ကံကောင်းခြင်း လက်ဆောင်
-------------------------- -------
ငယ်ငယ်တုန်းက အဘွားပြောပြခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲက စာသားတစ်ခုကို ကျွန်တော် မှတ်မိနေတယ်။
“ပေါင်းမြက်တွေကြားမှာပေါက် နေတဲ့
ကံကောင်းခြင်းအပင်ဆီက ၄ရွက်ဆိုင် အရွက်မျိုး ၃ ပင်ဆက်တိုက်တွေ့ပြီးရင်
ကိုယ်နဲ့ပထမဆုံး တွေ့ဆုံရတဲ့လူဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက် ဖြစ်လာနိုင်တယ်လို့
ဆိုပါတယ်”
ကျွန်တော် ဒီအသက်အရွယ်ရောက်တဲ့အထိ အဲဒီစကားကို လေးလေးနက်နက် ယုံကြည်ခဲ့တယ်။ ကျွန်တော်အထက်တန်းတုန်းက ကျောင်းမှာ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ဈေးရောင်းပွဲကျင်းပခဲ့တယ်။ ကျောင်းဝင်းထဲလာရောက်လည်ပတ် ကြတဲ့
ဖြူနီညိုပြာ လှပျိုဖြူတွေက ကျွန်တော်တို့ “ဘုန်းကြီးကျောင်း”
(အမျိုးသားကျောင်း) ကို ရောင်စုံဆေးတွေ ပိုခြယ်သပေးခဲ့တယ်။ ကျွန်တော်လည်း
အဲဒီပွဲမှာ ပါဝင်ခဲ့တယ်။
လက်ဖက်ရည်တစ်ခွက်မှာပြီး သစ်ပင်အောက်မှာထိုင်ရင်း လာရောက်လည်ပတ်သူတွေကို ကျွန်တော်ငေးကြည့်နေမိတယ်။ သူတို့ကိုငေးရင်း ရုတ်တရက် ကျွန်တော်ရယ်ချင်စိတ်ပေါက်လာတယ်။
ဒီလူတွေ အားနေကြတာလား မသိဘူး၊ ဈေးရောင်းပွဲကို တကူးတကလာပြီး စားရခက်တဲ့
အစားအစာတွေ ၀ယ်စားကြတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေ လာဝယ်ကြတယ်။ ဒါပေမဲ့
မဆိုးပါဘူး... တခြားကျောင်းက လာလည်တဲ့ ကျောင်းသူချောချောလေးတွေကို ငေးကြည့်ရမယ်ဆိုရင် စားမကောင်းတဲ့ အစားလည်းဝယ်စားကြမှာပဲ....
“ရော့... နင့်အတွက် ချိုချဉ်”
ရုတ်တရက် ကျွန်တော့်အနားက အသံငယ်လေးတစ်ခုကို ကြားလိုက်တယ်။ ဘေးဘီကို ကျွန်တော်လှည့်ကြည့်လိုက်တော့ အသားဖြူဆွတ်ဆွတ်၊ မည်းနက်နေတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်မြင်ကွင်းထဲဝင်လာ ခဲ့တယ်။
“နင့်အတွက် ချိုချဉ်” ကျွန်တော့်ဆီက ဘာတုန့်ပြန့်ချက်မရတော့ ချိုချဉ်ကို ထပ်ကမ်းလာပြန်တယ်။
“ဘာဖြစ်လို့ ငါ့ကို ချိုချဉ်ကျွေးတာလဲ”
“ဒါမှ အဲဒီ ချဉ်ချဉ်အပင်လေးတွေကို နင် မနုတ်မှာပေါ့”
ကျွန်တော့်ကို တစောင်းကြည့်ပြီး နှစ်လိုစွာရယ်ရင်း သူပြောတယ်။ သူ့ခေါင်းပေါ်က ကျစ်ဆံမြီးနှစ်ချောင်းက ဟိုဒီ ယိမ်းနွဲ့လို့...
“ချဉ်ချဉ်အပင်လေးတွေ..ဟုတ်လား”
ကျွန်တော့်လက်ထဲ အမှတ်တမဲ့ဆုပ်ကိုင်ထားတဲ့ ပေါင်းမြက်တွေကို ကြည့်လိုက်မိတယ်။
“ဒါတွေကို ပြောတာလား”
“အင်း” ခေါင်းသွက်သွက်ညိတ်နေတဲ့ သူ့ ဘယ်ဖက်နားရွက်အောက်က မှဲ့နက်လေးတစ်လုံးကို ကျွန်တော်သတိထားလိုက်မိတယ်။ မှဲ့က ထင်ထင်ရှားရှားပါပဲ။
“ဘာဖြစ်လို့ ချဉ်ချဉ်အပင်လို့ခေါ်တာလဲ” ကျွန်တော် စိတ်ဝင်တစား မေးလိုက်တယ်။
“ချဉ်ချဉ်အပင်ဆိုတာ ချဉ်ချဉ်အပင်ပေါ့”
ကျွန်တော့်မေးခွန်းက သူ့ကိုခက်ခဲစေခဲ့သလား မသိ.. မျက်မှောင်ကြုတ်ပြီး မတိကျတဲ့အဖြေကို သူဖြေတယ်။ အဲဒီအချိန်မှာ အဝေးက နာမည်ခေါ်သံတစ်ခု လွင့်လာတယ်။ ကျွန်တော်သေချာ နားမထောင်လိုက်မိခင်မှာ သူထွက်ပြေးသွားခဲ့တယ်။
စက္ကန့်ပိုင်းလောက် ကျွန်တော် ငေးငိုင်သွားခဲ့တယ်။ တဒင်္ဂတွေ့ဆုံမှုက လေကြောင့် မလွင့်ပြယ်သေးတဲ့တိမ်လေးလို ခဏပဲ လှပခဲ့ရတယ်။ သူထွက်ပြေးသွားတော့ လေကြောင့်လွင့်ပြယ်သွားတဲ့ တိမ်လို ကျွန်တော့်ရင်မှာ ဟာတာတာကြီး ကျန်ခဲ့တယ်။
ကျွန်တော် အဓိပ္ပာယ်မဲ့ အသံထွက်ရယ်လိုက်မိတယ်။ လက်ကို ဖြန့်ကြည့်လိုက်တော့ “ချဉ်ချဉ်အပင်” ဆိုတဲ့ အရွက်တွေကြားမှာ ကောင်မလေးရဲ့ အရိပ်က လာထင်ဟပ်တယ်။ ချိုချဉ်ကို ကမ်းပေးနေတဲ့ သူ့ပုံစံ၊ အပြစ်ကင်းတဲ့ အပြုံးမျက်နှာ၊ ကျစ်ဆံမြီးလေး နှစ်ချောင်း၊ ပြီးတော့ နားရွက်အောက်က မှဲ့နက်လေးတစ်လုံး... ကျွန်တော်ခေါင်းရမ်းပြီး စိတ်ကိုထိန်းချုပ်လိုက်တယ်။
လက်ထဲက အရွက်တွေကို ကြည့်လိုက်တယ်။ ရုတ်တရက် ကျွန်တော် အံ့သြသွားတယ်။
၃ရွက်ဆိုင် အပင်တွေထဲမှာ ထူးထူးခြားခြား ၄ရွက်ဆိုင် အပင်တစ်ပင်ကို
ကျွန်တော်တွေ့လိုက်တယ်။ ဒါ လူတွေပြောတဲ့ “ကံကောင်းခြင်းအပင်” ဆိုတာပဲလား...
ငယ်ငယ်တုန်းက အဘွားပြောပြခဲ့ဖူးတဲ့ ပုံပြင်ကို ကျွန်တော် ပြန်မှတ်မိလာတယ်။
လက်ထဲ ကျန်နေတဲ့ အပင်တွေထဲက ၄ရွက်ဆိုင်အပင်တွေ ၃ပင်ဆက်တိုက် တွေ့လိုတွေ့ငြား ကျွန်တော် အလျင်အမြန် ထပ်ရှာကြည့်လိုက်တယ်။ ကျွန်တော် ကံကောင်းတာပဲလား..ဒါမှမဟုတ်
ဒီအပင်ကပဲ ထူးခြားတာလား.. တစ်ပင်၊ နှစ်ပင်..... သုံးပင်ဆက်တိုက်
ကံကောင်းခြင်းအပင်တွေကို ကျွန်တော်ရလိုက်တယ်။ အံ့သြတဲ့
တိုက်ဆိုင်မှုတစ်ခုပါပဲ။
အပင်တွေကို ရှာနေရင်းက ကျွန်တော်ခေါင်းမော့ပြီး လူအုပ်ကြားထဲ အကြည့်ရောက်သွားတယ်။ အခုနားက ကောင်မလေး ကျွန်တော့်မျက်စိရှေ့ ရောက်လာပြန်တယ်။ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ချိုချဉ်တစ်လုံး ကမ်းပေးပြန်တယ်။
“ ရော့.. နင့်အတွက် ချိုချဉ်”
ကျွန်တော်လှမ်းမယူခင် လက်ထဲကို သူကထိုးထည့်ပေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကောင်းခြင်းအပင်သုံးပင်ကိုင်ထားတဲ့ လက်ထဲဖြစ်တယ်။ အံ့သြခြင်းနဲ့အတူ ကျွန်တော် ဘာမှမတုန့်ပြန်နိုင်ခင် သူဟာ အမျိုးသမီးတစ်ဦးရဲ့လက်ကိုဆွဲပြီး လူအုပ်ကြားထဲ ပျောက်ကွယ်သွားတယ်။ တကယ်ပဲ သူဟာ ကျွန်တော်ရဲ့ဖူးစာရှင်ဖြစ်မ လား..။
သူ့နောက်ကို အပြေးလိုက်သွားဖို့ စဉ်းစားမိပေမဲ့ နေရာမှာတင်ရပ်ကျန်ပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ပေါက်ထွက်သွားတဲ့ သူ့အရိပ်ကိုပဲ ကျွန်တော်
မြင်ယောင်နေမိတယ်။ တကယ်လို့ ပုံပြင်ထဲကစကားမှန်ခဲ့မယ်ဆိုရင် သူနဲ့ကျွန်တော် ထပ်ဆုံနိုင်သေးတယ် မဟုတ်ပါလား...
နောက်တော့ အဲဒီအပင်သုံးပင်ကို စာအုပ်ကြားမှာညှပ်တဲ့ bookmark အဖြစ်လုပ်လိုက်ပြီး အထက်တန်း၊ တက္ကသိုလ်ပြီးတဲ့အထိ ကျွန်တော်နဲ့အတူ ရှိနေခဲ့သလို နိုင်ငံခြားကျောင်းသွားတက်တဲ့အထိ ကျွန်တော် ယူဆောင်ခဲ့မိတယ်။
တကယ်တော့ ကံကောင်းခြင်းအပင်ရဲ့အဆိုတွေကို ကျွန်တော်လုံးဝကြီးယုံတာ မဟုတ်ပါဘူး။ တက္ကသိုလ်မှာ ကျွန်တော်ရည်းစားတွေထားခဲ့တ ယ်။
အကျင့်စရိုက်မတူလို့၊ အရမ်း မချစ်လို့ လမ်းခွဲခဲ့ကြတာချည်းပဲ။ ဒါပေမဲ့
ကျွန်တော့်စိတ်ထဲမှာ အစွဲလေးတော့ ရှိနေခဲ့တယ်။ အဲဒီစိတ်အစွဲကြောင့်
မိန်းကလေးတစ်ယောက်ကို ကျွန်တော် နှစ်နှစ်ကာကာ မချစ်ခဲ့မိဘူး။
ကံကောင်းခြင်းအပင်နဲ့ လုပ်ထားတဲ့ bookmarkကို သူတို့ထက်
ကျွန်တော်ပိုမြတ်နိုးခဲ့တယ် လို့
ကောင်မလေးတွေက ကျွန်တော်ကို အပြစ်ဆိုကြတယ်။ အဘွားပြောပြခဲ့ဖူးတဲ့
ပုံပြင်ကို ကျွန်တော်မုန်းနေမိတယ်။ အဲဒီပုံပြင်ရဲ့အစွဲကြောင့် ကျွန်တော်ရဲ့
မျှော်လင့်ချက်တွေ မောပန်းနေရတာလားလို့ တစ်ခါတလေ ကျွန်တော်တွေဝေမိတယ်။
တွေဝေလိုက်၊ မုန်းတီးလိုက်ဖြစ်ခဲ့ပေမဲ့ bookmarkလေးကို ကျွန်တော်
မြတ်မြတ်နိုးနိုးသိမ်းထားခဲ့ တယ်။
ကျောင်းပြီးတော့ နိုင်ငံခြားမှာ ကျွန်တော်ကျောင်းဆက်တက်ခဲ့တ ယ်။ နိုင်ငံခြားမှာကျောင်းတက်ဖို့ ကြိုးစားခဲ့တာက ပထမအချက် ကျွန်တော့်ရှေ့ရေးအတွက်၊ ဒုတိယအချက် ကျောင်းပြီးရင်လက်ထပ်မယ်လို့ 
တဖွဖွပူဆာနေတဲ့ရည်းစားကို ရှောင်ဖို့အတွက်ဖြစ်တယ်။ ကျွန်တော့်လို
ဘာမှမပြည်စုံသေးတဲ့ကောင်က အိမ်ထောင်တစ်ခုကို ဘယ်တာဝန်ယူနိုင်ပါဦးမလဲ။
နောက်ပြီး ကျွန်တော်စိတ်ကို ငယ်ငယ်တုန်းက ကံကောင်းခြင်းအပင်တွေနဲ့တွေ့ ခဲ့တဲ့ကောင်မလေးရဲ့အရိပ်တွေ စိုးမိုးနေတုန်းပဲလို့ ထင်တယ်။
ကျွန်တော်နိုင်ငံခြားထွက်ပြီး တစ်နှစ်မကြာပါဘူး ကျွန်တော့်ကို လက်ထပ်မယ်လို့ပူဆာခဲ့တဲ့ ကျွန်တော့်ရည်းစားအိမ်ထောင် ပြုသွားတယ်။
ကျွန်တော့်ကို နောင်တရလားဆိုတော့ ရင်ဘတ်နည်းနည်း အောင့်တာကလွဲရင်
သူပျော်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ရှောင်ပြေးခဲ့သူက
ကျွန်တော်ဖြစ်ခဲ့တယ်လေ...
အမေရိကားမှာ ကျွန်တော်သုံးနှစ်ကြာသွားတယ်။ ချီကာဂိုတက္ကသိုလ်မှာ ကျွန်တော် ဘွဲ့လွန်တက်ခဲ့တယ်။ အမေရိကားရောက်ပြီး ဒုတိယနှစ် ကျောင်းပိတ်ရက်မှာ တောင်အမေရိကားကိုသွားလည်ဖို့  စိတ်ကူးခဲ့ပေမဲ့ ကျောင်းမပိတ်ခင်ကတည်းက ကျွန်တော့်ကို အိမ်ပြန်ဖို့ ကြိုမှာထားတဲ့ မေမေကြောင့် ကျွန်တော် ထိုင်ဝမ်ပြန်ဖြစ်ခဲ့တယ်။
နေ့နဲ့ည ပြောင်းပြန်ဖြစ်နေတဲ့ နိုင်ငံတွေကြောင့် ထိုင်ဝမ်ပြန်ရောက်စ ကျွန်တော် နေသားမကျခဲ့ဘူး။ ဒါကို ကြည့်မရတဲ့ ဖေဖေက သူ့ကျောင်းမှာ လုပ်အားပေးဖို့ ကျွန်တော်ကိုခိုင်းတော့တယ်။ ဘာမှ့လုပ်စရာမရှိတာထက်စာရင် ကျောင်းဝင်းထဲမှာအချိန်ဖြုန်းရတာ ကျွန်တော်အဖို့ အပျင်းပြေပါပဲ။ နောက်ပြီး အထက်တန်းကျောင်းသား ဘ၀ကို စားမြုံပြန်လို့ ရသေးတယ်မဟုတ်လား....
အလုပ်မရှိတဲ့တစ်နေ့ “သစ်ခွပန်းပြပွဲ” ကို ကျွန်တော်ရောက်သွားခဲ့တယ်။ အနွေးဓာတ်ပေးပြီးစိုက်ထားတဲ့ 
သစ်ခွပန်းတွေကြားမှာ ကျွန်တော် ငေးမောရောက်နေခဲ့မိတယ်။ သစ်ခွအကြောင်းကို
ကျွန်တော်အရမ်းကြီး နားမလည်ပေမဲ့ သင်းပျံ့ပျံ့ပန်းရနံ့တွေက
စိတ်ကိုပေါ့ပါးစေခဲ့တယ်။ ပန်းအများစုက စိုက်ပျိုးရေးကျောင်းသားတွေ ရဲ့ ပြုစုပျိုးထောင်မှုဖြစ်ပြီး ဒီပြပွဲမှာ သူတို့ပျိုးထောင်ခဲ့တဲ့ပန်း တွေကို လာရောက်ပြသခြင်းဖြစ်တယ်။
လှပတဲ့ပန်းတွေကြားမှာ ခန္ဓာကိုယ်ခပ်ပါးပါးနဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့လိုက်မိတယ်။ သူပုံစံက လူတိုင်းနှစ်သက်တဲ့ သစ်ခွတစ်ပွင့်လိုပုံစံမျိုး ချစ်စရာကောင်းနေတယ်။ အင်္ကျီအဖြူ၊ စကပ်အနက်နဲ့ တက္ကသိုလ်ဝင်တန်း ဖတ်စာအုပ်တစ်အုပ်ကိုရင်မှာပိတ်ပြီး
သစ်ခွတွေကို သူငေးကြည့်နေတယ်။ ကျွန်တော် သူ့ရှေ့က ဖြတ်ပြီး
နောက်ပြန်လှည့်ကြည့်တဲ့အထိ သူကျွန်တော့်ကို သတိမထားမိသေးဘူး။
ငေးရင်းလျှောက်ရင်း သစ်ခွပန်းပဲ သူငေးစိုက်ကြည့်နေတယ်။
သူ့ရှေ့ကိုရောက်လိုက် သူ့နောက်မှာ တမင်ရပ်လိုက်နဲ့ အဲဒီကောင်မလေးကို ကျွန်တော်လိုက်ကြည့်နေမိတယ် ။
တအောင့်ကြာတော့ သူ့နောက်မှာ ကျွန်တော်ရပ်နေတာကို သတိပြုမိသွားတယ်ထင်ပါရဲ့
ကျွန်တော့်ကို လမ်းဖယ်ပေးတယ်။ အနားကဖြတ်လာရင်း သူ့ကိုအနီးကပ်လေး မသိမသာ
ကျွန်တော်ထပ်ကြည့်လိုက်ပြန် တယ်။
ဖြူဖွေးတဲ့နားရွက် အောက်နားလေးမှာ မည်းနက်နေတဲ့ မှဲ့တစ်လုံးကို
ထင်ထင်ရှားရှား ကျွန်တော်တွေ့လိုက်မိတယ်။ လွန်ခဲ့တဲ့ (၁ဝ)နှစ်တုန်းက
ကျွန်တော်တွေ့ခဲ့မိတဲ့ မှဲ့နက်လေး ... သူလား .. တကယ်ပဲ သူလား..
အံ့သြခြင်းနဲ့အတူ ကျွန်တော့်စိတ်တွေ လှုပ်ရှားနေမိတယ်။
“သစ်ခွတွေကို နှစ်သက်တာလား” စကားမရှိ စကားရှာပြီး လမ်းကြောင်းခင်းလိုက်တဲ့ ကျွန်တော့်အမေးကို သူခေါင်းခါပြတယ်။
“ကျွန်တော်လည်း သစ်ခွအကြောင်းသိပ်နားလည်တာ မဟုတ်ဘူး” ရှိုးတိုးရှန်တန့်ဖြစ်သွားတဲ့  ကျွန်တော်အပြောကြောင့် သွားပေါ်အောင် သူပြုံးတယ်။
“အင်း.. မိန်းကလေးဆိုတာ ပြုံးမှပိုလှတာ။ ဒီကျောင်းကလား”
ကျွန်တော့်အမေးကို သူပြုံးပြီးခေါင်းညိတ်ပြတယ် ။
“ကျွန်တော် အရင်က အမျိုးသားကျောင်းမှာတက်ခဲ့တာ.. ကျွန်တော်တစ်သက်မှာ ဝမ်းအနည်းဆုံးက ဒီအမျိုးသမီးကျောင်းက ကောင်မလေးနဲ့ ရည်းစားမဖြစ်ခဲ့ဖူးတာပဲ”
ရောက်တတ်ရာရာ ကိုယ့်ကိုယ်ကိုဘာပြောနေမှန်းမသိတဲ့
စကားကြောင့် ကျွန်တော့်ကို တစ်ချက်စူးစိုက်ကြည့်ပြီး ပြုံးနေတဲ့အပြုံးကို
သူရုတ်သိမ်းလို့ ကျွန်တော်ရှေ့က သူလှည့်ထွက်သွားတယ်။
“ဆောရီးပဲ.. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်နောက်ချင်လို့ အမှတ်တမဲ့ ပြောလိုက်မိတာပါ”
“ရှင် ပေါက်ကရပဲ”
“အဲဒီလိုလဲ မဟုတ်ရဘူး။ ခင်ဗျား မျက်နှာတင်းနေလို့ ကျွန်တော် အကြောလျှော့ပေးတာပါ”
“ဒါဆိုလဲ ကျေးဇူးပဲ” သူပြုံးပြန်တယ်။
“ကျွန်တော်တို့ သူငယ်ချင်းလုပ်လို့ရမလား”
“ရှင် တော်တော် အသက်ကြီးပြီပဲ”
ကျွန်တော့်ပုံကို သူအကဲခတ်စပြုပြီထင်ပါတယ်။
“အလွန်ဆုံးကြီး ၁ဝနှစ်ပေါ့ဗျာ”
“တကယ်...”
“ဟုတ်ပါတယ်။ ကျွန်တော် ++++ နှစ်ဖွားပါ”
“ရှင် ကြည့်ရတာ လက်ရှိအသက်ထက် နုနေတယ်”
“အဟား.. အသက်ကြီးပေမဲ့ အချိန်စီးတယ်ဆိုတာ ဒါမျိုးပေါ့ မဟုတ်ဘူးလား”
ကျွန်တော့်အပြောကို သူဘာပေါက်သွားတယ်မသိ ကျွန်တော့်ရှေ့က ချာကနဲ လှည့်ထွက်သွားတယ်။
“နေပါအုန်း.. ဒါ ကျွန်တော်ရဲ့ လိပ်စာကတ်ပါ။ ခင်ဗျားကို ခင်မင်ချင်တာကလွဲရင် ကျွန်တော့်မှာ ဘာအကြံအစည်မှာ မရှိပါဘူး”
လိပ်စာကတ်ကို သူလှမ်းယူပြီး လှည့်ထွက်သွားတယ်။ သေးငယ်တဲ့ လိပ်စာကတ်တစ်ခုက ကျွန်တော်တို့ရဲ့ ခင်မင်မှု ပေါင်းကူးတံတားလေး ဖြစ်နိုင်မလား၊ ဘယ်မိန်းကလေးကများ သူနဲ့မရင်းနှီးတဲ့ သူစိမ်းယောက်ျားကို ဖုန်းဆက်မလဲ၊ စိုးရိမ်စိတ်တွေက လွန်ခဲ့တဲ့ ၁၈နှစ်အရွယ် ကျောင်းသားတစ်ယောက်ရဲ့ ရင်ထဲ တိုးဝင်ခဲ့သလိုမျိုး ကျွန်တော်ပြန်ခံစားမိခဲ့တယ် ။ လွန်ခဲ့တဲ့ ၁ဝနှစ်ကလို ကျွန်တော့်အပါးက သူပျောက်ကွယ်သွားပြန်တယ်။
စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့ပြီးနေရာကနေ ကျွန်တော်လှည့်ထွက်လိုက်တယ် ဆိုရင်ပဲ မြေပေါ်မှာကျနေတဲ့ ကျောင်းသားကတ်တစ်ကတ်ကို တွေ့လိုက်မိတယ်။ ကျွန်တော် ကောက်ပြီးကြည့်လိုက်တော့...
“ဟာ..” ကျွန်တော်ရဲ့ ဝမ်းသာမှုကို ဘာစကားလုံးနဲ့ ဖော်ပြရမယ်မှန်း မသိဘူး။
ပျောက်သွားတဲ့ အဖိုးတန်ပစ္စည်းတစ်ခုကို ပြန်ရှာတွေ့တဲ့ ခံစားမှုမျိုးပေါ့။
ယုံနိုင်စရာမရှိအောင် ရုပ်ရှင်ဆန်လွန်းနေတယ်။ ကံတရားရဲ့ လှည့်ကွက်ပဲလား။
ဒါမှမဟုတ် ကံကောင်းခြင်းအပင်ဆီက လွင့်လာတဲ့ ကံကောင်းခြင်းတွေပဲလား၊
ပျော်လွန်းလို့ ကလေးတစ်ယောက်လို ကျွန်တော်အသံထွက်အော်ရယ်လို က်မိတယ်။
---------
ဆက်ပါဦးမယ်...
နိုင်းနိုင်းစနေ
--------------------------
ငယ်ငယ်တုန်းက အဘွားပြောပြခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲက စာသားတစ်ခုကို ကျွန်တော် မှတ်မိနေတယ်။
“ပေါင်းမြက်တွေကြားမှာပေါက်
ကျွန်တော် ဒီအသက်အရွယ်ရောက်တဲ့အထိ အဲဒီစကားကို လေးလေးနက်နက် ယုံကြည်ခဲ့တယ်။ ကျွန်တော်အထက်တန်းတုန်းက ကျောင်းမှာ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ဈေးရောင်းပွဲကျင်းပခဲ့တယ်။
လက်ဖက်ရည်တစ်ခွက်မှာပြီး သစ်ပင်အောက်မှာထိုင်ရင်း လာရောက်လည်ပတ်သူတွေကို ကျွန်တော်ငေးကြည့်နေမိတယ်။ သူတို့ကိုငေးရင်း ရုတ်တရက် ကျွန်တော်ရယ်ချင်စိတ်ပေါက်လ
“ရော့... နင့်အတွက် ချိုချဉ်”
ရုတ်တရက် ကျွန်တော့်အနားက အသံငယ်လေးတစ်ခုကို ကြားလိုက်တယ်။ ဘေးဘီကို ကျွန်တော်လှည့်ကြည့်လိုက်တေ
“နင့်အတွက် ချိုချဉ်” ကျွန်တော့်ဆီက ဘာတုန့်ပြန့်ချက်မရတော့ ချိုချဉ်ကို ထပ်ကမ်းလာပြန်တယ်။
“ဘာဖြစ်လို့ ငါ့ကို ချိုချဉ်ကျွေးတာလဲ”
“ဒါမှ အဲဒီ ချဉ်ချဉ်အပင်လေးတွေကို နင် မနုတ်မှာပေါ့”
ကျွန်တော့်ကို တစောင်းကြည့်ပြီး နှစ်လိုစွာရယ်ရင်း သူပြောတယ်။ သူ့ခေါင်းပေါ်က ကျစ်ဆံမြီးနှစ်ချောင်းက ဟိုဒီ ယိမ်းနွဲ့လို့...
“ချဉ်ချဉ်အပင်လေးတွေ..ဟုတ်လ
ကျွန်တော့်လက်ထဲ အမှတ်တမဲ့ဆုပ်ကိုင်ထားတဲ့ ပေါင်းမြက်တွေကို ကြည့်လိုက်မိတယ်။
“ဒါတွေကို ပြောတာလား”
“အင်း” ခေါင်းသွက်သွက်ညိတ်နေတဲ့ သူ့ ဘယ်ဖက်နားရွက်အောက်က မှဲ့နက်လေးတစ်လုံးကို ကျွန်တော်သတိထားလိုက်မိတယ်။
“ဘာဖြစ်လို့ ချဉ်ချဉ်အပင်လို့ခေါ်တာလဲ” ကျွန်တော် စိတ်ဝင်တစား မေးလိုက်တယ်။
“ချဉ်ချဉ်အပင်ဆိုတာ ချဉ်ချဉ်အပင်ပေါ့”
ကျွန်တော့်မေးခွန်းက သူ့ကိုခက်ခဲစေခဲ့သလား မသိ.. မျက်မှောင်ကြုတ်ပြီး မတိကျတဲ့အဖြေကို သူဖြေတယ်။ အဲဒီအချိန်မှာ အဝေးက နာမည်ခေါ်သံတစ်ခု လွင့်လာတယ်။ ကျွန်တော်သေချာ နားမထောင်လိုက်မိခင်မှာ သူထွက်ပြေးသွားခဲ့တယ်။
စက္ကန့်ပိုင်းလောက် ကျွန်တော် ငေးငိုင်သွားခဲ့တယ်။ တဒင်္ဂတွေ့ဆုံမှုက လေကြောင့် မလွင့်ပြယ်သေးတဲ့တိမ်လေးလို
ကျွန်တော် အဓိပ္ပာယ်မဲ့ အသံထွက်ရယ်လိုက်မိတယ်။ လက်ကို ဖြန့်ကြည့်လိုက်တော့ “ချဉ်ချဉ်အပင်” ဆိုတဲ့ အရွက်တွေကြားမှာ ကောင်မလေးရဲ့ အရိပ်က လာထင်ဟပ်တယ်။ ချိုချဉ်ကို ကမ်းပေးနေတဲ့ သူ့ပုံစံ၊ အပြစ်ကင်းတဲ့ အပြုံးမျက်နှာ၊ ကျစ်ဆံမြီးလေး နှစ်ချောင်း၊ ပြီးတော့ နားရွက်အောက်က မှဲ့နက်လေးတစ်လုံး... ကျွန်တော်ခေါင်းရမ်းပြီး စိတ်ကိုထိန်းချုပ်လိုက်တယ်။
လက်ထဲ ကျန်နေတဲ့ အပင်တွေထဲက ၄ရွက်ဆိုင်အပင်တွေ ၃ပင်ဆက်တိုက် တွေ့လိုတွေ့ငြား ကျွန်တော် အလျင်အမြန် ထပ်ရှာကြည့်လိုက်တယ်။ ကျွန်တော် ကံကောင်းတာပဲလား..ဒါမှမဟုတ်
အပင်တွေကို ရှာနေရင်းက ကျွန်တော်ခေါင်းမော့ပြီး လူအုပ်ကြားထဲ အကြည့်ရောက်သွားတယ်။ အခုနားက ကောင်မလေး ကျွန်တော့်မျက်စိရှေ့ ရောက်လာပြန်တယ်။ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ချိုချဉ်တစ်လုံး ကမ်းပေးပြန်တယ်။
“ ရော့.. နင့်အတွက် ချိုချဉ်”
ကျွန်တော်လှမ်းမယူခင် လက်ထဲကို သူကထိုးထည့်ပေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကောင်းခြင်းအပင်သုံးပင်ကိ
နောက်တော့ အဲဒီအပင်သုံးပင်ကို စာအုပ်ကြားမှာညှပ်တဲ့ bookmark အဖြစ်လုပ်လိုက်ပြီး အထက်တန်း၊ တက္ကသိုလ်ပြီးတဲ့အထိ ကျွန်တော်နဲ့အတူ ရှိနေခဲ့သလို နိုင်ငံခြားကျောင်းသွားတက်တ
တကယ်တော့ ကံကောင်းခြင်းအပင်ရဲ့အဆိုတေ
ကျောင်းပြီးတော့ နိုင်ငံခြားမှာ ကျွန်တော်ကျောင်းဆက်တက်ခဲ့တ
ကျွန်တော်နိုင်ငံခြားထွက်ပြ
အမေရိကားမှာ ကျွန်တော်သုံးနှစ်ကြာသွားတယ
နေ့နဲ့ည ပြောင်းပြန်ဖြစ်နေတဲ့ နိုင်ငံတွေကြောင့် ထိုင်ဝမ်ပြန်ရောက်စ ကျွန်တော် နေသားမကျခဲ့ဘူး။ ဒါကို ကြည့်မရတဲ့ ဖေဖေက သူ့ကျောင်းမှာ လုပ်အားပေးဖို့ ကျွန်တော်ကိုခိုင်းတော့တယ်။
အလုပ်မရှိတဲ့တစ်နေ့ “သစ်ခွပန်းပြပွဲ” ကို ကျွန်တော်ရောက်သွားခဲ့တယ်။ အနွေးဓာတ်ပေးပြီးစိုက်ထားတဲ
လှပတဲ့ပန်းတွေကြားမှာ ခန္ဓာကိုယ်ခပ်ပါးပါးနဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့လိုက်မိတယ်။ သူပုံစံက လူတိုင်းနှစ်သက်တဲ့ သစ်ခွတစ်ပွင့်လိုပုံစံမျိုး
သူ့ရှေ့ကိုရောက်လိုက် သူ့နောက်မှာ တမင်ရပ်လိုက်နဲ့ အဲဒီကောင်မလေးကို ကျွန်တော်လိုက်ကြည့်နေမိတယ်
“သစ်ခွတွေကို နှစ်သက်တာလား” စကားမရှိ စကားရှာပြီး လမ်းကြောင်းခင်းလိုက်တဲ့ ကျွန်တော့်အမေးကို သူခေါင်းခါပြတယ်။
“ကျွန်တော်လည်း သစ်ခွအကြောင်းသိပ်နားလည်တာ မဟုတ်ဘူး” ရှိုးတိုးရှန်တန့်ဖြစ်သွားတဲ
“အင်း.. မိန်းကလေးဆိုတာ ပြုံးမှပိုလှတာ။ ဒီကျောင်းကလား”
ကျွန်တော့်အမေးကို သူပြုံးပြီးခေါင်းညိတ်ပြတယ်
“ကျွန်တော် အရင်က အမျိုးသားကျောင်းမှာတက်ခဲ့တ
ရောက်တတ်ရာရာ ကိုယ့်ကိုယ်ကိုဘာပြောနေမှန်
“ဆောရီးပဲ.. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်နောက်ချင်လို့ အမှတ်တမဲ့ ပြောလိုက်မိတာပါ”
“ရှင် ပေါက်ကရပဲ”
“အဲဒီလိုလဲ မဟုတ်ရဘူး။ ခင်ဗျား မျက်နှာတင်းနေလို့ ကျွန်တော် အကြောလျှော့ပေးတာပါ”
“ဒါဆိုလဲ ကျေးဇူးပဲ” သူပြုံးပြန်တယ်။
“ကျွန်တော်တို့ သူငယ်ချင်းလုပ်လို့ရမလား”
“ရှင် တော်တော် အသက်ကြီးပြီပဲ”
ကျွန်တော့်ပုံကို သူအကဲခတ်စပြုပြီထင်ပါတယ်။
“အလွန်ဆုံးကြီး ၁ဝနှစ်ပေါ့ဗျာ”
“တကယ်...”
“ဟုတ်ပါတယ်။ ကျွန်တော် ++++ နှစ်ဖွားပါ”
“ရှင် ကြည့်ရတာ လက်ရှိအသက်ထက် နုနေတယ်”
“အဟား.. အသက်ကြီးပေမဲ့ အချိန်စီးတယ်ဆိုတာ ဒါမျိုးပေါ့ မဟုတ်ဘူးလား”
ကျွန်တော့်အပြောကို သူဘာပေါက်သွားတယ်မသိ ကျွန်တော့်ရှေ့က ချာကနဲ လှည့်ထွက်သွားတယ်။
“နေပါအုန်း.. ဒါ ကျွန်တော်ရဲ့ လိပ်စာကတ်ပါ။ ခင်ဗျားကို ခင်မင်ချင်တာကလွဲရင် ကျွန်တော့်မှာ ဘာအကြံအစည်မှာ မရှိပါဘူး”
လိပ်စာကတ်ကို သူလှမ်းယူပြီး လှည့်ထွက်သွားတယ်။ သေးငယ်တဲ့ လိပ်စာကတ်တစ်ခုက ကျွန်တော်တို့ရဲ့ ခင်မင်မှု ပေါင်းကူးတံတားလေး ဖြစ်နိုင်မလား၊ ဘယ်မိန်းကလေးကများ သူနဲ့မရင်းနှီးတဲ့ သူစိမ်းယောက်ျားကို ဖုန်းဆက်မလဲ၊ စိုးရိမ်စိတ်တွေက လွန်ခဲ့တဲ့ ၁၈နှစ်အရွယ် ကျောင်းသားတစ်ယောက်ရဲ့ ရင်ထဲ တိုးဝင်ခဲ့သလိုမျိုး ကျွန်တော်ပြန်ခံစားမိခဲ့တယ်
စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့ပြီးနေရာကနေ ကျွန်တော်လှည့်ထွက်လိုက်တယ်
---------
ဆက်ပါဦးမယ်...
နိုင်းနိုင်းစနေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။