Thuyaaung Thuyaaung Thuyaaung
တရုတ်နိုင်ငံထုတ် Condom များတွင် လုံခြုံမှုမရှိသော ထုတ်လုပ်မှု အပြစ်များတွေ့ရှိ
တရုတ်နိုင်ငံမှ ထုတ်လုပ်ပြီး ဂါနာနိုင်ငံသို့ တင်ပို့ခဲ့သော Condom များမှာ အလွယ်တကူပေါက်ထွက်နိုင်ခြင်း၊ ချောဆီအလုံအလောက် ပါဝင်မှုမရှိခြင်း၊ အပေါက်ငယ်များပါခြင်း (သာမန်မျာက်စိဖြင့် မမြင်နိုင်ပဲ Microscope ဖြင့်ကြည့်မှသာ မြင်နိုင်ပါတယ်) တို့ကြောင့် လုံခြံမှုမရှိကြောင်း Food and Drugs Authority (FDA) မှ ဓါတ်ခွဲစမ်းသပ်ပြီး တရားဝင် ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
အာဖရိက Ghana မှာ ဓါတ်ခွဲစမ်းသပ်ပြီး ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါ ကွန်ဒုံးများကို ဂါနာနိုင်ငံ HIV, AIDS တိုက်ဖျက်ရေးကျန်းမာရေး ဌာနတွေကနေ Free ပေးဝေခဲ့တာဖြစ်ပါတယ်။
အဲဒီ ကွန်ဒုံးပါကင်အရောင်ဟာ ငွေရောင်ကာဗြာ...ဖစ်ပြီး အဲဒီကာဗာပေါ်မှာ အနီရောင်စာလုံးနဲ့ 'Be Safe ' ဆိုသည့် စာလုံးကို ရိုက်နှိပ်ထား ပါတယ်။

လုံခြုံမှုမရှိတဲ့ ကွန်ဒုံး သန်း ၂၀၀လောက် အဲဒီနိုင်ငံမှာ ဖြန့်ဝေပြီးဖြစ်ပါတယ်။
အဲဒီကွန်ဒုံးတွေဟာ ၂၀၁၂ ဒီဇင်ဘာနောက်ဆုံးပါတ်လောက်ကထဲက တရုတ်နိုင်ငံက တင်ပို့ခဲ့တာဖြစ်ပါတယ်။
ဂါနာနိုင်ငံမှာ လူဦးရေ နှစ်သိန်းသုံးသောင်းလောက်ဟာ HIV ကူးစက်ခံထားရတယ်လို့ ခန့်မှန်းထားပါတယ်။
BBC News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။