Info Tech For Myanmar (IT4M)
ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၃)
-------------------------------------------
Gary McKinnon
***********
စကော့လူမျိုး System Administrator နှင့် Hacker တဖြစ်လဲ Gary McKinnon ကိုတော့ ထူးထူးဆန်းဆန်း Hacker တစ်ယောက်အနေနဲ့ သမုတ်လို့ရမယ်ခင်ဗျ။
သူ အဓိက ကျူးလွန်ခဲ့တာက အမေရိကန်စစ်အစိုးရ ကွန်ပျူတာ System တွေထဲကို ၀င်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အကြောင်းရင်းက UFO လို့ခေါ်တဲ့ ပန်းကန်ပြားတွေအကြောင်းကို အသေးစိတ် သိချင်လို့တဲ့...
လူထူးလူဆန်း တစ်ယောက်၊ ပညာရှင် တစ်ယောက်၊ Hacker တစ်ယောက်ပေါ့။
McKinnon က အသက် ၁၄ နှစ်မှာ ကွန်ပျူတာနဲ့ စတင်ရင်းနှီးခဲ့တယ်။ ဒါပေမယ့် သုံးနှစ်ကြာပြီးနောက်ပိုင်းတော့ ကျောင်းထွက်ပြီး အသက် ၁၇ နှစ်မှာ ဆံညှပ်သမား လုပ်ပြီး အသက်မွေးဝ...မ်းကျောင်းခဲ့ပါတယ်။ ၁၉၉၀ အစောပိုင်းမှာတော့ သူ့ပါရမီကို ရိပ်မိကျတဲ့ သူငယ်ချင်းတွေကို သူ့ကို Computer ဘာသာရပ်နဲ့ Course တစ်ခုခု တက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ Course လည်းပြီးရော သူလည်း ကွန်ပျူတာ ဘာသာရပ်နဲ့ အလုပ်ရသွားပါတယ်။ အဲ့ဒီနှစ် ကုန်ခါနီးလောက်မှာ McKinnon က သူ့ရဲ့ပြင်းထန်တဲ့ ဆန္နဖြစ်တဲ့ UFO တွေအကြောင်းကို လေ့လာဖို့ US Government ရဲ့ အရေးကြီး File တွေကို Hack လုပ်ကာ ရယူခဲ့ပါတယ်။ ချက်ချင်းပဲ US Armed Force နဲ့ NASA ရဲ့ ကွန်ပျူတာ ရာကျော်ကို ဖျက်ဆီးပြစ်သည့်အပြင် ပျက်စီးမှုပေါင်း $ 700,000 ကျော်လောက်ထိခိုက်ခဲ့သည့်အတွက် သူ့ကို စွဲချက်တင် တရားစွဲလိုက်ပါတယ်။
"SOLO" လို့အွန်လိုင်း မှာ လူသိများတဲ့ McKinnon ပြောသွားတာကတော့ "US Military က Windows OS တွေသုံးတာတွေကို သိသွားတဲ့အတွက် သူတို့တာ Security မမြှင့်ထားဘူးဆိုရင် Hack ရတာ လွယ်ပါတယ်တဲ့။ သူက ဖျက်ဆီးရေးသမားလည်းမဟုတ်၊ Virus ရေးသားသူလည်းမဟုတ်၊ ဒါပေမယ့် အပြင်မှာ ၀ယ်လို့ရတဲ့ Software သုံးပြီးတော့ Password မလုံခြုံ၊ Firewall Protection မရှိတဲ့ US စစ်အစိုးရ ကွန်ပျူတာတွေထဲကို ၀င်လို့ရပါတယ်တဲ့။"
ကဲ...
US အစိုးရကပဲ ညံ့တာလား...
Windows OS ကပဲ အသုံးမကျတာလား...
သူကပဲ Genius တစ်ယောက်ဖြစ်နေလို့လား...

~Try it, it would be a DRAW at least~
~IT4M~
~IT4M~
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။