၁၈၉၂ Standford တက္ကသိုလ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါ။
အသက် ၁၈နှစ် ကျောင်းသားလေးတစ်ယောက်ဟာ သူ့ရဲ့ ကျောင်းလခတွေကို ပေးဖို့ ရုန်းကန်နေပါတယ်။ သူဟာ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဒီပိုက်ဆံတွေကို ဘယ်သူ့ဆီက လှည့်ရမယ်ဆိုတာကိုလည်း မသိဘူး။ နောက်တော့ သူဟာ အကြံကောင်းတစ်ခုရလာတယ်။ သူတို့ရဲ့ ကျောင်းလခတွေရှာဖို့ သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် အစီအစဉ်မှုးလုပ်ပြီး တေးဂီတပွဲ တစ်ခုကို ကျောင်းဝင်းထဲမှာ ပြုလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သူတို့ဟာ အကောင်းဆုံး စန္ဒယားပညာရှင် Ignacy J. Paderewski ဆီကိုရောက်သွားတော့ သူ့ရဲ့ မန်နေဂျာက စန္ဒယားလက်စွမ်းပြပွဲအတွက် အာမခံငွေ ဒေါ်လာ ၂၀၀၀ တောင်းတယ်။ သဘောတူညီမှုရသွားပြီးတော့ ကောင်လေးတွေဟာ ဒီ တေးဂီတဖြေဖျော်ပွဲကြီး အောင်မြင်အောင် စတင် ကြိုးစားကြတော့တယ်။
ဒါပေမဲ့ သူတို့ ကံမကောင်းရှာပါဘူး။ တကယ့်နေ့ကိုရောက်တော့ သူတို့ရဲ့လက်မှတ်တွေကို လုံလောက်အောင် မရောင်းချနိုင်ခဲ့ဘဲ စုစုပေါင်း ဒေါ်လာ ၁၆၀၀ ပဲ ရရှိခဲ့တယ်။ သူတို့လည်း စိတ်ပျက်လက်ပျက်နဲ့ Paderewski ဆီကိုသွားပြီး သူတို့ရဲ့ အကျဉ်းအကျပ်ကို ရှင်းပြတယ်။ သူတို့ရရှိခဲ့တဲ့ ဒေါ်လာ ၁၆၀၀ လုံးကို အကုန်ပေးပြီး ကျန်တဲ့ ဒေါ်လာ၄၀၀ အတွက် ချက်လက်မှတ်တစ်စောင်ရေးပေးခဲ့တယ်။ ဒီချက်ကို ငွေထုတ်လို့ရအောင် သူတို့ အမြန်ဆုံး ကြိုးစားပေးပါမယ်လို့ ကတိပေးတယ်။
“ဟင့်အင်း။ ဒါဟာ လက်ခံနိုင်စရာမရှိဘူး”
Paderewski ကပြောပြီး ချက်လက်မှတ်ကို စုတ်ဖြဲပစ်လိုက်တယ်။
ပြီးတော့ ဒေါ်လာ ၁၆၀၀ ကို သူတို့ဆီပြန်ပေးပြီး ကောင်လေးတွေကို ပြောလိုက်တယ်။
“ရော့ ဒီမှာ ဒေါ်လာ ၁၆၀၀၊ ကျေးဇူးပြုပြီး မင်းတို့စိုက်ထားတဲ့ ငွေတွေကို ဒီထဲကနှုတ်ပြီး မင်းတို့ရဲ့ ကျောင်းလခအတွက် လိုသလောက်ယူထားလိုက်။ ကျန်တဲ့ငွေကိုပဲ ငါ့ကိုပေး”
ကောင်လေးတွေဟာ အရမ်းအံသြပြီး သူ့ကို ကျေးဇူးတွေ တစ်ပုံကြီးတင်သွားတယ်။
ဒါဟာ ကြင်နာမှုရဲ့ အပြုအမူ သေးသေးလေး တစ်ခုပါ။ ဒါပေမဲ့ အဲဒါက Paderewski ကို တကယ့် ကြီးမြတ်တဲ့ လူသားတစ်ယောက်အဖြစ် ပြတ်ပြတ်သားသား ပေါ်လွင်ထင်ရှားသွားစေပါတယ်။
ဘာကြောင့် သူတစ်ခါမျှမသိခဲ့ဖူးတဲ့ လူနှစ်ောက်ကို သူကူညီသင့်သလဲ ???
ကျွန်ုပ်တို့ရဲ့ ဘ၀တွေမှာလည်း ဒီလိုအဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ဖူးကြပါတယ်။
ကျွန်ုပ်တို့ အများစုတွေးကြတာက …….
“ ငါ သူတို့ကို ဒီလိုကူညီလိုက်ရင် ငါ့အတွက် ဘယ်လိုဖြစ်သွားမလဲ???? ”
တကယ့်ကြီးမြတ်တဲ့လူတွေကတော့ တွေးတယ်။
“ ငါသူတို့ကို မကူညီရင် သူတို့ဘာဖြစ်သွားမလဲ ??? ”
သူတို့ဟာ ဘာပြန်ရပါစေဆိုတဲ့ စိတ်မျိုးနဲ့ ကူညီကြတာ မဟုတ်ပါဘူး။
သူတို့ဒါကို လုပ်တာဟာ ဒါဟာ လုပ်သင့်တဲ့အရာလို့ ခံစားမိလို့ပါပဲ။
Paderewski ဟာ နောက်ပိုင်းမှာ ပိုလန်နိုင်ငံရဲ့ ၀န်ကြီးချူပ်တစ်ဦး ဖြစ်လာတယ်။ သူဟာ တကယ် ကြီးမြတ်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ပထမကမ္ဘာစစ်ကြီး စဖြစ်တော့ ပိုလန်ဟာ ဖျက်ဆီးခံလိုက်ရပြီး သူ့ရဲ့တိုင်းပြည်ထဲမှာ လူတစ်သန်းခွဲကျော်လောက် ဆာလောင်မွတ်သိပ်နေကြတယ်။
သူတို့ကို ကျွေးဖို့ ပိုက်ဆံလည်း မရှိဘူး။ Paderewski ဟာ သူ့လူတွေအတွက် အကူအညီရဖို့ ဘယ်သူ့ဆီသွားရမှန်းမသိဘူး။ နောက်ဆုံးတော့ အမေရိက က အစားအသောက်နဲ့ ကယ်ဆယ်ရေး (US Food and Relief Administration) ဆီ ရောက်သွားတယ်။
အဲဒီက အကြီးအကဲရဲ့ နာမည်က Herbert Hoover လို့ခေါ်ပါတယ်။ သူက ကူညီဖို့ ချက်ချင်းပဲ သဘောတူပြီး ငတ်မွတ်ဆာလောင်နေတဲ့ ပိုလန်နိုင်ငံသားတွေ စားဖို့ အစားအသောက် တန်ပေါင်းများစွာကို ချက်ချင်းပဲ ပို့ပေးလိုက်ပါတယ်။
ဘေးဒုက္ခကြီးဟာ ရှောင်လွှဲလိုက်နိုင်ပြီး Paderewski ဟာ အသက်ရှုပေါက်ရသွားပါတယ်။ သူဟာ ဟူးဗား ကို လူချင်းတွေ့ ကျေးဇူးတင်ကြောင်းသွားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ Paderewski က ဟူးဗားကို သူ့ရဲ့ မြင့်မြတ်တဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း စပြောလိုက်တာနဲ့ပဲ ဟူးဗားက ကမန်းကတန်း စကားဖြတ်ပြောလိုက်တယ်။
“ ကျွန်တော့်ကို ကျေးဇူးမတင်ပါနဲ့ ၀န်ကြီးချူပ်ခင်ဗျား။ သင်ဟာ ကျွန်တော့်ကို မှတ်မိချင်မှ မှတ်မိမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သင်ဟာ ကောလိပ်ကျောင်းသားလေးနှစ်ယောက်ကို ကူညီပေးခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ အဲဒီထဲက တစ်ယောက်ပါပဲ”
Herbert Hoover ဟာ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ၃၁ ယောက်မြောက်သမ္မတ ဖြစ်လာပါတယ်။
ကမ္ဘာကြီးဟာ အံသြစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ထွက်သွားတဲ့အရာတွေဟာ ပြန်ရောက်လာတာပါပဲ။
မေတ္တာဖြင့် … မနိုး (၁.၅.၂၀၁၃)
Source: http://academictips.org/blogs
သူတို့ဟာ အကောင်းဆုံး စန္ဒယားပညာရှင် Ignacy J. Paderewski ဆီကိုရောက်သွားတော့ သူ့ရဲ့ မန်နေဂျာက စန္ဒယားလက်စွမ်းပြပွဲအတွက် အာမခံငွေ ဒေါ်လာ ၂၀၀၀ တောင်းတယ်။ သဘောတူညီမှုရသွားပြီးတော့ ကောင်လေးတွေဟာ ဒီ တေးဂီတဖြေဖျော်ပွဲကြီး အောင်မြင်အောင် စတင် ကြိုးစားကြတော့တယ်။
ဒါပေမဲ့ သူတို့ ကံမကောင်းရှာပါဘူး။ တကယ့်နေ့ကိုရောက်တော့ သူတို့ရဲ့လက်မှတ်တွေကို လုံလောက်အောင် မရောင်းချနိုင်ခဲ့ဘဲ စုစုပေါင်း ဒေါ်လာ ၁၆၀၀ ပဲ ရရှိခဲ့တယ်။ သူတို့လည်း စိတ်ပျက်လက်ပျက်နဲ့ Paderewski ဆီကိုသွားပြီး သူတို့ရဲ့ အကျဉ်းအကျပ်ကို ရှင်းပြတယ်။ သူတို့ရရှိခဲ့တဲ့ ဒေါ်လာ ၁၆၀၀ လုံးကို အကုန်ပေးပြီး ကျန်တဲ့ ဒေါ်လာ၄၀၀ အတွက် ချက်လက်မှတ်တစ်စောင်ရေးပေးခဲ့တယ
“ဟင့်အင်း။ ဒါဟာ လက်ခံနိုင်စရာမရှိဘူး”
Paderewski ကပြောပြီး ချက်လက်မှတ်ကို စုတ်ဖြဲပစ်လိုက်တယ်။
ပြီးတော့ ဒေါ်လာ ၁၆၀၀ ကို သူတို့ဆီပြန်ပေးပြီး ကောင်လေးတွေကို ပြောလိုက်တယ်။
“ရော့ ဒီမှာ ဒေါ်လာ ၁၆၀၀၊ ကျေးဇူးပြုပြီး မင်းတို့စိုက်ထားတဲ့ ငွေတွေကို ဒီထဲကနှုတ်ပြီး မင်းတို့ရဲ့ ကျောင်းလခအတွက် လိုသလောက်ယူထားလိုက်။ ကျန်တဲ့ငွေကိုပဲ ငါ့ကိုပေး”
ကောင်လေးတွေဟာ အရမ်းအံသြပြီး သူ့ကို ကျေးဇူးတွေ တစ်ပုံကြီးတင်သွားတယ်။
ဒါဟာ ကြင်နာမှုရဲ့ အပြုအမူ သေးသေးလေး တစ်ခုပါ။ ဒါပေမဲ့ အဲဒါက Paderewski ကို တကယ့် ကြီးမြတ်တဲ့ လူသားတစ်ယောက်အဖြစ် ပြတ်ပြတ်သားသား ပေါ်လွင်ထင်ရှားသွားစေပါတယ်။
ဘာကြောင့် သူတစ်ခါမျှမသိခဲ့ဖူးတဲ့ လူနှစ်ောက်ကို သူကူညီသင့်သလဲ ???
ကျွန်ုပ်တို့ရဲ့ ဘ၀တွေမှာလည်း ဒီလိုအဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ဖူးကြပါတယ်။
ကျွန်ုပ်တို့ အများစုတွေးကြတာက …….
“ ငါ သူတို့ကို ဒီလိုကူညီလိုက်ရင် ငါ့အတွက် ဘယ်လိုဖြစ်သွားမလဲ???? ”
တကယ့်ကြီးမြတ်တဲ့လူတွေကတော့ တွေးတယ်။
“ ငါသူတို့ကို မကူညီရင် သူတို့ဘာဖြစ်သွားမလဲ ??? ”
သူတို့ဟာ ဘာပြန်ရပါစေဆိုတဲ့ စိတ်မျိုးနဲ့ ကူညီကြတာ မဟုတ်ပါဘူး။
သူတို့ဒါကို လုပ်တာဟာ ဒါဟာ လုပ်သင့်တဲ့အရာလို့ ခံစားမိလို့ပါပဲ။
Paderewski ဟာ နောက်ပိုင်းမှာ ပိုလန်နိုင်ငံရဲ့ ၀န်ကြီးချူပ်တစ်ဦး ဖြစ်လာတယ်။ သူဟာ တကယ် ကြီးမြတ်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ပထမကမ္ဘာစစ်ကြီး စဖြစ်တော့ ပိုလန်ဟာ ဖျက်ဆီးခံလိုက်ရပြီး သူ့ရဲ့တိုင်းပြည်ထဲမှာ လူတစ်သန်းခွဲကျော်လောက် ဆာလောင်မွတ်သိပ်နေကြတယ်။
သူတို့ကို ကျွေးဖို့ ပိုက်ဆံလည်း မရှိဘူး။ Paderewski ဟာ သူ့လူတွေအတွက် အကူအညီရဖို့ ဘယ်သူ့ဆီသွားရမှန်းမသိဘူး။ နောက်ဆုံးတော့ အမေရိက က အစားအသောက်နဲ့ ကယ်ဆယ်ရေး (US Food and Relief Administration) ဆီ ရောက်သွားတယ်။
အဲဒီက အကြီးအကဲရဲ့ နာမည်က Herbert Hoover လို့ခေါ်ပါတယ်။ သူက ကူညီဖို့ ချက်ချင်းပဲ သဘောတူပြီး ငတ်မွတ်ဆာလောင်နေတဲ့ ပိုလန်နိုင်ငံသားတွေ စားဖို့ အစားအသောက် တန်ပေါင်းများစွာကို ချက်ချင်းပဲ ပို့ပေးလိုက်ပါတယ်။
ဘေးဒုက္ခကြီးဟာ ရှောင်လွှဲလိုက်နိုင်ပြီး Paderewski ဟာ အသက်ရှုပေါက်ရသွားပါတယ်။ သူဟာ ဟူးဗား ကို လူချင်းတွေ့ ကျေးဇူးတင်ကြောင်းသွားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ Paderewski က ဟူးဗားကို သူ့ရဲ့ မြင့်မြတ်တဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း စပြောလိုက်တာနဲ့ပဲ ဟူးဗားက ကမန်းကတန်း စကားဖြတ်ပြောလိုက်တယ်။
“ ကျွန်တော့်ကို ကျေးဇူးမတင်ပါနဲ့ ၀န်ကြီးချူပ်ခင်ဗျား။ သင်ဟာ ကျွန်တော့်ကို မှတ်မိချင်မှ မှတ်မိမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သင်ဟာ ကောလိပ်ကျောင်းသားလေးနှစ်ယောက်က
Herbert Hoover ဟာ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ၃၁ ယောက်မြောက်သမ္မတ ဖြစ်လာပါတယ်။
ကမ္ဘာကြီးဟာ အံသြစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ထွက်သွားတဲ့အရာတွေဟာ ပြန်ရောက်လာတာပါပဲ။
မေတ္တာဖြင့် … မနိုး (၁.၅.၂၀၁၃)
Source: http://academictips.org/blogs

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။