Aung Myin
သိပ်ချမ်းသာခဲ့ဖူးတဲ့ နိုင်ငံ ... သိပ် သယံဇာတ ပေါကြွယ်ဝပြီး ... သူများတွေ ...
လေးစားခဲ့ဖူးတဲ့ နိုင်ငံ ... အစ္စရေးစိုက်ပျိုးရေး ပညာရှင် တယောက်ကပြောတယ်။
ကြက်ယက်ရင်တောင် အပင်ပေါက်တဲ့ နိုင်ငံ တဲ့ ... တိုင်းပြည်အလယ်ကနေ
မြစ်ကြီး တစင်း ဖြတ်စီးနေတဲ့ နိုင်ငံတဲ့ ... ဒီနိုင်ငံမျိုးမှာသာ သူတို့ နေထိုင်ခွင့်

ရခဲ့ရင် .... ခုချိန်မှာ ကမ္ဘာ့ စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်နေတာ ကြာပြီ တဲ့ ..။
ခုကောဗျာ ... ကမ္ဘာ့ ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ တဲ့ဗျာ ...
ဂုဏ်ယူစရာတော့ လုံးလုံး မကောင်းပေဘူးပေါ့ဗျာ ...။ ဘာကြောင့်လဲ ဗျာ...
တိုင်းပြည် ဘယ်လောက်ဆင်းရဲမွဲတေနေပါစေ ... အခွင့်ထူးခံလူတန်းစား တရပ်
ကတော့ ရှိနေတတ်တယ် ။ ဖွင့်ပြောနေစရာ မလိုပါဘူး ...။ အာဏာကို လက်ထဲ
ဆုပ်ကိုင်ပြီး လုပ်ချင်ရာ လုပ်နေနိုင်သူတွေနဲ့ ... ထိုသူတွေနဲ့ ပူးပေါင်းပြီး ....
လုပ်ကိုင်ပိုင်ခွင့် မှန်သမျှကို ရနေသူတွေပဲပေါ့ ... မထူးဆန်းပါဘူး ...
သူတို့တွေမှာ ကိုယ်ချင်းစာတရားနဲ့ ဖြောင့်မတ်မှန်ကန်မှုဆိုတာ ... ဘယ်နည်းနဲ့မှ
မရှိနိုင်ဘူး ... တိုင်းပြည်ပျက်သွားတော့ရော ... သူတို့ အရေးလား ... ငါ့သား ၊ ငါ့မြေး
ငါ့မိသားစု ကောင်းစားရေး ဆိုတာတခုပဲ သိတဲ့ တကယ့် တကိုယ်ကောင်း အတ္တစိတ်
လွန်ကဲနေသူတွေ ... ခုကော ... ပျက်လုနီးဖြစ်နေတဲ့ တိုင်းပြည်အတွက် ...
ဘာများ ထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့သလဲ ... တာဝန်ယူမှု ရှိခဲ့လဲ ...
ပြဿနာတွေအတွက် ဖြေရှင်းနိုင်စွမ်း ပြသနိုင်ခဲ့လို လဲ ... ကောင်းပြီ ... ဒါဆိုဗျာ ...
မရှက်ကြသေးဘူးလား ... ဒါပဲ မေးချင်ပါတယ် .. နောင် သံသရာ ထိ ... ခု ရနေတဲ့
အခွင့်အရေး အားလုံးကို ခင်ဗျားတို့ ယူမသွားနိုင်ပါဘူး ....။ ဖြတ်ကနဲ့ တမလွန်ဆီကို
အလည်ရောက်သွားနိုင်တယ် ဆိုတာလေးကိုသာ နည်းနည်းဖြစ်ဖြစ် ... သတိပြု
ကြည့်လိုက်ပါ ....။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။