Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 23, 2013

၂၀၁၅ သို့ မျှော်မှန်းခြင်း အပိုင်း(၁)

 
Nay Min with Moe Min Thar Gyi
၂၀၁၅ သို့ မျှော်မှန်းခြင်း အပိုင်း(၁)

ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းအနေနဲ့ အခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်စုကြည်နဲ့ ဆက်ဆံရေး အလွန်အမတန်မှအဆင်ပြေနေပြီး မကြာခဏတွေ့ဆုံကြကာ အစည်းအဝေး အတူတက် ကြတာကိုလည်း မကြာခဏဆိုသလို တွေ့လာရပါတယ်။ ယခင် နအဖအဖွဲ့ဝင်တုံးက တင်းတင်းမာမာ ဆက်ဆံခဲ့တဲ့ ဒေါ်စုကြည်ကို အခုလို ရင်းရင်းနှီးနှီး ဆက်ဆံလာတာဟာ အရင်တုံးက ဟန်ဆောင်ပြီး ဆက်ဆံ ခဲ့လို့လား၊ ဒါမှမဟုတ် အခုပဲ ဟန်ဆောင်နေတာလားဆိုတာကတော့ မပြောတတ်ပါဘူး။ အခုတလော ဦးရွှေမန်း အနေဖြင့် ဒေါ်စုကြည်နဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့အကြောင်းရင်း ၂ ချက်ရှိနိုင်ပါတယ်။ တစ်ချက်က သူ့အနေနဲ့ သဘောထားအလွန်ကြီးကြောင်း ပြသချင်တာရယ်၊ နောက်တစ်ချက်ကတော့ NLD နဲ့ သူတို့အသိုင်းအဝိုင်းက ထောက်ခံမှုလိုချင်လို့ရယ် ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲပြောပြော ယခင်က ရန်သူတစ်ယောက်လိုဆက်ဆံခဲ့တဲ့ ဒေါ်စုကြည်ကို အခုတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို သဘောထားလာတာကတော့ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။ ဒါလဲ ကျွန်တော့်အနေနဲ့ မြင်ရတာတွေ၊ ဖြစ်နေတာတွေ၊ ပြောင်းလဲမှုတွေကို ပြောပြတာပါ။

ဦးရွှေမန်းနဲ့ ဒေါ်စုကြည် နှစ်ယောက်ပေါင်းလိုက်ရင် ဘာဖြစ်လာနိုင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြည့်ရ အောင်။ ၂၀၁၅ မှာ ၂၀၀၈ နာဂစ် အခြေခံဥပဒေအရ ဒေါ်စုကြည်ဟာ သမ္မတ ဖြစ်နိုင်ခြေမရှိပါဘူး။ လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားမယ်ဆိုရင်တောင် ဒေါ်စုကြည် သမ္မတဖြစ်နိုင်မဲ့အထိ ပြင်နိုင်မယ်လို့တော့ မထင်ဘူး။ အဲဒီတော့ ၂၀၁၅ မှာ ဦးရွှေမန်းက သမ္မတလုပ်ပြီး ဒေါ်စုကြည်က လွှတ်တော်ရဲ့အရေးပါတဲ့နေရာကို မရနိုင်ပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဒီလိုလက်တွဲပြီး တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးလို့ ယူဆရပါတယ်။ ဦးရွှေမန်းဟာ လူချစ်လူခင်များတဲ့အတွက် ဒီလိုမျိုးဖြစ်နိုင်ခြေလည်းရှိပါတယ်။ ဒါပေမယ့် ဦးရွှေမန်းအတွက် ထောက်ကွက်တွေရှိနေတာကတော့ သူကောင်းသလောက် သူ့လက်နဲ့ရေးတာကို ခြေနဲ့ဖျက် နေတာက သူ့ရဲ့သားတွေပါ။ သားကြီးဖြစ်သူ ဦးအောင်သက်မန်းက အခု နာမည်ကြီးနေတဲ့ ဧရာရွှေမြေကုမ္ပဏီနဲ့ Elite ကုမ္ပဏီတွေမှာ ဥက္ကဌတာဝန်ယူထားပါတယ်။ ဒီကုမ္ပဏီတွေဟာလည်း ယခင်အစိုးရလက်ထက်ကတည်းက အခုအချိန်ထိ အစိုးရဆီကနေ အထူးအခွင့်အရေးတွေရနေတဲ့ ကုမ္ပဏီတွေပါ။ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ ထူးကုမ္ပဏီက Share တော်တော်များများတောင် ဦးအောင်သက်မန်း ပိုင်တယ်လို့ သိရပါတယ်။

နောက်ထပ် သားတစ်ယောက်ကတော့ ဗိုလ်မှူးဟောင်း ဦးတိုးနိုင်မန်းပါ။ သူကလည်း စီးပွားရေးခရိုနီ တစ်ဦးဖြစ်သူ ဦးခင်ရွှေသမီးနဲ့ ယူထားသူပါ။ ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ အဓိကလုပ်ငန်းတွေကို လုပ်ပိုင်ခွင့် ရထားတဲ့ RedLink ကုမ္ပဏီပိုင်ရှင်ပါ။ အခြားစီးပွားရေးလုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ ဒါ့အပြင် သူဟာ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူတစ်ယောက်ဖြစ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး အလွန်လာဘ်မြင်ကြတဲ့ ဦးအောင်သက်မန်းနဲ့ ဦးတိုးနိုင်မန်းတို့ကတော့ ရန်ကုန်မှာ မြေကွက်တွေအများကြီး လိုက်ဝယ်ထားတယ်လို့ သိရပါတယ်။ နောက်တစ်လ လောက်ဆိုရင် သူတို့လုပ်ငန်းတွေအကြောင်း ပြည့်ပြည့်စုံစုံ ရေးပြနိုင်မှာပါ။ ဦးတိုးနိုင်မန်းကတော့ သူ့ သူငယ်ချင်း တွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားမှာ လူချစ်လူခင်များသူ တစ်ယောက်ပါ။ အပေါင်းအသင်းတွေကို စောင့်ရှောက်သူ၊ ဆင်းရဲသူတွေကို တတ်နိုင်သလောက်အကူအညီပေးသူအဖြစ် နာမည်ကြီးပါတယ်။ ဒါတွေက ဦးတိုးနိုင်မန်းရဲ့ အများလက်ခံထားတဲ့ ကောင်းတဲ့အမူအကျင့်လေးတွေပါ။ လူတွေ တော်တော်များများမသိတဲ့ အချက်ကတော့ ဦးတိုးနိုင်မန်းဟာ ဒေါ်စုကြည်နဲ့ NLD ကို အဓိက ထောက်ပံ့ပေးနေသူ တစ်ယောက်ပါ။ ဒေါ်စုရဲ့ မွေးစားသား ဆိုပြီးတောင် ပြောပါတယ်။ ဒါဆိုရင်တော့ ဒေါ်စုကြည်မှာ သားသုံးယောက် ရှိပြီလို့တောင် ပြောလို့ရတယ်။ ဒီလိုသာမှန်ရင် ဦးရွှေမန်းနဲ့ ဒေါ်စုကြည်တို့က အင်း … ကျွန်တော်လည်း မသိပါဘူး။ ဒါကလည်း ကျွန်တော့်အမြင်ကိုပြောတာပါ။ အမှားပါရင်လည်း ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။

ဦးရွှေမန်းနဲ့ပတ်သက်ပြီး နောက်တစ်ခုပြောချင်တာကတော့ အခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ ပတ်သက်ပြီးတော့ ပါ။ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မရှင်တွေအနေနဲ့ ပြည်ထောင်စုအဆင့်ဖြစ်မဖြစ် နိုင်ငံတော်သမ္မတကနေပြီး အခြေခံဥပဒေဆိုင်ရာခုံရုံးကို စစ်ဆေးခိုင်းတဲ့အခါမှာ အခြေခံဥပဒေခုံရုံးက ပြည်ထောင်စုအဆင့်မဖြစ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို လွှတ်တော်က မကျေနပ်နိုင်တဲ့အတွက် လွှတ်တော်ရဲ့အားနဲ့ ဖိအားတွေပေးခဲ့လို့ အခြေခံဥပဒေခုံရုံးတစ်ခုလုံး နုတ်ထွက်သွားရပါတယ်။ အခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာ မှားတယ်မှန်တယ် ဆိုတာထက် လွှတ်တော်ရဲ့အားနဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံးတစ်ခုလုံး နှုတ်ထွက်သွားအောင်လုပ်ခဲ့တာဟာ ပြည်သူတစ်ဦးအမြင်နဲ့ပြောရရင် အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ ဒီမိုကရေစီစနစ်နဲ့ တရားရေးအပိုင်း စတင်တည်ဆောက်တဲ့အချိန်မှာ ဒီကိစ္စဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဒီကိစ္စဟာ အကျည်းတန်လှပြီး ဒီမိုကရေစီ စနစ်ရဲ့ ဆုံးရှုံးမှုရဲ့ ပထမအစနိဒါန်းလို့ ပြောလို့ရပါတယ်။ လွှတ်တော်ရဲ့အားဟာ ဥပဒေနှင့်ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ လုပ်လို့ရတယ်ဆိုတာ ပြလိုက်သလိုဖြစ်နေပါတယ်။ အဲဒီလုပ်ရပ်အတွက် နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ထိခိုက်ခဲ့ရပါတယ်။ နောက်တစ်ခုကတော့ စားရင်းစစ်ချုပ်ကိစ္စပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၄၂)(ဃ)မှာ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ပြည်ထောင်စုစာရင်းစစ်ချုပ်ကြီး ခမျှာ အချက်အလက်အချို့ကို ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဦးရွှေမန်းကို ယုံကြည်မှုအရ အသိပေးရာကအစ မဆီမဆိုင် စောစောစီးစီး ဇာတ်သိမ်းခဲ့ရရှာပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလွန်းမောင်ကိုယ်တိုင် နောက်ကျောကို ဓါးနဲ့ထိုးခံခဲ့ရတယ်ဆိုပြီး ဧရာဝတီသတင်းဌာနကို ရင်နာနာနဲ့ ဖွင့်ဟပြောဆို ခဲ့တာကိုလဲ အားလုံးသိပြီးဖြစ်မှာပါ။ ဒီကိစ္စတွေဟာ ဒီမိုကရေစီစနစ် ဘက်တော်သားတစ်ဦးအနေနဲ့ ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စတွေပါ။ အဲဒါကလဲ ဒီမိုကရေစီစနစ်ရဲ့ဆုံးရှုံးမှု ဒုတိယနိဒါန်းလို့ ပြောနိုင်ပါတယ်။

ဦးရွှေမန်းအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ သူ့အတွက် အကျိုးရှိမယ်၊ သူ့ပါတီအတွက် အကျိုးရှိမယ် ဆိုရင်တော့ ဆက်လုပ်သွားမှာပါ။ အကျိုးမရှိဘူးဆိုရင်တော့ ဆက်လုပ်မယ်မထင်ပါဘူး။ ဒီလိုမျိုး နှစ်ခွစဉ်းစားပြီး လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီလိုမပြတ်မသားနဲ့ ဒွိဟစိတ်ရှိရင်တော့ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာရင် နိုင်ငံအတွက် စိုးရိမ်စရာပါ။ အခြေခံဥပဒေပြင်တယ်ဆိုတာ ခေတ်နဲ့အညီ ပြည်သူလူထုရဲ့ လိုလားချက် ထောက်ခံချက်တွေနဲ့ ပြင်သင့်ရင် ပြင်ရမှာပါ။ ဒါကြောင့်လဲ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းတာကို စစ်တပ်ကအဖွဲ့တွေ ထောက်ခံခဲ့ပုံရပါတယ်။ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းတဲ့ ကိစ္စကလည်း အခုအချိန်မှာတော့ တော်တော်လေးကို ရေပန်းစားနေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။

ဦးရွှေမန်းဟာ လွှတ်တော်နားတဲ့အချိန်မှာလည်း ပြည်ပခရီးတွေထွက်ပြီး နိုင်ငံ့ခေါင်းဆောင်ဆိုသူအချို့နဲ့ တွေ့တာတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ တွေ့တာတွေကို ခပ်စိတ်စိတ်လေးလုပ်ဆောင်လာတာကို တွေ့လာ ရပါတယ်။ ဒါပေမယ့် သူ့စည်းသူ့ဘောင် ဆိုတာရှိပါတယ်။ ဦးရွှေမန်းရဲ့ အချို့သော လုပ်ဆောင်ချက်လေးတွေဟာ စည်းကိုကျော်သွားတာလေးတွေ တွေ့မြင်ရပါတယ်။ လုပ်ငန်းလုပ်ဆောင်တာထက်စာရင် ပုဂ္ဂိုလ်ရေး ကျော်ကြားမှု၊ လူထုသတိပြုမိဖို့အတွက် လုပ်ဆောင်နေတယ်လို့ မြင်နေရပါတယ်။ ဒီအချက်ကို ဦးရွှေမန်းတစ်ယောက် ဆင်ခြင်သင့်တယ်လို့ထင်ပါတယ်။

ကျွန်တော့အနေနဲ့ပြောရရင်တော့ ဦးရွှေမန်းဟာ ခေါင်းဆောင်ကောင်းတစ်ဦးပါ။ ဦးရွှေမန်းအနေနဲ့ အချို့အားနည်းချက်လေးတွေကို ပြုပြင်လိုက်ရင် ၂၀၁၅ အတွက် သမ္မတအဖြစ်ထိုက်ဆုံးလူလို့ ကျွန်တော် သုံးသပ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဆောင်ပုဒ် (၃) ခုရှိပါတယ်။

``ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်``

ဆိုတာတွေပါပဲ။ ဒီလိုဆောင်ပုဒ်နဲ့အညီ ၂၀၁၅ မှာ ဦးရွှေမန်းက နိုင်ငံတော်သမ္မတလုပ်ပြီး ဒေါ်စုကြည်က လွှတ်တော်ရဲ့အရေးပါတဲ့နေရာမှာ ရှိနေမယ်ဆိုရင်တော့ နေနဲ့လ၊ ရွှေနဲ့မြ ဆိုသလို တိုင်းပြည်အတွက် အလွန် လိုက်ဖက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်လာမှာ သေချာပါတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဒေါ်စုကြည်ရဲ့ ဘ၀ဖြတ်သန်းခဲ့ရတဲ့ အနေအထားအချို့ဟာ အိန္ဒိယနိုင်ငံရဲ့ India National Congress ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ နဲ့ တော်တော်လေးတူပါတယ်။ ဆိုနီယာဂန္ဒီဟာ သူ့ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ် လုပ်ဖို့ တိုက်တွန်းခဲ့တာတွေ ရှိခဲ့ပေမယ့်လည်း ၀န်ကြီးချုပ်လဲ မလုပ်၊ လွှတ်တော်ထဲမှာလဲ နေရာမယူဘဲ ပါတီဥက္ကဌ တာဝန်ယူလျက် ပါတီနှင့်လွှတ်တော်ကို ထိန်းကျောင်းကာ အိန္ဒိယနိုင်ငံရဲ့ အထင်ကရ နိုင်ငံရေး ခေါင်းဆောင်အနေနဲ့ ရပ်တည်နေပါတယ်။ ဒါကြောင့် ဒေါ်စုကြည်အနေနဲ့လည်း ဆိုနီယာဂန္ဒီလို တစ်ဘက်က ပါတီခေါင်းဆောင်၊ တစ်ဘက်က လွှတ်တော်ထဲမှာ အတိုင်းအတာတစ်ခုအထိ နေရာရအောင် လုပ်ထားပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ပိုကောင်းမလား မသိဘူး။ အများအမြင်မှာ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ကဲ…ခင်ဗျားတို့ကရော ဘယ်လိုလဲ.?

လူအချင်းချင်း လှည့်ပတ်ချင်း ကင်းဝေးနိုင်ကြပါစေဟု ဆုတောင်းလျက်။


Moe Min Thar Gyi

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။