နှင်းဆီဖူးလေးများ-Love BUDS
~ဆီးကျောက်တည်ခြင်း(KidneyStoneFormation)ကာကွယ် နိုင်ဖို~
( အောက်ပါ စားသောက် နည်းများကို လိုက်နာပါ)
( အောက်ပါ စားသောက် နည်းများကို လိုက်နာပါ)
LB>>>ရေများများသောက်...
ဆီးကျောက်များ တည်ခြင်းကို ကာကွယ် ဖို့ရာ အရေး အကြီးဆုံးသော တစ်ခုတည်းသော အရာက ရေကို အလုံ အလောက် သောက်ခြင်း ပဲလို့ ကျွမ်းကျင် သူတွေက ယုံကြည်ကြ ပါတယ်။ နေ့စဉ် ရေ ၈ ခွက်မှ ၁၀ ခွက် အထိ သောက်ဖို့ပဲ ဖြစ်တယ်။ ရေများများ သောက်လေ၊ ဆီးကျောက် ဖြစ်စေမယ့် အရာတွေ ရေထဲ ပျော်ဝင်သွားဖို့ အခွင့် အလမ်း ပိုများ လေပဲ ဖြစ်တယ်။
LB>>>ဆိုဒီယမ် နည်းနည်းစား...
ဆိုဒီယမ် အဓိက ပါဝင်သော အစား အစာက အိမ်သုံး ဆား (ဆိုဒီယမ် ကလိုရိုဒ်) ပဲဖြစ်တယ်။ အစားအသောက် (Diet) ထဲမှာ ဆိုဒီယမ် နည်းရင် ဆီးထဲမှာ ကယ်လ်စီယမ် လျော့နည်းမယ်။ ဒါဆို ဆီးကျောက် အသစ် တည်ဖို့ အန္တရာယ် လျော့ပါးမယ်။ သည့်အတွက် အမြန် အစားအစာများ (Fast Foods)၊ စွပ်ပြုတ်ဘူးများနှင့် အခြား စက်ရုံထုတ် ပြုပြင် ထားတဲ့ အစားအစာများ စားသုံးခြင်းကို ကန့်သတ်ပါ။
ပစ်မှတ်ထား စားသုံး ရမှာက တစ်နေ့ ဆိုဒီယမ် ၂၄၀ဝ မီလီ ဂရမ်ထက် လျော့နည်းဖို့ပဲ။
ပစ်မှတ်ထား စားသုံး ရမှာက တစ်နေ့ ဆိုဒီယမ် ၂၄၀ဝ မီလီ ဂရမ်ထက် လျော့နည်းဖို့ပဲ။
LB>>>ခရမ်ဘယ်ရီ (Cranberry) ဖျော်ရည် နေ့စဉ်သောက်...
ယင်းဖျော်ရည်ကို တစ်နေ့ ၈ အောင်စဝင် ဖန်ခွက် ၂ ခွက်စာ သောက်ပါ။ Cranberry က ဆီးထဲရှိ ကယ်လ်စီယမ် ပမာဏကို ချပေးကြောင်း သုတေသနက ညွှန်းဆိုတယ်။ လေ့လာမှု တစ်ခုမှာ ကယ်လ်စီယမ် ဆီးကျောက်များ ရှိသူ တွေမှာ ယင်းဖျော်ရည် ပုံမှန် သောက်ပါက ဆီးထဲရှိ ကယ်လ်စီယမ် ပမာဏကို ၅၀ ရာခိုင်နှုန်း အထိ ချပေးကြောင်း တွေ့ရတယ်။
credit:Health digest news journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။