Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 11, 2015

ငွေကို ကိုးကွယ်သူများ


ငွေကို ကိုးကွယ်သူများ
လူ့အကြောင်းကို လေ့လာ သည့်အခါတွင် လူတို့သည် အတ္တ သားကောင်ဖြစ်ကြောင်း ဒဿန ပညာရှင်ကေ ဘရောင်း (K.Brown) က ဆိုသည်။

စဉ်းစားကြည့်လေ။ လူတို့ သည် ကလေးတွေကို ကြင်နာ သည်၊ သက်ကြီးလူအိုတွေကို ဖေး မသည်။

ဘာမှမလုပ်နိုင်သည့် လူ သေကို ပိုပြီး ချီးမွမ်းကြသေးသည်။

အလုပ်တကယ်တန်း လုပ် နိုင်သည့် အရွယ်တွေမှာတော့ အ တွန်းအတိုက်တွေများလှသည်။

ဘရောင်းက လူတိုင်းဒီလို ချည်းပဲဟု ဆိုသည်။

ပတ်ဝန်းကျင်အမြင်ကို ပြောရလျှင် ကလေးဘဝက ကောင်းသည့်သူသည် လူကြီးဘဝ မှာ မကောင်းတော့ဘူး။

သို့သော် အသက်အတော် ကြီးတဲ့ လူကြီးပိုင်းရောက်သွားရင် ကောင်းသွားပြန်ရော။

အကောင်းဆုံးက အဲဒီလူ သေသွားမှတဲ့။ သေရင်အကောင်း ဆုံးဆိုတာကတော့ လူတွေဟာ သေသူကို ချီးမွမ်းကြသည်။ ရန်မ လုပ်ကြတော့ဘူး။

ကေ ဘရောင်း၏ လော ကအမြင်ပါ။ ထိုယူဆချက်သည် အမြဲတန်းမမှန်ပေမယ့် အတော် လေးမှန်ကန်ကြောင်း လူတိုင်း သိ နိုင် ပါတယ်။ အထူးသဖြင့် အ နောက်တိုင်းလို လူမှုဆက်ဆံရေး ကျဲတဲ့ နေရာများတွင် သူ့အယူအ ဆသည် အတော်အသင့်မှန်ကန် ပါသည်။

(၂)

ဘကြီးဘလှကို ကြည့်ပါ ဦး။

ဘကြီးဘလှဟာ ကော် တရာလို့ နာမည်ကြီးတဲ့ ဦးကပ် စေးကြီးပေါ့။

ဦးဘလှထံတွင် လူငယ်များ မကြာခဏဆိုသလို အလှူခံ လေ့ရှိကြသည်။ အကြောင်းမှာ ဦးဘလှတို့ ရပ်ကွက်သည် ဆင်ခြေ ဖုံးရပ်ကွက် ကလေးဖြစ်ပြီး သာရေး နာရေး ကိစ္စများကို လူငယ်များက ဦးစီးဦးဆောင်ပြုသောကြောင့်ဖြစ် သည်။

ဦးဘလှသည် ရပ်ကွက် တွင်နေသော်လည်း တိုက်နှင့်ကား နှင့်ဖြစ်သည်။

ထို့ကြောင့် သာရေးနာရေး အတွက် သူ့ထံမလွဲမသွေ အလှူခံ ရသည်သာဖြစ်သည်။

''ငါတော့ ဦးဘလှဆီအ အလှူခံမယ့်အစား ကျားမြီးသာ ဆွဲလိုက်ချင်တော့တယ်'' လူငယ် များ၏ စကားဖြစ်သည်။

ဦးဘလှက မလှူမပေးလို့ တော့မဟုတ်ပါ။ ရပ်ကွက်ထဲမှ လူ ငယ်များပါလာလျှင် အမြဲလှူ သည်။

သို့သော် ဦးဘလှက ဒီတိုင်းတော့မလှူ။

''ပိုက်ဆံဆိုတာ အလကား ရတာ မဟုတ်ဘူးကွ''

ဘကြီးလှက ပိုက်ဆံ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုလေ့ရှိသည်။

''ပိုက်ဆံဆိုတာ လောက မှာ အရေးပါဆုံးပဲကွ''

''ပိုက်ဆံဆိုတာ လူတွေရဲ့ နှလုံးသား သည်းပွတ်ဆိုလည်း မမှားဘူး''

ထိုစကားတွေကြောင့် ဘ ကြီးဘလှကို ဦးကပ်စေးကြီးဟု ခေါ်ကြခြင်းဖြစ်သည်။

တစ်ရက်တွင် ဦးဘလှ ကို ဆောင်းနှင့်ဆုံသည်။

ကိုဆောင်းသည် တက္ကသိုလ် ကျောင်းသား၊ ရန်ကုန်တွင် ကျောင်းသွားတက်နေသူဖြစ်သည်။ ယခု ရပ်ကွက်သာရေးနာရေး ကိစ္စ များကို ဦးဆောင်နေသူ ဖြစ်သည်။

''ဦးဘလှခင်ဗျား။ ဦးဟာ လူငယ်တွေလိုတဲ့ ရန်ပုံငွေကို အမြဲ ထည့်ပေးတယ်။ ဒါပေမယ့် ဦးရဲ့ စကားကိုတော့ လူငယ်တွေ ကြောက် ကြတယ်''

''ဘာစကားများလဲ''

''ငွေစကားပေါ့၊ ဦးဟာငွေ နဲ့ ပတ်သက်ရင် သိပ်ပြောတာပဲ''

''ဘယ်လိုပတ်သက်တာ တွေပြောတာလဲ''

''ဦးက ပိုက်ဆံဆိုတာ လူ့ နှလုံးသားက ဆိုတာမျိုးပြောတာ တွေပါ''

''မဟုတ်လို့လား''

''ဟုတ်တော့ဟုတ်ပါ တယ်ဦးရယ်၊ ဒါပေမယ့်'' ဦးဘလှ ပြုံးသည်။

''မင်းတို့ ဒါတွေတုံ့ပြန် လာတတ်တာကို ဦးကကျေနပ်နေ တာပဲ''

''ဒါပေမယ့် ဦးရယ်၊ ငွေကို ကိုးကွယ်သူဆိုတာ သူများကြားလို့ လည်း မကောင်းပါဘူး။ နောက်ပြီး ဦးလိုလူတစ်ယောက်ကပြောဖို့ လည်း မသင့်တော်ပါဘူး''

''မောင်ရင်က ဦးကိုဆုံးမ တယ်ပေါ့လေ''

''မဟုတ်ရပါဘူးဗျာ၊ ကျွန် တော်က ဦးရဲ့အယူအဆတွေ လွဲမှားနေတာကို ထောက်ပြချင်လို ပါ'' ကိုဆောင်းစကားကို ကြား သောအခါ ဦးဘလှသည် လူငယ် များကို ထိုင်ခိုင်းလိုက်သည်။

''ကဲ-ထိုင်ကြပါဦး၊ ဆွေးနွေး ပွဲက နည်းနည်းကြာမယ်ထင်တယ်၊ မယ်မြရေ၊ ရေနွေးနဲ့ ထန်းလျက်၊ လက်ဖက်သုပ်တွေချကွာ''

လူငယ်များထိုင်ကြစား သောက်ကြမှ ကိုဆောင်းဘက် လှည့်၍ ''မောင်ရင့်နာမည်က''

''မောင်ဆောင်းပါ''

''ခေတ်ပညာတတ်နဲ့တူ တယ်''

''ဟုတ်ပါတယ်၊ ဘီအေ အောင်ပါတယ်''

''အင်း-ကောင်းတာပေါ့၊ ဦးကတော့ ဘုန်းကြီးကျောင်းထွက် ပါပဲ၊ သို့သော် ပညာစာပေတွေကို တော့ တတ်နိုင်သမျှလေ့လာ တယ်။ တွေးလည်းတွေးတယ်။ ကျုပ်တစ်ခုဘဝင်မကျတာ လူငယ် တွေ ပိုက်ဆံကို နားမလည်ကြတာ ပဲ''

''ဗျာ''

''မောင်ဆောင်း၊ သေသေ ချာချာစဉ်းစားကြည့်စမ်း။ ပိုက်ဆံ တွေဟာ သတ္တုတွေကနေ စက္ကူ အဖြစ် ပြောင်းသွားလေလေ တန် ဖိုးကြီးလေလေ ဖြစ်တယ်မဟုတ်လား၊ တကယ်တော့ စက္ကူဖြစ်လာ ရင် တန်ဖိုးလျော့ရမယ့်အစား တန်ဖိုး ကြီးလာတယ် မဟုတ်လား''

''ဟုတ်ပါတယ်၊ ဒါပေမယ့် အဲဒါက သတ်မှတ်ထားလို့ဖြစ်ရ တာပဲ မဟုတ်လား''

''မင်းဆိုလိုတာက လူတွေ သတ်မှတ်လိုက်ရင် ပိုက်ဆံတန်ဖိုး ရှိလာမှာပေါ့၊ ဟုတ်လား''

''ဟုတ်ကဲ့''

''ဒါပေမယ့် ကျုပ်ငွေတစ် ထောင်ကို ယူပြီး အမေရိကန်ပြည် ထောင်စုမှာ တစ်ဒေါ်လာတန် ပစ္စည်းဝယ်ကြည့်ပါလား၊ ရပါမ လား''

''ဒါကတော့ ဆိုင်ရှင်ကမှ မသိမှမသိတာပဲ''

''အေးပေါ့ကွ၊ ဟိုဘက်နား ကအကြော်သည်ကို တရုတ်ငွေ ယွမ်တစ်ရာတန်နဲ့ အကြော်သွား ဝယ်ရင်လည်း မရနိုင်ပေဘူး''

''မရဘူး''

''ဆိုလိုတာက ပိုက်ဆံဆို တာ လူတွေက ခုံမင်မြတ်နိုး လို လားပါမှ တန်ဖိုးရှိတာကွ။ လူတွေ မလိုချင်၊ မခုံမင်ရင် အဲဒီပိုက်ဆံ တန်ဖိုးမရှိဖြစ်သွားမှာပဲ''

''မင်းတို့က ပိုက်ဆံကို ဘာ လဲဆိုတာသိရမယ်၊ ဒီလိုသိပြီး ခုံ မင်မြတ်နိုးလေဒီပိုက်ဆံဟာ တန် ဖိုးရှိလေပဲ''

''မင်းတို့က ကျပ်ငွေကိုမ ခင်ပဲ ဒေါ်လာကိုခင်ရင် ဒေါ်လာ ဈေးကောင်းမှာပဲ''

''ဒေါ်လာက ဈေးပို ကောင်းတာကိုး''

''ဒါကို ငါပြောတာပေါ့၊ တစ်ကမ္ဘာလုံးက လူတွေဟာ ဒေါ် လာကို ပိုခင်တာကိုး''

ကိုဆောင်းဘာပြောရ မည်ကို မသိတော့ပါ။

(၃)

''ဒါပေမယ့် ငွေတွေမှာ သတ်မှတ်တန်ဖိုးတွေရှိတယ် မ ဟုတ်လား''

ကိုဆောင်းအလျှော့မပေး လိုပါ။ ဦးဘလှက ပြုံးပြီးနေသည်။

ဦးဘလှဆက်ပြောသည်။ ''ငွေကို လူတွေရှာကြတာပဲ။ အချို့ မိဘတွေမှာ ငွေတွေပိုနေတော့ သားသမီးတွေကို အတိုင်းအဆမ ရှိပေးတယ်။ ဒီကလေးတွေဟာ အသုံးအစွဲကြမ်းတယ်။ သူတို့ပျက်စီးလွယ်တယ်။ အဲဒီကလေးတွေဟာ အပေါင်းအသင်းကောင်းတွေ ကိုမရဘူး။ ငွေကိုခင်တဲ့ သူငယ် ချင်းတွေကိုပဲရတယ်။ ပြီးတော့ အချို့လူကောင်းတွေက ပိုက်ဆံရှိ တဲ့ သူဌေးကြီးတွေကို မပေါင်းချင် ကြဘူး။ တကယ်တော့ ငွေရဲ့ တန် ဖိုးကို နားမလည်ကြလို့ပါပဲ''

''ဒါကို ဘယ်မှာသင်ယူခဲ့ သလဲ ဦးဘလှ''

''ငါကကျောင်းမနေဖူးဘူး။ ဘုန်းကြီးကျောင်းပဲ နေခဲ့ရတယ်။ ဘုန်းကြီးတွေကလည်း ဒါတွေကို မသင်ပေးဘူး။ ငါက စာတွေဖတ် တယ်။ ပိုက်ဆံမှာ ဂုဏ်သတ္တိနှစ် မျိုးရှိတယ်။ ကောင်းစေသလို ပျက် လည်းပျက်စီးစေတယ်။ ပိုက်ဆံရ တိုင်းလည်းမကောင်းဘူး''

''ဒါတော့ လူပေါ်မူတည် နေမလားလို့''

''မှန်ပါတယ်။ ဒါပေမယ့် ပိုက်ဆံရလာတဲ့အခါတွေမှာ လူ့ စိတ်ပြောင်းလဲသွားတယ်၊ မင်းတို့ လည်း ကျောင်းသားတွေဆိုတော့ စာတွေဖတ်နေတာပဲ။ အကြွေးဆပ်ဖို့ ပိုက်ဆံမရှိလို့ ကိုယ့်ကိုယ် ကိုယ် သတ်သေတဲ့ သူတွေအများ ကြီးပေါ့။ ကြားဖူးတယ်မဟုတ် လား''

''ဟုတ်ကဲ့''

''ပိုက်ဆံလိုချင်လို့ လူသတ် တာတွေလည်း အများကြီး''

''ပိုက်ဆံလိုချင်ကြတယ်။ လောဘပေါ့''

''မှန်တယ်။ လောဘဟာ အင်မတန်ကြောက်စရာကောင်း တယ်။ လောဘကြောင့် မောဟ ဖြစ်လာတာပဲ။ ချမ်းသာတဲ့သူတွေ ဟာ ပိုက်ဆံကို ပိုပြီးပိုပြီးလိုချင် လာကြတယ်''

''ပိုက်ဆံရှိတဲ့ လူတွေက ပို ပြီးကပ်စေးနှဲတယ်''

ကိုဆောင်းက ဦးဘလှ စကားထောက်ခံသလိုနဲ့ နှိပ်ထည့် လိုက်သည်။

''အေးကွ''ဟု ဆိုကာ ဦးဘ လှက ငွေတစ်ဆယ်ထည့်လိုက် သည်။ (ထိုအချိန်က ငွေတစ်ဆယ်သည် လက်ဖက်ရည်ခွက်လေး ဆယ်ရသည်)

(၅)

ဦးဘလှအိမ်မှ ကိုဆောင်း တို့ ပြန်လာတော့ သူတို့တွင် အ တွေးကိုယ်စီရှိလာကြသည်။ ကို ဆောင်းသည် ဦးဘလှပြောသည့် ''ပိုက်ဆံဆိုတာ လူတွေတန်ဖိုးထား မှ တန်ဖိုးရှိတာပဲ''ဆိုသည့် စကား ကို စဉ်းစားလာသည်။

နောက်ပိုင်းတွင် အစိုးရသည် ငွေစက္ကူများကိုဖျက်သိမ်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ မြန် မာငွေတန်ဖိုး တဖြည်းဖြည်းကျ သွားသည်။ ယနေ့ မြန်မာကျပ်ငွေ သည် အဆ ၂ဝဝ ကျော်အထိ တန်ဖိုးကျသွားသည်။ အကြောင်း အမျိုးမျိုးကြောင့်ဖြစ်ပါသည်။ ဘဏ်များလည်း ဖျက်သိမ်းခံရတာ လည်းရှိသည်။ တစ်ခါတစ်ခါ ဘဏ် ရှိငွေများကို တန်းစီကာ ထုတ်ကြ သည်။ ကောလာဟလတွေကို ကြားတိုင်း လူတွေက ဘဏ်တွေကို မယုံနိုင်အောင်ဖြစ်ခဲ့သည်။

သို့သော် ယနေ့ ကမ္ဘောဇ လိုဘဏ်ကို ကမ္ဘာ အသိအမှတ်ပြု ကာ ဆုတွေကိုပေးသည်။ ဘဏ် စနစ်သည် အရေးကြီးလှသည်။ ငွေကို တန်ဖိုးထားဖို့လိုပါသည်။

(၆)

နိဂုံးချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် လူတစ်ဦးချင်းဆီ သို့မဟုတ် နိုင်ငံတစ်ခုချင်းဆီမှာပါ ငွေသည် အလွန်ဒုက္ခပေးနိုင်သော အရာဖြစ် သည်။ တစ်ချိန်က အာဂျင်တီးနားနိုင်ငံ ဒုက္ခရောက် သည်။ ယနေ့ ဂရိနိုင်ငံ ဒေဝါလီခံ ရမလိုဖြစ်နေသည်။ မလေးရှားတို့ ထိုင်းနိုင်ငံတို့ လည်း ၁၉၉၇ ခုနှစ် လောက်က ပြဿနာအကြီးအ ကျယ်ပေါ်ခဲ့ပါသည်။ ငွေကြေးစီမံ ခန့်ခွဲမှုသည် အင်မတန်အရေးကြီး သည်။ လူအများ စိတ်မရှည်ကြ ပါ။

ဝါးရင်းဖို့ဖက်ကတော့ ''နယူးယောက်စတော့ ဈေးကွက် (PBull Market) သည် အင်မတန် ထူးခြားသည်။ ဒေါ်လာသိန်းကျော် တန်းစီပြီးလာကြသော သူတို့သည် မြေအောက်ရထားစီးလာသူများ၏ အမိန့်ကို နာခံရသည်''ဟုဆိုခဲ့သည်။ ဝါရင်းဖို့ဖက်ဆိုလိုသည် မှာ စတော့ ရှယ်ယာပွဲစားများသည် ဆင်းရဲကြသည်။ သူဌေးများက တော့ သူတို့ဆီ အကြံဥာဏ်လာ တောင်းသည်။ ထိုအကြံ ဥာဏ် တောင်းသူသည် ငွေကြေးကိုစီမံခန့်ခွဲနိုင်သူများဖြစ်သည်။ သို့သော် ငွေကြေးစနစ်သည်ရှုပ်ထွေးသည်။ သူတို့သည် သူတောင်း စား ဆီက အကြံဥာဏ်ကိုလည်း ယူချင်ယူပါ သည်။

ဘာတွေမှားလို့ ဘာတွေက မှန်သနည်း။ စဉ်းစားကြည့်ပါ။ ဒါနဲ့ လည်း အလုပ်ဖြစ်ပါသည်။

ဒေါက်တာ ခင်မောင်ညို
ဈေးကွက်ဂျာနယ်မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။