Popular Journal
"တို့မမ"
မမရွရွ ထထက
အက ပထမ
ကပါ ကပါ မမရာ
ညညလသာသာ
ကျွန်တော်တို့ မိသားစုတွင် မမ တစ်ယောက် ရှိပါသည်။ မမ၏ အမည်မှာ မလှ ဟုခေါ်ပါသည်။ ဖေဖေ အရာရှိကြီး ဦးလှ၊ မေမေ ဘွဲ့ရကြီး ဒေါ်လှ၊ မမ မလှနှင့် ကျွန်တော် မောင်လှ အပါအဝင် အစ်ကို ကိုလှ လည်း ရှိပါသေးသည်။

မမ မလှသည် မော်ဒယ်လုပ် ပါသည်။ မော်ဒယ် လုပ်၍ အဆိုတော် ပါလုပ် သည်။ အဆိုတော် လုပ်၍ သရုပ်ဆောင် လုပ်ပါသည်။ အခမ်းအနားမှူး လုပ်ပါသည်။ ဓာတ်ပုံ လုပ်ပါသည်။ ကြော်ငြာ လုပ်ပါသည်။ လုပ်ပါသည်။ လုပ်ပါသည်။ လုပ်ပါသည်။ အစုံ လုပ်ပါသည်။
အလုပ်စုံ လုပ်သော မမ၏ အသက် ဘယ်လောက် ရှိမှန်း ကျွန်တော် မသိပါ။ မမသည် သရုပ် ဆောင် လုပ်လျှင် လုပ်အားခ ဘယ် လောက်မှ မရပါ။ မိတ်ကပ်ဖိုး၊ အဝတ်အစားဖိုး၊ ဖိနပ်ဖိုး၊ ဆံပင်တု ဖိုး တော်တော် များများ ပို၍ကုန်ပါ သည်။ ကုန်ကျသည် များ ဘယ်ကရ လည်း မသိပါ။ ရိုက်ကွင်းသို့ ကျွန်တော် လိုက်သွားဖူး ပါသည်။ တစ်နေ ကုန်နေလို့ တစ်ခါခေါ် မ ရိုက်ပါ။ မမက သူ့တွင်ပါသော ခုံနှင့် ထိုင် ကာ တယ်လီဖုန်းဖြင့် “ခေါ်နော်” “မအားဘူး” ချည်း ပြောနေ တတ်ပါသည်။ အန်းဂရီး ဘတ်လည်း ကစား ပါသည်။ မမ အနားတွင် ထီးမိုးသူ တစ်ယောက်နှင့် မိတ်ကပ် လိမ်းသော ကြောက်စရာ မာမီ တစ်ယောက် အမြဲရှိပါသည်။
မမသည် ဖေဖေ၊ မေမေနှင့် မိသားစု အကြောင်းကို ဘယ်တော့မှ မပြောပါ။ မမသည် တစ်ချိန်လုံး ဖုန်းပြောနေပါသည်။ ဖုန်း မပြောလျှင် ဖုန်းထဲမှ အန်းဂရီးဘတ် ဂိမ်း ကစားပါ သည်။ ပြီးလျှင် အချင်းချင်းလည်း “ငါတော့ ဘယ်နှကောင် ပစ်ပြီးပြီ”ဟု ဖုန်းထဲမှ လှမ်းကြွားတတ်ပါသည်။
မမသည် ချစ်သူခင်သူ ပေါပါသည်။ တယ်လီဖုန်းဖြင့် “ခေါ်နော်” “မအားဘူး” ချည်း တစ်နေကုန် ပြောနေတတ်ပါသည်။ မမ၏ ချစ်သူများ လည်း တစ်နေ ကုန် ဖုန်းဆက်နေ တတ်ပါသည်။ တစ်ယောက် တည်းလည်း မဟုတ် ပါ။ နှစ်ယောက်တည်းလည်း မဟုတ်ပါ။ အများကြီး ဖြစ်နိုင်ပါသည်။ မမက ဘယ်သူနှင့်မှ အိမ်ထောင်မပြု ပါ။မပြုကြ တာ လည်းဖြစ်နိုင်ပါသည်။ မမနိုင်ငံခြား သွားပြီးသော အခါ အိမ်ထောင်ပြု မည့်သူ တွေ့လာပါ သည်။ နိုင်ငံခြားက အစ်ကိုကြီးနှင့် ယူ လိုက် ပါသည်။
မေမေကတော့ “တွေ့ လား၊ နင်တို့ မမမင်းသမီး တွေက ပီကင်းဘဲ တွေ ချည်းပဲ”ဟု ပြောပါသည်။ အဓိ ပ္ပာယ် ကို သဘော မပေါက် ၍ မေးသောအခါ “အိုအေ၊ ဒီမြေ မှာမွေး၊ ဒီရေထဲ ဆင်း၊ ဒီမြောင်းထဲပျော် နေတဲ့ဘဲတွေလေ၊ ဒီဘဲကဒီကဘဲပဲ ဖြစ်ရမှာကို သေတော့မှ ဆိုင်ပေါ်မှာ ပီကင်းဘဲကင် ဆိုပြီး အဆီ တဝင်းဝင်းနဲ့ကား ကား ကြီး မြင်ရတာ၊ နင့်မမလည်း ဘာထူးလဲ၊ ဒီမြေမှာမွေး၊ ဒီမြောင်း ထဲကြီးပြီး ယောက်ျား ယူမှ နိုင်ငံခြား ကနဲ့ယူတာ၊ ပီကင်း ဘဲကင် နဲ့ ဘာထူးလဲ” ဟုပြောပါသည်။ ကျွန်တော်တော့ မေမေ့ စကားကို နားမလည်ပါ။ မမများ နိုင်ငံခြား သားနှင့် ယူတာကိုတော့ သိပါသည်။ ပြီးတော့ ပြောပါသေး သည်။
“တချို့ကျတော့လည်း နိုင်ငံခြား ကလူဆိုပြီး ယူတာပဲ။ ဒါပေမဲ့ ဘာ အထောက် အပံ့ မှ မရဘဲ ကိုယ် က ပြန်လုပ်ကျွေးေ နရတာမျိုးလည်း ရှိတယ်၊ အရည်မရ အဖတ် မရနဲ့ နိုင်ငံခြားက ဆိုတာပဲ ရပြီး ကိုယ်ပဲပြန်ခံနေ ရတာ၊ အဲဒါမျိုး ကျတော့ ပီကင်းဘဲ ကင်မဖြစ်ဘဲ ပီကင်းဖားကင် ဆိုတာ ပဲ ဖြစ်တယ်။ တစ်သက်လုံး ဒီမှာနေ ဒီ တွင်းအောင်း တဲ့ဖား၊ ဒီမှာ ဘယ်သူ ကမှ ရိုက်ချက် မစားလို့ နိုင်ငံခြားက ဆိုပြီး အထင်တ ကြီးယူမှ ပီကင်းဖား ကင်ဖြစ်သွားတာ” ဒါလည်း ကျွန် တော်နား မလည်ပါ။
မမကို ကျွန်တော် လေးစား အားကျပါသည်။ ကျွန်တော်လည်း ကြီးလာ လျှင် မမလို အောင်မြင် သော သရုပ်ဆောင်၊ အနုပညာသမား ကြီး လုပ်ပါ မည်။ နောက်ပြီး မမလို ပဲ ပီကင်းဘဲ ကင်ဖြစ်အောင် ကျွန်တော် ကြိုးစား မည်ဟု ကတိပြုပါ သည်။
အကြည်တော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။