Momolay added 4 new photos.
..
သာမန္တံတားေတြနဲ႔ မတူကြဲျပားၿပီး ေရလည္ေခါင္မွာ အ၀ိုင္းပံုတည္ေဆာက္ထားတာဟာ ဒီတံတားကို ထင္ရွားေစတဲ့ အမွတ္အသားတစ္ခု ျဖစ္ေစပါတယ္။ တံတားရဲ႕နာမည္ကို Laguna Garzon လို႔ေခၚၿပီး ဥ႐ုေဂြးႏိုင္ငံ Rocha ၿမိဳ႕နဲ႔ Maldonado ၿမိဳ႕ႏွစ္ၿမိဳ႕ၾကား ဆက္သြယ္ေဖာက္လုပ္ထားတာ ျဖစ္ပါတယ္။
နယူးေယာ့ခ္မွာ လုပ္ငန္းအေျခစိုက္႐ံုး ဖြင့္လွစ္ထားတဲ့ ဥ႐ုေဂြးႏိုင္ငံသား ဗိသုကာပညာရွင္ Rafael Vinoly က ဒီဇိုင္းေရးဆြဲပံုထုတ္ခဲ့တာ ျဖစ္ၿပီး ရည္ရြယ္ခ်က္သံုးခုအတြက္ ဒီလိုဒီဇိုင္းမ်ဳိး ဖန္တီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
-
ပထမတစ္ခ်က္အေနနဲ႔ အတည့္မဟုတ္ဘဲ အ၀ိုင္းပံု တည္ေဆာက္လိုက္တာေၾကာင့္ ေမာ္ေတာ္ယာဥ္ေတြရဲ႕ အရွိန္ႏႈန္းကို ထိန္းၿပီးသား ျဖစ္သြားေစတယ္လို႔ ဆိုပါတယ္။ ဒုတိယတစ္ခ်က္ကေတာ့ ယာဥ္ေမာင္းသူေတြအေနနဲ႔ Panorama View ရရွိခံစားေစႏိုင္ဖို႔ ျဖစ္ၿပီး ေနာက္ဆံုးအခ်က္ကေတာ့ အတြင္းပတ္လမ္းမွာ လူသြားလမ္း ဖန္တီးေပးထားလို႔ ေျခက်င္ေလွ်ာက္သူေတြ အပန္းေျဖအနားယူႏိုင္ရင္း ခရီးသြားေတြကို ဆြဲေဆာင္ႏိုင္ဖို႔ ျဖစ္တယ္လို႔ သိရပါတယ္။
-
စတီးနဲ႔ ကြန္ကရစ္ ေပါင္းစပ္ပါ၀င္တည္ေဆာက္ထားၿပီး တစ္ဖက္ကို ယာဥ္ေၾကာတစ္ေၾကာစီနဲ႔ ႏွစ္လမ္းေမာင္းအမ်ဳိးအစား ဒီတံတားကို ေန႔စဥ္ ျဖတ္သန္းသြားလာတဲ့ ယာဥ္အစီးေရ တစ္ေထာင္အထိ ရွိတယ္လို႔ သိရပါတယ္။ တည္ေဆာက္မႈကို ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလမွာ စတင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာ ၂၂ ရက္မွာ ဖြင့္လွစ္ခဲ့ပါတယ္။
-
Ref: Bigthink.com ၊ Dirtywheel.com ၊ Inhabitat.com ၊ Wikipedia
ေက်ာ္ေက်ာ္ (မိုမိုေလး)
-
-
-
-
Unicode Version
ရည်ရွယ်ချက် သုံးခုအတွက် တည်ဆောက်ခဲ့တဲ့ ထူးထူးခြားခြား အဝိုင်းပုံတံတား
..
သာမန်တံတားတွေနဲ့ မတူကွဲပြားပြီး ရေလည်ခေါင်မှာ အဝိုင်းပုံတည်ဆောက်ထားတာဟာ ဒီတံတားကို ထင်ရှားစေတဲ့ အမှတ်အသားတစ်ခု ဖြစ်စေပါတယ်။ တံတားရဲ့နာမည်ကို Laguna Garzon လို့ခေါ်ပြီး ဥရုဂွေးနိုင်ငံ Rocha မြို့နဲ့ Maldonado မြို့နှစ်မြို့ကြား ဆက်သွယ်ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။
နယူးယော့ခ်မှာ လုပ်ငန်းအခြေစိုက်ရုံး ဖွင့်လှစ်ထားတဲ့ ဥရုဂွေးနိုင်ငံသား ဗိသုကာပညာရှင် Rafael Vinoly က ဒီဇိုင်းရေးဆွဲပုံထုတ်ခဲ့တာ ဖြစ်ပြီး ရည်ရွယ်ချက်သုံးခုအတွက် ဒီလိုဒီဇိုင်းမျိုး ဖန်တီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
-
ပထမတစ်ချက်အနေနဲ့ အတည့်မဟုတ်ဘဲ အဝိုင်းပုံ တည်ဆောက်လိုက်တာကြောင့် မော်တော်ယာဉ်တွေရဲ့ အရှိန်နှုန်းကို ထိန်းပြီးသား ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။ ဒုတိယတစ်ချက်ကတော့ ယာဉ်မောင်းသူတွေအနေနဲ့ Panorama View ရရှိခံစားစေနိုင်ဖို့ ဖြစ်ပြီး နောက်ဆုံးအချက်ကတော့ အတွင်းပတ်လမ်းမှာ လူသွားလမ်း ဖန်တီးပေးထားလို့ ခြေကျင်လျှောက်သူတွေ အပန်းဖြေအနားယူနိုင်ရင်း ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
-
စတီးနဲ့ ကွန်ကရစ် ပေါင်းစပ်ပါဝင်တည်ဆောက်ထားပြီး တစ်ဖက်ကို ယာဉ်ကြောတစ်ကြောစီနဲ့ နှစ်လမ်းမောင်းအမျိုးအစား ဒီတံတားကို နေ့စဉ် ဖြတ်သန်းသွားလာတဲ့ ယာဉ်အစီးရေ တစ်ထောင်အထိ ရှိတယ်လို့ သိရပါတယ်။ တည်ဆောက်မှုကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
-
Ref: Bigthink.com ၊ Dirtywheel.com ၊ Inhabitat.com ၊ Wikipedia
ကျော်ကျော် (မိုမိုလေး)
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။