လိမ္မာပါးနပ်သော အင်တာနက်(ဖေ့စ်ဘုတ်)သုံးသူ
========================== ========
ယနေ့ အားလုံးရဲ့လက်ထဲမှာ စမတ်ဖုန်းတွေ ရှိလာကြတာကြောင့် မျက်စိရှေ့လက်တကမ်းမှာ သတင်းဦး သတင်းထူးတွေဟာလည်း နေ့စဉ်မြင်တွေ့နိုင်လာကြပြါ ပီ။ဒါဟာ သတင်းအချက်အလက်၊နည်းပညာခေတ် (ITခေတ်)ရဲ့ အရသာပဲ ဖြစ်ပါတယ်။ မြန်မာမှာတော့ အထူးသဖြင့် ဖေ့စ်ဘုတ်(facebook)ဟာ ရေပန်းအစားဆုံး သတင်းအရင်းအမြစ်ဖြစ်ပါတယ်။
.
အိမ်မှာ ဂျာနယ် မဂ္ဂဇင်း စာအုပ် မဖတ်ဖြစ်တဲ့သူတွေတောင် ဖေ့စ်ဘုတ်ပေါ်ရောက်လာရင် ပေ့ခ်ျ(page)တွေကတင်ဆက်သမျှ သတင်းနဲ့ ရသစာပေလေးများကို ဖတ်ဖြစ်ကြ ၊ ရှဲ(share)ကြတာမျိုးတွေ လုပ်လာပါတယ်။ယေဘူယျအားဖြင့် ဖေ့စ်ဘုတ်မှာ
ထူးဆန်းပါပေ့ဆိုတဲ့ သတင်း၊ ဦးပါပေ့ဆိုတဲ့သတင်းဆိုရင်
လူကြိုက်များလေ့ရှိပါတယ်။ ခေတ်စားနေတဲ့ စကား၊နေရာ၊အသုံးဆောင်တွေကို လည်း
သူ့ထက်ငါ သုံးစွဲကြ၊လိုက်လုပ်ကြနဲ့ အများမြင်အောင်
တင်ကြတဲ့ခေတ်လဲဖြစ်ပါတယ်။ ခေတ်ကာလ တိုးတက်မှုအရာအားလုံးကို
မျက်ခြေမပြတ်လိုက်နေကြတာ ကောင်းတဲ့ကိစ္စတစ်ခုတော့ဖြစ် ပါတယ်။
.
ဒါပေမယ့် ဒီနေရာမှာ ဘယ်လိုဟာကွက်တွေဖြစ်လာသလဲဆိုရင်
သိမှတ်စရာ အချက်တွေ၊ သတင်းတွေကသိပ်ကို များပြားလွန်းလာလို့ မြဲမြဲမြံမြံ
လေ့လာမှတ်သားဖို့ မစွမ်းဆောင်နိုင်တော့ဘဲ ဇဝေဇဝါဖြစ်တဲ့
ခေတ်ကိုရောက်နေပါတယ်။(ဒါကို ပညာရှင်တွေက သတင်း အချက်အလက်တွေ ပိနေတဲ့ခေတ်<Age Of Information Overload>လို့ သမုတ်လာပါတယ်။)
.
ကိုယ်စီးမြောနေတဲ့ သတင်းရေစီးကြောင်းပေါ်မှာ သတင်းအမှားတွေ၊ သတင်းအသိုးတွေ၊ ပေါ်ပင်တွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လို့ခေါ်တဲ့ အမှိုက်သရိုက်တွေလည်း ရောနှော နေပါတယ်။ကိုယ်တိုင်မရည်ရွယ် မိပေမယ့်လည်း အမှန်ထင်လို့ အများမြင်အောင် ရှဲလိုက်မိရာကနေ ကိုယ်ပါ အမှိုက်အားပေး၊ အဆိပ်အတောက်အားပေး တရားခံဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်
အပြင်လူ့လောကမှာ လူ့ကျင့်ဝတ်ရှိသလို၊ လိုက်နာသင့်သလို ၊ ယခုခေတ်အချိန်မှာ
တကယ်ကို လိုအပ်နေတဲ့ အင်တာနက်သုံးသူ ကျင့်ဝတ်လေးအနည်းငယ်ကို
မိတ်ဆက်ပေးလိုက်ပါတယ်။အဲဒါမှလည်း မြန်မာတွေရဲ့ သတင်းရေစီးကြောင်းမှာ အမှိုက်ကင်းပြီး သန့်သွားမှာပါပဲ။ အဲဒီအချက်လေးတွေကတော့ –
.
★၁။ ။ နေ့စွဲတပ်ပါ။
အရေးကြီးသတင်းဖြစ်လေလေ နေ့စွဲတပ်ဖို့လိုလေလေပါပဲ။ လိုအပ်ရင် နေ့စွဲကော အချိန်ပါ တွဲတင်ပါ။ လတ်တလောဖြစ်သွားတဲ့ ဥပမာပေးရမယ် ဆိုရင်” မြန်မာနိုင်ငံ ဘယ်ဒေသကတော့ ရေမြုပ်သွားပါပြီ/ အကူအညီလုံးဝမရပါ။” ဆိုတာမျိးမှာ အချိန်နဲ့တပြေးညီ အရေးတကြီး ပို့စ်တင်တာ၊ ရှဲတာဆိုပေမယ့် နေ့စွဲနဲ့တွဲပြီးတင်ဖို့လို ပါတယ်။
နေ့စွဲမပါဘဲ တင်လိုက်ရင် တင်တင်ပြီးချင်း ရှဲပေးတဲ့သူရှိသလို၊ ၃ ၄ ရက်နေမှ
အင်တာနက်ပေါ်ရောက်လြာ့ပီး တွေ့မိလို့ ရှဲလိုက်တဲ့သူတွေ လည်းရှိပါတယ်။
အဲဒီအချိန်မှာ နောက်ထပ် အရေးပေါ်အကူအညီလိုတဲ့ ဒေသအတွက်
ပို့စ်အသစ်ထပ်တက်လာရင်၊ နေ့စွဲလဲမပါခဲ့ဘူးဆိုရင် ၊ အရင်တုန်းက
သတင်းအဟောင်းကလည်း အများသူငှာက ရှဲလို့ကောင်းတုန်းအချိန်ပဲ ဆိုတော့ နှစ်ခုလုံးက နေ့စွဲမပါခဲ့တဲ့အတွက် တကယ် ကူညီပေးရမယ့်သူဟာ ဘယ်ဒေသကို နံပါတ်တစ်မှာထားသင့်သလဲဆိုတာမျိုး
ဇဝေဇဝါ ရှိလာပါမယ်။ သတင်းအမှားဟာ လုပ်ဆောင်ချက်အမှားကို
ဖြစ်သွားမိစေခဲ့မယ်ဆိုရင် သိပ်နစ်နာပါတယ်။ သွေးအလှူခံဖို့
အရေးတကြီးလိုတဲ့ကိစ္စမျိုးဆိုရင်
နေ့စွဲကောအချိန်ပါ တင်ပေးသင့်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က
အိမ်မပြန်တတ်တော့ဘဲ၊ လမ်းပျောက်ပြီး ငိုနေတဲ့ ကလေးလေးနဲ့သတင်းဓာတ်ပုံဟာ
မနေ့တနေ့ကလောက်အထိကို ရှဲနေကြတာ တွေ့တွေ့နေသေးပါတယ်။ တကယ်တော့ အဲဒီကလေးက
သူ့မိဘအိမ်ပြန်ရောက်လို့ အေးအေးလူလူဖြစ်နေတာ နှစ်ချီနေလောက်ပါပြီ။ ဒါဟာ
နေ့စွဲမပါဘဲစီးဆင်းနေတဲ့ သတင်းအဟောင်းတွေပါ။ မလိုအပ်ပဲ သတင်းအသိုးတွေကို
မစီးဆင်းစေအောင် ဝိုင်းဝန်း ထိန်းချုပ်ရပါမယ်။ ဒါကြောင့် နေ့စွဲတွဲတင်တဲ့
အကျင့်မျိုးကို ထားသင့်လှပါတယ်။
.
★၂။ ။ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလား ဆန်းစစ်ပါ။
ဘယ်တံဆိပ်ခေါက်ဆွဲခြောက်မှာ
ပိုးဟပ် ပါ ပါတယ်။ ဘယ်အာလူးကြော်ကတော့ ပလတ်စတစ်ဖတ် ပါ ပါတယ်။ ဘာရယ်
ညာရယ်ဆိုတာမျိုး မကြာခဏတွေ့ဖူးပါတယ။် ဒါဟာ အမှန်ဖြစ်နိုင်သလို အောင်မြင်တဲ့
စီးပွားရေးလုပ်ငန်းတစ်ခုကို
တိုက်ခိုက်ချင်တဲ့ လှည့်ကွက်တစ်ခုလည်း ဖြစ်နေနိုင်ပါသေးတယ်။ တွေ့တွေ့ချင်း
ထစ်ထစ်ချယုံပြီး ရှဲလိုက်ဖို့ မသင့်ပဲ အနည်းငယ် ဆန်းစစ်ပြီးမှ
ယုံသင့်ပါတယ်။တကယ်လို လိမ်ဆင် သက်သက်ဆိုရင် ကိုယ်ဟာ
သူများစီးပွားတိုက်ခိုက်ရာ မှာ အလိုတူအလိုပါဖြစ်သွားပါလိမ့် မယ်။ တကယ်အမှန်ဆိုရင် စပြီးပို့စ်တင်တဲ့သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါလိမ့်မယ်(သူက မှန်နေတဲ့အတွက်)၊
စပြီးပို့စ်တင်တဲ့အကောင့် ပိုင်ရှင်ကို စန်းဆစ်ကြည့်ရုံပါပဲ၊
အကောင့်တုပုံစံလိုလို၊ ကိုယ်ဘယ်သူဆိုတာ မပြောရဲ တဲ့အကောင့်လိုမျိုးက တင်ရင်
သတင်းအမှားဖြစ်ဖို့ ရာခိုင်နှုန်းတော်တော်များပါ တယ်။တကယ်လို့
ကိုယ်တိုင်က ကြုံတွေ့ရလို့ တင်တော့မယ်ဆိုရင်လည်း ဘယ်နေ့က၊
ဘယ်အစားသောက်ဝယ်စားရမှာ၊ ဘယ်လိုမကောင်းတဲ့အရာ ပါလာကြောင်း နဲ့အတူ
ကိုယ်ဟာဘယ်သူဖြစ်ကြောင်း၊ဘယ်ဒေသမှာ နေထိုင်ကြောင်း ပါပြောထားသင့်ပါတယ်။(မယုံရင်လာမေးနိုင်ကြောင်းပေါ့ )ကိုယ့်လိုပဲ သတင်းအမှားလား အမှန်လား ဆန်းစစ်သူတွေအတွက်ပါ။
.
★၃။ ။သူတစ်ပါးကိုယ်ပိုင်လွတ်လပ် ခွင့်ကို အလေးထားပါ။
သင်အပါအဝင် လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။
ဖေ့စ်ဘုတ်ပေါ်က ကိုယ်ပိုင်လွတ်လပ်ခွင့် အကြောင်းပြောရင် အလွန်အသေးစိတ်ပြီး
ပြီးမှာမဟုတ်တော့ပါဘူး။ ထင်ရှားရာပဲ ကောက်နှုတ်ရမယ်ဆိုရင်
စကရင်ရှော့ခ်(screen shot)ပါ။ ကိုယ်ကတော့ ပြောချင်တဲ့အရာ၊ ပြချင်တဲ့ အရာကို
ဖေ့စ်ဘုတ်မှာ စကရင်ရှော့ခ်ပြီး အများသိအောင်တင်လိုက်ပေမယ့် အဲဒိပုံထဲမှာ ဘယ်သူက လိုက်ခ်(like)လုပ်ထားပါတယ်။ ဘယ်သူတွေကော့မန့်ပေးထားတယ်ဆိုပြီး အကောင့်နာမည်တွေပေါ်နေမယ်ဆို ရင်
သူတစ်ပါးလွတ်လပ်ခွင့်ကို ချိုးဖောက်မိသွားတာပါ။ အကယ်လို့ သူများတင်တဲ့
စကရင်ရှော့ခ်မှာ ကိုယ်ခွင့်မပြုဘဲ ကိုယ့်အကောင့်ကြီး နာမည်နဲ့တကွ
ကိုယ့်လှုပ်ရှားမှုတွေ ထင်းထင်းကြီးပါလာရင် မနှစ်မြိုနိုင်တဲ့
အခြေအနေလည်းရှိနေနိုင်ပါတယ် ။ ဒါကြောင့် စကရင်ရှော့ခ်လိုမျိုးတင်မယ် ဆိုရင် သူများ အကောင့်နာမည်ကိုတော့ ပုံပြုပြင်တဲ့ ဆော့ဝဲလ်လေးနဲ့ ဖျက်ထားပေးလိုက်ပါ။နောက်တစ် ခုက ယာဉ်တိုက်မှု၊ အခြားမတော်တဆမှုတွေမှာ ထိခိုက်သူ၊ သေဆုံးသူရှိခဲ့ရင် ကိုယ်က အခင်းဖြစ်ပွားရာမှာရှိနေလို့  သတင်းဦးအနေနဲ့ ဓာတ်ပုံရိုက်ပြီးတင်တယ်ဆိုေ ပမယ့်၊ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူရဲ့ မျက်နှာကိုပေါ်အောင် မရိုက်သင့်ပါဘူး။ အဲဒီနေရာမှာ ကိုယ်သာဆိုရင် ၊ကိုယ့်မိသားစုဆွေမျိုးသာဆိုရင် ဒီလို အမြင်မလှ အဖြစ်ဆိုးနေတဲ့ပုံပန်းကို ခွင့်မပြုဘဲ ဓာတ်ပုံရိုက်တယ်၊ အင်တာနက်တင်တယ်ဆိုတာမျိုးကိုလုံးဝ
ကြိုက်မှာမဟုတ်ပါဘူး။ နောက်ပြီး တကယ့်ကို ခေါင်းကြေမွ၊ ခြေပြတ်
ခေါင်းပြတ်ဖြစ်တဲ့ အမြင်ဆိုးရွားတဲ့ အနိဌာရုံတွေကိုလည်း
ထင်ထင်ရှားရှားမတင်သင့်ပါဘူး ။ News Feedမှာ ပေါ်လာသမျှကြည့်နေတဲ့ ငယ်ရွယ်သူ၊ မိန်းမငယ်များနဲ့ နှလုံးအားနည်းသူတွေလည်းရှိေ နနိုင်လို့ပါ။ တကယ်လို့တင်ချင်တယ် ဆိုရင် အနိဌာရုံတွေပါကြောင်း ထင်ထင်ရှားရှားရေးတင်ပါ။
.
★၄။ ။သတင်းအရင်းအမြစ်ကို သေချာနေပါစေ။
အခုအချိန်မှာ PhotoShopနဲ့ ဓာတ်ပုံကိုသေသပ်အောင် ပြင်နိုင်တဲ့သူတွေ ပေါလာပြီဖြစ်လို့ မြင်နေရတဲ့ ပုံဟာ ပုံအစစ်လား၊ ပုံအတုလားဆိုတာ ဆန်းစစ်ဖို့လိုပါမယ်။ သတင်းဟာ ထူးနေပေမယ့် အမှန်တရားကောဟုတ်ရဲ့လားဆိုတာ ဆန်းစစ်ဖို့လိုပါမယ်။ အင်တာနက်ဆိုတာ စာပေမှတ်ပုံတင်ခြင်းမရှိ၊ ဆင်ဆာမရှိ လူတိုင်း တင်ချင်တိုင်းတင်လို့ရနေတဲ့ အတွက် ကိုယ်ဖတ်နေတဲ့ သတင်းအရင်းအမြစ်ဟာ ခိုင်မာရဲ့လားဆိုတဲ့ဒွိဟရှိ ပါတယ်။
သတင်းပေ့ခ်ျဟာ အင်တာနက်မှာကော တကယ့်အပြင်လောကမှာပါ စာစောင်အနေနဲ့
ထုတ်ဝေနေတဲ့ သတင်းစာတိုက်၊ ဂျာနယ်တိုက်၊ မီဒီယာ ဆိုရင် ယုံကြည်ရဖို့
ရာခိုင်နှုန်းများပါတယ်။ အင်တာနက်မှာပဲ သတင်းတင်တဲ့ ပေ့ခ်ျဆိုရင်တော့
အဲဒီပေ့ခ်ျအရင်က တင်ခဲ့ဖူးသမျှဟာ မှန်ကန်တာတွေပဲတင်နိုင်ခဲ့သ လားဆိုတာပါ ထည့် ဆန်းစစ်ရမှာပါ။
.
★၅။ ။ဘာသာရေးတိုက်ခိုက်မှုတာမျိုး ရှောင်ပါ။
ဒါကတော့ ယဉ်ကျေးတဲ့ လူ့အဖွဲစည်းထဲကလူတွေအကုန်လုံးလိုက်နာသင့်ပါတယ်။ ကိုယ့်ဘာသာရေးထိခိုက်စော်ကားတာ မကြိုက်သလို၊ သူများကိုးကွယ်တဲ့ဘာသာရေးကို မပုတ်ခတ်သင့်ပါဘူး။ ဘာသာမဲ့လို့ ခံယူသူတွေက လည်း ကိုယ်ကိုယ်တိုင်လွတ်လပ်စွာေ နချင်တဲ့
စိတ်ရင်းနဲ့ပဲ နေသင့်ပါတယ်။ ဘာသာရေးကိုးကွယ်သူတွေကို
ခနဲ့လှောင်ပြောင်နေဖို့ မသင့်တော်ပါဘူး။ဒါဆို လွတ်လပ်တဲ့သူလို့ဘယ်လိုပြဲေ ကွးကြော်နေပါစေ၊ သူများဘာသာရေးပုတ်ခတ်ဖို့ အတွေးအခေါ်တွေနဲ့ အချိန်ပြည့်အချုပ်ကျ နေသူဆိုတာ မပြောလဲ သက်သေပြမိလျက်သားဖြစ်ပါလိမ့် မယ်။
.
အချုပ်အနေနဲ့ဆိုရင် တွေ့သမျှအကုန်လုံးကိုအမှန်ပဲ
လို့မယူဆဖို့ နဲ့ ကိုယ်ချင်းစာတရားထားဖို့ နှစ်ချက်ပါပဲ။တက်လာသမျှ
ဖေ့စ်ဘုတ်ပေါ်က အရာရာတိုင်းဟာ ပြင်ပလောက၊ တကယ့်ကမ္ဘာနဲ့ ထပ်တူညီနေတာမျိုးလို့
ယူဆလို့ မဖြစ်ပါဘူး။”ဖေ့စ်ဘုတ်မှာတွေ့တာပဲ
အဲဒါအမှန်ပဲပေါ့”လို့ ထင်မြင်နေမယ်ဆိုရင် အင်တာနက်ပါးမဝသေးဘူး၊
အင်တာနက်လူအ လို့ ပြောရမှာပါပဲ။အားလုံး လိမ္မာပါးနပ်သော အင်တာနက်သုံးသူများ
ဖြစ်ပါစေ။
Credit: ငြိမ်းငြိမ်းချမ်းချမ်း
==========================
ယနေ့ အားလုံးရဲ့လက်ထဲမှာ စမတ်ဖုန်းတွေ ရှိလာကြတာကြောင့် မျက်စိရှေ့လက်တကမ်းမှာ သတင်းဦး သတင်းထူးတွေဟာလည်း နေ့စဉ်မြင်တွေ့နိုင်လာကြပြါ
.
အိမ်မှာ ဂျာနယ် မဂ္ဂဇင်း စာအုပ် မဖတ်ဖြစ်တဲ့သူတွေတောင် ဖေ့စ်ဘုတ်ပေါ်ရောက်လာရင် ပေ့ခ်ျ(page)တွေကတင်ဆက်သမျှ
.
ဒါပေမယ့် ဒီနေရာမှာ ဘယ်လိုဟာကွက်တွေဖြစ်လာသလဲဆု
.
ကိုယ်စီးမြောနေတဲ့ သတင်းရေစီးကြောင်းပေါ်မှာ သတင်းအမှားတွေ၊ သတင်းအသိုးတွေ၊ ပေါ်ပင်တွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ
.
★၁။ ။ နေ့စွဲတပ်ပါ။
အရေးကြီးသတင်းဖြစ်လေလေ နေ့စွဲတပ်ဖို့လိုလေလေပါပဲ။ လိုအပ်ရင် နေ့စွဲကော အချိန်ပါ တွဲတင်ပါ။ လတ်တလောဖြစ်သွားတဲ့ ဥပမာပေးရမယ် ဆိုရင်” မြန်မာနိုင်ငံ ဘယ်ဒေသကတော့ ရေမြုပ်သွားပါပြီ/
.
★၂။ ။ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလာ
ဘယ်တံဆိပ်ခေါက်ဆွဲခြောက်မှာ
.
★၃။ ။သူတစ်ပါးကိုယ်ပိုင်လွတ်လပ်
သင်အပါအဝင် လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပ
.
★၄။ ။သတင်းအရင်းအမြစ်ကို သေချာနေပါစေ။
အခုအချိန်မှာ PhotoShopနဲ့ ဓာတ်ပုံကိုသေသပ်အောင် ပြင်နိုင်တဲ့သူတွေ ပေါလာပြီဖြစ်လို့ မြင်နေရတဲ့ ပုံဟာ ပုံအစစ်လား၊ ပုံအတုလားဆိုတာ ဆန်းစစ်ဖို့လိုပါမယ်။ သတင်းဟာ ထူးနေပေမယ့် အမှန်တရားကောဟုတ်ရဲ့လားဆိုတ
.
★၅။ ။ဘာသာရေးတိုက်ခိုက်မှုတာမျို
ဒါကတော့ ယဉ်ကျေးတဲ့ လူ့အဖွဲစည်းထဲကလူတွေအကုန်လံ
.
အချုပ်အနေနဲ့ဆိုရင် တွေ့သမျှအကုန်လုံးကိုအမှန်ပ
Credit: ငြိမ်းငြိမ်းချမ်းချမ်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။