မှတ်စုကြမ်း added 10 new photos.
--------------------
သုတေသီတို့၏ လေ့လာချက်အရ ပျားပိတုန်းတို့၏ ကိုယ်အလေးချိန်သည် အတောင်ခတ်အားနှင့် မျှတမှု မရှိချေ။ လေကြောင်းပျံသန်းမှု ယုတ္တိအရဆိုလျှင် ၎င်း ပျားပိတုန်းတို့ ဘယ်နည်းနှင့်မျှ ပျံသန်းနိုင် ခြင်း မရှိရပေ။ သို့သော် ပျားပိတုန်းတို့သည် ၎င်း နိယာမကို နားမလည်။ နားမလည်ပဲ မရမက ပျံနိုင် စေရန် အားထုတ်ခဲ့သည့်အခါ တကယ်ပျံသန်းနိုင်ခြင်း အဖြစ်သို့ ရောက်ရလေသည်။ အစွမ်းအစ ကို ဘယ်ရွေ့ဘယ်မျှအထိ ဟူ၍ သိထားခြင်း မရှိသည့်အခါ ဇွဲမလျှော့ခြင်းကြောင့် ဖြစ်တည်လာရသော ရလဒ် ဖြစ်သည်။
သင်သည်လည်း ဘဝတွင် မဖြစ်နိုင်မှုတို့ကို တွေ့ကြုံလာခဲ့ရလျှင် ပျားပိတုန်းတို့ကို နမူနာ ယူသင့် သည်။ အားမတန် မာန်လျှော့ ဟူသော စကားကို ချောင်ထိုး လျက် မဖြစ်နိုင်သည့် အရာကို တမ်းတမ်းစွဲ ပြုမူတတ်သော အကြင်သူသည် ပျားပိတုန်းတို့ ကဲ့သို့ ပျံသန်းနိုင်ရန် လုံးဝ မဖြစ်နိုင်သည့် အခြေအနေပိုင်ရှင် များဖြစ်နေသည့် တိုင်အောင် ဥယျာဉ် အနှံ့ ဖြန့်ကျတ် ပျံသန်းနိုင်စွမ်း ရှိပေမည်။
မူရင်း - Whitehole Asia
- မှတ်စုကြမ်းမှ ဘာသာပြန်ခြင်းသာ ဖြစ်သည်။ #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။