Aung Ko U
“နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၄)”
ယခုတစ်ပတ်တွင် ခွင်ပြုချက်တောင်းခံခြင်း၊ တစ်ခုခုကို လုပ်ဆောင်ရန် ခွင့်ပြုခြင်း စသည့် အခြေခံစကားပြော ပုံစံများကို ရေးသား လိုက်ပါသည်။
“Asking for and giving permission: ခွင့်ပြုချက်တောင်ခံခြင်း နှင့် ခွင့်ပြုခြင်း”
တစ်စုံတစ်ယောက် ပိုင်ဆိုင်သော ပစ္စည်းများကို အသုံးပြုရန်ဖြစ်စေ၊ တစ်ခုခု ပြုလုပ်လို၍ ဖြစ်စေ ခွင်ပြုချက်တောင်းခံသည့် အခါ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသုံးနှုန်းရပါမည်။ မပါမဖြစ် ပြောရသော စကားမှာ အားလုံး သိကြသည့်အတိုင်း “Please” ဖြစ်ပါသည်။ အောက်ပါ စကားပြောပုံစံများကို ခွင့်ပြုချက်တောင်းခံရာတွင် အသုံးပြုနိုင်ပါသည်။
...

• Can I go out, please?`
ကျေးဇူးပြုပြီး ကျွန်တော် အပြင်ထွက်လို့ ရမလား ခင်ဗျာ
• May I open the window, please?
ကျေးဇူးပြုပြီး ပြတင်းပေါက် ဖွင့်ပါရစေ
• Please, can I have a look at your photo album?
ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ဓါတ်ပုံ အလ်ဘမ် ကြည့်လို့ရမလား
• Please, may I taste that dish?
ကျေးဇူးပြုပြီး ဒီဟင်းကို မြည်းကြည့်ပါရစေ
• Do you mind if I smoke?
ကျွန်တော် ဆေးလိပ်သောက်ရင် ခင်ဗျား အဆင်ပြေပါ့မလား
• Would you mind if I asked you something?
စိတ်မရှိဘူးဆိုရင် ခင်ဗျားကို တစ်ခုခုလောက် မေးလို့ အဆင်ပြေမလား
• Is it okay if I sit here?
ကျွန်တော် ဒီမှာ ထိုင်ရင် ခင်ဗျား အဆင်ပြေပါ့မလား
• Would it be all right if I borrowed your mobile Phone?
ခင်ဗျား လက်ကိုင်ဖုံးကို ခဏလောက် ငှားလို့ အဆင်ပြေမလား
တစ်စုံတစ်ယောက်ကို တစ်ခုခု လုပ်ရန်အတွက် ခွင့်ပြုကြောင်း ပြောလိုလျှင် အောက်ပါ စကားပြော ပုံစံများကို အသုံးပြုနိုင်ပါသည်။
• Yes, please do.
ဟုတ်ကဲ့၊ လုပ်ပါ။
• Sure, go ahead.
ရပါတယ်၊ လုပ်ပါ။
• Sure.
ရပါတယ်
• No problem.
ကိစ္စမရှိပါဘူး
• Please feel free.
အဆင်ပြေသလို လုပ်ပါ။
• Of course
ရပါတယ်။
• Certainly
ရပါတယ်။
တစ်စုံတစ်ယောက်ကို တစ်ခုခု လုပ်ရန်အတွက် ခွင့်မပြုလိုသောအခါ အောက်ပါ စကားပြော ပုံစံများကို အသုံးပြုနိုင်ပါသည်။
• No, please don’t.
ဟင့်အင်း၊ ကျေးဇူးပြုပြီး မရလို့ပါဗျာ
• I’m sorry, but that’s not possible.
စိတ်တော့မကောင်းပါဘူး ၊ ဒါပေမယ့် လုပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး
• I'm afraid, but you can't.
အားတော့နာတယ်၊ ဒါပေမယ့် ခင်ဗျားလုပ်ဖို့ အဆင်မပြေဘူးဗျာ …
ခွင့်ပြုချက်တောင်းခံခြင်း၊ ခွင့်ပြုခြင်း၊ ငြင်းဆန်ခြင်း ပုံစံ (၃) မျိုးလုံး ပါဝင်သည့် စကားပြော ပုံစံတစ်ခုကို နမူနာ ဖော်ပြလိုက်ပါသည်။
Merry : Please mum, can I use the computer?
မေမေ၊ ကျေးဇူးပြုပြီး သမီး ကွန်ပျူတာ သုံးလို့ ရမလား
Her mother : No, dear you can't. It's time to go to bed.
မရတော့ဘူးနော် သမီး၊ အိပ်ချိန်ရောက်နေပြီ ။
Merry : May I read a story before I sleep?
မအိမ်ခင် ဇာတ်လမ်းလေး ဖတ်ပါရစေနော်
Her mother : Sure! But try to sleep early.
ရပါတယ်၊ ဖတ်ပါ၊ ဒါပေမယ့် စောစော အိပ်ပျော်အောင် အိပ်နော် …
Merry : Thanks a lot mummy.
ကျေးဇူးပဲ မေမေ
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။