ကို စိန်သန်း
CRISIS (အရေးကြီး အန္တရာယ် အခြေအနေ) များမှာ လူတစ်ဦးချင်းအတွက် လည်းကောင်း၊ အဖွဲ့အစည်းအတွက် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် လည်းကောင်း အချိန်မရွေး ကျရောက်လာနိုင်သော မဖြစ်မနေ ရင်ဆိုင်ရမည့် ပြဿနာဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်၊ နည်းပညာဆိုင်ရာ ဖောက်ပြန်မှု၊ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းများ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ မမှန်မကန် လုပ်ဆောင်မှုများ၊ အလုပ်ခွင်အတွင်း အကြမ်းဖက်မှုများ၊ ကောလာဟလများ၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဗုံးခွဲမှုများ အစရှိသဖြင့် Crisis အမျိုးမျိုး ရှိပါသည်။
အရေးပေါ် အန္တရာယ် စီမံခန့်ခွဲခြင်းတွင် အရေးကြီးဆုံးမှာ ခေါင်းဆောင်မှု အရည်အသွေး (Leadership Skill...s) ဖြစ်ပါသည်။ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ခြင်း၊ ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ခြင်း၊ မှန်ကန်လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ အမှားကိုလက်ခံ၍ အမှန်ကို ပြင်ဆင်နိုင်ခြင်း၊ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း၊ သင်ခန်းစာများ ရယူတတ်ခြင်း တို့သည် အရေးပေါ်အန္တရာယ် စီမံခန့်ခွဲနိုင်သော ခေါင်းဆောင်မှု အရည်အသွေးများ ဖြစ်ပါသည်။ ကြီးမားသော အန္တရာယ်ကြားတွင် ဆုံးဖြတ်ချက် လျင်မြန်စွာ ချမှတ်ပြီး ၎င်းဆုံးဖြတ်ချက်များ အများဆုံး မှန်ကန်လေ့ရှိခြင်းသည် ခေါင်းဆောင်မှု အရည်အသွေး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှစ်နှစ်ကျော် ကာလအတွင်း စစ်ပွဲများ၊ အဓိကရုဏ်းများ၊ သဘာဝဘေး အန္တရာယ်များကို များစွာကြုံတွေ့ ဖြတ်သန်းခဲ့ရပြီး ဖြစ်သလို ဆက်လက်ကြုံတွေ့ ရဦးမည်လည်း ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရသာမက အဖွဲ့အစည်းများ၊ ပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေများ အပေါ်၌ ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း The Daily Eleven သတင်းစာမှ တိုက်တွန်းရေးသား အပ်ပါသည်။
မေလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
မေလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။