မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း
၂၁ ရာစု မပုကြွယ် နဲ့ ခရုကြီး
မပုကြွယ် ဆိုသော မိန်းကလေး တစ်ဦး ရှိလေသည်။
သူသည် အတန်းထဲတွင် စာအလွန်ညံ့သူဖြစ်သည်။
မှတ်ဥာဏ်လည်း မကောင်းလှပေ....။
တခြားသူများ သုံးခေါက် လောက်ကျက်လျှင် ရနိုင်သော စာကို မပုကြွယ်က
ဆယ်ခေါက် လောက် ကျက်ရသည်။ ကျက်ပြီးလျှင်လည်း ပြန်ပြန်မေ့တတ်
သည်။စိတ်ဓါတ်ကျပြီး ကျောင်းမှ ထွက်ဖို့အထိ စဉ်းစားမိလေသည်။
တနေ့သ၌ မပုကြွယ်သည် စာပုဒ်တစ်ပုဒ်ကို စိတ်မပါတပါဖြင့် ကျက်နေလေ
သည်။တော်တော်နှင့် ကျက် မှတ် မရနိုင်ဖြစ်နေသဖြင့် စိတ်ဓါတ်အတော်
ကလေး ကျနေသည်။
ထိုအချိန်၍ ခရုကြီး တစ်ကောင်သည် တိုင်ခြေမှနေ တိုင်ထိပ်သို့ လွန်စွာ
နှေးကွေးသော ခြေလှမ်းများဖြင့် တရွေ့ရွေ့ တက်နေလေသည်။ညနေ
မိုးချုပ်ခါနီးတွင် တိုင်ထိပ်သို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။
မပုကြွယ်လည်း ဥာဏ်အလင်းပွင့် သွားသည်။စိတ်ဓါတ်တွေတက်ြံကွသွား
သည်။ အားတွေ ရှိသွားရသည်။
“ ငါရဲ့ ပင်ကိုယ်ဗီဇက မှတ်ဥာဏ်ဏ်မကောင်းပေမယ့် ခရုကြီးလို ကြိုးစား
လိုက်ရင် ငါလည်း တစ်နေ့တော့ ဘွဲ့တွေ ရမှာပဲ......”
ထိုနေ့မှ စ၍ မပုကြွယ်သည် မှတ်ဥာဏ်မကောင်းလှသော်လည်း ကျောင်းစာ
များကို ပို၍ကြိုးစား သင်ယူသည်။ ကျက်မှတ်သည် ။တစ်နှစ်ပြီး တစ်နှစ်
တစ်တန်းပြိး တစ်တန်း အောင်လာခဲ့သည်။
မပုကြွယ်ထက် ကျောင်းစာ တော်သူ အချို့ သည် တ၀က်တပျက်နှင့်
ကျောင်းမှ ထွက်လိုက်ကြရပြီး အပြင်တွင် အလုပ်ထွက်လုပ်ကြသည်။
တချို့လည်း ကျောင်းဆက် မတက်နိုင်တော့၍ ထွက်လိုက်ရခြင်း ဖြစ်သည်။
တချို့လည်း နိုင်ငံခြားသို့ ထွက်ကာ အလုပ်လုပ်ကြလေသည်။
မပုကြွယ်၏ မိသားစုသည် လည်း ကျောင်းစရိတ် အခက်အခဲ ရှိလာ၍ အိမ်
နှင့် ခြံကိုပင် အပေါင်ထားကာ ကျောင်းဆက်ထားပေးလေသည်။
နောက်ဆုံးတွင်တော့ မပုကြွယ်၏ ဘ၀ရည်မှန်းချက်ဖြစ်သောဘွဲ့ ကြီးကို
ထိုက်ထိုက် တန်တန် ရရှိခဲ့လေသည်။တစ်မိသားစုလုံး အတိုင်းအဆမရှိ
ပျော်ရွှင်ကြရသည်။မပုကြွယ်ခမျာ လည်း မအိပ်နိုင်မစားနိုင် ဖြစ်ရလေအောင်
ပျော်ရွှင်နေလေ၏
တိုင်ထိပ်တွင် တက်နေသော ခရုကြီးကိုလည်း ကောက်ယူကာ တရှုံ့ရှုံ့နမ်း
လေသည်။
“ ငါ အခုလို ဘွဲ့ ရလာခဲ့တာ ခရုကြီး ကြောင့်ပဲ..........”
.xxxxxxxxxxxxxxx................................................xxxxxxxxxxxxx
ဘွဲ့ယူပြီးနောက် မပုကြွယ်သည် ဘွဲ့လက်မှတ်ကို ကိုင်ကာ အလုပ်လိုက်
လျှောက်သည်။ အချို့အလုပ်ရှင်များက လူမလိုသေးပါ ဟုအကြောင်းပြန်
သည်။ တချို့အလုပ်ရှင်များကတော့ ရုပ်ရည်အသင့်အတင့် ရှိသူများကို ရွေး
ခန့် သည်။ မပုကြွယ်က ရုပ်ရည် အသင့်အတင့် မရှိသဖြင့် အလုပ်မရချေ...။
တချို့အလုပ်ရှင်များက အမျိုးမကင်းသူများကိုသာ ခန့်သည်။ မပုကြွယ်နှင့်
အမျိုးမတော်၍ အလုပ်မရချေ..။တချို့အလုပ်ရှင်များက တံစိုးလက်ဆောင်
ပေးသူများကို သာ ခန့်သည်။
တစ်နှစ်နီးပါးခန့် အလုပ်ရှာပါသော်လည်း မရနိုင်ပဲ ဖြစ်နေသည်။ ပေါင်ထား
သော အိမ်နှင့် ခြံကလည်း မရွေး နိုင်သေး.....။အလုပ်မရှိ ၀င်ငွေ မရှိ ထိုင်စား
ယုံသက်သက် ဖြစ်နေသဖြင့် အကြွေးတွေကလည်း အတော်ကလေး ပိနေပြီ။
ပညာတ၀က်တပျက်နှင့် ကျောင်းမှ ထွက်သွားသော သူငယ်ချင်းများကို
လေ့လာကြည့် လိုက်သော အခါ လုပ်ငန်းကိုယ်စီ စီးပွားကိုယ်စီဖြင့် အတော်
အတန် ချမ်းသာ ကြွယ်ဝနေကြပြီ ဖြစ်သည်။
နိုင်ငံခြားတွင် အလုပ်ထွက်လုပ်ကြသည့် သူငယ်ချင်းများကလည်း တိုက်တွေ
ကားတွေ စီးပွားလုပ်ငန်းကြီး တွေနှင့် ဖြစ်ကုန်ကြပြီ..........။
ထိုသို့တွေး မိတိုင်း မပုကြွယ်သည် သက်ပျင်းရှည်ကြီးကို တဟူးဟူး ချမိလေ
သည်။အလုပ်ကလည်းမရ...အကြွေးကလည်းတင်...ပေါင်ထားသော အိမ်နှင့်
ခြံ ကလည်း ဆုံးတော့မည်။
xxxxxxxxxxxx....................................xxxxxxxxxxxxx
လွန်စွာ ပူပြင်းခြောက်သွေ့ လှသော နေ့တစ်နေ့ ၌ မပုကြွယ်သည်
အလုပ်သွားလျှောက်လေ သည်။ ထုံးစံ အတိုင်း အလုပ်မရပဲပြန်လာသည်။
စိတ်ထဲတွင်လည်း တနုံ့နုံ့ တွေးနေမိသည်။
“ ငါ...စောစော စီးစီး အလုပ်ထွက်လုပ် လိုက်ရင် ဒီလောက်ဒုက္ခရောက်မှာ
မဟုတ်ဘူး............”
စိတ်ထဲတွင်လည်း မအောင့်အီး နိုင်တော့......။ တခုခုကို ပေါက်ကွဲပစ်ချင်
နေပြီ........။ဒေါသစိတ်တွေကလည်း အထွတ်အထိပ်ကို ရောက်နေသည်။
မျိုသိပ်မထားနိုင်တော့.....။
နောက်ဆုံး မပုကြွယ်သည် စိတ်လိုက်မာန်ပါဖြင့် ဆုံးဖြတ်ချက် တစ်ခုကို
ဒုန်းဒုန်း ချကာ အိမ်သို့ ခပ်သုတ်သုတ် ပြန်လာခဲ့သည်။
အိမ်သို့ ရောက်ရောက်ချင်း ဒန်အိုးကြီး တစ်လုံးထဲတွင်ရေထဲကာ မီးပြင်းပြင်း
ဖြင့် ရေနွေးကို ပွက်ပွက်ဆူအောင် ကြိုလေသည်။ရေနွေးများ ပွက်ပွက် ဆူလာသောအခါ မပုကြွယ်သည် သူ စာကျက်လေ့ ရှိသော နေရာသို့ ထွက်
လာခဲ့သည်။
တိုင်ထိပ်သို့ လှမ်းကြည့်လိုက်သော အခါ ခရုကြီးက မပုကြွယ်ကိုပြုံးပြုံး
ကြီး ကြည့်နေလေသည်။မပုကြွယ်လည်း ၄င်းခရုကြီးကို ကောက်ယူလိုက်ပြီး
နောက် ပါး စပ်မှနေ...
“ ဒင်းကြောင့်...ဒင်ကြောင့် “
ဟု အော်ပြောရင်း ပွက်ပွက်ဆူနေသော ရေနွေးအိုး ထဲသို့ “ ဗွမ်း ” ခနဲ
နေအောင် ပစ်ထည့် လိုက်ပါလေတော့ သည်။ ခရုကြီးလည်း ပွက်ပွက်ဆူ
နေသော ရေနွေးအိုးထဲတွင် ဆန့်ငင် ဆန့်ငင် ဖြစ်သွားပါလေတော့သည်။
မပုကြွယ်သည် ဒေါသမပြေနိုင် အားမရနိုင်သေးပဲ ခြံဝန်းအနှံ့သို့ လိုက်ရှာသည်
တွေ့ကရာ ခရုများကို အသေးအကြီးပါမကျန် လိုက်ကောက်သည်။ရေနွေး
အိုးထဲသို့ ပစ်ထည့် သည်။ ပါးစပ်မှလည်း
“ ဒင်းတို့ကြောင့်.......ဒင်းတို့......အမျိုးတွေကြောင့်.”
ဟုတတွတ်တွတ်ပြောလေသည်။ ခြံထဲမှ ခရုများ ကုန်သွားသော အခါ လမ်း
ပေါ်ထွက်ရှာသည်။ တွေ့သည့် ခရုတိုင်းကို တူ ဖြင့် ထုချေသည်။ဒီဘက်လမ်း
ကုန်လျှင် ဟိုဘက်လမ်း ပြောင်းရှာသည်။ဟိုဘက်လမ်း ကုန်လျှင် နောက် တစ်လမ်း ပြောင်းသည်။
နောက်ဆုံးတွင်တော့ ၂၁ ရာစု၏ မပုကြွယ်သည် ခရုမြင်လျှင် တူဖြင့်ထုပြီး
သတ် လေ့ရှိသော“ စိတ္တဇရောဂါ သည် မပုကြွယ် ” ဖြစ်သွားပါလေတော့ သတည်း။........။
မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
၈. ၅.၂၀၁၃ နံနက် ၃ ချက်တီး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။