Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 3, 2015

သတိရှိသော လူ့အဖွဲ့အစည်း

စီိးပွားရေးပညာရှင် ဒေါက်တာဂျက်ဖရီဆခ်ျက အရင်းရှင်လူ့အဖွဲ့အစည်းက လူတွေအနေနဲ့ ဗုဒ္ဓရဲ့ ‘သမ္မာ သတိ’ အယူအဆကို မဖြစ်မနေ လေ့ကျင့်သင်ယူဖို့ သူ့ရဲ့ ‘the Price of Civilization’ စာအုပ်မှာ ဆော်ဩထားပါတယ်။
ဆခ်ျက အရင်းရှင်လူ့အဖွဲ့အစည်းတွေဟာ ဈေးကွက်စီးပွားရေးရဲ့ များများထုတ် များများသုံးစနစ် (consumerism) နဲ့ ကြော်ငြာတွေရဲ့ မြှူဆွယ်မှုအောက်မှာ မရှူနိုင်မကယ်နိုင် ကွေးလိမ့်နေပြီလို့ ပြောပါတယ်။ အထူးသဖြင့် သူက အမေရိကန် လူ့အဖွဲ့အစည်းကို ဝေဖန်ထောက်ပြပါတယ်။
အမေရိကန်နိုင်ငံဟာ တဦးချင်းလွတ်လပ်ခွင့် ဦးစားပေးတဲ့ libertarianism ကို လက်ခံထားတယ်။ ဒီဝါဒက လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်ဖြစ်သလို ပန်းတိုင်လည်း ဖြစ်တယ်။ လူတဦးချင်းက သူတို့အတွက် အကောင်းဆုံးကို သူတို့ဘာသာ သိတယ်။ ကိုယ့်ဟာကိုယ်နေမယ်၊ ကြိုက်တာ ရွေးချယ်မယ်၊ အစိုးရက ၀င်မစွက်ဖက်နဲ့။ အခြားသူကို ဒုက္ခမပေးသမျှ ကာလပတ်လုံး၊ နိုင်ငံသားတဦးဟာ ကောင်းကင်နဲ့ မြေကြီးကြား လူသားဖြစ်ခွင့် အပြည့်ရှိတယ်။ ဒီအယူကို လက်ရှိ ချမ်းသာတဲ့ အမေရိကန်နိုင်ငံသား အများစုက ကွန်ဆာဗေးတစ် ရှေးရိုးဝိနယအဖြစ် ကိုင်ဆွဲထားပါတယ်။
ဒေါက်တာဆခ်ျက အဲဒီ လစ်ဘာတေးရီယန် ဒဿနမှာ အစကတည်းက အမှောက်အမှားတွေ ပါနေတယ်လို့ ထောက်ပြပါတယ်။ အကြီးဆုံးအမှားက လူတဦးချင်းစီမှာ နေဆိတ်ခွင့် ရှိလွန်းတာ။ တဦးချင်းစီဟာ သူတို့ကို ပေယျာလကန် ပြုထားခြင်းဖြင့်သာ စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေမယ်ဆိုတာ တဘက်စွန်းကျတယ်။ တဦးချင်းစီက အခြားလူတွေအတွက် နိုင်ငံရေး၊ စီးပွားရေးတာဝန်နဲ့ လူ့ကျင့်ဝတ်တာဝန် ရှိစရာမလိုဘူးဆိုတဲ့ သဘောဟာ ကိုယ်ချင်းစာတရား ကျုံလှီစေတယ်လို့ ပြောပါတယ်။
နောက် အမေရိကန်တွေရဲ့ ပြဿနာက ကုန်ထုတ်စွမ်းအား မဟုတ်ဘူး။ ထုတ်လုပ်မှုနဲ့ နည်းပညာက ဒိုင်းနမစ် ဆက်ဖြစ်နေတုန်းပါ။ အဓိကက လက်ဖြစ်တချက်တွင်း ကုဋေတသိန်းထွက်နေတဲ့ ကုန်ပစ္စည်းတွေနဲ့အတူ သူတို့ ဘယ်လိုနေမလဲ ထိုင်မလဲဆိုတဲ့ ပြဿနာ၊ ထွက်သမျှကုန်ပစ္စည်း အသစ်သစ်တွေအပေါ် အလွန်အကျွံ စားသုံးမှု၊ အိမ်ဝယ်ကြွေး၊ အ၀လွန်မှု၊ ရုပ်သံ၊ မိုဘိုင်း၊ အင်တာနက်၊ လူမှုကွန်ယက်ဆိုက်တွေ အရူးမူး စွဲလန်းမှု၊ အလျှံပယ် သတင်းအချက်အလက်၊ တနှစ် ဒေါ်လာဘီလျံ ၃၀၀ လောက် ဖြုန်းတီးပစ်နေတဲ့ ကြော်ငြာတွေ၊ စတာတွေက လူတဦးချင်းကို နေ့စဉ် ဖိအားပေးနေပါတယ်။
တဦးချင်းလွတ်လပ်ခွင့် ပြောလွန်းတဲ့ တိုင်းပြည်မှာ တဦးချင်းဟာ များများထုတ် များများသုံးစနစ်ရဲ့ ကျေးကျွန်ဖြစ်လာပြီး အသစ်ဆန်းတွေရဲ့ ညှို့ကွင်းအောက်မှာ လူ့အဖွဲ့အစည်းတခုလုံး စနစ်တကျ သိမ်းသွင်းခံထားရတယ်။ စိတ်ကျရောဂါ၊ အရက်နာနဲ့ အသုံးဖြုန်းလွန်မှုဟာ နူနာသဖွယ် စွဲကပ်လာတယ်။ ဒါကို ဂျက်ဖရီ ဆခ်ျက ‘အာရုံထွေပြားတဲ့ လူ့အဖွဲ့အစည်း’ (the distracted society) လို့ ရည်ညွှန်းထားပါတယ်။
ဒီလို အခြေအနေတွေဟာ အမေရိကန်တခုတည်း ကြုံတွေ့နေရတာမဟုတ်ဘဲ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ နှစ်ဆယ့်တစ်ရာစုရဲ့ ရှုပ်ထွေးများမြောင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရ၊ ဈေးကွက်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကြားမှာ မှန်ကန်တဲ့ ဆက်ဆံမှု တည်ဆောက်ဖို့ လိုလာတယ်။ အလားတူ လူတဦးချင်းစီ အနေနဲ့လည်း အလုပ်နဲ့ အားလပ်ချိန်၊ သုံးစွဲမှုနဲ့ စုဆောင်းမှု၊ ကိုယ်ကျိုးစီးပွားနဲ့ ကိုယ်ချင်းစာတရား၊ တဦးချင်းဝါဒနဲ့ နိုင်ငံသားစိတ် စတာတွေကြားမှာ ပြန်လည် ချိန်ညှိဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။
လူတွေရဲ့ နေမှုထိုင်မှုနဲ့ ပတ်သက်ရင် ကျင့်ဝတ်ဆိုင်ရာ အကြီးမားဆုံး ဟောပြောခဲ့သူ နှစ်ဦးဖြစ်တဲ့ အရှေ့တိုင်းက ဗုဒ္ဓနဲ့ အနောက်တိုင်းက အရစ္စတိုတယ်လ်ရဲ့ သင်ကြားမှုတွေကို အခုအခါ ပိုပြီး အလေးထားသင့်တယ်လို့ ဆခ်ျက ဆိုပါတယ်။ အဲဒီ မဟာလူသားနှစ်ဦးက လူသားထု ရေရှည် ပျော်ရွှင်ချမ်းသာမှု ရရှိစေဖို့ ထူးခြားတဲ့ လမ်းညွှန်မှုတွေ ပေးထားခဲ့ပါတယ်။
ဘီစီ ငါးရာစုမှာ ဗုဒ္ဓက လောကီအာရုံတွေအပေါ် အလိုလိုက် စွဲလမ်းခံစားမှုနဲ့ အကျိုးမများတဲ့ အစွန်းရောက် ကျင့်ကြံမှုတို့ကို ရှောင်ရှားပြီး အလယ်အလတ်လမ်းကို ယုံကြည်ခိုင်မာစွာ လျှောက်လှမ်းဖို့ ဟောပြောခဲ့တယ်။ နောက် နှစ် ၂၀၀ လောက်အကြာမှာ အရစ္စတိုတယ်လ်က အရာအားလုံးကြား သင့်တင့်လျောက်ပတ်စွာ နေထိုင်ရေး (moderation in all things) နည်းလမ်းတွေကို ဆော်ဩခဲ့ပါတယ်။
မဟာလူသားနှစ်ဦး သင်ကြားခဲ့တဲ့ ဘ၀ပျော်ရွှင်ရေး လမ်းစဉ်တွေက လွယ်လွယ်ကူကူတော့ မဟုတ်ပါ။ အခါခါ လေ့ကျင့်ရယူမှု၊ တသက်တာလုံး လုံ့လ၀ီရိယရှိမှု၊ နိုးကြားသတိရှိမှုတို့နဲ့သာ တည်ဆောက်ယူရတာပါ။ ရုပ်ဝတ္ထုပစ္စည်းတွေနောက် တန်းတန်းစွဲ အရူးမူးဖြစ်နေခြင်းနဲ့ ကြော်ငြာတွေရဲ့ လှည့်ဖျားမှု ခံနေရခြင်းဟာ မိမိကိုယ်ကိုယ် မစောင့်ရှောက်နိုင်သူ မထိန်းကွပ်နိုင်သူတွေရဲ့ လက္ခဏာဖြစ်တယ်။
အရစ္စတိုတယ်လ်က “မိမိရန်သူအပေါ် အောင်နိုင်တာထက် မိမိစိတ်ဆန္ဒတွေကို ကျော်လွှား အနိုင်ယူနိုင်သူကိုသာ ရဲရင့်သူလို့ ငါမှတ်ယူတယ်၊ မိမိအတ္တကို အနိုင်ယူနိုင်တာသာ အခက်ခဲဆုံး အောင်ပွဲပဲ” လို့ ပြောခဲ့တယ်။ ဗုဒ္ဓကလည်း “မိမိကိုယ်ကိုယ် အောင်နိုင်သူသာ လောကကို အောင်နိုင်သူ” လို့ သွန်သင်ပါတယ်။
ကနေ့အခါမှာတော့ ဗုဒ္ဓနဲ့ အရစ္စတိုတယ်လ်ရဲ့ အလယ်အလတ်လမ်းတွေကို လွတ်လပ်တဲ့ ဈေးကွက်စနစ်နဲ့ လစ်ဘာတေးရီးယန်း အယူအဆတွေက စိန်ခေါ်လာပါတယ်။ ဒါကို မဟာလူသားနှစ်ဦး ကောင်းကောင်းသိခဲ့ပုံပါ။ လူတဦးချင်းဟာ သူ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ လူမှုရေး တာဝန်တွေကို ငြင်းပယ်ထားရင်၊ ပြည့်ဝတဲ့ ပျော်ရွှင်မှု မရနိုင်ဘူး။ ပျော်ရွှင်မှုအစစ်မှန်ဟာ သူပိုင်ဆိုင်တဲ့ ဓနဥစ္စာကသာ လာတာမဟုတ်ဘူး၊ အဲဒီလူနဲ့ အခြားသူတွေရဲ့ ဆက်ဆံရေးက လာတာဖြစ်တယ်။
အပြန်အလှန် ရိုင်းပင်းကူညီမှု၊ ကိုယ်ချင်းစာစိတ်ရှိမှု၊ စုပေါင်း ဆုံးဖြတ်မှုတွေကသာ ဆင်းရဲသူရော၊ ချမ်းသာသူပါ နှစ်ဘက်လုံး ပျော်ရွှင်မှုရစေမယ်။ ကိုယ်ချင်းစာတရား ပါးရှားပြီး အများအတွက် တာဝန်ယူစိတ်နည်းတဲ့လူတွေ များပြားခြင်းဟာ လူ့အဖွဲ့အစည်းကို ကျဆုံးစေလိမ့်မယ်၊ အဲဒီ လူ့အဖွဲ့အစည်းဟာ လည်း တာရှည်မခံဘဲ မြေပြင်ပေါ်က တချိန်ချိန်မှာ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါတွေကို ရှေးပညာရှိတွေ မြင်ထားခဲ့တယ်။
ကိုယ်ချင်းစာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများအကျိုး ဆောင်ရွက်မှုတို့ဟာ လူသားလောက ကောင်းကျိုးချမ်းသာအတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ လူတဦးချင်းစီရဲ့ ရည်မှန်းချက် အိပ်မက်ရယ်၊ လူ့အဖွဲ့အစည်းတွင်းရှိ အခြားသူတွေနဲ့ မျှဝေထားတဲ့ တန်ဖိုးတွေရယ်၊ အဲဒီနှစ်ခုကြား ဆက်စပ်တာဝန်ယူမှုကသာ ကောင်းကျိုးချမ်းသာ ဖြစ်စေပါလိမ့်မယ်။ အတ္တဥခွံချဲ့ပြီး ပေါ်ပင် အသစ်အဆန်းတွေရဲ့ ပြုစားခံထားရတာ၊ လူအများ အသံတွေကြားမှာ နေချင်တာဟာ လူဖြစ်ရှုံးစေသလို၊ လူ့အဖွဲ့အစည်းအတွက် ဆုံးရှုံးနစ်နာမှု ကြီးလှပါတယ်။
လူတဦးချင်းစီရော လူ့အဖွဲ့အစည်းအတွက်ပါ အမှန်တကယ်လိုအပ်တဲ့ ကောင်းကျိုးချမ်းသာနဲ့ ပျော်ရွှင်မှုရဖို့ ဆင်ခြင်သတိရှိမှု (mindfulness) လိုတယ်လို့ ဆခ်ျက ဆိုပါတယ်။ သူက ဗုဒ္ဓရဲ့ အလယ်အလတ်လမ်းစဉ် ရှစ်ပါးထဲက တပါးဖြစ်တဲ့ ‘သမာ သတိ’ ကို ယူပြီးပြောပါတယ်။ ယနေ့ခေတ်သစ်ရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ၊ အဆုံးမသတ်နိုင်တဲ့ လိုလားတောင့်တမှုတွေ၊ များပြားလှတဲ့ အချက်အလက်တွေနဲ့ စိတ်ဓာတ်ကျမှုတွေကို ဖယ်ရှားကျော်လွှားဖို့ လူတဦးချင်းစီမှာ မိမိဘာသာ နိုးကြားသတိရှိနေမှု (self- awakening) လိုအပ်တယ်လို့ ဆိုပါတယ်။
တဦးချင်းစီဟာ စားသုံးမှုနဲ့ စုဆောင်းမှု၊ အလုပ်နဲ့ အားလပ်ချိန်၊ တဦးချင်းတန်ဖိုးနဲ့ လူ့အဖွဲ့အစည်းဝင်တွေရဲ့ တန်ဖိုးတွေကြား သမမျှတစွာနေဖို့ သတိဉာဏ်ပညာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သွားသင့်တယ်။ အလားတူ ဆင်ခြင်သတိရှိမှုဟာ အခြားသူတွေနဲ့ လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်စေပြီး နိုင်ငံသားကောင်းအဖြစ် လူမှုတာဝန်တွေ ပိုမို ထမ်းဆောင်နိုင်ပါလိမ့်မယ်။
ဒေါက်တာ ဆခ်ျက ‘သတိရှိသော လူ့အဖွဲ့အစည်း’ (the mindful society) ဖြစ်ဖို့အထိ မြင်လိုပါတယ်။ အဲဒီလူ့အဖွဲ့အစည်းပေါ်ထွန်းဖို့ နိုင်ငံသားတိုင်းအတွက် နေထိုင်နည်း အချက်ရှစ်ချက်ကို အကြံပြုထားပါတယ်။
(၁) တဦးချင်း သတိရှိမှု – များများထုတ် များများသုံးစနစ် (mass consumerism) စက်ကွင်းအောက်က လွတ်မြောက်အောင် တဦးချင်း သင့်တင့်စွာ ထိန်းချုပ်နေထိုင်ပါ။
(၂) အလုပ်အကိုင် သတိရှိမှု – အလုပ်နဲ့ အားလပ်ချိန်ကို ချိန်မျှပါ။
(၃) အသိပညာ သတိရှိမှု – ကောင်းမွန်တဲ့ ပညာရေးရရှိဖို့ အမြဲပျိုးထောင်ပါ။
(၄) အခြားသူများနှင့် သတိရှိမှု – ကိုယ်ချင်းစာတရားနှင့် ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်မွေးမြူပါ။
(၅) သဘာဝအပေါ် သတိရှိမှု – ကမ္ဘာ့ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ။
(၆) အနာဂတ် သတိရှိမှု – အနာဂတ်ကို ကယ်တင်ဖို့ တာဝန်ယူပါ၊ ချိုးခြံချွေတာပါ။
(၇) နိုင်ငံရေး သတိရှိမှု – လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်တန်ဖိုးတွေကို အဖွဲ့အစည်းများကတဆင့် ပေါင်းစုအားဖြင့် မြှင့်တင်ပါ၊ ပြည်သူလူထု တည်ငြိမ်ပျော်ရွှင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပါ။
(၈) ကမ္ဘာကြီးအတွက် သတိရှိမှု – မတူကွဲပြားမှုကို လက်ခံခြင်းကသာ ငြိမ်းချမ်းရေးအတွက် တခုတည်းသောလမ်းဆိုတာ နားလည်ပါ။
ရဲမြင့်ကျော်
ရည်ညွှန်း- The Price of Civilization by Jeffery Sachs

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။