Min Yar added 2 new photos.
'အမှား ဝန်ခံ တက်ခြင်း'
ဂျပန်လူမျိုး တွေဆီက အတုယူဖို့ ကောင်းတဲ့ အချက်က ကိုယ့်အမှားကို ချက်ခြင်းဝန်ခံ တက်ခြင်းပါပဲ...ကိုယ့် အမှားကို တခြားလူ သိသည် ဖြစ်စေ ၊မသိသည် ဖြစ်စေ ချက်ခြင်း ဝန်ခံတက်ကြပါတယ်...
တစ်ခုခု မှားပြီဆိုတာနဲ့ ပါးစပ်က ချက်ချင်း
しすれいしました。ရှိစုလဲအိ ရှိမရှိတ
ရိုင်းသွားခဲ့ပါပြီ...မှားသွားခဲ့ပါပြီ..ဆိုပြီး တောင်းပန်တက်ကြတယ်...
ကျွန်တော် ရောက်စက ကိုယ့်ကို လုပ်ခိုင်းတဲ့ အလုပ်မျိုးမှာ..ခဏခဏ မှားပါတယ်..(ဥပမာ..ဟင်းပွဲ ချက်ခိုင်းတာမျိုးပေါ့..)
မှားတိုင်းလည်း တောင်းပန်ရမှန်းမသိ မြန်မာ့နည်း မြန်မာ့ဟန်( ဒိုင်ရှို လေး ဝဲလိုက်တယ်) မသိမသာ အမှိုတ်ပုံးထဲ ပစ်လိုက်တယ် ပေါ့ဗျာ...
ခဏခဏ မှားတဲ့ကောင် ဖိုခေါင်း နဲ့ မိတော့ ဖိုခေါင်းက ရယ်တယ်ဗျ..
ပြီးမှ သေချာ သင်ပြတယ်..
'မင်းစံ မှားတယ်ဆိုတာ ချက်ချင်းတောင်းပန် တက်ရတယ်....မှားတယ်ဆိုတာ ရှက်စရာ မဟုတ်ဘူး..အခုလို လူမသိ သူမသိ လုပ်တာကမှ ကိုယ့် လိပ်ပြာကိုယ်မလုံ ပဲ ရှက်ဖို့ကောင်းတာ ..
အမှား ဆိုတာ မင့် အလုပ်လုပ်ကြောင်း သက်သေပြတာပဲ..မလုပ်ရင် မမှားဘူး...လုပ်ရင်တော့ မှားမှာပဲ...အမှားကို ဂုဏ်ယူလိုက်ပါ...'တဲ့လေ...
ယမနိုတယ် (မြို့ပတ်)ရထား လိုင်းမှာ.. ဓါတ်တိုင်လဲပြီး ရထားတွေ နေ့တစ်ဝက်လောက် ရပ်သွားတယ်..JR လူကြီးတွေ ချက်ချင်း သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး....ချက်ချင်းတောင်းပန်တယ်....
ကျည်ဆန်ရထား(Shinkansen) ပေါ်မှာ လူတစ်ယောက် ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေတယ်...
ကျွန်တော်တို့ ညံ့လို့ပါ ဆိုပြီး နဖူးနဲ့ စားပွဲ ထိမတက် တောင်းပန် ကြတယ်..
ကျွန်တော် တို့ အမျိုးကျ တံတားကြီး နိမ့်ရတာ..မဆင်မကြင် ရှုးရှုး ပေါက်ကြလို့ တဲ့...
ပြဿနာ တစ်ခုခု ဖြစ်ရင် အကြောင်းပြချက် အရင်ရှာတဲ့ အကျင့်က တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူများ ကနေ ကျွန်တော်တို့ထိ။
ဆင်ချေ လေး ပေးရမှ စားဝင် အိပ်ပျော် ကြတဲ့ အမျိုး...။ကိုယ့် အပြစ်ကို ဖော့တွေးပြီး သူများ အပြစ်ကို ပြောရမှ ပါးစပ် အရသာ ရှိတက်တဲ့ အမျိုး...။
ကိုယ့် အမှားလေးကို ဝန်ခံ ကြည့်ကြည့် စမ်းပါ...
တော့တော့ကို အရသာ ရှိတာလားဗျာ..
ကိုယ့် အမှားကို ဝန်ခံလိုက်တဲ့ အတွက် စိတ်မှာကြည်နူးပြီး...နေလို့ ကောင်းလိုက်တာ...ကိုယ့်က်ု ကိုယ် လည်းယုံကြည်မှုတွေ ပိုလာတယ်...
တောင်းပန်ခံ သူမှာလည်း ကျေနပ်ပြီး...နှစ်ဦးနှစ်ဘက် မင်္ဂလာ ရှိတာများ ဗျာ....။
မင်းယျာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။