ကျနော်တို့ ဒုက္ခသည်မဟုတ်ဖူး။ (၃)
ကိုညို (အော်စလို)
တတိယနိုင်ငံအတွက်ပြင်ဆင်ခြင်း
နော်ဝေးမသွားခင်
သီတင်း၃ပတ်အကြာ သွားမယ့်သူတွေကို အသုတ်လိုက်ခွဲပြီး နယူးဒေလီမှာပဲ နော်ဝေးနိုင်ငံအကြောင်းသိကောင်း စရာ
ယဉ်ကျေးမှုမိတ်ဆက်သင်တန်းတခုကို တက်ရပါတယ်။ ဒါကတော့ နော်ဝေးနိုင်ငံက UDI ခေါ် နော်ဝေး
လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အစီအစဉ်တခုပါ။ နော်ဝေးနိုင်ငံထွက်ခွါမယ့်ဒုက္ခသ ည်တွေ ကိုယ်အခြေစိုက်မယ့်နိုင်ငံ
အကြောင်း အကျဉ်းချုပ်သိထားဖို့ မိတ်ဆက်ပေးတဲ့သဘောပါ။
နော်ဝေးနိုင်ငံက
ဗီယက်နမ်လူမျိုး အရပ်ပုပုဆာမူရိုင်းဆံပင်နဲ့ Mr. NAM ဆိုသူက ကျနော်တို့ကိ နော်ဝေးအကြောင်းမိတ်ဆက်ပြောပြပါ တယ်။
သင်တန်းမှာ နော်ဝေးနိုင်ငံရဲ့ သမိုင်းအကျဉ်းနဲ့ ပညာရေးစနစ်၊ အလုပ်အကိုင်၊ နေထိုင်မှုစရိတ်နဲ့
လူမှုအထောက်အပံ့၊ မိသားစုပုံစံ၊ တရားဥပဒေ၊ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူနေမှုဘ၀တွေအကြောင်း
အတော်လေးပြည့်စုံပါတယ်။ ဒုက္ခသည်အားလုံးလိုလိုဟာ နော်ဝေးနိုင်ငံအကြောင်းမသိတော့ ထူးဆန်းအံ့သြစရာပေါ့..။
ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဘက် ဆီးနှင်းထူထပ်ပြီး ၆လလောက်ရေခဲနေတဲ့ဒေသဆိုတော့ နှင်းမမြင်ဖူးတဲ့
ကျနော်တို့အတွက် စိတ်လှုပ်ရှားစရာပါ။ မသိရင် မေးဘို့လည်း အတန်တန်ပြောတယ်။ သူပြောတာလေးကမှတ်သားစရာကောင်းတယ်၊
“ နားမလည်ရင်မေးဖို့ အားနာစရာမလိုဘူး၊ မေးခွန်းမေးတာရှက်စရာလည်း မဟုတ်ဖူး၊ အာရှသားတွေဟာ
မရှက်သင့်တာကိုရှက်တတ်တယ်၊ အားနာတယ်၊ ဒီမေးခွန်းဟာ ပေါကြောင်ကြောင်နိုင်ပါတယ်၊ ခလေးမေးခွန်းပါ၊
မမေးသင့်ဘူး၊ မိုက်မဲတဲ့မေးခွန်း၊ ဆိုတာမျိုးတွေ မရှိဘူး၊ မေးခွန်းတိုင်းဟာ အရေးကြီးတယ်၊
သင့်မေးခွန်းကို သင့်လိုပဲမေးချင်သူ၊ သိချင်သူအများအပြားရှိတာကို သတိပြုပေးပါ၊ နားထောင်ရုံသက်သက်မဟုတ်ပဲ၊
ပူးပေါင်းပါဝင်ခြင်းနဲ့ကိုယ့်ရဲ့  အမြင်တွေဆွေးနွေးတင်ပြခြင်းဟာ နော်ဝေးနိုင်ငံရဲ့ ကျောင်းသားကောင်းတွေပြုမူတဲ့
အလေ့အထဖြစ်တယ်” ဆိုတာလေးပါ။ ကျနော်တို့ထဲက တယောက်က မေးခွန်းထမေးတယ်၊ “ နော်ဝေးနိုင်ငံက
၆လလောက်နေရောင်မမြင်ရပဲ၊ ၆လလောက်ဘဲ နေရောင်တွေ့ရတာဆိုတော့ အဲဒီကလူတွေက ၆လဘဲ အလုပ်လုပ်ပြီး
ကျန်တဲ့ ၆လကတော့ အလုပ်လုပ်စရာမလိုဖူးပေါ့နော်” လို့မေးတော့ အားလုံးက ရီကြတယ်။ Nam ကတော့
မရီဘူး၊ နွေရာသီမှာ တလ အားလပ်ရက်ရှိတယ်၊ ကျန်တဲ့ နော်ဝေးနိုင်ငံက တရားဝင်ပြဌာန်းထားတဲ့
အားလပ်ရက်(ဘာသာရေးအထိမ်းအမှတ်နေ့ ) ကလွဲလို့ အမြဲတမ်းအလုပ်လုပ်ကြတဲ့အကြောင်း ၊ အလုပ်ရဲ့ဂုဏ်ကို
နော်ဝေးလူမျိုးတွေက တန်ဘိုးထားကြောင်း၊ အလုပ်မလုပ်ရင်သာ ရှက်စရာကောင်းကြောင်း၊ ပညာသင်တာလည်း
အလုပ်၊ ဘာသာစကားသင်တာလည်း အလုပ် ဆိုတာတွေကို စိတ်ရှည်ရှည်ပြန်ရှင်းပြတယ်။ပြီးတော့
Namက အာရှသားပီပီ အာရှစရိုက်ကိုလည်းသိနေတော့ ဘာမဆို စိတ်ရှည်ဖို့ သီးခံဘို့လည်းပြောတယ်။
“ဟိုရောက်ရင် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ၊ အမှိုက်တွေနေရာတိုင်းမပစ်ပါနဲ့ အမှိုက်ပုံးတွေနေရာတိုင်းမှာရှိတ ယ်၊
အများသွားလာတဲ့နေရာတွေမှာ၊ မြင်ကွင်းမှာ အမှိုက်ပစ်တာကို နော်ဝေးတွေမကြိုက်ဖူး” လို့မှာကြားပါတယ်။
နော်ဝေးဟာရာသီဥတုလေးမျိုးရှိတယ် ။ ဆောင်းရာသီ(နိုဝင်ဘာ-မတ်)၊ နွေဦးရာသီ(ဧပြီ-မေ)၊
နွေရာသီ(ဇွန်-သြဂုတ်)၊ ဆောင်းဦးရာသီ( စက်တင်ဘာ- အောက်တိုဘာ)ဖြစ်တယ်။ ဘယ်ရာသီမှာ ဘယ်လို
ဝတ်စားရမယ်ဆိုတာတွေ၊ ဘယ်လိုရာသီမှာ အ၀တ်အစားနဲ့ အစားအသောက်တွေ ဘယ်လိုဝယ်ရမယ်ဆိုတာတွေကအစပြောပြ တယ်။
နော်ဝေးရာသီဥတုအကြောင်း နော်ဝေးရောက်မှ သေချာခံစားထိတွေ့ ရေးပြတာကကောင်းမှာမို့ ဟိုရောက်မှပဲသေချပြောပြတော့မယ်။
Mr Nam က ကျနော်တို့အားလုံးကို ဆောင်ရန်ရှောင်ရန်ကျင့်ဝတ်စည်းက မ်းတွေနဲ့ လူမှုအလေ့အထတွေလည်း
ပြောပြတယ်။ ဥပမာ ဒီမှာနေသလို ယောင်္ကျားလေးနှစ်ယောက်ထဲ ပုခုံးဖက်၊ လက်ချိတ်ပြီးမသွားဘို့၊
ဟိုမှာတော့ ဂေး(လိင်တူရီးစား)သာလုပ်တတ်တဲ့ဓ လေ့လို့ပြောတယ်။ ကိုယ့်အိမ်ရောက်ရင် အိမ်မှာလုပ်တဲ့
ကိတ်မုန့်ဖြစ်စေ၊ စားစရာတခုခုပေးပြီး အိမ်နီးချင်း၊ အခန်းချင်းကပ်ရက်တွေကို အရင်မိတ်ဆက်ဖို့လည်းသတိပေးတယ်။
လူတွေနဲ့ မျက်လုံးချင်းဆုံမိတိုင်း “ ဟိုင်း၊ ဟယ်လို” လို့နှုတ်ဆက်တာမျိုး၊ ပြုံးပြတာမျိုးလုပ်ဖို့လည်း
သတိပေးတယ်။ ခလေးတွေနဲ့ အမျိုးသမီးတွေကို ချိုချိုသာသာဆက်ဆံဘို့၊ မရိုက်ဖို့၊ နော်ဝေးဥပဒေကခွင့်မပြုတဲ့အကြောင်းတွေကအစ
သတိပေးရှာတယ်။ ကျနော့်စိတ်အထင် သင်တန်းဟာ ၁၀ ရက်ဝန်းကျင်ရှိမယ်ထင်တယ်။ အဲဒီနောက် ကျနော်တို့ဟာ
UNHCR က လေယာဉ်လက်မှတ်ထုတ်ပေးမယ့်အချိန် ကို စောင့်ရပါတယ်။ဘယ်နေ့ထွက်ရမယ်ဆို တာတော့ ကျနော်တို့ကို
တလကြိုတင်ပြီး အကြောင်းကြားထားပါတယ်။
နော်ဝေးဟာ
စတုရမ်းကီလိုမီတာ ၂သိန်းကျော်လောက်သာရှိတဲ့ ဥရောပတိုက်မြောက်ဖက်ထိပ်မှာတောင်နဲ့မြောက်ရှည်မျောမျောသွယ်တန်း နေတဲ့
ပင်လယ်ကမ်းရိုးတမ်းနိုင်ငံလေးပါ ။ မြောက်ကနေတောင်ဘက် ကားမောင်းရင် စုစုပေါင်း ၂၅နာရီကနေ
၃၅နာရီထိသာကြာနိုင်သလို လေယာဉ်နဲ့ဆို ၂နာရီ ၃နာရီနဲ့ နိုင်ငံနယ်နမိတ်အဆုံးရောက်သွားမှာပါ။
သဘာဝတောတောင်တွေထူထပ်ပြီးအလွန်လှပတဲ့ နိုင်ငံလေးပါ။ နိုင်ငံတကာမှာ နေချင်စရာအကောင်းဆုံးနိုင်ငံ
၅နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာ့နေချင်ဘွယ်ကောင်းပြီး လှပတဲ့ ထိတ်တန်းနိုင်ငံထဲမှာ
ပါဝင်တယ်။ လူဦးရေကလည်း ၅သန်းကျော်ဘဲရှိတယ်။ ရန်ကုန်မြို့လူဦးရေလောက်ပဲရှိမ ယ်ထင်ပါရဲ့။
အခုဆို သူတို့လူဦးရေရဲ့ ၁၀%ဟာ တိုင်းတပါးကရွှေ့ပြောင်းလာသူတွေလို့ဆိုရမယ်။ ပါကစ္စတန်၊
ဆွီဒင်၊ ဒိန်းမတ်၊ ဗီယက်နမ်နဲ့ အရှေ့ဥရောပနိုင်ငံကလူမျိုးတွေများတယ်။ နောက်ပိုင်း အာဖရိက၊
အာရှသားတွေအတော်များများအခြေချလာလို့ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုအစုံ ဖွံ့ဖြိုးရာနိုင်ငံတခုလိုဖြစ်လာ တယ်။
မြေဧရိယာရဲ့ ၃%လောက်ပဲ စိုက်ပျိုးလို့ရပြီး တနှစ်မှာ ၄လပဲ စိုက်ပျိုးချိန်ရှိတယ်။ ဒါကြောင့်စိုက်ပျိုးရေးထက်
ကမ်းရိုးတန်းတလျှောက် ငါးဖမ်းလုပ်ငန်းကိုပဲ မိရိုးဖလာအသက်မွေးလုပ်ငန်းတခုအေ နနဲ့ လုပ်ကိုင်နေကြတာပါ။
အမှန်တော့ ရှေးဦးနော်ဝေးပြည်သူတွေဟာအတော် လေးဆင်းရဲဒုက္ခခံပြီး နေထိုင်ရပ်တည်ခဲ့ရတာပါ။
နိုင်ငံကလည်းဆင်းရဲပါတယ်။ဗိုက်က င်းတိုင်းပြည်လို့ လူသိများတဲ့ နော်ဝေးဟာ ပင်လယ်ဓါးပြသားတွေအဖြစ်လည်း
ထင်ရှားတယ်။ ပင်လယ်ပြင်ကုန်ကူးသန်းရေးနဲ့ နယ်ပယ်စူးစမ်းရှာဖွေမှုတွေလုပ်ခဲ့ တယ်။ ဗိုက်ကင်းခေတ်အလွန်
၁၀၃၀လောက်မှာ ခရစ်ယာန်အယူဝါဒထွန်းကားပြီး ဘုရင့်နိုင်ငံအဖြစ်ရပ်တည်ခဲ့တယ် ။ ဒါပေမယ့်
၁၄ရာစုလောက်မှာ ပုလိပ်ရောဂါကပ်ဘေးနဲ့ကြုံပြီးလူ ဦးရေရဲ့ သုံးပုံတစ်ပုံဟာ ရောဂါနဲ့ဆုံးကုန်တယ်။
တိုင်းပြည်အင်အားချနဲ့ခဲ့သလို မင်းဆက်လည်း ပျက်ခဲ့ရတယ်။ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေကိုမှီခိုရပြီး
အဲဒီနိုင်ငံတွေရဲ့ အုပ်ချုပ်မှုအောက်မှာနှစ်ပေါင်းရာနဲ့ချီနေထိုင်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်မှာ(၁၉၄၀-၄၅)ထိ
ဂျာမဏီကသိမ်းပိုက်ခဲ့တယ်။ နော်ဝေးနိုင်ငံရဲ့ ဘုန်းတန်ခိုးသြဇာထွန်းတောက်လာတဲ့ ကာလဟာ
သိပ်မကြာသေးပါဘူး။နိုင်ငံရဲ့ ကံဇာတတက်ချင်တော့ ၁၉၆၀နဲ့ ၁၉၇၀ နှောင်းပိုင်းမှာ မြောက်ဘက်ပိုင်းပင်လယ်တွင်းမှာ
ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်အမြောက်အမြားကို တူးဖော်တွေ့ရှိတယ်။ အဲဒီနောက်ပိုင်း သဘာဝဓာတ်ငွေ့ကို
အမေရိကန်က ရှဲလ်ကုမ္မဏီကိုဌားရမ်းထုတ်လုပ်ခဲ့တယ်။ အလုပ်သမားအင်အားနည်းလွန်းလို့ ပါကစ္စတန်နိုင်ငံက
အလုပ်သမားတွေကို ဌားရမ်းခေါ်ဆောင်ခဲ့တယ်။(ဒါကြောင့်လည်း ပါကစ္စတန်လူမျိုးတွေနော်ဝေးမှာပေါမြားလာတာဖြစ်တယ်)။
နော်ဝေးနိုင်ငံမသွားခင်
အနှစ် ၂၀လောက်နေထိုင်စဉ် စုဆောင်းထားတဲ့ မှတ်တမ်းစာအုပ်တွေ၊ သတင်းစာဟောင်းတွေ၊စာအုပ်စာတမ်း၊
မဂ္ဂဇင်းနဲ့ ၀တ္တုတွေ ထုတ်ပိုးရတယ်။ အားလုံးတော့ သယ်သွားလို့မရ၊ ကိုယ်လိုချင်တာရသလောက်သယ်သွားရုံပေါ့။၁၀နှစ်
၁၀မိုး သတင်းထောက်လုပ်လာခဲ့စဉ် သတင်းမှတ်တမ်းနဲ့ ဒေတာတွေအားလုံး စနစ်တကျပြန်လည်စီစစ်ပြီး
ယူသင့်တာယူ၊ ဖျက်သင့်တာဖျက်ရတယ်။ ကိုယ့်ဘ၀အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ် ပေမယ့်
ဆက်လက်ကိုင်ဆောင်ထားဖို့ မလိုမပ်တော့တဲ့ မှတ်တမ်းတွေကို ဖျက်ဆီးခဲ့ရတယ်။ အဲဒီအထဲမှာ
အိန္ဒိယနိုင်ငံကူးလက်မှတ်တို့ နာမည်အမျိုးမျိုးနဲ့အကြံအဖန်လုပ်ထားတဲ့ မြန်မာနိုင်ငံသားစီစစ်ရေးကဒ်ပြား
တွေလည်းပါတယ်။ သတင်းထောက်ဘ၀နဲ့ ခရီးသွားလာခဲ့စဉ် နယ်စပ်ခရီးတချို့မှာ ဒီကဒ်ပြားတွေဟာ
ကျနော်ကို လုံခြုံမှုပေးခဲ့တဲ့ ကျေးဇူးရှင်တွေပေါ့။ ပြီးတော့ဟိုမှာမရနိုင်ဘူးလို့ထ င်ရတဲ့ အစားအသောက်၊
လဘက်ခြောက်တွေကအစ လျှက်ဆားနဲ့ ပရုတ်ဆီအဆုံး အိန္ဒိယနယ်စပ်ကနေ၀ယ်လာတာတွေပေါ့။ ဇနီးသည်
လင်းလင်းက သူ့ရဲ့ လုရှိုင်း(မီဇို)ရိုးရာ ဗုံနဲ့ အ၀တ်အစား၊ အသုံးအဆောင်လေးတွေရအောင်သယ်တယ်။
လေယာဉ်မှာ လူတယောက်ကို ကီလို ၂၀သာတင်ဆောင်ခွင့်ပြုတယ်ဆိုတော့ စာအုပ်တွေကို ရသလောက်သယ်နိုင်အောင်
ကိုယ်နဲ့အတူသွားမယ့် ကိုမြင့်အေးတို့ကိုလည်း မျှသယ်ပေးဘို့ အကူအညီတောင်းရတယ်။ နော်ဝေးမှာနေထိုင်နေတဲ့
မြန်မာသတင်းသမဂ္ဂအဖွဲ့က ကိုမောင်မောင်မြင့်၊ မြကြေးမုံ နဲ့ DVB က မိတ်ဆွေတွေဆီကလည်း
သတင်းတွေမေး၊ အကြံဥာဏ်တွေယူရတာပေါ့။
နော်ဝေးကို
မထွက်ခွါမီ ရက်ပိုင်းအလိုမှာပဲ လေယာဉ်လက်မှတ်ထုတ်ပေးပါတယ်.။ ကျနော်တို့ခရီးစဉ်ကို
IOM(International Organization for Migration) နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့
ကတာဝန်ယူစီစဉ်ပေးတယ်။ နယူးဒေလီကနေ ဧပြီလ ၁၅ရက်မနက် ၄နာရီမှာလေယာဉ်ထွက်တယ်။ လန်ဒန် ဟီသရိုးလေဆိပ်မှာတထောက်နားတယ်။ IOM က တာဝန်ရှိသူတယောက်လာတွေ့တယ်။ ပြီးတော့ နော်ဝေးထွက်ခွါမယ့်လေယာဉ်
ကိုဘယ်ဂိတ်တံခါးကနေစီးရမယ် ဆိုတာကို လမ်းညွှန်ပေးတယ်။ ကျနော်တို့ကို အင်္ဂလိပ်လို ပြောနိုင်
ရေးနိုင်ဖတ်နိုင်သူတွေမှန်းသိတာ မို့ ကြာကြာမနေပဲသူလည်းနှုတ်ဆက်ပြီးပြ န်သွားပါတယ်။ ဘာသာစကားအခက်အခဲရှိသူတွေကိုသာ
IOM ကိုယ်စားလှယ်တွေက သေချာကြပ်မတ်ကူညီပေးတာပါ။ ဟီးသရိုးလေဆိပ်မှာ နာရီအတော်ကြာနားနေခဲ့ရတယ်။လေယာဥ်ပေါ်မှာ
မြန်မာဆိုလို့ ကျနော်တို့ မိသားစု(သား၆နှစ်၊ သမီး ၄နှစ်)နဲ့ ကိုမြင့်အေးတို့ဇနီးမောင်နှံ(သမီးတယောက်သားတယောက်၊
ဇနီးဖြစ်တဲ့မထားရီရဲ့မောင်လေး) တို့ပဲပါလာတယ်။ နယူးဒေလီကမြန်မာဒုက္ခသည် အိမ်ထောင်စု(
၅၀-စုစုပေါင်း လူဦးရေ ၁၅၀လောက်)ကို နော်ဝေးခေါ်ယူတာဆိုပေမယ့် တပြိုင်တည်း အားလုံးကို
ခေါ်သွားတာမဟုတ်ပါဘူး။ အိမ်ထောင်စု ၂စုတစ်တွဲ၊ ၃- ၄စုတစ်တွဲခေါ်တာပါ။ ဒီလူတွေအားလုံး
နော်ဝေးနိုင်ငံကတမြို့ထဲမှာနေရတာမဟုတ်ဘူး။ ကျနော်တို့က အော်စလို၊ တခြားလူတွေက တခြားမြို့အနှံ့အကွဲကွဲအပြားပြားရောက်ကုန်တာပါ။
ဟီသရိုးကနေ
ညနေပိုင်းမှာလေယာဉ်နဲ့ နော်ဝေးကို ထွက်ခွါခဲ့တယ်။ နော်ဝေးလေဆိပ်မှာ ကျနော်တို့ကို နေရာချထားပေးမယ့်
အော်စလိုကွန်မြွန်းကပုဂ္ဂိုတွေလာ ကြိုနေမယ်လို့ ကြိုသိထားပါတယ်။ ပြီးတော့ ကျနော်နဲ့ နယ်စပ်ဒုက္ခသည်စခန်းမှာရော၊
မဏိပူရပြည်နယ် အင်ဖားအကျဉ်းထောင်မှာရော၊ နယူးဒေလီမှာရော အတူနေပြီး တဖွဲ့ထဲ နိုင်ငံရေးလှုပ်ရှားလာခဲ့တဲ့
သူငယ်ချင်း ထွန်းထွန်း( မောင်မောင်မျိုးညွန့်) လည်း လေဆိပ်မှာ လာစောင့်နေမယ်လို့ အစောကတည်းက
အီးမေးလ်ပို့ထားပါတယ်။ ည၉နာရီခွဲလောက် အော်စလိုလေဆိပ်ရောက်တော့ လေတိုက်ပြီး အတော်လေးစိမ့်အေးနေတာကိုသတိပြုမိတယ်။နွေဦးဆိုပေမယ့်
ကျနော်တို့လို အပူပိုင်းဘက်ကလာသူတွေအဖို့ အတော်လေးအေးနေသေးတယ်။
အော်စလိုကွန်မြွန်းက
နော်ဝေးအမျိုးသမီး ၃ဦးနဲ့ ကိုမင်းမင်းဦး (လူ့ဘောင်သစ်) တို့လာကြိုကြတာကို ၀မ်းမြောက်ဝမ်းသာတွေ့ရတယ်။ကိုမင်းမင်းဦးက
NHHEC (မြန်မာနိုင်ငံပညာရေးနဲ့ ကျန်းမာရေးကော်မတီ-ထိုင်းနိုင်ငံ) မှာတာဝန်ထမ်းနေတုန်း
နယူးဒေလီကို အလည်ရောက်ခဲ့လို့ ရင်းနှီးသိကြွမ်းခဲ့ပြီးဖြစ်တယ် ။လေဆိပ်မှာ သူငယ်ချင်းထွန်းထွန်းက
ထမင်းပေါင်းအိုးလေးတလုံးရယ် ၅ကီလိုဆန်အိပ်လေးနဲ့ကြိုရှာတယ်။ ထွန်းထွန်းကတော့ ကျနော်တို့နဲ့မလိုက်ပဲ
နှုတ်ဆက်ပြီးသူ့ကားနဲ့ ပဲသူ့အိမ်ပြန်သွားတယ်။ သူပေးခဲ့တဲ့ ပေါင်းအိုးလေးကြောင့် ကျနော်တို့
အလွယ်တကူ ထမင်းချက်စားနိုင်တာဖြစ်တယ်။ လေဆိပ်နဲ့အော်စလိုက တနာရီလောက် ကားမောင်းရတယ်။
တယောက်နဲ့တယောက်အပြန်အလှန် မိတ်ဆက်ကြပြီး ကျနော်တို့အတွက် အဆင်သင့် ကြိုတင်ဌားရမ်းထားတဲ့
အိမ်ရှိရာကို မောင်းနှင်ထွက်ခွါလာခဲ့တယ်။
ကိုညို(အော်စလို)
၁၇ ဧပြီ ၂၀၁၄
ကိုညို (အော်စလို)
တတိယနိုင်ငံအတွက်ပြင်ဆင်ခြင်း
နော်ဝေးမသွားခင်
သီတင်း၃ပတ်အကြာ သွားမယ့်သူတွေကို အသုတ်လိုက်ခွဲပြီး နယူးဒေလီမှာပဲ နော်ဝေးနိုင်ငံအကြောင်းသိကောင်း
ယဉ်ကျေးမှုမိတ်ဆက်သင်တန်းတခုကို တက်ရပါတယ်။ ဒါကတော့ နော်ဝေးနိုင်ငံက UDI ခေါ် နော်ဝေး
လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အစီအစဉ်တခုပါ။ နော်ဝေးနိုင်ငံထွက်ခွါမယ့်ဒုက္ခသ
အကြောင်း အကျဉ်းချုပ်သိထားဖို့ မိတ်ဆက်ပေးတဲ့သဘောပါ။
နော်ဝေးနိုင်ငံက
ဗီယက်နမ်လူမျိုး အရပ်ပုပုဆာမူရိုင်းဆံပင်နဲ့ Mr. NAM ဆိုသူက ကျနော်တို့ကိ နော်ဝေးအကြောင်းမိတ်ဆက်ပြောပြပါ
သင်တန်းမှာ နော်ဝေးနိုင်ငံရဲ့ သမိုင်းအကျဉ်းနဲ့ ပညာရေးစနစ်၊ အလုပ်အကိုင်၊ နေထိုင်မှုစရိတ်နဲ့
လူမှုအထောက်အပံ့၊ မိသားစုပုံစံ၊ တရားဥပဒေ၊ကျန်းမာရေးစောင့်ရှောက
အတော်လေးပြည့်စုံပါတယ်။ ဒုက္ခသည်အားလုံးလိုလိုဟာ နော်ဝေးနိုင်ငံအကြောင်းမသိတော့ ထူးဆန်းအံ့သြစရာပေါ့..။
ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဘက် ဆီးနှင်းထူထပ်ပြီး ၆လလောက်ရေခဲနေတဲ့ဒေသဆိုတော့ နှင်းမမြင်ဖူးတဲ့
ကျနော်တို့အတွက် စိတ်လှုပ်ရှားစရာပါ။ မသိရင် မေးဘို့လည်း အတန်တန်ပြောတယ်။ သူပြောတာလေးကမှတ်သားစရာကောင်းတယ
“ နားမလည်ရင်မေးဖို့ အားနာစရာမလိုဘူး၊ မေးခွန်းမေးတာရှက်စရာလည်း မဟုတ်ဖူး၊ အာရှသားတွေဟာ
မရှက်သင့်တာကိုရှက်တတ်တယ်၊ အားနာတယ်၊ ဒီမေးခွန်းဟာ ပေါကြောင်ကြောင်နိုင်ပါတယ်၊ ခလေးမေးခွန်းပါ၊
မမေးသင့်ဘူး၊ မိုက်မဲတဲ့မေးခွန်း၊ ဆိုတာမျိုးတွေ မရှိဘူး၊ မေးခွန်းတိုင်းဟာ အရေးကြီးတယ်၊
သင့်မေးခွန်းကို သင့်လိုပဲမေးချင်သူ၊ သိချင်သူအများအပြားရှိတာကို သတိပြုပေးပါ၊ နားထောင်ရုံသက်သက်မဟုတ်ပဲ၊
ပူးပေါင်းပါဝင်ခြင်းနဲ့ကိုယ့်ရဲ
အလေ့အထဖြစ်တယ်” ဆိုတာလေးပါ။ ကျနော်တို့ထဲက တယောက်က မေးခွန်းထမေးတယ်၊ “ နော်ဝေးနိုင်ငံက
၆လလောက်နေရောင်မမြင်ရပဲ၊ ၆လလောက်ဘဲ နေရောင်တွေ့ရတာဆိုတော့ အဲဒီကလူတွေက ၆လဘဲ အလုပ်လုပ်ပြီး
ကျန်တဲ့ ၆လကတော့ အလုပ်လုပ်စရာမလိုဖူးပေါ့နော်” လို့မေးတော့ အားလုံးက ရီကြတယ်။ Nam ကတော့
မရီဘူး၊ နွေရာသီမှာ တလ အားလပ်ရက်ရှိတယ်၊ ကျန်တဲ့ နော်ဝေးနိုင်ငံက တရားဝင်ပြဌာန်းထားတဲ့
အားလပ်ရက်(ဘာသာရေးအထိမ်းအမှတ်နေ
နော်ဝေးလူမျိုးတွေက တန်ဘိုးထားကြောင်း၊ အလုပ်မလုပ်ရင်သာ ရှက်စရာကောင်းကြောင်း၊ ပညာသင်တာလည်း
အလုပ်၊ ဘာသာစကားသင်တာလည်း အလုပ် ဆိုတာတွေကို စိတ်ရှည်ရှည်ပြန်ရှင်းပြတယ်။ပြီ
Namက အာရှသားပီပီ အာရှစရိုက်ကိုလည်းသိနေတော့ ဘာမဆို စိတ်ရှည်ဖို့ သီးခံဘို့လည်းပြောတယ်။
“ဟိုရောက်ရင် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ၊ အမှိုက်တွေနေရာတိုင်းမပစ်ပါနဲ့ အမှိုက်ပုံးတွေနေရာတိုင်းမှာရှိတ
အများသွားလာတဲ့နေရာတွေမှာ၊ မြင်ကွင်းမှာ အမှိုက်ပစ်တာကို နော်ဝေးတွေမကြိုက်ဖူး” လို့မှာကြားပါတယ်။
နော်ဝေးဟာရာသီဥတုလေးမျိုးရှိတယ်
နွေရာသီ(ဇွန်-သြဂုတ်)၊ ဆောင်းဦးရာသီ( စက်တင်ဘာ- အောက်တိုဘာ)ဖြစ်တယ်။ ဘယ်ရာသီမှာ ဘယ်လို
ဝတ်စားရမယ်ဆိုတာတွေ၊ ဘယ်လိုရာသီမှာ အ၀တ်အစားနဲ့ အစားအသောက်တွေ ဘယ်လိုဝယ်ရမယ်ဆိုတာတွေကအစပြောပြ
နော်ဝေးရာသီဥတုအကြောင်း နော်ဝေးရောက်မှ သေချာခံစားထိတွေ့ ရေးပြတာကကောင်းမှာမို့ ဟိုရောက်မှပဲသေချပြောပြတော့မယ်။
Mr Nam က ကျနော်တို့အားလုံးကို ဆောင်ရန်ရှောင်ရန်ကျင့်ဝတ်စည်းက
ပြောပြတယ်။ ဥပမာ ဒီမှာနေသလို ယောင်္ကျားလေးနှစ်ယောက်ထဲ ပုခုံးဖက်၊ လက်ချိတ်ပြီးမသွားဘို့၊
ဟိုမှာတော့ ဂေး(လိင်တူရီးစား)သာလုပ်တတ်တဲ့ဓ
ကိတ်မုန့်ဖြစ်စေ၊ စားစရာတခုခုပေးပြီး အိမ်နီးချင်း၊ အခန်းချင်းကပ်ရက်တွေကို အရင်မိတ်ဆက်ဖို့လည်းသတိပေးတယ်။
လူတွေနဲ့ မျက်လုံးချင်းဆုံမိတိုင်း “ ဟိုင်း၊ ဟယ်လို” လို့နှုတ်ဆက်တာမျိုး၊ ပြုံးပြတာမျိုးလုပ်ဖို့လည်း
သတိပေးတယ်။ ခလေးတွေနဲ့ အမျိုးသမီးတွေကို ချိုချိုသာသာဆက်ဆံဘို့၊ မရိုက်ဖို့၊ နော်ဝေးဥပဒေကခွင့်မပြုတဲ့အကြောင
သတိပေးရှာတယ်။ ကျနော့်စိတ်အထင် သင်တန်းဟာ ၁၀ ရက်ဝန်းကျင်ရှိမယ်ထင်တယ်။ အဲဒီနောက် ကျနော်တို့ဟာ
UNHCR က လေယာဉ်လက်မှတ်ထုတ်ပေးမယ့်အချိန်
တလကြိုတင်ပြီး အကြောင်းကြားထားပါတယ်။
နော်ဝေးဟာ
စတုရမ်းကီလိုမီတာ ၂သိန်းကျော်လောက်သာရှိတဲ့ ဥရောပတိုက်မြောက်ဖက်ထိပ်မှာတောင
ပင်လယ်ကမ်းရိုးတမ်းနိုင်ငံလေးပါ
၃၅နာရီထိသာကြာနိုင်သလို လေယာဉ်နဲ့ဆို ၂နာရီ ၃နာရီနဲ့ နိုင်ငံနယ်နမိတ်အဆုံးရောက်သွားမ
သဘာဝတောတောင်တွေထူထပ်ပြီးအလွန်လ
၅နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာ့နေချင်ဘွယ်ကောင်းပြီး လှပတဲ့ ထိတ်တန်းနိုင်ငံထဲမှာ
ပါဝင်တယ်။ လူဦးရေကလည်း ၅သန်းကျော်ဘဲရှိတယ်။ ရန်ကုန်မြို့လူဦးရေလောက်ပဲရှိမ
အခုဆို သူတို့လူဦးရေရဲ့ ၁၀%ဟာ တိုင်းတပါးကရွှေ့ပြောင်းလာသူတွေလ
ဆွီဒင်၊ ဒိန်းမတ်၊ ဗီယက်နမ်နဲ့ အရှေ့ဥရောပနိုင်ငံကလူမျိုးတွေမျ
အာရှသားတွေအတော်များများအခြေချလ
မြေဧရိယာရဲ့ ၃%လောက်ပဲ စိုက်ပျိုးလို့ရပြီး တနှစ်မှာ ၄လပဲ စိုက်ပျိုးချိန်ရှိတယ်။ ဒါကြောင့်စိုက်ပျိုးရေးထက်
ကမ်းရိုးတန်းတလျှောက် ငါးဖမ်းလုပ်ငန်းကိုပဲ မိရိုးဖလာအသက်မွေးလုပ်ငန်းတခုအေ
အမှန်တော့ ရှေးဦးနော်ဝေးပြည်သူတွေဟာအတော်
နိုင်ငံကလည်းဆင်းရဲပါတယ်။ဗိုက်က
ထင်ရှားတယ်။ ပင်လယ်ပြင်ကုန်ကူးသန်းရေးနဲ့ နယ်ပယ်စူးစမ်းရှာဖွေမှုတွေလုပ်ခဲ
၁၀၃၀လောက်မှာ ခရစ်ယာန်အယူဝါဒထွန်းကားပြီး ဘုရင့်နိုင်ငံအဖြစ်ရပ်တည်ခဲ့တယ်
၁၄ရာစုလောက်မှာ ပုလိပ်ရောဂါကပ်ဘေးနဲ့ကြုံပြီးလူ
တိုင်းပြည်အင်အားချနဲ့ခဲ့သလို မင်းဆက်လည်း ပျက်ခဲ့ရတယ်။ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေကိုမှီခိုရပြ
အဲဒီနိုင်ငံတွေရဲ့ အုပ်ချုပ်မှုအောက်မှာနှစ်ပေါင်းရ
ဂျာမဏီကသိမ်းပိုက်ခဲ့တယ်။ နော်ဝေးနိုင်ငံရဲ့ ဘုန်းတန်ခိုးသြဇာထွန်းတောက်လာတဲ
သိပ်မကြာသေးပါဘူး။နိုင်ငံရဲ့ ကံဇာတတက်ချင်တော့ ၁၉၆၀နဲ့ ၁၉၇၀ နှောင်းပိုင်းမှာ မြောက်ဘက်ပိုင်းပင်လယ်တွင်းမှာ
ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်အမြောက်အမြားက
အမေရိကန်က ရှဲလ်ကုမ္မဏီကိုဌားရမ်းထုတ်လုပ်ခ
အလုပ်သမားတွေကို ဌားရမ်းခေါ်ဆောင်ခဲ့တယ်။(ဒါကြောင
နော်ဝေးနိုင်ငံမသွားခင်
အနှစ် ၂၀လောက်နေထိုင်စဉ် စုဆောင်းထားတဲ့ မှတ်တမ်းစာအုပ်တွေ၊ သတင်းစာဟောင်းတွေ၊စာအုပ်စာတမ်း၊
မဂ္ဂဇင်းနဲ့ ၀တ္တုတွေ ထုတ်ပိုးရတယ်။ အားလုံးတော့ သယ်သွားလို့မရ၊ ကိုယ်လိုချင်တာရသလောက်သယ်သွားရံ
၁၀မိုး သတင်းထောက်လုပ်လာခဲ့စဉ် သတင်းမှတ်တမ်းနဲ့ ဒေတာတွေအားလုံး စနစ်တကျပြန်လည်စီစစ်ပြီး
ယူသင့်တာယူ၊ ဖျက်သင့်တာဖျက်ရတယ်။ ကိုယ့်ဘ၀အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်
ဆက်လက်ကိုင်ဆောင်ထားဖို့ မလိုမပ်တော့တဲ့ မှတ်တမ်းတွေကို ဖျက်ဆီးခဲ့ရတယ်။ အဲဒီအထဲမှာ
အိန္ဒိယနိုင်ငံကူးလက်မှတ်တို့ နာမည်အမျိုးမျိုးနဲ့အကြံအဖန်လုပ
တွေလည်းပါတယ်။ သတင်းထောက်ဘ၀နဲ့ ခရီးသွားလာခဲ့စဉ် နယ်စပ်ခရီးတချို့မှာ ဒီကဒ်ပြားတွေဟာ
ကျနော်ကို လုံခြုံမှုပေးခဲ့တဲ့ ကျေးဇူးရှင်တွေပေါ့။ ပြီးတော့ဟိုမှာမရနိုင်ဘူးလို့ထ
လဘက်ခြောက်တွေကအစ လျှက်ဆားနဲ့ ပရုတ်ဆီအဆုံး အိန္ဒိယနယ်စပ်ကနေ၀ယ်လာတာတွေပေါ့။
လင်းလင်းက သူ့ရဲ့ လုရှိုင်း(မီဇို)ရိုးရာ ဗုံနဲ့ အ၀တ်အစား၊ အသုံးအဆောင်လေးတွေရအောင်သယ်တယ်။
လေယာဉ်မှာ လူတယောက်ကို ကီလို ၂၀သာတင်ဆောင်ခွင့်ပြုတယ်ဆိုတော့
ကိုယ်နဲ့အတူသွားမယ့် ကိုမြင့်အေးတို့ကိုလည်း မျှသယ်ပေးဘို့ အကူအညီတောင်းရတယ်။ နော်ဝေးမှာနေထိုင်နေတဲ့
မြန်မာသတင်းသမဂ္ဂအဖွဲ့က ကိုမောင်မောင်မြင့်၊ မြကြေးမုံ နဲ့ DVB က မိတ်ဆွေတွေဆီကလည်း
သတင်းတွေမေး၊ အကြံဥာဏ်တွေယူရတာပေါ့။
နော်ဝေးကို
မထွက်ခွါမီ ရက်ပိုင်းအလိုမှာပဲ လေယာဉ်လက်မှတ်ထုတ်ပေးပါတယ်.။ ကျနော်တို့ခရီးစဉ်ကို
IOM(International Organization for Migration) နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေ
ကတာဝန်ယူစီစဉ်ပေးတယ်။ နယူးဒေလီကနေ ဧပြီလ ၁၅ရက်မနက် ၄နာရီမှာလေယာဉ်ထွက်တယ်။ လန်ဒန် ဟီသရိုးလေဆိပ်မှာတထောက်နားတယ်။
ကိုဘယ်ဂိတ်တံခါးကနေစီးရမယ် ဆိုတာကို လမ်းညွှန်ပေးတယ်။ ကျနော်တို့ကို အင်္ဂလိပ်လို ပြောနိုင်
ရေးနိုင်ဖတ်နိုင်သူတွေမှန်းသိတာ
IOM ကိုယ်စားလှယ်တွေက သေချာကြပ်မတ်ကူညီပေးတာပါ။ ဟီးသရိုးလေဆိပ်မှာ နာရီအတော်ကြာနားနေခဲ့ရတယ်။လေယာဥ
မြန်မာဆိုလို့ ကျနော်တို့ မိသားစု(သား၆နှစ်၊ သမီး ၄နှစ်)နဲ့ ကိုမြင့်အေးတို့ဇနီးမောင်နှံ(သမ
ဇနီးဖြစ်တဲ့မထားရီရဲ့မောင်လေး) တို့ပဲပါလာတယ်။ နယူးဒေလီကမြန်မာဒုက္ခသည် အိမ်ထောင်စု(
၅၀-စုစုပေါင်း လူဦးရေ ၁၅၀လောက်)ကို နော်ဝေးခေါ်ယူတာဆိုပေမယ့် တပြိုင်တည်း အားလုံးကို
ခေါ်သွားတာမဟုတ်ပါဘူး။ အိမ်ထောင်စု ၂စုတစ်တွဲ၊ ၃- ၄စုတစ်တွဲခေါ်တာပါ။ ဒီလူတွေအားလုံး
နော်ဝေးနိုင်ငံကတမြို့ထဲမှာနေရတ
ဟီသရိုးကနေ
ညနေပိုင်းမှာလေယာဉ်နဲ့ နော်ဝေးကို ထွက်ခွါခဲ့တယ်။ နော်ဝေးလေဆိပ်မှာ ကျနော်တို့ကို နေရာချထားပေးမယ့်
အော်စလိုကွန်မြွန်းကပုဂ္ဂိုတွေလာ
မဏိပူရပြည်နယ် အင်ဖားအကျဉ်းထောင်မှာရော၊ နယူးဒေလီမှာရော အတူနေပြီး တဖွဲ့ထဲ နိုင်ငံရေးလှုပ်ရှားလာခဲ့တဲ့
သူငယ်ချင်း ထွန်းထွန်း( မောင်မောင်မျိုးညွန့်) လည်း လေဆိပ်မှာ လာစောင့်နေမယ်လို့ အစောကတည်းက
အီးမေးလ်ပို့ထားပါတယ်။ ည၉နာရီခွဲလောက် အော်စလိုလေဆိပ်ရောက်တော့ လေတိုက်ပြီး အတော်လေးစိမ့်အေးနေတာကိုသတိပြုမ
ကျနော်တို့လို အပူပိုင်းဘက်ကလာသူတွေအဖို့ အတော်လေးအေးနေသေးတယ်။
အော်စလိုကွန်မြွန်းက
နော်ဝေးအမျိုးသမီး ၃ဦးနဲ့ ကိုမင်းမင်းဦး (လူ့ဘောင်သစ်) တို့လာကြိုကြတာကို ၀မ်းမြောက်ဝမ်းသာတွေ့ရတယ်။ကိုမင
NHHEC (မြန်မာနိုင်ငံပညာရေးနဲ့ ကျန်းမာရေးကော်မတီ-ထိုင်းနိုင်င
နယူးဒေလီကို အလည်ရောက်ခဲ့လို့ ရင်းနှီးသိကြွမ်းခဲ့ပြီးဖြစ်တယ်
ထမင်းပေါင်းအိုးလေးတလုံးရယ် ၅ကီလိုဆန်အိပ်လေးနဲ့ကြိုရှာတယ်။
နှုတ်ဆက်ပြီးသူ့ကားနဲ့ ပဲသူ့အိမ်ပြန်သွားတယ်။ သူပေးခဲ့တဲ့ ပေါင်းအိုးလေးကြောင့် ကျနော်တို့
အလွယ်တကူ ထမင်းချက်စားနိုင်တာဖြစ်တယ်။ လေဆိပ်နဲ့အော်စလိုက တနာရီလောက် ကားမောင်းရတယ်။
တယောက်နဲ့တယောက်အပြန်အလှန် မိတ်ဆက်ကြပြီး ကျနော်တို့အတွက် အဆင်သင့် ကြိုတင်ဌားရမ်းထားတဲ့
အိမ်ရှိရာကို မောင်းနှင်ထွက်ခွါလာခဲ့တယ်။
ကိုညို(အော်စလို)
၁၇ ဧပြီ ၂၀၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။