ဒီနေ့~~~~~။
တစ်ခါက ဆေးကျောင်းသားလေးတစ်ယောက်ဟာ အင်မတန်စိတ်ညစ်နေတယ်။
သူဟာ လာမည့် စာမေးပွဲကို ကြောက်နေတယ်။
ဒီစာမေးပွဲဟာ သူ့ကို အဆုံးအဖြတ်ပေးမှာကိုး။
စာမေးပွဲကျမှာစိုးတယ်။
နောက်တော့~~~~
သူဟာ ဆေးပညာပါရဂူကြီးဖြစ်လာတယ်။
သူ့ရဲ့နာမည်က ဆာဝီလျံအော့စလာ ဖြစ်တယ်။
သူ့ကို အင်္ဂလန်ဘုရင်ကြီးက သူရဲကောင်းဘွဲ့ပေးခဲ့တာဖြစ်ပါတယ်။
တစ်ခါက ဆေးကျောင်းသားလေးတစ်ယောက်ဟာ အင်မတန်စိတ်ညစ်နေတယ်။
သူဟာ လာမည့် စာမေးပွဲကို ကြောက်နေတယ်။
ဒီစာမေးပွဲဟာ သူ့ကို အဆုံးအဖြတ်ပေးမှာကိုး။
စာမေးပွဲကျမှာစိုးတယ်။
နောက်တော့~~~~
သူဟာ ဆေးပညာပါရဂူကြီးဖြစ်လာတယ်။
သူ့ရဲ့နာမည်က ဆာဝီလျံအော့စလာ ဖြစ်တယ်။
သူ့ကို အင်္ဂလန်ဘုရင်ကြီးက သူရဲကောင်းဘွဲ့ပေးခဲ့တာဖြစ်ပါတယ
နှစ်ပေါင်း(၄၂)နှစ်ကြာ နွေဦးရဲ့ ညချမ်းတစ်ခုမှာ ဆာဝီလျံအော့စလာဟာ Yale University မြက်ခင်းပြင်မှာ သူ့ရဲ့ကျောင်းသားတွေကို မိန့်ခွန်းတစ်ခုပြောကြားခဲ့တယ်။
“ကျွန်တော် ဒီလိုအောင်မြင်ခဲ့တာဟာ တစ်နေ့တာအတွက် အလုံပိတ်အခန်း(day- tight compartments) မှာ နေခဲ့လို့ပါပဲ။ တစ်နေ့တာ အလုံပိတ်အခန်းဆိုတာဘာလဲ။ မကြာသေးမီက ကျွန်တော် ပင်လယ်ခရီးသွားခဲ့ရတယ်။ သင်္ဘောရဲ့စနစ်ကို ကျွန်တော်သိခဲ့ရတယ်။ သင်္ဘောအောက်ခြေမှာ စက်ခန်းတွေရှိတယ်။ ဒီအခန်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နေပေမယ့် တစ်စုံတစ်ရာဖြစ်လာရင် ပိတ်ပစ်လိုက်လို့ရတယ်။ သူတို့ဟာ ရေလုံတဲ့အခန်း (water-tight compartments)တွေပါပဲ။ အဲဒီစနစ်ဟာ သင်္ဘောကို မနစ်မြုပ်ဖို့ကယ်တင်တဲ့စနစ်ပါပဲ ။
“မင်းတို့ကျောင်းသားတွေဟာ ခရီးရှည်သွားရမယ့်သူတွေပါ။ မိမိရဲ့တိုးတက်ရာတိုးတက်ကြောင်း ကို ရှာချင်တယ်ဆိုရင် day-tight compartments မှာသာ နေပါ။ မနေ့ကဆိုတာမရှိဘူး။ မနေ့က ဆိုတာပြီးသွားပြီ။ မနက်ဖြန်ဆိုတာ မရှိဘူး။ မနက်ဖြန်ရဲ့အခန်းတွေလည်း ခလုတ်မဖွင့်ပါနဲ့။ တံခါးကိုလုံလုံပိတ်ထား။”
ဒီတော့ ဒီနေ့အတွက်သာ ဆုတောင်းရပါမယ်။
Thomas Carlye က ဒီလို ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ အဓိကလုပ်ရမယ့်အလုပ်ကတော့
အဝေးမှာ မှုန်ဝါးဝါး ဖြစ်နေတာကို ကြည့်ဖို့မဟုတ်ပါဘူး။
မိမိဆီကိုရောက်နေတဲ့ အနီးမှာရှိတာတွေ လုပ်ဖို့ပါပဲ။ ”
ဒါကြောင့် ဒီနေ့မှာ ပျော်ပါ။
ဒီနေ့ လုပ်စရာ ရှိတာသာ အကောင်းဆုံးစပါ။
ဒါဆို မနက်ဖြန်ဆိုတာလည်း လှပြီးသားဖြစ်မှာပါ။
လုပ်စရာတွေများနေလား။
ဒါဆို ဒီနေ့ကနေ တစ်ခုခုစလုပ်လိုက်ပါတော့....... .....။ ။
Credti: Dr. Khin Maung Nyo, Think Big
KZL
“ကျွန်တော် ဒီလိုအောင်မြင်ခဲ့တာဟာ တစ်နေ့တာအတွက် အလုံပိတ်အခန်း(day- tight compartments) မှာ နေခဲ့လို့ပါပဲ။ တစ်နေ့တာ အလုံပိတ်အခန်းဆိုတာဘာလဲ။ မကြာသေးမီက ကျွန်တော် ပင်လယ်ခရီးသွားခဲ့ရတယ်။ သင်္ဘောရဲ့စနစ်ကို ကျွန်တော်သိခဲ့ရတယ်။ သင်္ဘောအောက်ခြေမှာ စက်ခန်းတွေရှိတယ်။ ဒီအခန်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နေပေမယ့် တစ်စုံတစ်ရာဖြစ်လာရင် ပိတ်ပစ်လိုက်လို့ရတယ်။ သူတို့ဟာ ရေလုံတဲ့အခန်း (water-tight compartments)တွေပါပဲ။ အဲဒီစနစ်ဟာ သင်္ဘောကို မနစ်မြုပ်ဖို့ကယ်တင်တဲ့စနစ်ပါပဲ
“မင်းတို့ကျောင်းသားတွေဟာ ခရီးရှည်သွားရမယ့်သူတွေပါ။ မိမိရဲ့တိုးတက်ရာတိုးတက်ကြောင်း
ဒီတော့ ဒီနေ့အတွက်သာ ဆုတောင်းရပါမယ်။
Thomas Carlye က ဒီလို ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ အဓိကလုပ်ရမယ့်အလုပ်ကတော့
အဝေးမှာ မှုန်ဝါးဝါး ဖြစ်နေတာကို ကြည့်ဖို့မဟုတ်ပါဘူး။
မိမိဆီကိုရောက်နေတဲ့ အနီးမှာရှိတာတွေ လုပ်ဖို့ပါပဲ။ ”
ဒါကြောင့် ဒီနေ့မှာ ပျော်ပါ။
ဒီနေ့ လုပ်စရာ ရှိတာသာ အကောင်းဆုံးစပါ။
ဒါဆို မနက်ဖြန်ဆိုတာလည်း လှပြီးသားဖြစ်မှာပါ။
လုပ်စရာတွေများနေလား။
ဒါဆို ဒီနေ့ကနေ တစ်ခုခုစလုပ်လိုက်ပါတော့.......
Credti: Dr. Khin Maung Nyo, Think Big
KZL
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။