိသူတွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အစားအသောက်အကြိုက်ချင်းလည်းတူပါတယ်။ သူတို့မှာ မြောက်မြား စွာသောကြွယ်ဝမှုတွေရှိပြီး ခမ်းနားကြီးကျယ်တဲ့ညစာစားပွဲတွေ ပုံမှန်တက်ရပေမဲ့ ဘာပကာသနမှမပါတဲ့ဟမ်ဘာဂါကိုပဲ ကြိုက်နှစ် သက်တုန်းပါပဲ။ နှစ်ယောက်လုံးမှာ ခြိုးခြံခြွေတာတဲ့ဗီဇရှိတာချင်း လည်းတူပါတယ်။ ဒါကြောင့်လည်း နှစ်ယောက်အတူ တရုတ်ပြည် ကိုသွားတဲ့ခရီးစဉ်မှာ နှစ်ယောက်စလုံး McDonald's မှာ စား ဖို့ရွေးချယ်ခဲ့ကြပြီး ဘားဖတ်က သူမပျက်မကွက်ယူဆောင်လာလေ့ရှိတဲ့ အခမဲ့ကူပွန်တွေနဲ့ အစားအသောက်ဖိုးရှင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ၀ါရန်ဘားဖတ်ရဲ့ ဘီလ်ဂိတ်အပေါ်လွှမ်းမိုးနိုင်မှုက အများ ကြီးကျယ်ပြန့်ပါတယ်။ ဥပမာ- ဘီလ်ဂိတ်ဖဲကစားနည်းကို အလေး အနက်လိုက်စားလာတာဟာ ၀ါရန်ဘားဖတ်ရဲ့ပယောဂမကင်းပါဘူး။ ပိုပြီးသိသာတာတစ်ခုကတော့ ''စီးပွားရေးနဲ့ပတ်သက်လို့ ချဉ်းကပ်တဲ့နည်းလမ်းတွေမှာ ဘားဖတ်ကအများကြီးလွှမ်းမိုးမှုရှိပါတယ်'' လို့ ဘီလ်ဂိတ်ကအသိအမှတ်ပြုပြောခဲ့တာပါပဲ။ ၁၉၉၈ ခုနှစ် ဆန်ဂျိုးတက္ကသိုလ်ဟောပြောမှုတစ်ခုမှာ ဘီလ်ဂိတ်က အခု လိုပြောခဲ့ပါတယ်။ ''ကျွန်တော် စီးပွားရေးနဲ့ပတ်သက်လို့ နည်းလမ်း စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ် အဲဒီစီးပွားရေးကိုလည်ပတ်တဲ့အခါ မှာပဲဖြစ်ဖြစ် တခြားဘယ်စီးပွားရေးဦးဆောင်သူတွေထက်မဆို ၀ါရန်က ကျွန်တော့်အပေါ်ပိုပြီးသက်ရောက်မှုရှိပါတယ်''။ ဘားဖတ် ကိုယ်တိုင်ကတော့ သူ့ငွေကို Microsoft မှာ ဘယ်တော့မှရင်းနှီး မြှုပ်နှံမှုမပြုပါဘူး။ အကြောင်းကတော့ သူနားလည်တယ်လို့ သူ့ကိုယ်သူ ယုံကြည်ထားတဲ့နယ်ပယ်တွေမှာပဲ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ စည်းမျဉ်းတစ်ခုချထားလို့ပါပဲ။
ကွန်ပျူတာလုပ်ငန်းက သူ့ငွေကြေးနဲ့ဘယ်လိုမှမအပ်စပ်ပါဘူး။ ဒါပေမဲ့လည်း ဘီလ်ဂိတ်ရဲ့စွန့်ဦးတီထွင်တတ်တဲ့ဗီဇကိုတော့ အသိအမှတ်ပြုတဲ့စကားကို ၁၉၉၂ ခုနှစ်က အခုလိုပြောခဲ့ဖူးပါတယ်။ ''သူ့ရဲ့နည်းပညာပိုင်းဆိုင်ရာအရည်အသွေးကို အကဲ ဖြတ်နိုင်လောက်အောင် ကျွန်တော်မစွမ်းပေမဲ့ သူ့ရဲ့စီးပွားရေး ဆိုင်ရာကျွမ်းကျင်မှုကိုတော့ သာမန်ထက်ထူးခြားတယ်လို့မှတ်ယူ ပါတယ်။'' ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အကျွမ်းဝင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အသီးအပွင့်ဖြစ်တဲ့ ဘဏ္ဍာရေးကျောထောက်နောက်ခံပေးမှု၊ စိတ်ဓာတ်ရေးရာအားပေးမှု၊ လုပ်နည်းကိုင်နည်းတွေဖန်တီး ပေးမှုတွေဟာ ဘီလ်ဂိတ်ရဲ့ပရဟိတအလုပ်အပေါ် ဘားဖတ်ရဲ့ သက်ရောက်မှုတွေအဖြစ် နောင်လာနောက်သားတွေအသိအမှတ် ပြုရပါလိမ့်မယ်။ ၂၀၀၈ ခုနှစ်က Charlie Rose အစီအစဉ် တစ်ခုမှာ ဘီလ်ဂိတ်ကအခုလိုပြောခဲ့ပါတယ်။ ''ဂုဏ်သိက္ခာရှိမှု၊ အမြော်အမြင်ရှိမှုနဲ့ သူလုပ်သမျအရာတိုင်းမှာ ပျော်ရွှင်စရာတွေ ဆောင်ယူလာတတ်မှုတွေကြောင့် ၀ါရန်ဘားဖတ်ဟာ ကျွန်တော် စံထားရတဲ့ အရင်းနှီးဆုံးလူဖြစ်နေရပါတယ်။ ကျွန်တော်ဆုံးဖြတ် ချက်တွေချရတဲ့အခါတိုင်း ၀ါရန်ဘားဖတ်ဆီကရော ကျွန်တော့် အဖေဆီကပါ ကျွန်တော်ဆက်လက်သင်ယူနေပါတယ်။ ပြဿနာ တစ်ခုကို သူတို့ဘယ်လိုချဉ်းကပ်သလဲဆိုတာကို စံနမူနာယူဖို့ ကျွန်တော်ကြိုးစားပါတယ်။''

ကိုယ်ကြိုက်တာကိုယ်လုပ်
++++++++++++++++
''ကျွန်တော်တကယ်နှစ်သက်ပြီး စွဲလမ်းစေတဲ့အရာတစ်ခုကို ငယ်ရွယ် စဉ်မှာရှာတွေ့ခဲ့ပြီး အခုအချိန်ထိစွဲလမ်းနှစ်သက်နေတာ တကယ့်ကိုကံကောင်းပါတယ်။''
(၁၉၉၆ ခုနှစ်ထုတ် Industry Weekမဂ္ဂဇင်းပါဘီလ်ဂိတ်ပြောကြားချက်)
+++++++++++++++

၁၉၈၆ ခုနှစ်ထုတ် Wall Street ဂျာနယ်ရဲ့ သတင်းဆောင်းပါးတစ်ခုမှာပါတဲ့ ဘီလ်ဂိတ်ရဲ့ ဟားဗတ်တက္ကသိုလ်ကျောင်း သားဘ၀ပုံဟာ မကြာခင်လူကြီးဖြစ်တော့မယ့် သန်းပေါင်းများစွာ သောတက္ကသိုလ်ကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုရှိ ခဲ့ပါတယ်။ ''ဘ၀မှာဘာလုပ်ရမလဲဆိုတာကို ကြိုးစားအဖြေရှာရင်း အခန်းထဲမှာထိုင် အတွေးနယ်ချဲ့ပူပန်နေတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါ တယ်'' လို့ ဘီလ်ဂိတ်က သူ့ကိုယ်သူပုံဖော်ပြောခဲ့ဖူးပါတယ်။ အဲဒီပုံ ဖော်ပြောကြားချက်အတိုင်း လုံးဝအတိအကျပဲဆိုတာ သံသယဖြစ် စရာမရှိပါဘူး။ အဲဒီအချိန်တုန်းက သူ့ဘ၀လမ်းကြောင်းကိုအတိ အကျမဖော်နိုင်သေးပါဘူး။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသားအများ အပြားအနေနဲ့ ပူပန်ကြောင့်ကြကင်းတဲ့တက္ကသိုလ်နေ့ရက်တွေပြီး ရင် နောက်ဘာဖြစ်လာမလဲဆိုတာ သဲလွန်စရှာမတွေ့နိုင်ဖြစ်တဲ့ နေရာမှာ ဘီလ်ဂိတ်အတွက်ကတော့ ကွန်ပျူတာနယ်ပယ်မှာနာမည် ကျော်ဖို့ ကံဇာတာပါလာပြီးသားပါ။ တကယ်တော့ ဘီလ်ဂိတ်ဟာ မျက်လုံးနှစ်လုံးပွင့်နေသမျ ကွန်ပျူတာဆော့ဖ်ဝဲရေးတဲ့အရည် အချင်းကို ထက်သထက်ထက်အောင် နှစ်ပေါင်းများစွာသွေးနေခဲ့ပါ တယ်။ ဘီလ်ဂိတ် ကွန်ပျူတာကိုပထမဆုံးအပြင်းအထန်သုံးတုန်းက ၁၃ နှစ်သားပဲရှိသေးပေမဲ့အခြေခံကောင်းဖို့အတွက် သေချာတည်ဆောက်ခဲ့တဲ့အုတ်မြစ်ဖြစ်တယ်ဆိုတာ အလျင်အမြန်သက်သေပြ ခဲ့ပါတယ်။ သူကြိုက်တာသူတွေ့ရှိခဲ့သလို အဲဒါကိုပြုစုပျိုးထောင်ဖို့ အတွက်ပဲအာရုံစူးစိုက်ခဲ့ပါတယ်။ ပထမဆုံးတွေ့ရှိခဲ့တဲ့နေ့ကတော့ ၁၉၆၈ ခုနှစ်ဝန်းကျင်က Lakeside School မှာပါ။ ဒါပေမဲ့ ထင် မှတ်မထားတဲ့သူနှစ်ဦးတွေ့ဆုံမှုလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ Lakeside
မှာ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးမှမရှိလို့ပါပဲ။ အဲဒီအချိန်ကာလတုန်းက ကွန်ပျူတာကကြီးမားလွန်းပြီး ကုန်ကျစရိတ် ကလည်း ကျောင်းတစ်ကျောင်းအတွက် အရမ်းမြင့်မားလွန်းခဲ့ပါ တယ်။ စွမ်းအားကြီးတဲ့ကွန်ပျူတာတစ်လုံးပိုင်ဖို့အတွက် ငွေ အမြောက်အမြားကုန်ကျပြီး သင့်လျော်တဲ့အပူချိန်ထိန်းထားနိုင်မယ့် အရာတွေအမြောက်အမြားအတွက် လေအေးပေးစက်နေရာ အကျယ်အ၀န်းလည်းလိုပါတယ်။ ဒါပေမဲ့ Lakeside မှာကြေးနန်း ရိုက်တဲ့စက်တစ်ခုတော့ရှိပြီး စွမ်းအားကြီးတဲ့ဘယ်ကွန်ပျူတာနဲ့မဆို တွဲသုံးနိုင်ပါတယ်။ အဲဒီစွမ်းအားကြီးကွန်ပျူတာကို Lakeside က တခြားအဖွဲ့အစည်းတွေနဲ့အတူအချိန်ပိုင်းအခပေးသုံးခဲ့ပါတယ်။အဲဒီစနစ်အတွင်းမှာလုပ်နိုင်တဲ့ ကွန်ပျူတာပိုင်းဆိုင်ရာက ဘာမှ မပြောပလောက်ပေမဲ့ အဲဒီအတွေ့အကြုံက ဘီလ်ဂိတ်ရဲ့စိတ်ကူး စိတ်သန်းကို ချက်ချင်းပဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူနဲ့ကျောင်းသား တချို့ဟာ Lakeside ကွန်ပျူတာဆော့ဖ်ဝဲရေးသားသူများအဖွဲ့ကို တည်ထောင်ခဲ့ပြီး မကြာခင်မှာပဲ သူ့ရဲ့ကိုယ်ပိုင်ကုတ်တော်တော် များများကို ပထမဆုံးရေးဆွဲခဲ့ပါတယ်။ အဖွဲ့ထဲမှာ ဘီလ်ဂိတ်က အငယ်ဆုံးဖြစ်ပေမဲ့ ထင်ရှားအရေးပါတဲ့လူတစ်ယောက်ဖြစ်တဲ့ အတွက် သူ့ကို ဘယ်သူမှအသက်အရွယ်ကြောင့်မဟန့်တားနိုင်ခဲ့ပါဘူး။ ကြေးနန်းစက်ကို သုံးမယ့်အချိန်ပေးဖို့ငြင်းဆန်မှုက နောက်ဆုံးမှာ အဖွဲ့ထဲကထွက်ဖို့ အပြောခံရကိန်းဆိုက်လာပါတယ်။ ဒါပေမဲ့ သူတို့မစွမ်းဆောင်နိုင်တဲ့ ကွန်ပျူတာပိုင်းဆိုင်ရာစွမ်းဆောင် ရည်ကို ဘီလ်ဂိတ်ပဲတတ်စွမ်းတယ်ဆိုတာနားလည်တဲ့အတွက် မကြာခင် အဖွဲ့ထဲပြန်ဝင်ခဲ့ပါတယ်။ အဖွဲ့ထဲပြန်ဝင်ဖို့သဘောတူ ခဲ့ပေမဲ့ ဘီလ်ဂိတ်ရဲ့ထူးခြားတဲ့ဟန်ပန်အတိုင်း ဒီတစ်ခါတော့သူ့ အလှည့်ဆိုပြီး အခိုင်အမာပြောခဲ့ပါတယ်။ အဖွဲ့ထဲကပြည်နှင်ဒဏ် အပေးခံရတဲ့သူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ပိုပြီးအရေးပါတဲ့သူ တစ်ယောက်အနေနဲ့ပြန်လာခဲ့တာပါ။ ဒါပေမဲ့လည်း ငွေရေးကြေးရေး နဲ့ပတ်သက်ပြီး အဟန့်အတားဆူးငြောင့်ကတော့ ရှိနေတုန်းပါပဲ။ကျောင်းသားတွေစက်သုံးဖို့အတွက် တစ်နာရီကိုရှစ်ဒေါ်လာလောက် ကုန်ကျပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကပမာဏဟာ အခုခေတ် အင်တာနက်ဆိုင်ထိုင်ခနဲ့ယှဉ်ရင် အများကြီးဈေးကြီးသလို၁၉၆၀ ပြည့်လွန်နှစ်တုန်းက ကျောင်းသားတွေအတွက် ရှာရဖွေရတဲ့ငွေ ကြေးပမာဏတစ်ခုဖြစ်ခဲ့ပါတယ်။ ခဏတစ်ဖြုတ်တော့ အဖွဲ့ဟာ မိဘတွေဆီကအထောက်အပံ့ရခဲ့ပေမဲ့ သိပ်မကြာခင်မှာ အထောက် အပံ့လည်းမလိုက်နိုင်တော့ပါဘူး။ အဲဒီအချိန်မှာဘီလ်ဂိတ်မိဘ တွေကလည်း ကျောင်းထားနိုင်ဖို့အစွမ်းကုန်လုံးပမ်းနေရတဲ့အတွက်ဘီလ်ဂိတ်ရဲ့ဝါသနာအသစ်အတွက်မတတ်နိုင်ခဲ့ပါဘူး။ အဲဒီတော့ ဘီလ်ဂိတ်အနေနဲ့ သူ့ဘ၀တစ်လျောက်လုံးလုပ်ခဲ့တဲ့အတိုင်း သူ့ရဲ့ ကိုယ်စွမ်းကိုယ်စကိုသုံးရပါတော့တယ်။ သူ ငွေလိုနေပါတယ်။ ဒါကြောင့် သူအလုပ်တစ်ခုရှာရပါတယ်။ ဒါပေမဲ့ အခြေအနေပေး ချင်တော့ သူပြုစုပျိုးထောင်ခဲ့တဲ့အရည်အသွေးတွေက သူတို့ကို ဆက်သွေးနေနိုင်ဖို့အတွက် ဘီလ်ဂိတ်ကိုနေရာတစ်ခုပေးခဲ့ပါတယ်။ မကြာသေးခင်ကပဲ ဆီယက်တယ်မှာ Computer Center Corporation လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုဟာ လုပ်ငန်းတစ်ခုကိုအစပြု ထားပါတယ်။ အဲဒီကုမ္ပဏီနဲ့ ဘီလ်ဂိတ်တို့အဖွဲ့ဟာ ဆန်းသစ်တဲ့ အပေးအယူတစ်ခုလုပ်ခဲ့ကြပါတယ်။ အခြေတည်စကုမ္ပဏီရဲ့ပရို ဂရမ်တွေမှာ ချို့ယွင်းတာတွေကိုရှာဖွေပေးရင် ကုမ္ပဏီရဲ့စွမ်းအား ကြီးတဲ့ကွန်ပျူတာကို အခမဲ့သုံးခွင့်ပြန်ရမယ့် အပေးအယူပဲဖြစ်ပါ တယ်။ အဲဒီလိုလုပ်ဖို့ ရုံးချိန်ပြင်ပဖြစ်ရမှာသေချာတဲ့အတွက် ဘီလ်ဂိတ်နဲ့ သူငယ်ချင်းတွေဟာ ရုံးပိတ်ရက်နဲ့ညဥ့်နက်အထိ ကွန်ပျူတာသုံးတဲ့ဓလေ့တစ်ခုစခဲ့ပါတယ်။ အဲဒီကုမ္ပဏီအတွက် ဘီလ်ဂိတ်ရဲ့လုပ်ဆောင်ချက်ကို ကိုလံဘီယာမြစ်ဝှမ်းမှာလျပ်စစ် စွမ်းအင်လိုအပ်ချက်ကို လေ့လာတဲ့အစီအစဉ်တွေကိုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုကသတိထားမိသွားပါတယ်။ အဲဒီအချိန်က ဘီလ်ဂိတ် က ကိုးတန်းပဲရှိသေးတာကိုသတိမထားမိဘဲ အဲဒီကုမ္ပဏီက ဘီလ်ဂိတ်ကိုအင်တာဗျူးခေါ်ပါတယ်။ အဲဒီကနေပဲ သူဟာ Portland မှာ တန်ဖိုးရှိတဲ့အလုပ်နေရာတစ်ခုကို တက်လှမ်းနိုင်ခဲ့ပါ တယ်။ အဲဒီမှာပဲ ဂျွန်နော်တန်လို့ခေါ်တဲ့ အကြီးတန်းပရိုဂရမ်ရေး ဆွဲသူနဲ့ဆက်သွယ်မိပါတယ်။ အဲဒီပုဂ္ဂိုလ်က ဘီလ်ဂိတ်ကိုသဘော ကျတဲ့အတွက် လူငယ်လေးကိုကောင်းသထက်ကောင်းအောင်တွန်း တင်ပေးခဲ့ပါတယ်။ ဘီလ်ဂိတ်အတွက်က အားပေးမှုဆိုတာ လိုခဲပါ တယ်။ ၁၅ နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ ဘီလ်ဂိတ်တစ် ယောက် အများကြီးတိုးတက်လာပြီဖြစ်သလို နောင် Microsoft ပူးတွဲတည်ထောင်သူဖြစ်လာမယ့် သူရဲ့စီနီယာဖြစ်သူ ပေါလ်အယ် လန်နဲ့အတူ ပရော်ဖက်ရှင်နယ်ဆိုင်ရာရင်းနှီးဆက်ဆံမှုစတင်ခဲ့ပြီး အဲဒီအကျွမ်းဝင်မှုကနေ နှစ်ယောက်စလုံးဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းထဲမှာ ထိပ်ဆုံးနေရာတွေကိုတက်လှမ်းခဲ့တာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးဟာ လုံးဝရိုးရိုးရှင်းရှင်းလေးနဲ့စခဲ့ရတာပါ။ သူတို့ရဲ့အဓိကအလုပ်ကတော့ ဆီယက်တယ်မြို့ရဲ့ယာဉ်အသွား အလာအချက်အလက်တွေစုပေးမယ့် ပရိုဂရမ်တစ်ခုဆွဲပြီး ယဉ် အသွားအလာဆိုင်ရာအင်ဂျင်နီယာတွေဖတ်ဖို့အတွက် အစီရင်ခံစာ တွေထုတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီပရိုဂရမ်ကို သူတို့က Traf-O-Data လို့ပေးထားပြီး အဲဒီကနေဒေါ်လာနှစ်သောင်းဝန်းကျင်ခန့် ရမှာဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ အဲဒီကနေ သူတို့ အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံရခဲ့ပြီး အဖွဲ့လိုက်ကောင်း ကောင်းလုပ်နိုင်ခဲ့တာကို ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ Traf-O-Data အတွက် အစပျိုးနေတုန်းမှာပဲ အဲဒီပရိုဂရမ်အတွက် ဟာ့ဒ်ဝဲဖန်တီးမယ့် ပေါလ်ဂေးဘတ်ဆိုတဲ့ တတိယလုပ်ဖော်ကိုင် ဖက်တစ်ယောက်နဲ့တွဲလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအလုပ်ကြောင့်ပဲ ဆော့ဖ်ဝဲဟာ သူတို့နှစ်ယောက်ရှေ့ဆက်လျောက်ရမယ့်လမ်းပဲ ဆိုတာသက်ဝင်ယုံကြည်သွားပါတယ်။ သိပ်မကြာခင်မှာပဲ ဘီလ်ဂိတ် ဟာ Lakeside အတွက် သင်ကြားမှုဆိုင်ရာအချိန်ဇယားဆွဲပေး တဲ့ပရိုဂရမ်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် ကျောင်းက စွမ်းအားမြင့်ကွန်ပျူတာအသုံးပြုခွင့်သူရပါတယ်။ ဘီလ်ဂိတ်ဟာ သူ့ရဲ့ကျွမ်းကျင်မှုကို သူ့အတွက်အသုံးချခဲ့သလို ပေါ် လာတဲ့အခွင့်အရေးကိုလည်း သူ့အတွက်အကျိုးရှိအောင်အသုံးချ တတ်တဲ့ဉာဉ်ရှိပါတယ်။ ဘီလ်ဂိတ်ဟာ ဟားဗတ်အဆောင်ခန်းထဲ မှာလည်းသူ့အတွက်ဘာတွေစောင့်ကြိုနေမလဲဆိုတာ ကောင်းကောင်းတွေးဆခဲ့မှာပါ။ ဥပမာအားဖြင့် သူ့အဖေခြေရာနင်းပြီး ရှေ့နေလုပ်မလား၊ ဒါမှမဟုတ် သိပ္ပံပညာရှင်လုပ်မလားဆိုတာ တွေးဆခဲ့မှာအမှန်ပါပဲ။ ဒါပေမဲ့ သူဘယ်လမ်းလျောက်မယ်ဆိုတာ သံသယဖြစ်နေခဲ့မှာပဲလို့ပြောရင်တော့ ယုံဖို့ခက်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူဘာကြိုက်တယ်၊ ဘယ်လမ်းလျောက် မယ်ဆိုတာ သူကောင်းကောင်းသိလို့ပဲဖြစ်ပါတယ်။

ကွန်ပျူတာအသေးစားခေတ်ပေါ်ထွန်းခြင်း
+++++++++++++++++++++++++
''Window မလဲနိုင်တဲ့ကွန်ပျူတာတစ်လုံးကို ဘယ်တော့မှ မယုံ ပါနဲ့။''
-စတိဗ်ဝါးဇနီးယက် (Apple ပူးတွဲတည်ထောင်သူ)
++++++++++++++++++++
၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းတုန်းက ခေတ်အမီဆုံး ကွန်ပျူတာစနစ်ဆိုတာ ဈေးအရမ်းကြီးတဲ့ စွမ်းအားမြင့်ကွန်ပျူတာ အကြီးစားကြီးတွေမျသာဖြစ်ခဲ့ပြီး အစိုးရအဖွဲ့အစည်းတွေနဲ့ စီးပွား ရေးလုပ်ငန်းတွေမှာ များပြားလှတဲ့ချက်အလက်တွေစုဆောင်းသိမ်း ဆည်းလည်ပတ်ဖို့အတွက်သုံးတဲ့ ထုထည်ကြီးမားလှတဲ့စက်ကြီးတွေ ဖြစ်ခဲ့ပါတယ်။ စိတ်အားထက်သန်တဲ့ဝါသနာရှင်တချို့က ကိုယ့် အခန်းထဲမှာ အလွယ်တကူတပ်ဆင်ထားတဲ့ဆားကစ်ပြားတွေက လွဲရင် တစ်ဦးချင်းသုံးဖို့ တစ်ကိုယ်ရည်သုံးကွန်ပျူတာဆိုတာ အိပ်မက်တောင်မမက်နိုင်သေးပါဘူး။
ဒါပေမဲ့ ၁၉၇၀ ပြည့်နှစ်အစောပိုင်းမှာတော့ အသေးစား ကွန်ပျူတာလေးတွေ အလျင်အမြန်ဖြစ်ထွန်းလာတဲ့ကြီးမားတဲ့ အကျိုးဆက်ကြောင့် စာမျက်နှာအသစ်တစ်ခုဖွင့်လှစ်လိုက်ပါတယ်။အဲဒီအချိန်ဝန်းကျင်က ဆီလီကွန်တောင်ကြားဆိုတာ ဖွံ့ဖြိုးဝေဆာ လာဖို့ အစပျိုးခါစပဲရှိသေးတဲ့ ဆန်တာကလဲယားတောင်ကြားလို့ပဲ သိကြပြီး နောက်ပိုင်းမှာနည်းပညာကုမ္ပဏီကြီးတွေအခြေစိုက်တဲ့ နေရာဖြစ်လာပါတယ်။ တစ်ကိုယ်ရည်သုံး ကွန်ပျူတာဖွံ့ဖြိုးလာတဲ့ ၁၉၇၅ ခုနှစ်ကတော့ သမိုင်းမှတ်တိုင်တွင်ခဲ့တဲ့နှစ်ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာ Micro Instrumentation and Telemetry Systems (MITS) ကုမ္ပဏီကနေ Altair 800 ဆိုတဲ့ အသေးစား ကွန်ပျူတာကိုထုတ်ခဲ့ပါတယ်။ တန်ဖိုးကလည်း ၄၃၉ ဒေါ်လာဖြစ် တဲ့အတွက် လက်လှမ်းမီတဲ့အနေအထားပါ။ ဒါပေမဲ့ Altair 800 ဟာ ယနေ့ခေတ်တစ်ကိုယ်ရည်သုံးကွန်ပျူတာတွေနဲ့ အများကြီး ဆင်တာတော့မဟုတ်ပါဘူး။ မော်နီတာနဲ့ ကီးဘုတ်မပါသလို Memory ကလည်း ၆၄ ကီလိုဘိုက်သာရှိပါတယ်။ အဲဒါနဲ့ ဗီဒီယို ကြည့်လို့၊ ဂိမ်းကစားလို့မရပါဘူး။ ဒါပေမဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာ အံ့မခန်းဆန်းသစ်ပြောင်းလဲတော့မယ့် အရေးပါတဲ့ အလှည့်အပြောင်းအဖြစ် သက်သေပြခဲ့ပါတယ်။ အဲဒါဟာ Microsoft ဖန်တီးဖြစ်ဖို့ဦးတည်နေရုံသာမက နောက်ထပ်နည်း ပညာဂုရုတစ်ဦးဖြစ်တဲ့ စတိဗ်ဝါးဇနီးယက်အတွက် သူ့ကိုယ်ပိုင်စက် တစ်ခုဖြစ်တဲ့ Apple 1 ဖန်တီးဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။

ဘ၀ထဲကသင်ခန်းစာ
++++++++++++++
အခုဖော်ပြခဲ့တဲ့ ဘီလ်ဂိတ်ဘ၀အစိတ်အပိုင်းကိုကြည့်လိုက်ရင် -
၁။ ဘီလ်ဂိတ်မှာ စံထားရသူ (Role Model) တွေရှိပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့ ထူးခြားတဲ့အရည်အချင်းတွေကို သဘောကျရုံသာမက အဲဒီပုဂ္ဂိုလ်တွေဆီက သင်ခန်းစာယူပြီး ကိုယ့်ရဲ့လက်တွေ့ဘ၀မှာကြုံတွေ့ရတဲ့ အခက်အခဲပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းတာတွေ့ရတယ်။
၂။ 'ဘုရားတောင် အမှီရှိမှပွင့်တယ်' ဆိုတဲ့စကားလိုပဲ ကိုယ့်မှာဘယ်လောက်ပဲပါရမီဗီဇအရည်အချင်းတွေ ရှိနေပါစေ အောင်မြင်ကြီးပွားဖို့ဝါရန်ဘားဖတ်လို ထူးခြားတဲ့ပုဂ္ဂိုလ်တွေ၊ ပေါလ်အယ်လန်လို လုပ်ဖော်ကိုင်ဖက်မိတ်ဆွေကောင်းတွေ ရှိဖို့အရေးကြီးတာတွေ့ရတယ်။
၃။ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာနှစ်ယောက်ဟာ McDonald's
မှာ အခမဲ့ကူပွန်နဲ့စားတာကိုကြည့်ပြီး ကပ်စေးနှဲတယ်၊ မစားရက်မသောက်ရက် ခြိုးခြံတယ်လို့ထင်စရာရှိပေမဲ့ ကြီးပွားချမ်းသာဖို့ပိုက်ဆံကိုရှာတတ်ရုံနဲ့မပြီးဘဲ ပိုက်ဆံကိုသုံးတတ်ဖို့လည်း အလွန်အရေးကြီးတာတွေ့ရပါတယ်။
၎။ ဒီနေ့ခေတ်လူငယ်တချို့နဲ့ လုပ်ငန်းခွင်ထဲကလူတချို့လို ကိုယ်ဘာကြိုက်တယ်၊ ဘာအားသန်တယ်၊ ဘယ်လမ်းလျှောက်ရမယ်ဆိုတာကိုမသိဘဲ ၊ သိရင်လည်း မလျှောက်ရဲဘဲ ယောင်ဝါးဝါးဖြစ်နေတာမျိုး၊ ဟိုမရောက်ဒီမရောက်ဖြစ်နေတာမျိုး၊ အလုပ်ကိုပိုက်ဆံရရုံ စိတ်မပါလက်မပါလုပ်နေတာမျိုးမဟုတ်ဘဲ ဘီလ်ဂိတ်ဟာ ကိုယ်ဘာကြိုက်တယ်၊ ဘာအားသန်တယ်၊ ဘယ်လမ်းလျောက်ရမယ်ဆိုတာကိုကောင်းကောင်းသိပြီး ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး ကိုယ်လျှောက်ရမယ့်လမ်းကို အောင်မြင်ပျော်ရွှင်စွာရွေးချယ်လျောက်လှမ်းတာတွေ့ရပါတယ်

ဆက်လ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။