Burma-Newselite
ကာတွန်းဝါသနာအိုးများ ရဲ့ Wikia
(ခင်မေဇော်/Burma-Newselite)
************************
ကာတွန်းကို ကလေးတိုင်းကြိုက်ကြတာ သိရပေမဲ့ လူကြီးတွေ ကာတွန်းစွဲနေကြတာက ပိုလို့တောင် ဆိုးနေပါတယ်။ သိပ္ပံပညာရှင်တဦးဖြစ်တဲ့ နေသန် အဲလီယော့ဒ်ဟာ နေ့ဖက်မှာ အဏုမြူရူပဗေဒ ပညာရှင်အဖြစ် အလုပ်လုပ်နေပေမဲ့ ကျန်တဲ့အချိန်တွေမှာတော့ ကာတွန်းဝဘ်ဆိုဒ်တခုမှာ အခမဲ့ ပါဝင်ရေးသားနေသူတဦးပါ။
Wikipedia ကို ပူးတွဲတည်ထောင်သူ Jimmy Wales and Angela Beesley တို့က ဖွင့်ထားတဲ့ Wikia အမည်ရှိ ၀ဘ်ဆိုဒ်မှာ ကာတွန်းအကြောင်းတွေ
ရေးပါတယ်။ Wikipedia က အခမဲ့ဖြစ်ပြီး ဗဟုသုတ ဟင်းလေးအိုးကြီးလို လူတိုင်းက ပါဝင်ပြီး ကိုယ်သိတဲ့ အချက်အလက်တွေ ဖြည့်ပေးနေတဲ့ ဆိုက်ဖြစ်ပြီး Wikia ကတော့ ကာတွန်းတွေအကြောင...်း၊ ဗီဒီယိုဂိမ်းနဲ့ ရုပ်ရှင်တွေအကြောင်း ၀ါသနာရှင်တွေက အခကြေးငွေမရဘဲ ပါဝင်ရေးသားသူတွေရဲ့ လုပ်အားနဲ့ ဖွင့်ထားတဲ့ ဆိုက်ဖြစ်ပြီး သူကတော့ အကျိုးအမြတ်မယူတဲ့ဆိုက်တော့ မဟုတ်ပါဘူး။

နေသန်အဲလီယောဒ်ကို အဲဒီ ၀ဘ်ဆိုက်မှာ အများဆုံး ပါဝင်ရေးသားခဲ့သူ တဦး အနေနဲ့ ဒီနှစ်မှာ Wikia ကရွေးချယ်ပြီး ကာတွန်းပွဲတော်ကို ဖိတ်ကြားခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်ကတည်းက ကာတွန်းတွေ အကြောင်း၊ စာလုံးပေါင်း အမှားအယွင်းတွေ ပြင်တာကအစ စာမျက်နှာအသစ်တွေ ရေးသားမှုတွေ တသိန်းကျော်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Spider-Man အကြောင်းတခုထဲတင် စာမျက်နှာပေါင်း ၅ ရာကျော်ရေးခဲ့ပြီး တပတ်ကို နာရီ ၄၀ လောက် Wikia အတွက် အချိန်ပေးခဲ့သူပါ။ အခုတော့ အမွှာကလေးနှစ်ယောက်နဲ့ အချိန်များများ မပေးနိုင်တော့ပဲ တပတ်ကို ၅ နာရီကနေ ၁၀ နာရီလောက်ပဲ ကာတွန်းအတွက် အချိန်ပေးနိုင်တော့တယ်လို့ ဆိုပါတယ်။
Wikia ကို အများဆုံးအချိန်ပေး ရေးသားပေးခဲ့သူ ကာတွန်းဝါသနာအိုးတွေ ထဲက Wikia Star ၂၅ ယောက်ကို ရွေးချယ်ပြီး ကော်ဇောနီခင်းကြိုတဲ့ ကာတွန်းပွဲတော်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။ အရင်ကတော့ နေသန်ဟာ နှစ်စဉ်ကျင်းပတဲ့ ဒီပွဲကို လာကြတဲ့ တခြား ကာတွန်းဝါသနာအိုးတွေလိုပဲ ကိုယ်ကြိုက်တဲ့ ကာတွန်းဝတ်စုံတွေဝတ်ပြီး နာရီပေါင်းများစွာ တန်းစီစောင့်ခဲ့ရတာပါ။ ဒီနှစ်တော့ ပါဝင်ဆွေးနွေးခွင့်ရရုံမကVIP လိုင်းက၀င်ခွင့်ရတဲ့အတွက်
ပျော်ရွှင်နေတဲ့ နေသန်က "ကျနော့်ကို အခုလို အသိအမှတ်ပြုတာ မပြောနဲ့။ ကျနော်လုပ်တယ်ဆိုတာလေးကို သတိထားမိရင်ပဲ ၀မ်းသာလှပါပြီ" - လို့ ပြောပါတယ်။
Wikia ဟာ အခမဲ့ဝင်ရေးပေးကြတဲ့ ၀ါသနာအိုးတွေနဲ့ လူကြည့်များလှတဲ့ သူတို့ဆိုက်ကို ထုတ်လုပ်သူတွေပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီဆိုဒ်မှာ ကြော်ငြာကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အကျိုးအမြတ်တွေရခဲ့တယ်လို့ တည်ထောင်သူတွေက ပြောပါတယ်။ တနေ့မှာတော့ ရှယ်ယာကို လူအများကို ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံမှာ အဏုမြူရူပဗေဒသိပ္ပံပညာရှင် နေသန်အဲလီးယော့ဒ်ကို စူပါမင်းဝတ်စုံနဲ့ တွေ့ရတဲ့ပုံပါ။
ခင်မေဇော် (Burma-Newselite)
ရှယ်နိုင်ပါတယ်။ လင့်ဖျောက်ပြီး စာသားကူးယူဖော်ပြခြင်း သည်းခံပါ။
ကိုးကား- http://www.businessweek.com/ articles/2013-01-10/ thanks-to-wikia-a-star-turn-for -comic-book-geeks
Wikia ကို အများဆုံးအချိန်ပေး ရေးသားပေးခဲ့သူ ကာတွန်းဝါသနာအိုးတွေ ထဲက Wikia Star ၂၅ ယောက်ကို ရွေးချယ်ပြီး ကော်ဇောနီခင်းကြိုတဲ့ ကာတွန်းပွဲတော်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။ အရင်ကတော့ နေသန်ဟာ နှစ်စဉ်ကျင်းပတဲ့ ဒီပွဲကို လာကြတဲ့ တခြား ကာတွန်းဝါသနာအိုးတွေလိုပဲ ကိုယ်ကြိုက်တဲ့ ကာတွန်းဝတ်စုံတွေဝတ်ပြီး နာရီပေါင်းများစွာ တန်းစီစောင့်ခဲ့ရတာပါ။ ဒီနှစ်တော့ ပါဝင်ဆွေးနွေးခွင့်ရရုံမကVIP လိုင်းက၀င်ခွင့်ရတဲ့အတွက်
ပျော်ရွှင်နေတဲ့ နေသန်က "ကျနော့်ကို အခုလို အသိအမှတ်ပြုတာ မပြောနဲ့။ ကျနော်လုပ်တယ်ဆိုတာလေးကို သတိထားမိရင်ပဲ ၀မ်းသာလှပါပြီ" - လို့ ပြောပါတယ်။
Wikia ဟာ အခမဲ့ဝင်ရေးပေးကြတဲ့ ၀ါသနာအိုးတွေနဲ့ လူကြည့်များလှတဲ့ သူတို့ဆိုက်ကို ထုတ်လုပ်သူတွေပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီဆိုဒ်မှာ ကြော်ငြာကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အကျိုးအမြတ်တွေရခဲ့တယ်လို့ တည်ထောင်သူတွေက ပြောပါတယ်။ တနေ့မှာတော့ ရှယ်ယာကို လူအများကို ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံမှာ အဏုမြူရူပဗေဒသိပ္ပံပညာရှင် နေသန်အဲလီးယော့ဒ်ကို စူပါမင်းဝတ်စုံနဲ့ တွေ့ရတဲ့ပုံပါ။
ခင်မေဇော် (Burma-Newselite)
ရှယ်နိုင်ပါတယ်။ လင့်ဖျောက်ပြီး စာသားကူးယူဖော်ပြခြင်း သည်းခံပါ။
ကိုးကား- http://www.businessweek.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။