Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 21, 2015

"မြန်မာပြည်၊ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာ"(၃)


"မြန်မာပြည်၊ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာ"(၃)

(၃) "အခွင့်အလမ်းများ"

အခုလို ဂလိုဘယ်လိုက်ဇ်ဖြစ်နေတဲ့ကမ္ဘာမှာအခွင့်အလမ်းတွေ အများကြီးပဲ။ ဘယ်တုန်းကနဲ့ မှ မတူတဲ့ အခွင့်အလမ်းတွေ....
ဒီအခွင့်အလမ်းတွေကိုအဓိက မောင်းနှင်တာတော့ အလွန်ကောင်းမွန်လာတဲ့ ဆက်သွယ်ရေးစနစ်ပေါ့။ ကမ္ဘာကြီးရဲ့ ဘယ်အပိုင်းက ဘယ်အဖွဲ့ အစည်း၊ ဘယ်လူပုဂ္ဂိုလ်နဲ့မဆို မိမိရှိတဲ့နေရာကနေ အလုပ်တွေ လုပ်လို့ ရပြီ။ခရီးအကွာအဝေးဟာ အတားအဆီး မဟုတ်တော့ဘူး။တကယ်လို့ လူချင်းတွေ့ ရဖို့ ဆိုရင်လဲ ကမ္ဘာရဲ့ဘယ်အပိုင်းကိုမဆို ၂၄နာရီအတွင်း ရောက်အောင်သွားနိုင်ပြီ။ကမ္ဘာအနှံ့ ဖြန့်ပြီး စီးပွားရေးလုပ်နိုင်၊အလုပ်လုပ်နိုင်၊ ပညာရှာနိုင်၊ ပညာဖလှယ်နိုင်တဲ့ ခေတ်ကြီးပါ... အဲဒီတော့ ကိုယ်လုပ်နိုင်တာကကိုယ့်နိုင်ငံ အကျယ်အ၀န်း မဟုတ်တော့ဘူး။ ကမ္ဘာကြီးတစ်ခုလုံးဖြစ်သွားပြီ။ ကိုယ့် ရဲ့ ပရိတ်သတ်၊ကိုယ့်ရဲ့ ဈေးကွက်က လူသန်း၆၀ မဟုတ်တော့ဘူး၊လူသန်း ၇၀၀၀ ဖြစ်သွားပြီ။ အခု ကမ္ဘာမှာ ဒီလိုပဲတွေးပြီးလုပ်နေကြတာပါ..

ကျနော့် အနေနဲ့  ကျနော်တို့ ကမ္ဘာအနှံ့ လုပ်နေတဲ့ ကင်ဆာဆေးဝါးသုတေသန လုပ်ငန်းတွေမှာ..အာရှ- ပစိဖစ်ဒေသက နိုင်ငံ ၁၃ နိုင်ငံကိုဦးဆောင်ရပါတယ်။ စင်္ကာပူမှာရှိတဲ့ ဒေသဆိုင်ရာ ရုံးချုပ်ကနေပြီး ခုနက အိန္ဒိယက CEO နလီခါနီပြောခဲ့သလိုပဲVTC (VideoTeleconference) နဲ့  အဲဒီနိုင်ငံတွေက အဖွဲ့ တွေနဲ့  အစည်းအဝေးတွေလုပ်တာ၊ သင်တန်းတွေပေးတာ လုပ်ပါတယ်။တကယ်တော့ လူတွေ တနေရာထဲမှာ ထိုင်မနေတာပဲရှိတယ်။ သူနဲ့ ကိုယ်နဲ့ တီဗီ စခရင်ပေါ်မှာမြင်နေရ၊ပြောကြ၊ဆိုကြနဲ့ တနေရာထဲထိုင် ဆွေးနွေးနေသလိုပါပဲ။ ဒါကို virtual လို့ခေါ်တာပေါ့။ ပြောချင်တာကတော့ ကမ္ဘာကိုဖြန့် အလုပ်လုပ်ချင်ရင် တကယ်ကို လွယ်သွားပြီ ဆိုတာပါ.. ဒီလို ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာမှာ ရနိင်တဲ့ အခွင့်အလမ်းတွေအမြောက်အများ ရှိတဲ့အထဲက(တကယ် အများကြီးပါ) ၅ မျိုးလောက် ကျနော်ပြောချင်တယ်။

(၁)ပထမဆုံးက …ကိုယ့်နိုင်ငံရဲ့ ရင်းနှီးမြုတ်နှံဖို့ကောင်းတဲ့အချက်တွေကို ကမ္ဘာကို သိအောင်ပြောပြီး နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေဆွဲဆောင်နိုင်တာပေါ့။ အာရှကျား လို့  ဖြစ်လာတဲ့ စင်္ကာပူ၊ ကိုရီးယား၊ ဟောင်ကောင်၊ထိုင်းစတဲ့နိုင်ငံတွေဟာလည်း လွန်ခဲ့တဲ့ အနှစ်၂၀-၃၀ တုန်းက ဒီလိုပဲ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကိုဖိတ်ခေါ်ပြီးတော့ သူတို့ နိုင်ငံဖွံ့ဖြိုးအောင် လုပ်ခဲ့ကြတာပဲ။ကမ္ဘာမှာ နိုင်ငံတွေ၊ နိုင်ငံတကာကုမ္ဗဏီတွေဟာ ရင်းနှီး မြုတ်နှံလို့ ကောင်းမဲ့ နိုင်ငံတွေ၊ဈေးကွက်တွေကို စောင့်ကြည့် နေကြသလို..နိုင်ငံအစိုးရတွေကိုယ်တိုင်ကလဲ သူတို့ လာပြီးရင်းနှီးမြှုတ်နှံချင်အောင် နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်နေကြတာ။ တရုတ်ပြည်ဟာ မနှစ်၂၀၁၂ က အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာမှာ ရင်းနှီးမြှုတ်နှံမှူအများဆုံးနိုင်ငံ (Top Investment Destination) အဖြစ်ရောက်သွားခဲ့တယ်။ သူတို့ ပြီးမှ ဘရာဇီး၊အိန္ဒိယ၊ဂျာမဏီ၊ရုရှ နဲ့ ဗြိတိန်တို့ပေါ့။ နိုင်ငံတကာ ကလာပြီး ရင်းနှီးမြုတ်နှံခြင်းဖြင့် ကိုယ့် နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းလဲရ၊ အသိပညာ၊အတတ်ပညာလဲရ။ နိုင်ငံလဲ အခွန်အကာက်ရ။ဘယ်လောက်ကောင်းသလဲ။
ဒီနေရာမှာ အခု ခေတ်စားလာတာက အောက်ဆို့ (outsourcing) နဲ့ အင်ဆို့ (insource) လုပ်ငန်းတွေ။ အဲဒါက ဘာလဲ ဆိုတော့ နိုင်ငံ အနှံ့  အလုပ်တွေ ခွဲလုပ်လာတာပါ။ အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေ ဟာ သူတို့ ရဲ့  အချို့အလုပ်တွေကို အာရှနိုင်ငံ အချို့ မှာခွဲ ပြီး လုပ်ကို်င်လာကြတယ်။ အကြောင်း အမျိုးမျိုး ကြောင့်ပေါ့။ဥပမာ ..အနောက်က ကုမ္ဗဏီတော်တော်များများ ဟာ အိန္ဒိယက ဘင်္ဂလောမြို့ မှာ အချက်အလက်တွေကို စီမံခန့်ခွဲအလုပ်တွေ လုပ်လာတာမျိုးပေါ့။ ကျနော်တို့  အဆောက်အဦးဆောက်ရင် လက်သမား၊ပန်းရန်ကို ဆပ်ကန်ထရိုက် ပေးတဲ့ သဘောမျိုး ပေါ့။ ဒါဟာလဲသိပ်ကောင်းတဲ့ အခွင့်အလမ်းပဲ။

(၂)နောက်တခု က…ခရီးသွားလာရေး Tourism လုပ်ငန်းဗျ။ ကျနော်တို့ဆီမှာ နိုင်ငံတကာကစိတ်ဝင်စား မဲ့ နေရာတော်တော်များများရှိတယ်။ မြန်မာပြည်နိုင်ငံတကာကို ပွင့် ပြီ ဆိုတော့ အခု ကမ္ဘာက ခရီးသည်တွေ တော်တော်များများ ၀င်လာတယ်၊၀မ်းသာစရာပါ၊ ဒါပေမယ့် သူတို့စိတ်ဝင်စားလို့ passively ၀င်လာတာ ပဲတွေ့ ရတယ်၊ activelyကြော်ငြာတာသိပ်မတွေ့ ဘူး။ အခုတလော.. မလေးရှားတို့၊ထိုင်ဝမ် တို့ ဆို တော်တော်ကြော်ငြာတာတွေ့ရတယ်။ ဒီလုပ်ငန်းဟာ ကမ္ဘာမှာစီးပွားတော်တော်ဖြစ်တဲ့ လုပ်ငန်းမဟုတ်လား။ အာရှဟာ ကမ္ဘာခရီးသွားဈေးကွက်ရဲ့ ၄၀% နဲ့  ကမ္ဘာအကြီးဆုံးဈေးကွက်ဖြစ်သလို တိုးတက်မှု အမြန်ဆုံး ဈေးကွက်ပါ ။အခု ကမ္ဘာကမြင်ရင် စင်္ကာပူမှာ တထောက်နားမယ်၊ပြီးရင် ထိုင်းမှာ သွားအပန်းဖြေမယ်လောက်မြင်နေကြတာ။ မြန်မာပြည်ကို ကမ္ဘာက ပိုလည်ပါတ်ချင်အောင် လုပ်ကြရမယ်..

(၃)နောက်အခွင့်အလမ်းတခုကတော့ ဆက်သွယ်မှုကောင်းလာတာနဲ့အမျှ အဖွဲ့ အစည်းတွေ ကြားမှာ ပူးပေါင်း ဆက်ရွက်ရတာအင်မတန် လွယ်ကူလာတာပါ။ ပညာရေးမှာဆိုရင်လဲ.. နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေဟာအခြားနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သိပ်လွယ်သွားပြီ။ ဒီခေတ်ဟာ Knowledge age, Knowledge economy ပညာခေတ်၊ပညာစီးပွားရေးမဟုတ်လား။ လူငယ်တွေကိုကမ္ဘာ့ အဆင့်မီ ပညာတွေတတ်အောင်၊ ကမ္ဘာ့အဆင့်မီအတွေးခေါ်တွေရှိအောင် လုပ်ပေးနိုင်ပြီ။ ဒါမှဘီလ်ဂိတ်လို။ စတိဂျော.လို။ မာခ်ဇူကားဘာ့ဂ် ..လို ပုဂ္ဂိုလ်တွေ ထွက်လာမှာ။

(၄)နောက် အရေးကြီးတဲ့ အခွင့် အလမ်းတစ်ခုကတော့(ကျနော်ကတော့အရေးအကြီးဆုံးလို့တောင် ပြောချင်တယ်)။ လူတိုင်းမှာ အရင်ကထက် ပညာရေး။အလုပ်အကိုင်..အစရှိတဲ့ အခွင့်အလမ်းတွေ အဆပေါင်းများစွာ ပွင့်လာတာ။ တဦးချင်းရဲ့ အရည်အချင်းတွေ။ စွမ်းရည်တွေကို ကမ္ဘာကို ပြနိုင်တာပါ။ အခုလိုမျိုး ကမ္ဘာကြီးနဲ့ကျနော်တို့ အကြား အတားအဆီးမရှိ၊တိုးယိုပေါက် ဆက်စပ်လာ တော့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်၊ကိုယ်လိုချင်တဲ့ပညာတွေကို online ကနေ အချိန်မရွေး ရယူနိုင်တဲ့ အခွင့်လမ်းတွေရှိလာတယ်။အဲ ဒီတော့ ကျနော်တို့ပညာလိုသလား။အလုပ်လိုချင်သလား။ စီးပွားလုပ်ချင်သလား။ ကမ္ဘာမှာရှိတဲ့ လူတွေနဲ့ နာရီပိုင်း၊စက္ကန့်ပိုင်းအတွင်း အလုပ်လုပ်လို့ရလာတယ်။ မှတ်မှတ်ရရ ကျနော့ရဲ့ ဋ္ဌာန မှာ ဒေသဆိုင်ရာမန်နေဂျာတစ်ယောက်လိုတုန်းက အင်တာနက်ကနေ အလုပ်လျှောက်လာတဲ့ အိန္ဒိယ၊ဖိလစ်ပိုင်၊ဘယ်လ်ဂျီယန်လူတွေကို စင်္ကာပူ ကနေပဲ Video Teleconference နဲ့ ပဲ အင်တာဗျူးခဲ့တာ။အဲဒီတော့ ဘယ်နေရာမှာနေနေ၊အရည်းအချင်းရှိရင်ရင် ကမ္ဘာအနှံ့  အလုပ်ရနိုင်တဲ့ခေတ်ပေါ့။ ဒါကြောင့်လဲ အနောက်ကလူကအရှေ့ လာ၊အရှေ့ ကလူက အနောက်သွားအလုပ်လုပ်ြက၊ပညာသင်ကြ နဲ့  Cosmopoliatan လို့ခေါ်တဲ့လူမျိုးပေါင်းစုံ နေထိုင်နေကြတဲ့ မြို့ ကြီးတွေ အများကြီးရှိနေပြီ။
ပညာရှင်တွေကလဲပြောကြပါတယ်…၂၁ ရာစုခေတ်မှာindividual လူတစ်ယောက်ချင်းရဲ့ စွမ်းဆောင်ရည်တွေဟာ အရေးကြီးလာပြီတဲ့။ဥပမာ Apple ရဲ့ စတိဖ်ဂျော့ခ်ျုလိုမျိုး၊Microsoft ရဲ့ ဘီလ်ဂိတ်လို လူမျိုး ။ တစ်ဦးချင်းရဲ့စွမ်းဆောင်ရည်တို့ကြောင့် သူတို့ဟာ သူတို့ရဲ့အဖွဲ့စည်းကို ပို မိုအောင်မြင်ရုံသာမက သူတို့ ရဲ့ နိုင်ငံ နဲ့ တစ်ကမ္ဘာလုံး အတွက် အလွန်တန်ဖိုးရှိတဲ့ အရာတွေကိုလဲ ဖန်တီးပေးနိုင်ခဲ့တယ်။

(၅)နောက်ဆုံးတစ်ခုနေနဲ့ကတော့ မိမိ နိုင်ငံ၊မိမိအဖွဲ့အစည်းရဲ့စီးပွားရေးလုပ်ငန်းတွေ၊ မိမိရဲ့ ထုတ်ကုန်တွေကို တစ်ကမ္ဘာလုံးသိအောင်၊သုံးအောင် လုပ်နိုင်တဲ့အခွင့်အလမ်းပါ။
လွန်ခဲ့တဲ့ ၂လ ၃လလောက်က ကျနော့်ရဲ့ မိတ်ဆွေတရုတ်ပြည်က ဆရာဝန်တစ်ယောက်နဲ့ ကျနော နေ့ လည်စားရင်းစကားပြောဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုတွေ အကြောင်းလဲပါတာပေါ့။ သူကပြောတယ်… တရုတ်နိုင်ငံအတွက် စိုးရိမ်နေတာတစ်ခုရှိတယ်တဲ့။ အဲဒါဘာလဲဆိုတော့ ဂျပန်၊ ကိုရီးယားကြည့်ရင်သူတို့ မှာ ကမ္ဘာကျော် ကိုယ်ပိုင် ထုတ်ကုန် brand တွေရှိတယ်တဲ့။ဂျပန်ဆိုရင် တိုယိုတာ။ ကိုရီးယားဆိုရင်ဆမ်ဆောင်းလိုဟာမျိုး တွေပေါ့။ ဒါပေမယ့် တရုတ်မှာ အဲဒီလို ကမ္ဘာကျော် အမှတ်တဆိပ်ကုန်ပစ္စည်းမရှိဘူး။ဒါဟာသူတို့စီးပွားရေးအတွက် အင်မတန် စိုးရိမ်စရာ တစ်ခုပဲ လို့ပြောပါတယ်။ဒါကြောင့် သူတို့လဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဂလိုဘယ်လိုက်ဇ် Gloablize လုပ်ဖို့ ကြိုးစားနေကြတယ်တဲ့။ အခုလို ဂလိုဘယ်လိုက်ဇ်ဖြစ်နေတဲ့ ကမ္ဘာမှာ လွယ်လွယ်ကူကူနဲ့ တစ်ခြားနိုင်ငံကလူတွေ သိရှိအောင် သုံးစွဲလာအောင်လုပ်ဖို့က အင်မတန် လွယ်ကူလာပါတယ်။ဥပမာ ကြည့်ဗျာ၊ဂျပန်က တိုယိုတာ၊ ကိုရီးယားကဆမ်ဆောင်း၊အိန္ဒိယကဘောလီးဝုဒ် ရုပ်ရှင်။ ကိုယ့်ရဲ့ product ကို တစ်ကမ္ဘာလုံး သုံးအောင်လုပ်နို်င်ရင်(ဂလိုဘယ်လိုဇ် လုပ်နိုင်ရင်)ကိုယ့်ဈေးကွက်ဟာ လူသန်း၇၀၀၀ ဈေးကွက်ကြီးဖြစ်သွားမှာပေါ့။ဒါဟာ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာ ရဲ့ အင်မတန်ကောင်းမွန်တဲ့ အခွင့်အလမ်းပေါ့။ကိုယ့်နိုင်ငံအနေနဲ့  အရင်က ရှိခဲ့တဲ့ “ကမ္ဘာ့စပါးကျီ”ဆိုတဲ့ brand အမှတ်တဆိပ်ကို ပြန်ပုံဖော်ချင်ရင်လဲ စိုက်ပျိုး ရေးကိုဖိဖိစီးစီးအားပေးရမှာပေါ့။

ကျနော်လွန်ခဲ့တဲ့ ၁၀နှစ်၊၁၅နှစ်လောက်က ဆောင်းပါးတပုဒ်ဖတ်ဖူးတယ်။နိုင်ငံတွေရဲ့ ဖွံ့ ဖြိုးမှု အကြောင်းပါ။ (အခုကိုးကားဖို့ ပြန်ရှာတာ မတွေ့ တော့ဘူး၊ ကျနော်မှတ်မိသလောက်ပဲ ပြန်ရေးပြပါမယ်။) နိုင်ငံတွေရဲ့ ဖွံ့  ဖြိုးတိုးတက်မှုဖြစ်စဉ်တွေကြည့်ရင် တိုးတက်အောင်လုပ်ရတဲ့အချိန်တွေ ပိုပို တိုလာတာတွေ့ ရတယ်တဲ့။ အရင်ကထက် တိုးတက်အောင် ပိုပြီး မြန်မြန်ဆန်ဆန် လုပ်လာနိုင်တဲ့ သဘောပေါ့။ အင်္ဂလန်ဟာ စီးပွားရေးဖွံ့ ဖြိုးဖို့ နှစ်ပေါင်း၂၀၀ လောက်ကြာခဲ့တယ်၊ ဒါပေမယ့် အမေရိကန်ကတော့ နှစ်၅၀/၁၀၀ အတွင်းကမ္ဘာစီးပွားရေး အင်အားကြီးနို်င်ငံဖြစ်လာခဲ့တယ်။ ဂျပန်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီးပြန်ထူထောင်တာ နှစ်၃၀၊၄၀ အတွင်း အမေရိကန်ကို ဂျပန်ကားတွေ ပြန်ပို့နိုင်ခဲ့ပြီ။ တရုတ်ပြည်ဟာ ၁၉၈၀ မှာ တိတ်ရှောင်ဖိန်ရဲ့ ကမ္ဘာကျော်” ချမ်းသာတာဟာ ဂုဏ်ရှိတယ်”ဆိုတဲ့စကားနဲ့  ကမ္ဘာကို စီးပွားရေးတံခါးဖွင့်ပြီး နှစ်ပေါင်း၂၀ အတွင်း တရှိန်ထိုးတိုးတက်ပြီးအခုကမ္ဘာရဲ့ ဒုတိယစီးပွားရေး အင်အား အကြီးဆုံးနိုင်ငံဖြစ်ခဲ့ပြီ။ ဒါတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့် နည်းပညာတွေ၊ အရင်းအနှီးတွေ၊အသိပညာရှင်၊ အတတ်ပညာရှင်တွေ အလွယ်တကူ စီးဆင်းလာတာရယ်။ ကိုယ့်ရဲ့ထုတ်ကုန်တွေကို ကမ္ဘာကို အလွယ်တကူ ဖြန့် နိုင် တာရယ် ကြောင့်ပါပဲ။
မြန်မာနိင်ငံအနေနဲ့ အခြားနိုင်ငံတွေကိုအမှီလိုက်ဖို့ ၊ကျော်တက်ဖို့ ဆိုရင် ဒီအခွင့်အလမ်းတွေ ကို ကျနော်တို့  ကောင်းကောင်းအသုံးချနိုင်ရမှာ...မဖြစ်နိုင်စရာ ဘာမှ မရှိဘူးမဟုတ်လား..

(အပိုင်း-၄ ဆက်ရန်)

အားလုံးအောင်မြင်ပျော်ရွှင်ကြပါစေ...
ဒေါက်တာအောင်မျိုး(၂၄-၃-၂၀၁၃)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။