Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 17, 2016

သန်ကောင် တုတ်ကောင် လျှော့မတွက်စေလို

 
သန်ကောင် တုတ်ကောင် လျှော့မတွက်စေလို
=============================

ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်တဲ့ တုတ်ကောင်သန်ကောင်တွေ နဲ့ပတ်သက်သမျှဟာ အမေရိကန်မှာတော့ ကူးစက်ရောဂါအဆင့်အထိ သတ်မှတ်ထားပါတယ်။ အမေရိကန်
လူမျိုး ၈၅% ရဲ့ ဝမ်းထဲမှာ တုတ်ကောင်သန်ကောင် ပိုးများ ကူးစက်ခံနေရပါတယ် ။ ဒါကြောင့်မို့ ဆေးပညာရှင်တွေက ခြောက်လတစ်ခါ သန်ချဖို့ ၊ စားသောက်
ဆိုင်ရွေးစားဖို့နဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို ကိုင်တွယ်ပြီးတဲ့ အခါတိုင်း သေချာ
ဆေးကြောဖို့ အကြံပေးထားပါတယ်။ ဖြစ်ချင်တော့ ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးကောင်
တွေနဲ့ပတ်သတ်လို့ ဆရာဝန် တော်တော်များများ သေသေချာချာ မလေ့လာထားကြပါဘူး ။ အလွန်အရေးကြီးတဲ့ အဆင့်ရောက်ပြီး ကပ်ပါးကောင် သန်ကောင်တွေကို မျက်စိနဲ့ တတ်အပ် မြင်ရလောက်တဲ့ အခြေအနေကျမှသာ သိကြရတာပါ ။ လူတိုင်းဟာ
နေ့စဉ်ဘဝ လူနေမှု မှာ ကပ်ပါးကောင်များ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကူးစက်နိုင်ခွင့်နဲ့ အမြဲကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ပုံမှန်ပဲလို့ မှတ်ယူတတ်ကြပါတယ်။ ကပ်ပါးကောင် သန်ကောင်တွေကြောင့် မအီမသာဖြစ် တာတွေကိုလဲ နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန် နေမကောင်းတာတွေလို့ပဲ မှတ်ယူခဲ့ကြပါတယ်။

ကပ်ပါးကောင် သန်ကောင်တွေကြောင့် ကိုယ်တွင်းအခြေအနေ ပျက်စီးခြင်းက အတိုင်းအဆ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သန်ကောင်အမျိုးအစား တော်တော်
များများရဲ့ အရွယ်ပမာဏဟာ အလွန်သေးငယ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမျိုးမဆို
အသားငံရေ သွေးတို့ကတဆင့် ခရီးပေါက်နိုင်ကြပါတယ်။ ကပ်ပါးသန်ကောင်တွေ
ဟာ လူတွေရဲ့ အာဟာရတွေကိုလဲ စားသုံးကြပါတယ်။ အရေပြားရောင်ရမ်း ယားနာခြင်းတွေကလဲ ကပ်ပါးသံကောင်တွေကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့်
ဒီလိုယားယံမှုမျိုးတွေဟာ ကပ်ပါးသန်ကောင်တွေကို မနှိမ်နှင်းဘဲနဲ့ မပျောက်နိုင်ပါဘူး ။ တစ်ချို့ကတော့ ကုသမရဘူးလို့ ထင်မြင်ယူဆကြပြီး autoimmune disorder ခုခံအားစနစ်ယိုယွင်းခြင်းလို့ ခေါင်းစဉ်တတ်ကြပါတယ်။

Heart worms: ဒီလိုသန်ကောင်အမျိုးစားကတော့ လူ့ခန္ဓာကိုယ်ထဲမှာ တွေ့ရဖို့ အလွန်အမင်း ရှားပါးပါတယ်။ တကယ်လို့ တွေ့ရပြီဆိုရင်လဲ နှလုံးထဲမှာထက်
အဆုတ်ထဲမှာ တစ်ကောင်တည်း တွေ့ရလေ့ရှိပါတယ်။ ဒီလိုကောင်တွေဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးတတ်ပါဘူး။ ခြင်ကိုက်ခံရတာကနေ ကူးစက်နိုင်ပါတယ်။
Tape worms: ဒီလို သံကောင်တွေကတော့ အမဲသား ငါး ဝက်သားစတဲ့ အသားတွေကို စားသုံးရာကနေ ကူးတတ်ပါတယ်။ အထူးသဖြင့် သေချာစွာ မကျက်ရင် ပိုဖြစ်နိုင်ပါတယ်။ အောက်ဘက်ရှိ အူတွေထဲမှာ နေကြတာများပါတယ်။
မကူးစက်နိုင်အောင် အသားငါးတွေကို လက်အိတ်နဲ့ ကိုင်တွယ်ဆေးကြောပြီး လက်ကို ဆပ်ပြာနဲ့ပြောင်စင်အောင် ပြန်ဆေးသင့်ပါတယ်။

Pin worms: တုတ်ကောင်လို့ ခေါ်ပြီး အူတွေနဲ့ အဆုတ်ထဲမှာ ခိုအောင်းနေလေ့ ရှိပြီး ညအချိန်ကြရင် စအိုဝကို ဥများဥချဖို့ ဆင်းလာလေ့ရှိပါတယ်။ ဥကပြန်ပေါက်တဲ့ အကောင်သေးလေးတွေက စအိုထဲကနေ ခန္ဓာကိုယ်ထဲ ပြန်ဝင်ကြပါတယ်။
ညအခါ စအိုဝယားလို့ လက်နဲ့ ကုတ်မိတဲ့အခါ လက်သည်းထဲမှာ ဥတွေ ပါလာတတ်ပြီး ထိုလက်နဲ့ ထိတဲ့ မည်သည့်နေရာမဆို ဥများ ပြန့်နှံ့ကျန်နေတတ်ပါတယ်။ လေထဲမှာ လွင့်နိုင်လောက်တဲ့အထိ ဥများက သေးမွှားပါတယ်။ အသက်ရှူ တဲ့အခါလဲ ဝင်ရောက် ပါသွားနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ထဲအထိ ရောက်ရှိအသက်ရှင်နိုင်ပါတယ်
Hook worms and thread worms: ဒီအမျိုးအစားကတော့ သောက်ရေ မသန့်ရှင်း
တာကနေ ကူးစက် တတ်ပါတယ်။ ဒါမှမဟုတ် ခြေထောက်ကနေ တဆင့်ကူးစက်
လာတတ်ပါတယ်။ အရွယ်အားဖြင့် အလွန်သေးငယ်ပြီး ခြေဗလာရဲ့ အရေပြား
ကနေ ခန္ဓာကိုယ်ထဲအထိ အရေပြားမှာ ပြတ်ရှရာ မရှိဘဲနဲ့ကို ဝင်ရောက်နိုင်ပါတယ်။
ဒါကြောင့်မို့ သန့်ရှင်းတဲ့ ဖိနပ်ကို အမြဲဝတ်ထားဖို့ လိုအပ်ပါတယ်။ ဒီကပ်ပါး သန်ကောင်အမျိုးအစားက နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ ဥများကိုလဲ
ဆယ်နှစ်အထိ ဥချနိုင်ကြပါတယ်။

Symptoms of Parasite Infection ( ကပ်ပါးကောင် ကူးစက်ခံရပြီဆိုရင် )
-------------------------------------------------------------------------------------

- ဝမ်းဆက်တိုက်လျှောခြင်း ဒါမှမဟုတ် ဝမ်းချုပ်ခြင်း Repeated diarrhoea or constipation
- အကြောင်းမဲ့ ပျို့ခြင်း၊ တခါတရံအန်ခြင်း Chronic, unexplained nausea, often accompanied by vomiting
- အလွန်တရာ ပင်ပန်းလွယ်ခြင်း၊ အားနည်းလွယ်ခြင်း Fatigue and weakness
- အူအောင့်ခြင်း ဗိုက်အောင့်ခြင်း Intestinal cramping
- အာရုံများ မူးနောက်တတ်ခြင်း Unexplained dizziness
- အာပုတ်နံ့နံခြင်း Foul-smelling gas
- အစာမကြေခြင်း Indigestion
- လေပွခြင်း၊ လေပူထခြင်း Bloating
- အစားအသောက် ဓာတ်မတည့်ခြင်းများ Multiple food allergies
- ခံတွင်းပျက်ခြင်း Loss of appetite
- စအိုဝယားယံခြင်း အထူးသဖြင့် ညအခါ Itching around the anus, especially at night
- အိပ်ပျော်ရန် ခက်ခဲခြင်း Difficulty in sleeping
- ကျန်းမာသော ခန္ဓာကိုယ် အလေးချိန် ထိန်းထားရန် ခက်ခဲခြင်း ( ဝခြင်းနှင့် ပိန်ခြင်း )Difficulty maintaining a healthy weight (over or underweight)
- ခြေဖဝါးများ ယားယံခြင်း Itching on the soles of the feet, often accompanied by a rash
- အလွန်များလာလျှင် ချောင်းဆိုးသည့်အခါ သွေးပါလာခြင်း Coughing blood (severe cases)
- နှလုံးခုန် အလွန်မြန်လာခြင်း Palpitations (hook worms)
- သွေးအားနည်းခြင်း Anaemia
- မျက်လုံးတဝိုက် ရောင်အမ်းခြင်း Facial swelling around the eyes (round worms)
- ကြက်ညှာချောင်းဆိုးခြင်း၊ အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပူပွထခြင်း Wheezing and coughing followed by vomiting, stomach pain and bloating (suggesting round worms or thread worms)

Allopathic Treatments
---------------------------
ဆရာဝန်က သန်ကောင်တုတ်ကောင် ရှိပြီဆိုရင် anti-parasitic ဆေးပေးပါလိမ့်မယ်။ ထိုဆေးများဟာ အမြဲ အဆိပ်အတောက်ရှိတဲ့အတွက် အရည်ကျိတ်များရောင် ရမ်းခြင်း၊ ခြေလက်များ ရောင်ခြင်းတို့ အနည်းငယ် ဖြစ်နိုင်ပါတယ်။ မျက်စိဝါးခြင်း၊
ဝေသီခြင်း အကြောတက်ခြင်း ဖြစ်တတ်ပါတယ်။ ဝမ်းလဲ လျှောတတ်ပါတယ်။
ကပ်ပါးကောင်များ သေသွားသောအခါ အသေကောင်များ ပုတ်ခြင်းမှ ထွက်လာသော အညစ်အကြေးများအဖြစ် လူ၏ခန္ဓာကိုယ်တွင်းတွင် ကျန်ရှိနေသည်။

သန်ကောင်တစ်ချို့က အူအောက်ဆုံးပိုင်းအထိ ထွက်ပြေးခြင်းများ ရှိတတ်သော
ကြောင့် ရုတ်တရက် ဝမ်းဗိုက်စူးအောင့်ခြင်းများ ကြုံတွေ့ရနိုင်သည်။ သန်ကောင်များ
သေဆုံးသွားသော်လည်း ပုတ်သိုးသွားသော သန်ေကာင်အကြွင်းအကျန်များ ရှင်းလင်းရန် ကျန်နေသေးသည်။ သည်ဖြစ်စဉ်တခုလုံကြောင့် သင်၏ခန္ဓာကိုယ်သည် သန်မချခင် ကထက်ပိုပြီး နေမကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ယာယီသာဖြစ်သည် ။

ကိုယ်တွင်းအင်္ဂါ သန့်ရှင်းရေး ပြယုဂ် ဖြစ်သည်။ သည်ဖြစ်စဉ်ကို သေသွားသော သန်ကောင်များ၏ အဆွေးများကြောင့် ထွက်လာသော အဆိပ်
အတောက်များကြောင့် ဖြစ်သော မအီမသာဖြစ်ခြင်း ဟုခေါ်သည်။ ပင်ပန်းခြင်း၊ ရွံခြင်း
များဖြစ်ပေါ်နိုင်သည်။ ကျန်သည့် နေ့စဉ်ဘဝကတော့ ပုံမှန်အတိုင်းသာ လည်ပတ်နိုင်
ပါသည်။ ဝမ်းအများကြီး မလျှောသင့်ချေ ။ အင်အားတိုးပွားမည့်ခုခံအား ကောင်းစေမည့်
အစားအသောက်များ ရွေးချယ်စားသောက်သင့်သည်။ သင့်အူမကြီး သန်ကောင်များ ကပ်ပါးကောင်များ ကင်းစင်သွားသောအခါ လန်းဆန်းရွှင်လန်းပြီး အားအင်များ ပြည့်ဖြိုး
လာပါလိမ့်မည်။ မကြာခဏ ဖျားနာနေမကောင်းခြင်းများလည်း မဖြစ်တော့ချေ။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Kai

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။