ကို စိန်သန်း
အိပ်မက်ဆန်း
( Popular Myanmar News Journal )
အိပ်မပျော်သောညမှာအတွေးတွေပျံ့နေမိပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီး လွတ်လပ်ရေးရခဲ့သည်မှာ ၆၅ နှစ် ရှိပြီ။ အစိုးရအဖွဲ့တွေလည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြောင်းခဲ့ကြပြီး ဖြစ်ပါသည်။ဝန်ကြီးချုပ် ဦးနု အစိုးရမှ စ၍ သမ္မတကြီး ဦးသိန်းစိန်အစိုးရအဖွဲ့အထိ အမည်ခေါ်ဝေါ်မှုမျိုးစုံ၊ မူဝါဒမျိုးစုံနှင့် တာဝန်ယူခဲ့ကြသည်။ ထိုထိုသော အစိုး ရအဆက်ဆက်တို့သည် သူ့ခေတ်သူ့ အခါနှင့် ကမ္ဘာ့နိုင်ငံရေးလှိုင်း ဂယက်တို့ ကြားမှ တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ကြ သည်ဟုသာ ကျွန်တော်က ဆိုချင်ပါ သည်။သမိုင်းကို ယထာဘူတကျကျ ရှု မြင်၍ အာဃာတ ကင်းရှင်းစွာ ပြောရ လျှငသူ့ခေတ်သူ့အခါ သူ့ပတ်ဝန်းကျင် နှင့် အမြင်ပေါ်မူတည်၍ ရည်မှန်းချက် တွေ ချမှတ်ခဲ့သည်။
ထိုရည်မှန်းချက် များကို ကြိုးစား၍ အကောင်အထည် ဖော်ခဲ့ကြသည်။ အောင်မြင်မှုရှိသလို မအောင်မြင်သော ဆောင်ရွက်ချက်များ ရှိခဲ့သည်ကိုတော့ လူတိုင်းလိုလို သတိပြုမိခဲ့ကြ ပါသည်။ ကျွန်တော့်အနေနှင့် ဤ သို့ ရှုမြင်ကြောင်း ရေးသားမိရသည်မှာ လည်း ကျွန်တော်သည် စစ်ကြိုခေတ်ကို မီခဲ့သည်။ လွတ်လပ်ရေးအကြိုကာလ ကို မီခဲ့သည်။လွတ်လပ်သော ခေတ်ဦး ကို မီခဲ့သည်။ ပါတီစုံခေတ်၊ တစ်ပါတီ ခေတ်တွေ မီခဲ့သည်။အစိုးရအဖွဲ့ အဆက်ဆက်ကို မီခဲ့၊ သိခဲ့သည့် အလျောက် ကလေးဘဝ အမြင်လူလတ်ပိုင်းအမြင်၊ လူကြီးရွယ် အို အမြင်ဟူ၍ အမျိုးမျိုးရှုမြင်ခဲ့သည်။ ခေတ်အဆက်ဆက်ကို ခပ်ဝေးဝေး၊ ခပ် လှမ်းလှမ်း၊ ခပ်နီးနီးရှုမြင်ခွင့် ရခဲ့သလို ထဲထဲဝင်ဝင်လည်းရှုမြင်ခွင့်ရခဲ့ပါသည်။
တကယ်တွေးကြည့်လျှင် နိုင်ငံတစ် နိုင်ငံသည် အိမ်ထောင်စုတစ်စု ပုံစံသာ ဖြစ်သည်။ အိမ်ထောင်စုထဲမှာ ရှိကြ သော မိသားစု ငါးယောက်၊ ဆယ် ယောက်သည် တစ်ယောက်နှင့်တစယောက် ထပ်တူညီမျှ တူညီခြင်းမရှိကြ သည်ကို လူတိုင်းလက်ခံရမည်။ လက် တစ်ဖက်ထဲမှ လက်ချောင်းငါးချောင်း သည် တစ်ချောင်းနှင့်တစ်ချောင်း မတူ ကြ၊လက်နှစ်ဖက်ပေါင်းသော လက်ဆယ် ချောင်းသည်လည်း ပုံစံဆယ်မျိုးရှိသည်။လက်ချောင်းတွေ တစ်ခုနှင့်တစ် ခု မတူသလို လူတစ်ဦးနှင့်တစ်ဦးလည်း မတူညီနိုင် ပါ။စိတ်သဘောထားချင်း တိုက်ဆိုင်မှုမရှိတိုင်း ငြင်းခုံနေကြလျှင် တဖြည်းဖြည်း ပဋိပက္ခတွေ ဖြစ်လာ ပေလိမ့်မည်။တိုင်းပြည်တစ်ပြည် သည်လည်း ထိုနည်း တူ ဖြစ်ပါသည်။ တစ်ဖွဲ့နှင့် တစ် ဖွဲ့၊ အုပ်စုတစ်စုနှင့် အုပ်စုတစ်စု၊ ပါတီ တစ်ပါတီနှင့် တစ်ပါတီ၊ ထပ်တူညီမှု မရှိ နိုင်ကြပါ။ခေါင်းဆောင်တစ်ဦးနှင့် တစ်ဦး မတူ ညီနိုင်ကြပါ။ ဒီသဘာဝကို လည်း အားလုံး လက်ခံကြမည် ထင်ပါသည်။
ထိုအခြေခံမှ တစ်ဆင့်တက်၍ တွေးဆကြည့်ပါလျှင် ပို၍ စိတ်ဝင်စား ဖွယ်ကောင်းပါသည်။ တစ်အိမ်တည်း မှ တစ်မိသားစုချင်း စိတ်သဘောထား မတိုက်ဆိုင်ကြသည်ကို ညှိရင်းနှိုင်းရင်း အဖြေမပေါ်သောအခါ ဆက်စပ်လျက် ရှိသော နံဘေးရှိ အိမ်ကိုအကြံတောင်း သင့်မသင့် စဉ်းစားရပါမည်။ ကိုယ့်အိမ် တွင်းရေးကို ကိုယ့်အချင်းချင်းထက် ပို ၍ ဘေးလူက အမှန်မသိနိုင်။ လမ်းမှန် မမြင်နိုင်ဟု ကျွန်တော်က ယုံကြည်ပါ သည်။ကိုယ့်အတွင်းရေးကို ဘေးလူ အား တိုင်တည်ခြင်းမပြုသင့် ဟုထင် သည်။ ကိုယ့်အဖေ၏ အရည်အချင်း စွမ်းဆောင်ရည်ကို ကိုယ်သာအသိဆုံး ဖြစ်သည်။ ကိုယ့်အမေ၏အရည်အချင်း ကို ကိုယ်သာအသိဆုံး ဖြစ်သည်။ ထိုသမုတိတရားကို မျက်ကွယ်ပြုလျက် သူဌေးဖြစ်အောင် စီးပွားမရှာနိုင်သော အဖေ့အကြောင်း၊ တရုတ်ပြေးမင်း စား တော်ပွဲလိုဟင်းပွဲတွေ များပြားစွာ မချက်ကျွေးနိုင်သောအမေ့အကြောင်း။ မကောင်းသတင်းလိုလို၊ အတင်းအဖျင်း လိုလို ဘေးအိမ်တွေကို လျှောက်ပြော ရန်မသင့်ကြောင်းကိုတော့ လူအများလက်ခံကြလိမ့်မည် ထင်ပါသည်။
ဖခင်၏ တရားသဖြင့် ရှာဖွေရရှိ သော ဝင်ငွေနှင့်မျှတစွာ ချက်ပြုတ်ကျွေး မွေးသော မိခင်ကို နားလည်ကြဖို့ လိုပါ မည်။ကိုယ့်မိကိုယ့်ဖကို ဘေးအိမ်က လူစိမ်းများ ကဝေဖန်သမျှလည်းနားထောင် ရန်မသင့်ဟု ကျွန်တော်ယုံပါသည်။ဤအယူအဆသည်ယခုမှ အသစ် အဆန်း ကျွန်တော်တို့ရလာခြင်း မဟုတ်ပါ။ရှေးပဝေသဏီ အတီတေကာလ ကတည်းက လက်ခံခဲ့ကြသော အသိဖြစ်ပါသည်။’ ‘အတွင်းထရံ အပြင်မကာနှင့်၊အပြင်ထရံလည်း အတွင်းမကာ နှင့်” ဟူသော စကားသည် ဘယ်ခေတ်ဘယ်အခါဘယ်ကာလက ပေါ် လာခဲ့မှန်းမသိသော်လည်း ကျွန်တော်တို့ခေတ်မှာ အားလုံးသိနေကြပြီ ဖြစ်ပါသည်။ထို့ထက်ပို၍ ရင့်သီးသောစကားလည်း ရှိသေးသည်။”အမေကျော်ဒွေးတော်မလွမ်းနှင့်” ဟူ၍ တစ်မျိုး၊ ”ပထွေးကို အဖေမခေါ် နှင့်” ဟူ၍တစ်ဖုံ စကားပုံတွေ ရှိခဲ့ပါ သည်။ အားလုံးသိကြ ပါသည်။အဖေရင်းထက် ဘယ်ပထွေးမှပိုမကောင်းနိုင်သလိုအမေရင်းထက်ဘယ်ဒွေးကြီးဒွေးလေးကမှ ပိုမကောင်း နိုင်ကြောင်းလည်း လူတိုင်းသိကြပါသည်။ ထို့ကြောင့် ပထွေးတွေကို အဝေးမှာထား။ ဒွေးကြီးဒွေးလေးတွေကို ရှောင်ရှားပြီး ကိုယ့်အိမ်၊ ကိုယ့်အဖွဲ့ အတွင်းမှာသာလက်ရည်တစ်ပြင်တည်း ခရီးနှင်ကြရန် အသင့်တော်ဆုံးပါဟု တွေးရင်း ကျွန်တော် အိပ်ပျော်သွားခဲ့ပါ သည်။အိပ်မက်ထဲမှာသာယာသော၊ စိုပြည်သော၊ တိုးတက်သော၊ ဖွံ့ဖြိုးသော ကြွယ်ဝသော၊ ချမ်းသာသော မြန်မာနိုင်ငံတော်ကြီး ကို ကျွန်တော်မြင်တွေ့နေရပါသည်။ ကျွန်တော်ဝမ်းသာနေမိရပါသည်။ အိပ်မက်ထဲမှာ ဖြစ်ပါသည်။
မောင်ဆွေသက်
http://popularmyanmar.com/mpaper/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။