Myanmar News Update
အချစ်ကြီးသူ
Saturday, 06 July 2013
ဗီယက်နမ် အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားတဲ့ သူ့ဇနီးအလောင်းကို
တူးယူကာ အိမ်သို့ ပြန်သယ်လာပြီး ရွံ့စေးနှင့် ပုံစံခွက်လုပ်၍ ဖုံးအုပ်ကာ
သူ့ရဲ့ အိပ်ယာဘေးမှာ ညစဉ်တိုင်း ဖက်အိပ်လာတာ လွန်ခဲ့တဲ့ငါးနှစ်လောက်
ကတည်းကဖြစ်ပါတယ်။
...

၅၅ နှစ်အရွယ်ရှိတဲ့ လီဗန်ဟာ ဗီယက်နမ် ကွမ်းနန်ခရိုင် ဟလမ်း မှာ နေထိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဖော်ပြချက်တစ်ခုကတော့ ပထမမှာ လီဗန်ဟာ ၂ဝဝ၃ ခုနှစ်ကတည်းက သေဆုံး သွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့ အုတ်ဂူပေါ်မှာ သွားအိပ်ပါတယ်။ ဒီလို တစ်နှစ်ခွဲလောက် ကြာခဲ့တော့ လီဗန်
ဆုံးဖြတ်ချက်ချပြီး သူ့မိန်းမကိုမြှုပ်တဲ့ အုပ်ဂူဘေးမှာ လှိုဏ်ဂူတစ်ခုတူးပြီး
သူ့မိန်းမဘေးမှာ အတူသွားအိပ်ခဲ့တယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် အရင်ကလို မိုးဒါဏ်လေဒဏ်တွေ မခံရတော့ပါဘူး။
အဲ့လိုနဲ့ဘဲ တဖြည်းဖြည်း သူလုပ်နေတာကို အိမ်နီးချင်းတွေနဲ့ ရပ်ကွက်
အာဏာပိုင်တို့က သူ့ကို ထိုကဲ့သို့ မလုပ်ပဲ ရပ်ပစ်ဖို့ပြောတော့ ဗန်ဟာ
၂ဝဝ၄ ခုနှစ်မှာ ရပ်တန့်ခဲ့ရ ပါတယ်။
နောက် ၂ဝဝ၄ နိုဝင်ဘာလမှာ ဗန်ဟာ သူ့မိန်းမ အုတ်ဂူ ရှိတဲ့နေရာကို ပြန်လည်ရောက်လာပြီး မိန်းမရဲ့ ရုပ်အလောင်းကို တူးယူကာ အိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ပါတယ်။ ဗန်နဲ့ သူ့သားလေးဟာ ညတိုင်းမအိပ်ခင် သေဆုံးသွားတဲ့ ဇနီးရဲ့အလောင်းကို ဖက်ပြီးမှ အိပ်ပါတယ်။
"ကျွန်တော်က လူတစ်ယောက်ဖြစ်ပေမဲ့ သာမန်လူ တစ်ယောက်ရဲ့ ဘဝကို မကြိုက်နှစ်သက်ဘူး .. နည်းနည်းလေးတော့ ထူခြားမှပါ .. ကျွန်တော့် မိန်းမက ခန္ဓာကိုယ်ပဲ သေသွားတာပါ။ ဝိဉာဉ်က မသေပါဘူး။ ကျွန်တော်တို့နဲ့အတူ အဖော်ပြုနေပါတယ်။ သူနဲ့သွားအိပ်တဲ့အခါမှာလည်း ကျွန်တော် ကြောက်စိတ် လုံးဝ မရှိပါဘူး။"
အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး လိုက်လံစစ်ဆေးနေပါတယ်။ သေတဲ့လူကို မီးရှို့ခြင်း သို့မဟုတ် မြေမြှုပ်ခြင်း ပြုရပါမယ်။ ထိုအလောင်းဟာ မြေမြှုပ်ထားတယ် ဆိုရင်လည်း ဒါမျိုးသယ်လာလို့ မရဘူးဆိုတာ ဥပဒေရှိတယ်လို့ သိရပါတယ်။
Ref: myanmarreader
General Knowledge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။