Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 20, 2013

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနှင့် ပတ်သက်ပြီး လက်ကျန် သံသယ တရားခံဖြစ်သူကို ရဲများက ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network
ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနှင့် ပတ်သက်ပြီး လက်ကျန် သံသယ တရားခံဖြစ်သူကို ရဲများက ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

အသက်(၁၉)နှစ်ရှိ ဇိုခါဆာနေ့ဗ်အား ဝါးတားတောင်းတွင် တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက် ရှာဖွေနေသည့် ရဲများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် နေအိမ်တစ်အိမ် နောက်ဘက်တွင် ရှိနေသော လှေတစ်စင်းအတွင်း ပုန်းအောင်းနေရာမှ ထွက်ပေါက်မရှိအောင် ပိတ်ဆို့ခံရပြီးနောက် ရဲတပ်ဖွဲ့လက်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဆာနေ့ဗ်သည် သွေးအလူးလူးနှင့် ဒဏ်ရာရထားသည့်နောက် ဘော်စတွန်ရှိ ဆေးရုံတစ်ခုသို့ အလျင်အမြန် တင်ပို့ခဲ့ရသည်။ စနေနေ့တွင် ဘာ့သ်အစ္စရေး သာသနာပြု ဆေးရုံမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကယ်လီလောမန်းက ဆာနေ့ဗ်သည် ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း အတည်ပြုခဲ့သော်လည်း FBIက အသေးစိတ် အချက်အလက်များကို မကြေညာခဲ့ဟု ပြောဆိုခဲ့သည်။

ဘော်စတွန် အနီးရှိ ဝါးတားတောင်းတွင် ဖမ်းဆီးရမိသော ဆယ်ကျော်သက် သံသယ တရားခံသည် သောကြာနေ့က ဖမ်းဆီးရန် အားထုတ်မှုတွင် ခြေလျင် လွတ်မြောက်သွားခဲ့သည်။ ထိုစဉ်ကတည်းက ၎င်းသည် ဒဏ်ရာရထားဟန် ရှိနေကြောင်း ရဲများက ယူဆထားသည်။ ၎င်းနှင့် ယခုအခါ အသေဖမ်းမိထားပြီဖြစ်သော အစ်ကိုတို့သည် ဘော်စတွန် မာရသွန်ပြိုင်ပွဲ ပန်းတိုင်အနီးတွင် ဗုံးခွဲမှုကြောင့် လူ(၃)ဦး သေဆုံးကာ (၁၈၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ဆာနေ့ဗ်သည် ဖမ်းဆီးရမိချိန်တွင် လည်ပင်းနှင့် ခြေထောက်တို့၌ ပြင်းထန်သော သေနတ်ဒဏ်ရာများ ရရှိထားကြောင်းလည်း သိရှိရသည်။

ရဲများသည် အသုံးမပြုသော လှေအနီး သွေးကွက်များကို မသင်္ကာသူ တစ်ဦးက သတင်းပေးရာမှ ၎င်းကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အင်တိုက်အားတိုက် လူဖမ်းပွဲ မတိုင်မီ ဒေသခံများကို ရဲများက နေအိမ်အတွင်း အလုံပိတ်နေရန် ဦးစွာ တိုက်တွန်းထားခဲ့သည်။ ဒေသခံ တစ်ဦးဖြစ်သော ဒေးဗစ် ဟန်နာဘယ်ရီက အိမ်နောက်ဘက် လှေအနီးတွင် သွေးကွက်များ တွေ့ထားကြောင်း ဖုန်းဆက် အသိပေးသည့်နောက် ဗုံးရှင်းလင်းရေး ဗန်ကားများနှင့် ရဲအထူးတပ်ဖွဲ့များ ယင်းနေရာကို ဝန်းရံထားခဲ့ကြသည်။ ရဟတ်ယာဉ်များကလည်း ကောင်းကင်ယံတွင် ပျံဝဲကာ ယင်းဧရိယာကို စောင့်ကြည့်နေခဲ့သည်။ အကြောင်းကြားသော ဒေသခံသည် လှေပေါ် လွှမ်းထားသော အဝတ်ကို ဖယ်ရှားရန် လုပ်ဆောင်ရင်း ဒဏ်ရာရထားသူ တစ်ဦးကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် ဆာနေ့ဗ်ကို ဝင်မဖမ်းမီ မျက်လုံးပြာဝေစေသော အလင်းဗုံးများ ပစ်သွင်းကာ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်အောင် ကာကွယ်ခဲ့သေးသည်။ ရဲများက တစ်နာရီမျှ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီးမှ တရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်းဟုလည်း ပြောကြားခဲ့သည်။ ဆာနေ့ဗ်ကို ရဲများက ဖမ်းခေါ်လာချိန်တွင် အနီးအနားမှ မျက်မြင်တွေ့ရှိသူများက ကောင်းချီးပေး အော်ဟစ်ခဲ့ကြသည်။ ရဲများက ဝါးတားတောင်းတွင် တစ်အိမ်တက်ဆင်း လိုက်လံ ရှာဖွေသော်လည်း အဆိုပါ နေအိမ်ကို အသေးစိတ် မစစ်ဆေးခဲ့မိဟု ယူဆရကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

တက္ကသိုလ်ကျောင်းသား ဆာနေ့ဗ်နှင့် အစ်ကိုဖြစ်သူ အသက်(၂၆)နှစ်အရွယ် တာမာလန် ဆာနေ့ဗ်တို့သည် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားရင်း မက်ဆာချူးဆက် နည်းပညာဌာနမှ ရဲဝန်ထမ်း တစ်ဦးကိုလည်း ပစ်သတ်သွားသေးသည်။ အခြားရဲတစ်ဦးမှာလည်း ၎င်းတို့ လက်ချက်ကြောင့် ဒဏ်ရာများ ရရှိခဲ့သည်။ ဘော်စတွန် ရဲတပ်ဖွဲ့က Twitter Pageတွင် "ဖမ်းမိပြီ"ဟူသော Statusကို ဦးစွာ လွှင့်တင်ခဲ့သည်။ ထို့နောက်တွင်မှ "လိုက်ဖမ်းရတာတွေ ပြီးသွားပြီ။ အကြမ်းဖက်မှု ဆုံးခန်းတိုင်ပြီ။ တရားမျှတမှုက အနိုင်ရပြီး သံသယ တရားခံကို ဖမ်းမိပြီ"ဟုလည်း ရေးသား အသိပေးခဲ့သည်။

ညီအစ်ကို နှစ်ဦးအနက် အစ်ကိုမှာ သေနတ်ဒဏ်ရာနှင့် ပေါက်ကွဲမှု အရှိန်များကြောင့် သေဆုံးခဲ့ပြီး ဖြစ်သည်။ FBIသည် နောက်ပိုင်းတွင် သံသယတရားခံ နှစ်ဦး၏ ဓာတ်ပုံများကို အတည်ပြု ထုတ်ပြန်ခဲ့သလို ၎င်းတို့ အသုံးပြုခဲ့သည့် ဖောက်ခွဲရေး ကိရိယာ အပိုင်းအစကိုပါ မီဒီယာများသို့ ပြသခဲ့ပြီး ဖြစ်သည်။

Source: CNN, BBC

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။