Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 22, 2013

နှိုင်းချင့်၍သာယုံ

နှိုင်းရင့်နွေ
နှိုင်းချင့်၍သာယုံ
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
အခုတလော page တစ်ချို့မှာ နှုတ်ခမ်းဆိုးဆေးအကြောင်းလေးတွေ share နေကြတာတွေ့ပါတယ်... စေတနာထားပြီး မျှဝေတာကို အပြစ်မဆိုသာပေမဲ့ အင်တာနက်ယုံတမ်းတွေကို အဟုတ်ထင်နေကြမှာစိုးတဲ့အတွက် ဒီ post ကို ရေးလိုက်ရတာပါပဲ... သေသေချာချာမသိရင် အဟုတ်လို့ယုံမှတ်နိုင်လောက်တဲ့ အကြောင်းအရာတွေက အင်တာနက်မှာ တော်တော်များများကို ပျံ့နှံ့လေ့ရှိပါတယ်...

အခု နှုတ်ခမ်းဆိုးဆေးကိစ္စကတော့ ၂၀၀၃ ခုနှစ်လောက်က email အနေနဲ့ စလာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်... အဲ့ဒီကာလကနေ ၂၀၀၇ ခုနှစ်လောက်အထိ ပျောက်သွားလိုက်.. စိတ်ကူးပေါက်တဲ့တစ်ယောက်က ပြန် forward လုပ်လိုက်နဲ့ လူတွေကြားထဲမှာ ခေတ်စားခဲ့ပါတယ်... အခုခေတ် social network တွေခေတ်စားလာတဲ့အခါ မှာလည်း တစ်နည်းတစ်ဖုံနဲ့ ပြန်ရောက်လာတာပြန်ပါတယ်...

ပါဝင်တဲ့ စာသားတွေကတော့ အကြမ်းအားဖြင့်တူညီပြီး ခဲပါတယ်ဆိုတဲ့ နှုတ်ခမ်းဆိုးဆေးတံဆိပ်တွေကိုတော့ စတင်ဖြန့်ဝေတဲ့သူက ပစ်မှတ်ထားချင်တဲ့ တံဆိပ်တွေကို ထည့်သွင်းတတ်ကြပါတယ်... အများဆုံးတူညီတာကတော့ Dr. Elizabeth Ayoub ဆိုတာနဲ့ ခဲပါဝင်တဲ့အတွက် 67 ဒေါ်လာကနေ 9.9 ဒေါ်လာကို ဈေးကျသွားတဲ့ တံဆိပ်ဟာ Red Earth ဆိုတာတွေပါပဲ... Dr. Elizabeth Ayoub ကို မသုံးခင် အရင်က Walter Reed Army Medical Center ကနေ ထုတ်ပြန်တယ်ဆိုပြီး ဖြန့်ခဲ့ပါသေးတယ်... Walter Reed Army Medical Center က ဒီအကြောင်းကို တစ်ခါမှ မတင်ခဲ့သလို Dr. Elizabeth Ayoub ဆိုတာ အပြင်မှာတကယ်ရှိမရှိဆိုတာလည်း မသေချာပါဘူး...

အဲ့ဒီမှာ ဖော်ပြထားတဲ့ စမ်းသပ်ချက်ကလည်း မမှန်ပါဘူး... နှုတ်ခမ်းဆိုးဆေးကို ရွှေလက်စွပ်နဲ့ပွတ်တိုက်လိုက်တဲ့အခါ အမည်းရောင်ပြောင်းသွားတယ်ဆိုတိုင်း နှုတ်ခမ်းဆိုးဆေးထဲမှာခဲပါဝင်တယ်လို့ ပြောလို့မရပါဘူး... ရွှေဟာ မူလအတိုင်း ဓာတ်ပြုတတ်တဲ့သဘောမရှိတဲ့အတွက် နှုတ်ခမ်းဆိုးဆေးမှာပါတဲ့ ဘယ်အရာကိုမှ တုံ့ပြန်မှုမပြုပါဘူး... မည်းသွားတယ်ဆိုတာကတော့ လက်စွပ်မှာကပ်နေတဲ့ အညစ်အကြေးတွေက နှုတ်ခမ်းဆိုးဆေးမှာ သွားကပ်လို့ပါပဲ... ဒီအချက်တစ်ခုထဲနဲ့ ခဲပါတယ်လို့မပြောနိုင်ပါဘူး... မယုံသေးရင် ရွှေလက်စွပ်အစား ကြေးလက်စွပ်နဲ့ ပြောင်းပြီးစမ်းကြည့်ပါ... ဒီအဖြေပဲရပါလိမ့်မယ်... နှုတ်ခမ်းဆိုးဆေးအစား ဖယောင်းတိုင်နဲ့ စမ်းကြည့်ပါ... ခဲပါမပါစစ်ချင်တယ်ဆိုရင် သိပ္ပံနည်းကျစမ်းသပ်ဖို့လိုသလို သက်ဆိုင်ရာကိရိယာပစ္စည်းတွေလည်း လိုပါလိမ့်မယ်...

နောက်တစ်ချက်က ခဲသတ္တုဟာ တစ်နည်းတစ်ဖုံတော့ ကင်ဆာရောဂါနဲ့ဆက်စပ်နိုင်ပေမဲ့ ကင်ဆာဖြစ်ဖို့ အဓိကလှုံ့ဆော်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး... ကျန်းမာရေးဆိုင်ရာ တခြားဘေးထွက်ဆိုးကျိုးတွေတော့ရှိပါတယ်... ခဲဆိပ်သင့်တာဟာ နှလုံး၊ အရိုး၊ အူ၊ ကျောက်ကပ်၊ မျိုးပွားအင်္ဂါနဲ့ အာရုံကြောစနစ်အပါအဝင် ကိုယ်ခန္ဓာအစိတ်အပိုင်း အမျိုးမျိုးကို ထိခိုက်စေနိုင်ပါတယ်... ဒီလိုခဲဆိပ်တက်တယ်ဆိုတာကလည်း ခဲပါဝင်မှုနှုန်းမြင့်မားတဲ့အခြေအနေမျိုးမှသာ ကြုံရနိုင်တာဖြစ်ပါတယ်... အထူးသဖြင့် ကိုယ်ခံအားနိမ့်ပါးတဲ့ ကလေးငယ်တွေမှာအဖြစ်များပါတယ်...

ခဲဆိပ်သက်ရောက်မှုကိုတိုင်းတာတဲ့အချက်ကတော့ သွေးအတွင်းခဲပါဝင်မှုနှုန်း (blood lead level) ဖြစ်ပါတယ်... unit ကတော့ micrograms per deciliter (µg/dl) ဒါမှမဟုတ် micrograms per 100 grams (µg/100 g) ဖြစ်ပါတယ်... အမေရိကန်ရဲ့ Centers for Disease Control ကနေ သတ်မှတ်ထားတဲ့ ပမာဏကတော့ လူကြီးအတွက် 10 (µg/dl) နဲ့ ကလေးအတွက် 5 (µg/dl) ဖြစ်ပြီး သွေးအတွင်း ခဲပါဝင်မှု အဲ့ဒီထက်ကျော်မကျော်သင့်ပါဘူး...

ခဲတွေနဲ့ ထိတွေ့နိုင်တဲ့ လမ်းကြောင်းတွေကတော့ လေ၊ ရေ၊ မြေနဲ့ အိမ်သုတ်ဆေးလိုမျိုး တစ်ချို့ထုတ်ကုန်တွေဖြစ်ပါတယ်... ခဲပါဝင်မှုများတဲ့ မြေမှာ စိုက်ပျိုးတဲ့ အသီးအရွက်တွေမှာတောင် အနည်းနဲ့အများဆိုသလို ခဲတွေပါနေတတ်ပါတယ်... ရှူလိုက်တဲ့ လေထဲမှာ သောက်လိုက်တဲ့ ရေထဲမှာလည်း ခဲပါဝင်နိုင်ပါတယ်... ခဲပါဝင်မှုနှုန်းကျဆင်းအောင် Enviromental Protection Agency (EPA) လိုမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက စောင့်ကြည့်လုပ်ဆောင်ကြရပါတယ်...

အလှကုန်ပစ္စည်းတွေမှာ ခဲပါသလားကြည့်မယ်ဆိုရင်တော့ သာမန်အားဖြင့် ခဲကိုထည့်သုံးစရာအကြောင်းမရှိပါဘူး... ဟိုးရှေးရှေးတုန်းကတော့ အလှကုန်တွေမှာသုံးခဲ့ဖူးပါတယ်... အဲ့ဒီလိုသုံးတဲ့အတွက်လည်း ကျန်းမာရေးထိခိုက်တာတွေ... အသက်နဲ့ရင်းရတာတွေကို ကြုံခဲ့ကြရပါတယ်... ဒီနေ့ဒီခေတ်အခါမှာတော့ အဲ့လိုမဟုတ်တော့ပါဘူး... ကုန်ပစ္စည်းတစ်ခုကို ထုတ်ချင်သလိုထုတ်ပြီး ဖြန့်ချင်သလိုဖြန့်လို့လဲ မရတော့ပါဘူး... ဒါပေမဲ့ ထုတ်လုပ်သူတွေရဲ့ နည်းစနစ်အရ တစ်ချို့ထုတ်ကုန်တွေမှာတော့ ပါကောင်းပါနိုင်ပါတယ်... အဲ့ဒီပါတယ်ဆိုတဲ့ပမာဏကလည်း ပတ်ဝန်းကျင်မှာထိတွေ့နေရတဲ့ ခဲပမာဏထက်ကိုမများပါဘူး... ခဲပါတယ်ဆိုတဲ့ နှုတ်ခမ်းဆိုးဆေးဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ရေ၊ လေနဲ့ အစားအစာတွေမှာ ပါဝင်တဲ့ခဲနဲ့နှိုင်းယှဉ်လိုက်ရင် ရှိသင့်တဲ့ခဲပမာဏလောက်ကို မများရပါဘူး...

ခဲဆိပ်သင့်တဲ့အကြောင်းကို လေ့လာချင်တယ်ဆိုရင် http://en.wikipedia.org/wiki/Lead_poisoning မှာ အသေးစိတ်လေ့လာနိုင်ပါတယ်..

WHO က ဖော်ပြထားတဲ့ ခဲနဲ့ပတ်သက်လို့ သတိပြုစရာအချက်တွေကိုတော့ http://www.who.int/ipcs/assessment/public_health/lead/en/index.html မှာ ဆက်လေ့လာကြည့်နိုင်ပါတယ်...

အမေရိကန်ရဲ့ Enviroment Protection Agency ကလည်း လူ့ကျန်းမာရေးနဲ့ ခဲတို့ဆက်စပ်မှုကို http://www.epa.gov/superfund/lead/health.htm မှာ ရေးသားဖော်ပြထားပါတယ်...

ကမ္ဘာအနှံ့က ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေဟာ ခဲပြန့်နှံ့မှုကို သိရှိစောင့်ကြည့်နေကြပါတယ်... အလှကုန်တွေအပါအဝင် ကုန်ပစ္စည်းတွေမှာ ခဲအသုံးပြုမှုနှုန်းထား ကိုလည်း စောင့်ကြည့်ကြပ်မတ်ပါတယ်... ဥပမာအားဖြင့် အမေရိကန်က FDA... UK က CTPA နဲ့ European Commission တို့လို အဖွဲ့အစည်းတွေဖြစ်ပါတယ်..

FDA (Federal Drug Administration) ကနေ နှုတ်ခမ်းဆိုးဆေးမှာပါဝင်တဲ့ ခဲအကြောင်းနဲ့ပတ်သက်ပြီး သူတို့ရဲ့တွေ့ရှိချက်တွေကို 2009 ခုနှစ်မှာ တစ်ကြိမ်၊ 2011 ဒီဇင်ဘာလမှာတစ်ကြိမ် ထုတ်ပြန်ခဲ့ပါတယ်... သူတို့အဆိုအရ နှုတ်ခမ်းဆိုးဆေးတွေမှာ ပါဝင်တဲ့ ခဲပမာဏဟာ အလွန်နည်းပြီး ကျန်းမာရေးအရထိခိုက်နိုင်တဲ့ပမာဏရဲ့ အောက်မှာပဲ ရှိတယ်လို့ ဆိုပါတယ်...

အဲ့ဒီတော့ အကြောင်းအရာကို ခြုံငုံပြီးပြန်ပြောရရင် နှုတ်ခမ်းဆိုးဆေးတွေမှာ ခဲပါဝင်တယ်ဆိုတာ အတိအကျမမှန်ပါဘူး... ပါဝင်ခဲ့ရင်လည်း နေ့စဉ်ပတ်ဝန်းကျင်မှာ ထိတွေ့နေတဲ့ ခဲပမာဏရဲ့အောက်မှာပဲရှိပါတယ်... အဲ့လိုရှိနိုင်အောင်လည်း နိုင်ငံအသီးသီးက သက်ဆိုင်ရာအဖွဲ့အစည်းတွေက သက်ဆိုင်ရာစံနှုန်းတွေနဲ့ စစ်ဆေးနေပါတယ်... ပြီးတော့ ခဲကြောင့် ကင်ဆာဖြစ်တယ်ဆိုတာကလည်း အသေအချာမပြောနိုင်ပါဘူး... ခဲကြောင့်ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပေမဲ့ အဓိကအားဖြင့် ပတ်ဝန်းကျင်မှာရှိနေတဲ့ ခဲတွေနဲ့ ထိတွေ့မှုကြောင့်ဖြစ်လာရတာပဲဖြစ်ပါတယ်.. တကယ်သာစိုးရိမ်ရမယ့်အခြေအနေမှာရှိရင် အပေါ်ကပေးထားတဲ့ လင့်တွေမှာ အဲ့ဒီအကြောင်းကို အကျယ်တဝင့်ရေးသား ဖော်ပြထားမှာအသေအချာပါပဲ...

ဒီသတင်းတွေနဲ့ပတ်သက်ပြီး သုံးသပ်ရှင်းလင်းပြထားတာလေးတွေကို http://www.hoax-slayer.com/lead-lipstick.html နဲ့ http://www.snopes.com/medical/toxins/lipstick.asp တို့မှာ ဆက်လေ့လာကြည့်လိုက်ပါဦး...

အင်တာနက်မှာ ဒီလိုဇာတ်လမ်းလေးတွေက အများအပြားရှိပါတယ်... တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်ကြံဖန်တီးထားတာတွေဖြစ်ပါတယ်... ဖြစ်နိုင်မဖြစ်နိုင်ကို မိမိကိုယ်ပိုင်ဥာဏ်နဲ့ ချင့်ချိန်စဉ်းစားသုံးသပ်ပြီးမှ ယုံသင့်ပါတယ်... ဖြန့်ဝေလိုက်တဲ့သူတွေကလည်း စေတနာထားပြီး ဖြန့်ဝေနေတာဖြစ်တဲ့အတွက် အပြစ်မဆိုသာပါဘူး.... ဒါပေမဲ့ မလိုအပ်ဘဲ အစိုးရိမ်လွန်နေတာကလည်း လက်တွေ့ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်... ဒါကြောင့် နှိုင်းဆတွေးတောချင့်ချိန်စဉ်းစားပြီးမှ ယုံကြပါလို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်....
----------------------------------------------------------------

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။