Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 24, 2013

စာစီစာကုံး ကျွန်တော့်အကြောင်း

 
Popular Journal
စာစီစာကုံး ကျွန်တော့်အကြောင်း
==================
 ကျွန်တော့်အကြောင်း..
ကျွန်တော့်၏နာမည်မှာ မောင် လှဖြစ်ပါသည်။
ကျွန်တော်၏ ဖခင်အရာရှိကြီး ဦးလှနှင့် မိခင်ဘွဲ့ရကြီး ဒေါ်လှတို့မှ မွေးဖွားသော သားလှရတနာဖြစ် ပါသည်။

ဖေဖေဦးလှမှာ အရာရှိကြီးဖြစ် ပါ၍ မကြာခဏ ခရီးထွက်ရပါ သည်။ ဖေဖေခရီးထွက်လျှင် မေမေ ဘွဲ့ရကြီးဒေါ်လှနှင့် ကျွန်တော်မောင် လှတို့ ရံဖန်ရံခါ လိုက်ပါတတ်ပါသည်။

ကျွန်တော်သည် သူများစိုက် ထားသော ချဉ်ပေါင်ခင်းများ လိုအပ် သလို ချိုးယူပါသည်။ အိမ်ပြန် ရောက်လျှင်လည်း လက်ဆောင် ပစ္စည်းများ ပါလာတတ်ပါသည်။

ကျွန်တော့်တွင် ပြိုင်ကားများ လည်း ရှိပါသည်။ အခြားကားများ လည်း ရှိပါသည်။ ကျွန်တော်လက် ဆောင်ရထားသည်များ ဖြစ်ပါသည်။ ကျွန်တော်သည် ရှယ်ယာများလည်း အများကြီးရပါသည်။ ကျွန်တော် သည် လုပ်ငန်းများကို ဘာမှ မလုပ် တတ်ပါ။ အိမ်မှာ ပါဝါရိန်းဂျားကား ကြည့်ရင်းနဲ့သာ အချိန်ကုန်ပါသည်။ သို့သော် ဖေဖေတပည့်များက "သား အတွက် ရှယ်ယာ" ဆိုပြီး မကြာခဏ လာပေးတတ်ကြပါသည်။ ဘာလုပ် ငန်းတွေလုပ်ပြီး ကျွန်တော်ရှယ်ယာ ရမှန်းမသိပါ။ ဖေဖေ့တပည့်များက တစ်ယောက်ပြီးတစ်ယောက် ရောက် လာပြီး မော်တော် ကားများ ဘဏ်မှာ အပ်၍ရသော မုန့်ပုံး များ မကြာခဏ လာပေးကြပါ သည်။ "ဒါဟာသား အတွက် ရှယ်ယာ၊ ဒါ ဟာ သားလုပ်ငန်း အတွက်ရတဲ့ အမြတ် ငွေ" ဆိုပြီး လာပေး ကြပါသည်။ ကျွန်တော် ဘာလုပ်ငန်းတွေ လုပ်နေလဲ ကျွန်တော်မသိပါ။ ပါဝါ ရိန်းဂျား ကစားလျှင် ရှယ် ယာရသည်ဟု ကျွန်တော် ထင်ပါသည်။ မေမေက လည်း အမြဲပြောပါသည်။

"အောင်မလေး နင်တို့ အဘသာ အားကိုး ရင် ငါတို့လည်း ငတ် နေ တာကြာပြီ၊ နင်တို့ လည်း သိတဲ့အတိုင်းပဲ နင်တို့အဘက တာဝန်ပဲ၊ တာဝန်ကလွဲပြီး ဘာမှ စိတ်ဝင်စားတာ မဟုတ် ဘူး။ ဒီသားလေး စီးပွားရေး လုပ်လို့"

ကျွန်တော် ပါဝါရိန်းဂျား ကစားရင်း ဘယ်အချိန် စီးပွားရေး လုပ်ခဲ့မှန်း ကျွန်တော်မသိပါ။ ပြိုင်ကားတွေတော့ ရနေပါသည်။ ပိုက်ဆံတွေလည်း အများ ကြီးရပါ သည်။ ရံဖန်ရံ ခါ၌လည်း ကျွန်တော် ၏မေမေ ဘွဲ့ရကြီး ဒေါ်လှ ကလည်း ကျွန်တော့်ခေါင်းလေး ပွတ်သပ်ကာ

"ဟိုတစ်နေ့က လည်း သားလေး က သူ့အဖေ နင် တို့အဘကို ပူဆာ နေတာ"
"ဘာပူဆာ လို့လဲ မမ"
"ကလေး ဆိုတော့ လေ ဘာသိပ် တောင်း တတ်မှာ လဲ၊သူသိ သလောက် လေးပူဆာတာ ပေါ့"
"ဘာများလဲ မမ"
"ကလေးက ပဲခူး ရိုးမလေးပဲ လိုချင် လို့ တဲ့ဟေ့၊ သူ့ ခမျာ ကလေး ဆိုတော့ ဘယ်သိ ပါ့မလဲ၊ လိုသ လောက် လေး တောင်းတာပေါ့၊ ကလေးဆို တော့ လောဘကလည်းနည်း"
အမှန်တော့ ကျွန် တော် လည်း မတောင်း ပါ။ မေမေက သူလိုချင် တာကို ကျွန် တော့် အမည် တပ်တောင်း ခြင်းဖြစ် ပါသည်။

ပဲခူး ရိုးမ ဘယ်မှာရှိမှန်း ကျွန် တော်မသိပါ။ နာမည်လည်း မကြား ဖူးပါ။ ကျွန်တော်သာ တကယ် တောင်းဆိုရလျှင် 'ဘာဘီ' အရုပ် က လေးသာ တောင်းဆိုမည်ဖြစ်ပါသည်။ ဖေဖေ၏ တပည့်များ ကလည်း မေမေ့ ကို "အဘဆီက လက်မှတ်သာရရင် သားတောင်းထားတဲ့ ပဲခူးရိုးမလုပ် ငန်းတွေ ကျွန်တော်လုပ်ပေးပါ့မယ်၊ သားလည်း ရှယ်ယာပိုရတာပေါ့"

"အေး အေး မင်းတို့ပဲ အားကိုး နေရတာ"
ပြောရင်းဆိုရင်း ကျွန်တော် ရှယ်ယာရပါသည်။ ဖေဖေ၏ တပည့် များ ပြောကြားချက်အရ ကျွန်တော့် တွင် အစုရှယ်ယာလုပ်ငန်းများ၊ ရွှေ တွင်းလုပ်ငန်းများ၊ သစ်တောလုပ် ငန်းများ၊စားသောက်ကုန်လုပ်ငန်း များ ဂျာနယ်လုပ်ငန်းက အစ အခြား ကျွန်တော်မသိသော လုပ်ငန်းပေါင်း မြောက်မြားစွာ ရှိနေပါသေးသည်ဟု ဆိုကြပါသ ည်။ကျွန်တော် ဘာလုပ် ငန်းတွေရှိသည်ကို ကျွန်တော်သေသေ ချာချာမသိပါ။

ကျွန်တော်သည် တီဗီဂိမ်းဝါသနာ ကြီး၍ ကျောင်းစာမရပါ။အဆင့် တစ်သာ ရပါသည်။ စာမေးပွဲဖြေ မရ လည်း အဆင့်တစ်တော့ရပါသည်။ အဆင့် နံပါတ်နည်း၍ ကျွန်တော် အားကြီး စိတ်ဆိုးရပါသည်။ ကျောင်း ထဲတွင် ကျွန်တော်တို့အခန်းက လူနည်းပါသည်။လူများသော အခန်း တွင် မနေရပါ။ ကျွန်တော်တို့အခန်း တွင်းမှ ကျောင်းသားများတွင် ပြိုင် ကားများရှိကြပါ သည်။ သူတို့သည် လည်း ကျွန်တော်မောင်လှလို အဘ သားများဖြစ်ပေ လိမ့်မည်။

ကျွန်တော်သည် ကျောင်းနေရ သည်လည်း ပျော်ပါသည်။ ရှယ်ယာ များရသည်လည်း ပျော်ပါသည်။ မမောင်းတတ်သေးသော ပြိုင်ကား များ ရ၍လည်း ပျော်ပါသည်။ ကျွန်တော်လည်း ကြီးလာလျှင် ဖေ ဖေလို အရာရှိကြီးဖြစ်ပြီး တာဝန်သိ သော အဘဖြစ်အောင် ကြိုးစားပါ မည်ဟု ကတိပြုပါသည်။

အကြည်တော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။