Today Myanmar
ဟွန်ဒါ ထုတ်မည့် ဆိုင်ကယ် Ultra Futuristic
Star War ထဲမှာမြင်တွေ့ရတဲ့ ဆိုင်ကယ်မျိုးပါ။ သို့ပေမယ့် ယင်း ဆိုင်ကယ် ဒီဇိုင်းမူရင်း ပိုင်ရှင်ကတော့ Peter Norris ပဲ ဖြစ်ပါတယ်။ အရင်ကတည်းက Honda ကထုတ်မယ့် Chopper ဆိုပြီး ကြေညာခဲ့ပြီး သားပါ။
အီလက်ထရောနစ် အင်ဂျင်အသေးစား နှစ်လုံးကို အသုံးပြုစေမှာ ဖြစ် ပါတယ်။ eco friendly နည်းပညာဘက်ကို ဦးတည်နေတဲ့ အနာဂတ် ကမ္ဘာအတွက် ရည်ရွယ်တဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ suspension ရှပ်၊ ရှေ့  ထိုင်ခုံ Position ခပ်ရှည်ရှည် ဒီဇိုင်းကို ဆိုင်ကယ်ကို စက်ရုပ်လို အမြင်ဆန်းစေတာ ဖြစ်ပါတယ်။
လောင်စာဆီ အသုံးပြုထားခြင်း မရှိတဲ့အတွက် ဘာငွေ့မှ ဆိုးကျိုးပေး ထွက်ရှိစေမယ့် ဆိုင်ကယ် မဟုတ်ပါဘူး။ သို့ပေမယ့် ပုံမှာပဲ ရှိသေးတာပါ။ ဂျပန် ဟွန်ဒါ...အနေနဲ့ ထုတ်လုပ်မယ်ဆိုရင် အဓိက ရင်ဆိုင်ရမယ့် ပြဿနာက နည်းပညာသာ ဖြစ်ပါတယ်။ အီလက်ထရောနစ် အင်ဂျင်တစ်လုံးက တစ်နာရီ မိုင် ၁၄၀ ကျော် မောင်းနှင်စေနိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ တစ်စီးလုံး လျှပ်စစ်ဓာတ်အား အသုံးပြုဖို့ ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။ သို့ပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ Honda က ထုတ်လုပ်တော့မယ် ဆိုင်ကယ် ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။