Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 21, 2013

ကနုဟန်ဆွန် (သို့) အသရေပျက်ခဲ့ရသော စာပေနိုဘယ်လ်ဆုရှင်

 
Burma-Newselite
ကနုဟန်ဆွန် (သို့) အသရေပျက်ခဲ့ရသော စာပေနိုဘယ်လ်ဆုရှင်

ကနုဟန်ဆွန်ဆိုတာ နော်ဝေးလူမျိုး၊ ကမ္ဘာကျော်စာပေ ပညာရှင်ကြီး
ဖြစ်တယ်။ စာပေနိုဘယ်လ်ဆုကို၁၉၂၀ခုနှစ်က ရခဲ့တယ်။ ဒီနေ့ ဆော်ရီယာယ်လစ်ဇင် ၀ါဒ၊ ရိုမန်တစ် စာပေသစ်တို့ရဲ့
ခေါင်းကိုင်ဖခင်ကြီးလို့လည်း အသိအမှတ်ပြုထားတယ်။ ကမ္ဘာကျော် စာရေးဆရာကြီးတွေဖြစ်ကြတဲ့ ဟင်နရီမေလာ၊ မက္ကဇင်ဂေါ်ဂီ၊ အားနက်စ်ဟဲမင်းဝေး စတဲ့ကမ္ဘာကျော်ပုဂိုလ်ကြီးများဟာ ဟန်ဆွန်ရဲ့
နောက်လိုက်တွေ လို့ဆိုကြတယ်။ သူတို့ကိုယ်တိုင်လည်းထုတ်ဖော် ၀န်ခံခဲ့ဖူးတယ်။ ဟဲမင်းဝေးက “ ကနုဟန်ဆွန်က ကျနော့်ကို စာရေးဖို့ သင်ပေးခဲ့တာပါ” လို့ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်။

အမှန်တော့ ကျနော် သူ့အကြောင်းလဲ မကြားဘူးဖူး၊သူ့စာလည်း မဖတ်ဘူးဖူး။ နော်ဝေးစာပေဆိုင်ရာ သင်ခန်းစာတခု ကျောင်းမှာသင်တော့ “ဗစ်တိုးရီးယား” ဆိုတဲ့ ရုပ်ရှင်ကားတကားပြတယ်။ အဲဒီကားရဲ့ မူရင်းစာရေးဆရာဟန်ဆွန်ရဲ့ အကြောင်း စာတမ်းငယ်ရေးခိုင်းလို့ လိုက်လံရှာဖွေရာက အင်မတန်ကြီးကျယ်တဲ့ ပုဂိုလ်ကြီးတဦးအဖြစ်တွေ့ခဲ့ရပြီး သူ့ဘ၀ကလည်း စိတ်ဝင်စားစရာကောင်းလို့ မိတ်ဆွေများကို
ပြန်ဖောက်သည် ချတဲ့အနေနဲ့ရေးတာပါ။

သူဟာ ၀တ္တုရှည်ကြီးပေါင်း ၂၀၊ ၀တ္တုတိုတွေ၊ ကဗျာပေါင်းချုပ်နဲ့၊ ခရီးသွားဆောင်းပါး၊သတင်းစာခေါင်းကြီး၊ပြဇာတ် စတဲ့ စာပေမျိုးစုံကိုလည်းရေးတယ်။ ပြီးတော့ အဲဒီခေတ်က ဘယ်သူမှမရေးသေးတဲ့သရုပ်မှန်တို့၊ ရိုမန်တစ်တို့ စတဲ့စာ ပေသစ်တွေကို ရေးခဲ့သူဖြစ်တော့ ကျမ်းတစောင်ပေတဖွဲ့ရေးရမဲ့သူပါ။ကျနော်ကတော့ သူ့ဘ၀ ကောက်ကြောင်းလောက်ပဲပြောပြတဲ့သဘောပါ။

ငယ်ဘဝ

ဟန်ဆွန်ကို နော်ဝေးအလယ်ပိုင်း Lom (လွမ်) ဆိုတဲ့မြို့မှာ ၁၈၅၉ ခုနှစ် သြဂုတ်၎ရက်မှာမွေးတယ်။ ဆင်းရဲတဲ့ မိသားစုကပေါက်ဖွားလာပြီး ၃နှစ်သားအရွယ်မှာ နော်ဝေးမြောက်ပိုင်းဟာမာရွိုင်းမြို့ကို ပြောင်းရွှေ့အခြေချခဲ့တယ်။ သူ့ဦးလေး အိုလ်ဆင်(Olsen)က နည်းနည်းအဆင်ပြေတော့ သူ့လယ်မြေမှာ မိသားစုလုပ်ကိုင်စားသောက်တယ်။ ဟန်ဆွန် ၉ နှစ်သားမှာ သူ့ရဲ့အကူအညီလိုတာကြောင့်ဦးလေးကမွေးစားတယ်။ ကျောင်းမသွားရတော့ဖူး။ ဟန်ဆွန့် စာသင်ရက်စုစုပေါင်း( ၂၅၂) ရက်ပဲရှိတယ်။

စည်းကမ်းတင်းကြပ်တဲ့ ဘာသာရေးတယူသန် ဦးလေးက သူ့ကို ရိုက်နှက် ဆုံးမလေ့ရှိသလိုထမင်းအငတ်ထား ဒါဏ်ပေးလေ့ရှိတယ်။ သူ့ရဲ့ အလွန်နာမည်ကြီးတဲ့ မွတ်သိပ်မှု( Hunger) မူရင်း (Sult) ၀တ္တုမှာ ငတ်မွတ်လွန်းလို့ ရူးမလောက်ခံစားရတဲ့ လူငယ်တယောက်ရဲ့ ခံစားချက်တွေကို ရေးထားပြီး ဦးလေးဆိုတဲ့ အသံကြားတာနဲ့ တုန်လှုပ်ခြောက်ခြားရတယ်လို့ဝတ္တုရဲ့ဇာတ်ကောင်က ပြောခဲ့တယ်။

သူအသက်၁၄နှစ်(၁၈၇၄) မှာ ဦးလေးအိမ်ကနေ မွေးဇာတိ Lom မြို့ကိုထွက်ပြေးတယ်။ ဖိနပ်တိုက်၊ကုန်စိမ်းရောင်း၊ ရဲအကူ၊ လက်ထောက်ကျောင်းဆရာ စတဲ့အလုပ်နဲ့ ကြုံရာကျဘမ်းလုပ်ခဲ့တယ်။

၁၈၇၇ခု သူအသက် ၁၇နှစ်သားမှာ စာစရေးတယ်။ စီးပွားရေးသမား အားရပ်စ်မူဇားလ်(Erasmus Zahl)ရဲ့ အကူအညီနဲ့ စာအုပ်တွေထုတ် နိုင်ခဲ့တယ်။ သူပထမဆုံးရေးတဲ့ The Enigmatic မူရင်း( Den Gaadefulde) နော်ဝေးမြောက်ပိုင်းချစ်ပုံပြင်က မအောင်မြင်ပေမဲ့ ၁၈၉၀ မှာထုတ်တဲ့ Hunger ကတော့ လူအများရဲ့ အသိအမှတ်ပြုခံရတယ်။

အဲဒီကာလက နော်ဝေးနိုင်ငံဟာ အင်မတန်ဆင်းရဲပြီး နိုင်ငံသား ၆သိန်းလောက် အမေရိကားမှာသွားရောက် အလုပ်လုပ်ကိုင် အခြေချခဲ့တယ်။ အဲဒီထဲမှာ ဟန်ဆွန်ပါတယ်။ သူက ၂ကြိမ်လောက်သွားခဲ့တယ်။အကြီးအကျယ်ဖျားလို့ နော်ဝေးမှာပြန်သေမယ်ဆိုပြီးပြန်လာတယ်။ မသေလို့ နောက်တခါ အမေရိကားသွားပြန်တယ်။ဟိုမှာ အောက်ခြေသိမ်းအလုပ် အကုန်လုပ်တယ်။ နောက်တော့ ဥရောပပြန်လာပြီး ဒိန်းမတ်မြို့တော်ကိုပင်ဟေဂင်မှာ ပြောင်းရွေ့အလုပ်လုပ်တယ်။ နောက်ပိုင်းသူရေးတဲ့စာအုပ်တွေအောင်မြင်ပြီးစာပေနဲ့သာ အသက်မွေးတော့တယ်။ ၁၉၂၀ မှာတော့ စာပေဆိုင်ရာ နိုဘယ်လ်ဆု ကို ရရှိခဲ့တယ်။


နိုင်ငံရေးအမြင်နဲ့ ရပ်တည်မှု

စာပေလောကမှာ ဘုရားတဆူလို သြဇာကြီးမားလာတဲ့ ဟန်ဆွန်ဟာ သူ့ရဲ့ နိုင်ငံရေးအယူဝါဒနဲ့ နိုင်ငံရေးရပ်တည်ချက်ကတော့ အတော်လေးထွေပြားတယ်လို့ဆိုရမယ်။ဘ၀ရပ်တည်ရေးအတွက် အမေရိကားသွားပြီးနောက် သူဟာ Anarchist (မင်းမဲ့ဝါဒ) တဦးဖြစ်သွားခဲ့တယ်။အဲဒီမှာနေတုံး ဗြိတိလျှတွေရဲ့ တောင်အာဖရိကမှာဆင်နွှဲခဲ့တဲ့ ဘိုးဝါးစစ်ပွဲအကြောင်း သိခွင့်ရပြီးဗြိတိလျှနယ်ချဲ့ ကိုလိုနီဝါဒကို ရွံမုန်းသွားတယ်။ ဒီမိုကရေစီကိုလည်းမကြိုက်ပြန်ဘူး။နောက်ပိုင်းမှာ ကွန်ဆာဗေးတစ်တဦးဖြစ်သွားပြန်တယ်။

သူဟာ စက်မှုတော်လှန်ရေးကိုလည်း ဆန့်ကျင်ခဲ့သူပါ။ စက်မှုတော်လှန်ရေးကြောင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်ဆီးစေလိမ့်မယ်လို့ ကြိုတင်ပြောခဲ့သူပါ။ လူသားဟာမိခင်ကမ္ဘာမြေကြီးနဲ့ ယှဉ်တွဲပြီး သဘာဝနည်းလမ်းနဲ့ အသက်ရှင်နေထိုင်နိုင်တယ်လို့ယုံကြည်ခဲ့သူပါ။

သူက ဗြတိလျှတို့ရဲ့ နယ်ချဲ့ဝါဒဟာလူမျိုးငယ်တွေ၊ နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်ဗိုလ်ကျတဲ့ဝါဒဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ခံယူခဲ့တယ်။ဒါကြောင့် ပထမကမ္ဘာစစ်ဖြစ်တော့ ဂျာမန်တွေကို ထောက်ခံအားပေးခဲ့တယ်။ တပြိုင်နက်တည်းမှာပဲသူဟာ ကွန်မြူနစ် ရုရှားကိုလည်း မုန်းတီးခဲ့သူလို့ဆိုပါတယ်။ နောက်ပိုင်းမှာ သူဟာ ဖခင်ကြီးစိုးရေးဝါဒ(Patriach) ကို ပြောင်းလဲယုံကြည်လာခဲ့တယ်လို့ဆိုတယ်။

၁၉၃၀၀န်းကျင်မှာ နော်ဝေးလင်္ကျာနိုင်ငံရေးပါတီတွေနဲ့သတင်းစာတွေက ဥရောပ ဖက်ဆစ်ဝါဒကိုထောက်ခံအားပေးခဲ့တယ်။ အဲဒီမှာ ဟန်ဆွန်က အကဲဆုံး။

၁၉၄၀မှာ ဒုတိယကမ္ဘာစစ်က နော်ဝေးကိုရောက်လာတယ်။ နော်ဝေးမျိုးချစ်လူငယ်တွေက ဂျာမန်တွေကိုစတင်ပုန်ကန်တယ်။ ဗြတိလျှတွေဆီမှာ သင်တန်းတက်ပြီး နော်ဝေးမှာ ဂျာမန်တွေကို ဗုံးခွဲ တိုက်ခိုက်တာ၊သတင်းတွေစုပြီး မဟာမိတ်ဗြိတိလျှဆီပို့တာတွေလုပ်တယ်။ ဂျာမန်တွေကလည်း တော်လှန်သူတွေကိုရက်ရက်စက်စက်နှိပ်ကွပ်တယ်။

ဟန်ဆွန်ကတော့ ဂျာမန်တွေမလာခင်ကတည်းကထောက်ခံနေသူဆိုတော့ ဂျာမန်တွေဝင်တာနဲ့ နော်ဝေးပြည်သူတွေ မခုခံကြဖို့၊ ဂျာမန်နဲ့ အပြည့်အ၀ပူးပေါင်းဖို့၊ နယ်ချဲ့ဗြိတိလျှ ဗိုလ်ကျမှုအဆုံးသပ်ပြီး နိုင်ငံတိုင်းချစ်ကြည်ငြိမ်းချမ်းမှုကိုဦးဆောင်သွားမဲ့ ဂျာမန်တွေကို ထောက်ခံကြဖို့ လှို့ဆော်စည်းရုံးပေးတယ်။

ဂျာမဏီဖက်ဆစ်ဒါဏ်ကို ခါးဆီးခံနေရတဲ့နော်ဝေးပြည်သူတွေဟာ သူတို့ချစ်ခင်တဲ့ စာပေနိုဘယ်လ်ဆုရှင်ကြီးကို ဒေါသအကြီးအကျယ်ပေါက်ကွဲတယ်။လူငယ်တွေဟာ သူ့စာအုပ်တွေကို လမ်းမပေါ်မီးရှို့ပွဲတွေလုပ်ပြီး သူ့အတွေးအခေါ်နဲ့ ရပ်တည်ချက်ကိုဆန့်ကျင်ကြတယ်။

အသက်၈၀အရွယ် ဟန်ဆွန်ဟာ ဂျာမန်တွေခိုင်းလို့ဝါဒဖြန့်နေတာမဟုတ်ပါဘူး။ဘယ်လောက်ထိ ရေလိုက်လွဲသွားလဲဆို သူ့ရဲ့စာပေနိုဘယ်လ်ဆုတံဆိပ်ကြီးကိုတောင် နာဇီပါတီကိုလှုဒါန်းလိုက်ပါတယ်။အဓိပတိကြီး ဟစ်တလာနဲ့လည်းတွေ့ဆုံလိုက်သေးတယ်။ဂျာမန်တွေကတော့ သူဟာ မိမိတို့ရဲ့ ကြီးမြတ်တဲ့မဟာမိတ်ဆွေကြီး လို့ ကောင်းချီးပေးခဲ့တယ်။ သူဟာ ဟစ်တလာနဲ့ တွေ့တဲ့အခါ အကျဉ်းကျနေတဲ့နော်ဝေးမျိုးချစ်တော်လှန်ရေးသမားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဓိပတိကြီးကသူ့ကို နိုင်ငံရေးဆွေးနွေးခွင့်မပေးပါဘူး။ သူတို့ ၀ါဒဖြန့်ချိရေးအတွက်သာ အသုံးချခဲ့တယ်။

တရားခွင်မှာ

ဒုတိယကမ္ဘာစစ်ကြီးပြီးတော့၁၉၄၇မှာ နော်ဝေးအစိုးရက စစ်ကြီးအတွင်း ဂျာမန်တွေကို ကူညီပံ့ပိုးခဲ့သူများအပေါ် ရုံးတင်တရားစွဲပါတယ်။ အဲဒီအချိန်မှာ ဟန်ဆွန်ဟာ တရားရုံးတောင် မတက်နိုင်တော့တဲ့ ဇရာအိုကြီးဖြစ်နေပါပြီ။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကြောင့်လည်း ထောင်မချနိုင်ခဲ့ဘူး။ (သူမသေခင် သူ့အတ္ထပ္ပတ္တိကိုရေးသွားနိုင်ခဲ့လို့စိတ်ဝေဒနာ မရှိဖူးလို့လည်းပြောကြပါတယ်) ဒါပေမဲ့ နော်ဝေးနိုင်ငံနစ်နာစေခဲ့မှု အတွက် နော်ဝေးခရိုနာ၃သိန်း ၂သောင်း ၅ထောင် လျှော်ကြေးပေးရပါတယ်။

နော်ဝေးမှာ ကနုဟန်ဆွန် အပါအ၀င်သူနဲ့ပတ်သက်တဲ့ စာကြည့်တိုက်တွေ ပန်းခြံတွေကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ထိုက်တန်တဲ့ချီးမြှောက် လွမ်းဆွတ် တမ်းတမှုတွေတော့မရတော့ဘူး။ သူဟာ ၁၉၅၂ ဖေဖ၀ါရီ ၁၉မှာ သူ့ရဲ့ နော်ဝေးတောင်ပိုင်း နော်လ်ဟုမ်း အိမ်တော်မှာကွယ်လွန်ခဲ့တယ်။ နှစ်ပေါင်း ၇၀ ကျော်စာရေးခဲ့တဲ့ ကမ္ဘာကျော် စာပေ နိုဘယ်လ်ဆုရှင်ကြီးကနုဟန်ဆွန်ရဲ့ ဘ၀နေ၀င်ချိန်ဟာ ခြောက်သွေ့ ညှိုးငယ်လွန်းပါတယ်။

အောင်စံအေး

၂၂၊ မေလ ၂၀၁၃

ကိုးကား..wikipedia,sult(Hunger)

Brodre I krig (Film)

Victoria (film)

Knut Hamsun senter.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။