Royal Hero Media
ဆေးလိပ် သောက်တတ်သူများ နံနက်စောစော မသောက်သင့်
=================================
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည် ဆိုခြင်းမှာ လူတိုင်းသိရှိ နားလည်ကြပြီး လက်ခံထားကြသည်။ ဆေးလိပ်ကို မသောက်ရ မနေနိုင်၍ ဆေးလိပ် သောက်ပါက နံနက်စောစော ဆေး လိပ်သောက်ခြင်းမှာ ပို၍အန္တရာယ် ရှိသည်ဟု ဆိုပါသည်။
ဆေးလိပ်၊ စီးကရက်ကြိုက်တတ် သူများသည် အိပ်ရာမှ နိုးလျှင်ပင် မီးခြစ်နှင့် ဆေးလိပ်ကို ဦးစွာရှာတတ်လေ့ ရှိကြသည်။ နံနက်ပိုင်းသောက်သော ပထမ ဆေးလိပ် (စီးကရက်) တစ်လိပ်သည် အဆုတ်၊ ဦးခေါင်းနှင့် လည်ပင်း တို့၌ ကင်ဆာဖြစ်ရန် အန္တရာယ်အမြင့်မားဆုံး ဖြစ်သည်ဟု အမေရိကန် သုတေသန ပညာရှင်များ ကပြောကြားလိုက်သည်။ The Pennsylvania State College of Medicine မှ JoshuaMusCat က... စီးကရက် မှန်မှန်သောက်တတ် သူများထဲမှ အဆုတ်ကင်ဆာ ရောဂါလူနာ ၄၇၇၅ ဦးနှင့် အဆုတ် ကင်ဆာမရှိသော လူနာ ၂၈၃၆ ဦးတို့ကို နှိုင်းယှဉ်လေ့လာ သုံးသပ်ကြည့်ခဲ့ ကြသည်။

အိပ်ရာမှထပြီး မိနစ် ၃၀နှင့် ၆၀ကြားတွင် ဆေးလိပ်၊ စီးကရက် သောက်သူများ သည် မိနစ် ၆၀ ကြာပြီးမှ သောက်သူများထက် အဆုတ် ကင်ဆာဖြစ်မှု၌ ၁ ဒသမ ၃၁ ဆ ပိုသည်။ အိပ်ရာမှ ထပြီး မိနစ်၃၀ အတွင်း ဆေးလိပ်သောက်သူ ဖြစ်ပါက အဆုတ် ကင်ဆာဖြစ်မှု၌ ၁ ဒသမ ၇၉ ဆ အန္တရာယ်ပိုကြောင်း တွေ့ရသည်။
ယခုတွေ့ရှိချက်အရ အိပ်ရာထပြီး အနည်းဆုံး မိနစ် ၆၀ ကျော်ပြီးမှသာ ဆေးလိပ်၊ စီးကရက်သောက် ခြင်းသည် အန္တရာယ် နည်းသည် ဆိုသည့် အချက်ကို ဆေးလိပ်ကြိုက်သူများ ဗဟုသုတအဖြစ် သိထားကြ စေလိုပါသည်။
Pyimyanmar Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။