Wai Yan De Mo
ဂျပန်ခရီးစဉ် အမှတ်တရများ (၂)
ဒီဓာတ်ပုံဘေးက အနီနဲ့ ဝိုင်းထားတဲ့ နေရာကတော့ ဂျပန်အမျိုးသမီးတယောက် အမေစုကို သူကိုယ်တိုင် လုပ်လာတဲ့ Home Made မုန့်ကို ဝင်ပေးဖို့ လုပ်တဲ့ အချိန်မှာ လြုံခုံရေးတွေ တားမြစ်ခြင်းခံခဲ့ရတာပါ..။
လူထုခေါင်းဆောင် ကျိုတို တက္ကသိုလ်မှာ ဟောပြောပွဲလုပ်စဉ်က အပြင်ဘက်မှာ အင်မတန်မှ အင်မတန်မှ လုံခြုံရေးတွေ တင်းကြပ်ပါတယ်..။ ကျွန်တော်နဲ့ DVBက ကိုဇော်ဇော်လှိုင် ရောက်သွားကြချိန်မှာ လူအုပ်ကြီးက ကျောင်းရှေ့မှာ အပြည့်ပေါ့.။ မြန်မာဆိုလို့ ကျောင်းရှေ့မှာ ကျွန်တော်တို့ ၂ဦးပဲ ရှိပါတယ်.. ဂျပန် Special Police တချို့နောက်ယောင်ခံ လိုက်တာ ခံလိုက်ရသေးတယ်..။ ကျွန်တော်တို့ အဝင်ဝနားရောက်တော့ ဘေးက ဂျပန်အမျိုးသမီးက မြန်မာမှန်းလည်း သိရော သူအိမ်က... ကိုယ်တိုင်လုပ်လာတဲ့ မုန့်လေးကို ထုတ်ကျွေးရှာတယ်..။.

ခဏနေအမေစု လည်းထွက်လာရော အခြားဘက်အခြမ်းရောက်နေတဲ့အတွက် အမေစုဆိုပြီး ကျွန်တော်တို့ ၂ဦးအော်ပါလေရော..။ ဒီအချိန်မှာ ဘေးက ဂျပန်တွေက ဒီဘက်ကိုလာအောင် ခေါ်ပေးပါဆိုပြီး ကျွန်တော်တို့ အော်သလို ဘုမသိဘမသိ အမေစုဆိုပြီး မပီကလာနဲ့ အော်ကြရှာတယ်..။ နောက်ဆုံး ဒီဘက်အခြမ်းကို လာရောက်ဖို့ အချိန်မရှိတော့တဲ့ အချိန်မှာ ဘေးက ဂျပန်အမျိုးသမီးဟာ လုံခြုံရေး တန်းထားတွေကို ကျော်ဝင်ပြီး သူ့မုန့်ထုတ်လေးကို သွားပေးဖို့ လုပ်တဲ့အချိန်မှာ လုံခြုံရေးတွေရဲ့ တားဆီးခြင်းကို ခံလိုက်ရရှာတာကို စိတ်မကောင်းစွာတွေ့လိုက်ရပြီး ပေးခွင့်လည်း မကြုံလိုက်ရရှာပါဘူး။
ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဂျပန်အမျိုးသမီးတချို့လိုက်လာပြီး အမေစုဆိုတာ ဘာအဓိပ္ပါယ်လဲလို့ လိုက်မေးကြပါတယ်..။ ကျွန်တော်တို့ နိုင်ငံရဲ့'Democracy" Mother Suuလို့ ပြန်ဖြေလိုက်ရတယ်..။
ဂျပန်မှာ ကျွန်တော်တို့ ခေါင်းဆောင်ကို ပိုသိကြကြောင်း ရန်ကုန်က အမေစုနဲ့ လိုက်လာတဲ့ ကိုဘန်နီကပြောပြလေရဲ့..
ဂျပန်လူမျိုးတွေ ကိုယ့်ခေါင်းဆောင်ကို လူကြီးလူငယ် မရွေး အင်မတန်မှ တန်ဖိုးထားကြတာ မြင်ရတော့ ဝမ်းမြောက်ဂုဏ်ယူ ဖြစ်ရပါတယ်..။
ဒီမိုဝေယံ
ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဂျပန်အမျိုးသမီးတချို့လိုက်လာပြ
ဂျပန်မှာ ကျွန်တော်တို့ ခေါင်းဆောင်ကို ပိုသိကြကြောင်း ရန်ကုန်က အမေစုနဲ့ လိုက်လာတဲ့ ကိုဘန်နီကပြောပြလေရဲ့..
ဂျပန်လူမျိုးတွေ ကိုယ့်ခေါင်းဆောင်ကို လူကြီးလူငယ် မရွေး အင်မတန်မှ တန်ဖိုးထားကြတာ မြင်ရတော့ ဝမ်းမြောက်ဂုဏ်ယူ ဖြစ်ရပါတယ်..။
ဒီမိုဝေယံ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။