Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 25, 2016

မရှုပ်မရှင်း အခြေခံဥပဒေပုဒ်မ ၃၄၂

မရှုပ်မရှင်း အခြေခံဥပဒေပုဒ်မ ၃၄၂

|| သရဝဏ် (ပြည်) ||

မြန်မာ့နိုင်ငံရေး လောကမှ လူအပေါင်းသည် ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ ၄၃၆ စသည်တို့တွင် မဲနေသော်လည်း ပုဒ်မ ၃၄၂ ၏ အားနည်းချက်များကို ပြောသူမရှိသလောက် မေ့လျော့နေကြသည်။

ထိုပုဒ်မ ၃၄၂ တွင်လည်း မရှုပ်မရှင်းဖြစ်နေသော၊ တိကျရေရာမှု မရှိသော ယေဘုယျဆန်လွန်းသော ပြဋ္ဌာန်းချက်များ ပါဝင်နေသည်ကို ထောက်ပြလိုပါသည်။

၂၀၀၈ တွင် အတည်ပြုလိုက်သော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၇) သည် တပ်မတော် ဟူသော အခန်းဖြစ်ပါသည်။ ထိုအခန်း (၇) ပုဒ်မ ၃၄၂ တွင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်ဟု ပါဝင်ပါသည်။

ဆက်ဖတ်ကြည့်သောအခါ တိုင်းပြည် ကာကွယ်ရေးနှင့် လွှတ်တော် နိုင်ငံရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သင့်ဖြစ်ထိုက်သည့် အရည်အချင်း သတ်မှတ်ချက်ကို လုံးဝမတွေ့ရှိရသည်မှာ အလွန်ထူးဆန်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လစ်ဟာမှုကြီး (သို့မဟုတ်) တမင်သက်သက် အသာစီးယူထားသော အချက်ကြီး ဖြစ်နေပါသည်။

နိုင်ငံအတွက် အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်သော သမ္မတရာထူး ရွေးချယ်ရာတွင် ပုဒ်မ ၅၉(က) မှ (ဆ) အထိ အချက်ခုနစ်ချက် အသေးစိတ် ရေပက်မဝင်အောင် ပြဋ္ဌာန်းထားသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ထိုက်သည့် လူတစ်ယောက်၏ အရည်အချင်း သတ်မှတ်ချက်များကို စာရွက်ပေါ်တွင် တိတိကျကျ ဘာမှရေးထားခြင်းမရှိဘဲ ကာလုံအဖွဲ့ကိုသာ လွှဲချထားလေသည်။ ထိုကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင် ၁၁ ဦးရှိရာတွင်လည်း စစ်ဘက်မှတင်သော ဒုသမ္မတတစ်ယောက်၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ဟူသော တပ်မတော်မှ လူ ၆ ယောက်က အဓိကထား ဆုံးဖြတ်မည်ဖြစ်သဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တပ်မတော်က ခန့်ခွင့်ရှိသလိုသာ ဖြစ်နေပါသည်။

သမ္မတက ခန့်ခွင့်ရှိသည်ဆိုခြင်းမှာ ဟန်ပြသာဖြစ်နေသည်။

ကာလုံအဖွဲ့တွင် လူ ၁၁ ယောက်သာ ရှိသည့်အနက် ကာကွယ်ရေးဦးစီးချုပ် ပါပြီးပါလျက် ဒုတိယကာကွယ်ရေး ဦးစီးချုပ်ကို ထည့်ထားခြင်းမှာလည်း လူထပ်လိုနေသလိုရှိကာ တမင်စစ်ဘက်မှလူများကို လူဦးရေအသာရအောင် လုပ်ထားသလို ဖြစ်နေပါသည်။

အဆိုးဆုံးအချက်မှာ ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့်အပ်ခံရမည့် သူ၏
(က) အသက်ကန့်သတ်ချက်
(ခ) ပညာအရည်အချင်း ကန့်သတ်ချက်
(ဂ) အငြိမ်းစား ယူရမည့်သက်တမ်း
(ဃ) ပြည်ထောင်စု၏ သဘောတူညီချက်
(င) အခြားအရည်အချင်း ကန့်သတ်ချက်များ
(စ) ကာကွယ်ရေးဦးစီးချုပ်၏ ရာထူးသက်တမ်း
(ဆ) ရာထူးမှ ဆက်လက် မထမ်းဆောင်သင့်သော စွပ်စွဲပြစ်တင်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လုံးဝထည့်သွင်း ပြဋ္ဌာန်းထားခြင်း မရှိချေ။

ထိုအခါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မည်သည့် စံသတ်မှတ်ချက်များဖြင့် ရွေးမည် (ဥပမာ ဗိုလ်သင်တန်း အမှတ်စဉ် ရှေ့နောက်စီနီယာအရ ရွေးမည်လား၊ ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဖြစ်မှပဲ ရွေးမည်လော၊ သို့မဟုတ် အထက်လူကြီးဟောင်း များ၏ အကြံဥာဏ် ထောက်ခံချက်ဖြင့်သာ ရွေးမည်လား၊ သမ္မတက ခန့်ထားခွင့် ရှိသည်ဟု ပြောထားရာ သမ္မတ တကယ်ကြိုက်နှစ်သက်သူကို ရွေးချယ်ခွင့်ရမည်လား) ဟူ၍ မေးစရာကိစ္စတွေ ရှိပေသည်။

ထို့အပြင် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ရမည်ဟု ဆိုရာ၌
- သမ္မတ တစ်ခါတက်တိုင်း ကာကွယ်ရေးဦးစီးချုပ် တစ်ကြိမ်ခန့်အပ်ရမည်လား၊
- အငြိမ်းစား တပ်မတော်အရာရှိဟောင်း တစ်ဦးကို ကာကွယ်ရေး ဦးစီးချုပ်လောင်းအဖြစ် သမ္မတမှ အမည်တင်သွင်းခွင့် ရှိ မရှိ၊
- ကာလုံအဖွဲ့က လက်ရှိရွေးချယ်ထားသော ကာကွယ်ရေးဦးစီးချုပ် ကို နောက်တက်လာသော ကာလုံအဖွဲ့က အသစ်ပြန်ရွေးချယ် ပေးနိုင်ခွင့် ရှိမရှိ
စသည့် အချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လည်းမပါ၊ တပ်မတော်က တရားဝင် ထုတ်ပြန်ကြေညာမှုလည်း မရှိသော မရှုပ်မရှင်း ကိစ္စများဖြစ်သည်။ ထိုကိစ္စများကို လွှတ်တော်တွင် တရားဝင် မေးမြန်းကာ ဥပဒေခိုင်မာအောင် ပြုသင့်ပါသည်။

ထိုသို့မဟုတ်ပါက သမ္မတများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူးတို့အတွက် စစ်စစ်ပေါက်ပေါက် စဉ်းစားသလောက် နိုင်ငံ၏ အာဏာဗဟိုချက် ဖြစ်နေသော ကာကွယ်ရေးဦးစီးချုပ် ရာထူး အရည်အချင်း သတ်မှတ်ချက်မှာ ပျောက်ကွယ် လစ်ဟာနေပါသည်။

ပြီးခဲ့သော ရက်ပိုင်းက တပ်မတော်လေးလပတ် အစည်းအဝေးအပြီး ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး နေရာများအတွက် အငြိမ်းစား ယူရမည့် သက်တမ်းမှာ ၆၅ နှစ်အထိ တိုးမြှင့်လိုက်ကြောင်း သတင်းများ ထွက်လာပေသည်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အသက်မှာလည်း မကြာခင် ၆၀ ပြည့်တော့မည်ဖြစ်သဖြင့် သက်ပြည့်ပင်စင် ယူခါနီးမှ ထိုသို့ ၅ နှစ် ထပ်တိုးလိုက်ခြင်းကို ပြည်သူလူထုက ဝေဖန်နေကြသည်။

အမှန်စင်စစ် ရာထူးမှ အငြိမ်းစားယူသည့် သက်တမ်း၊ ရာထူး စတင်ခန့်ထားနိုင်သည့် အငယ်ဆုံး သက်တမ်းနှင့် အခြား အရည်အချင်း သတ်မှတ်ချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်သာ တရားဝင်ရေးဆွဲ ပြဋ္ဌာန်းထားသင့်ပေသည်။ သို့မဟုတ် ပြည်ထောင်စု လွှတ်တော်ကသာ အတည်ပြု ပြဋ္ဌာန်းပေးရပေလိမ့်မည်။

၅၉(စ) သည် ပြင်ဆင်ရန် အလွန်ခက်အောင် ပုဒ်မများစွာဖြင့် ချုပ်နှောင်ထားသော်လည်း၊ ပုဒ်မ ၃၄၂ မှာ ဘာမှရှင်းအောင် ရေးမထားသဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ဘာပဲထပ်ထည့်ချင်သည်ဖြစ်စေ ငှက်ပျောသီးအခွံနွှာ စားသလို လွယ်ကူလွန်းနေသည့် ဟာကွက်ကြီး ဖြစ်ပေါ်နေပါကြောင်း။

သရ၀ဏ် (ပြည်)
The Ladies News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။