ဒေါက်တာခင်မောင်လွင် (Fame)
ခြေထောက်ဘာကြောင့်ကွဲကြသလဲ၊
Cracked heels လို့ခေါ်တဲ့ ခြေထောက်ကွဲတဲ့ ရောဂါကတော့ တစ်နှစ်ပတ်လုံးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆောင်းတွင်းမှာ ပိုအဖြစ်များ ပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ အရေပြားခြောက်လို့ ဖြစ်ရ တာပါ။ ခြေဖနောင့်ကို ကြည့်လိုက်ရင် အောက်မှာရှိတဲ့ sole ရဲ့ အရေပြားနဲ့ ဘေးပတ်လည်မှာရှိတဲ့ အရေပြားတွေဟာ ဖွဲ့စည်းတည်ဆောက်ပုံ မတူကြ ပါဘူး။ ဒီနှစ်ခုဆုံတဲ့နေရာမှာ ခြောက်သွေ့နေရင် အပေါ်ကနေ body weight နဲ့ ဖိလိုက်တဲ့အခါမှာ ကွဲထွက်သွားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အလေးချိန် များလေလေ အပေါ်က ဖိအားများလေလေ ဖနောင့်ကွဲဖို့ ပိုများလေလေဖြစ်ပါတယ်။ ဒါကြောင့် ၀တဲ့သူတွေမှာ ဖနောင့်ကွဲရင် ကိုယ် အလေးချိန်ပါ လျော့ချပါမှ ရောဂါပျောက်မှာဖြစ်ပါတယ်။
ဖနောင့်ကွဲရောဂါ ဖြစ်စေတဲ့အခြေအနေတွေ ...
ဒီနေရာမှာ နှစ်ပိုင်းခွဲနိုင်ပါတယ်။ ပထမပိုင်းအနေနဲ့ အနေအထိုင်၊ အပြုအမူမှားယွင်းလို့ဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ ဒုတိယပိုင်းအနေနဲ့ ခန္ဓာကိုယ်မှာ တခြားရောဂါတစ်ခုခုကြောင့် ဖနောင့်ကွဲရခြင်းတို့ပဲ ဖြစ်ပါ တယ်။
ပထမပိုင်းဖြစ်တဲ့ အနေအထိုင် မှားယွင်းလို့ ဖြစ်ရတာနဲ့ ပတ်သက်လို့ ကြည့်ရင်-
(၁) ပထမဆုံးအနေနဲ့ အများဆုံးတွေ့ရတာက ခြေဖနောင့်တစ်ဝိုက်မှာ အရေပြားရောဂါတစ်မျိုးမျိုး စွဲကပ်နေမယ်ဆိုရင် နောက်ဆက်တွဲ လက္ခဏာ အနေနဲ့ ဖနောင့်ကွဲရောဂါပါ ရလာတတ်ပါတယ်။ ဥပမာ နှင်းခူရောဂါ (Eczema) တို့ Psoriasis လို့ခေါ်တဲ့ ရောဂါတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒီလို ရောဂါတွေဖြစ်ရင် သက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှသာ ခြေဖနောင့်ကွဲရောဂါဟာ ပျောက်ကင်းမှာ ဖြစ်ပါတယ်။
(၂) ဒုတိယအနေနဲ့ ဆီးချိုရောဂါ (Diabetes mellitus) ဖြစ်ခဲ့ရင် ခြေထောက် ကိုသွားတဲ့ အာရုံကြောလေးတွေ ထိခိုက်ပျက်စီးတတ်ပါတယ်။ Autonomic neuropathy လို့ခေါ်ပါတယ်။ အဲဒီအခါမှာ ခြေထောက်ကနေ ချွေးလုံးဝ မထွက်တော့တဲ့အတွက် ခြေထောက်ဟာ ခြောက်သွေ့နေပါတယ်။ အဲလိုအခါ မျိုးမှာ လူကလည်း ၀နေမယ်ဆိုရင် အလွယ်တကူပဲ ခြေဖနောင့်ကွဲရောဂါ ရနိုင်ပါတယ်။ ဒီလိုလူမျိုးကို ဆေးကုရင် ဆီးချိုရောဂါကို သက်သာအောင် control လုပ်ပေးဖို့က ပိုအရေးကြီးပါတယ်။
(၃) တတိယအနေနဲ့ ခန္ဓာကိုယ်ထဲက Thyroid hormone ချို့တဲ့,တဲ့ရောဂါ ဖြစ်ပါတယ်။ Hypothyroidism လို့ခေါ်ပါတယ်။ လည်ပင်းမှာရှိတဲ့ Thyroid gland ကနေ ဟိုမုန်းမထုတ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဲဒီ ဟိုမုန်းဟာ ခန္ဓာကိုယ်ကနေ ချွေးထွက်အောင်လုပ်ပေးပြီး ခန္ဓာကိုယ်အပူချိန်ကို မျှတ အောင် ပြုလုပ်ပေးတဲ့ ဟိုမုန်းဖြစ်ပါတယ်။ အဲဒီဟိုမုန်းချို့တဲ့နေရင် ခန္ဓာကိုယ် ဟာ ခြောက်သွေ့နေမယ်။ ပြီးတော့ ခန္ဓာကိုယ်အလေးချိန်ကလည်း သာမန် ထက် ပိုလေ့ရှိတဲ့အတွက် ဖနောင့်ကွဲ ရောဂါပိုဖြစ်လေ့ရှိပါတယ်။ ဒီလိုလူမျိုး ကို ဆေးကုရင်လည်း ဟိုမုန်းဖြည့်စွက် တိုက်ကျွေးပါမှ ရောဂါပျောက်မှာ ဖြစ်ပါတယ်။
(၄) နောက်ဆုံးလေ့လာတွေ့ရှိချက်အရ ခြေဖနောင့်ကွဲရောဂါဖြစ်သူတွေဟာ ခန္ဓာကိုယ်မှာ သွပ်ဓာတ် (Zince)နဲ့ အဆီ ဓာတ် တစ်မျိုးဖြစ်တဲ့ Omega-3 fatty acid ချို့တဲ့နေတာ တွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီအာဟာရဓာတ်နှစ်မျိုး ချို့တဲ့,တဲ့ အခြားလက္ခဏာတွေပါ ရှိ/မရှိ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။
ဒုတိယပိုင်းဖြစ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ဖြစ်ရတာနဲ့ ပတ်သက်လို့ ကြည့်ရင်-
(၁) အများဆုံးတွေ့ရတာကတော့ ဖိနပ်မပါဘဲ လမ်းလျှောက်တာ များတဲ့ သူတွေမှာ အဖြစ်များပါတယ်။ ဥပမာ သံဃာတော်တွေဆိုရင် ၀ိနည်းအရ ဆွမ်းခံထွက်တဲ့အခါ ဖိနပ်မစီးရ တော့ ဖနောင့်ကွဲရောဂါ ပိုဖြစ်ပါတယ်။ အချို့လည်း လုပ်ငန်းခွင် အရ ဖိနပ်မစီးဘဲ လုပ်ရတဲ့သူတွေ တောသူ၊တောင်သားတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
(၂) ဖိနပ်စီးရင်တောင်မှ စီးတဲ့ဖိနပ်အမျိုးအစား အပေါ်မူတည်ပြီး ဖြစ်တဲ့နှုန်း ကွာခြားလေ့ရှိတော့ ဖနောင့်ကွဲရောဂါဖြစ်တဲ့နှုန်းဟာ ပိုများပါတယ်။ ရှုးဖိနပ် လုံလုံခြုံခြုံ၊ ကိုယ်နဲ့ fitting ဖြစ်တဲ့ ဖိနပ်စီးထားရင် ဖြစ်ဖို့အလားအလာ နည်းပါတယ်။Fitting မကျဘဲ ချောင်နေမယ်၊ တရားလွန် ကြပ်နေမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ခြေဖနောင့် နောက်ကနေ ဖွင့်ထားတဲ့ Shoeမှာဆိုရင်လည်း ပိုဖြစ် လေ့ရှိပါတယ် ..။
(၃) နောက် ကြာကြာရပ်ပြီး အလုပ်လုပ်ရတဲ့ သူတွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။ အထူးသဖြင့် အမာခံကြမ်းပြင်ပေါ်မှာ ကြာကြာရပ်ပြီး လုပ်ရရင် ပိုဖြစ်ပါတယ်။
(၄) အသက်ကြီးလာလေလေ အရေပြားဟာ ပိုမိုခြောက်သွေ့လာပြီး ခိုင်ခံ့မှု နည်းလာလို့ ပိုဖြစ်လေ့ရှိပါတယ်။
ဘယ်လိုကုသမလဲ၊
ဒီနေရာမှာ ရောဂါကြောင့်ဖြစ်တဲ့ ဖနောင့်ကွဲရောဂါနဲ့ သာမန် အနေအထိုင် အစားအသောက်မှားသွားလို့ ဖြစ်ရတဲ့ ခြေဖနောင့်ကွဲ ရောဂါရယ်လို့ နှစ်မျိုး အပေါ်မူတည်ပြီး ကုသပေးရပါတယ်။ ရောဂါ ကြောင့်ဖြစ်တဲ့ ခြေဖနောင့်ကွဲရောဂါကိုတော့ မူလရောဂါကို ပျောက် ကင်းအောင်ကုသဖို့ အရေးကြီးပါတယ်။ ဥပမာ-ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟိုမုန်းချို့တဲ့,တဲ့ရောဂါ၊ အရေပြားရောဂါစသည်ဖြင့်ပေါ့။ ဒါကတော့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသရမှာဖြစ်ပါ တယ်။ အနေအထိုင် အစားအသောက်နဲ့ ပတ်သက်ပြီး ပြောရရင်Local treatment နဲ့ Systemic treatment ဆိုပြီး နှစ်ပိုင်း ထပ်ခွဲနိုင်ပါတယ်။ Local treatment ဆိုတာကတော့ ဖြစ်တဲ့ နေရာ ခြေထောက်ကို ကုသပေးတာဖြစ်ပြီး Systemic treatment ဆိုတာကတော့ ခန္ဓာကိုယ်တစ်ခုလုံးကိုခြုံပြီး ကုသပေး တာဖြစ်ပါတယ် ..။
အရေးအကြီးဆုံးကတော့ Foot hygiene လို့ခေါ်တဲ့ ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ ဖြစ်ပါတယ်။ အပြင်ကနေ ပြန် ရောက်ပြီးတိုင်း ခြေထောက်ကို ရေနဲ့ ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီးတိုင်း ရေနဲ့ဆေးကြောသန့်စင်ရပါမယ်။ ဆေး တဲ့အခါမှာ ရေအေးအေးကြီးနဲ့ မဆေး ဘဲ ရေနွေးနဲ့ ဆေးရမှာဖြစ်ပါတယ်။ ခြေဖနောင့်ကွဲတာ သိပ်ဆိုးရင် အထူး သဖြင့် အသားမာတွေထူနေရင် ရေနွေးထဲမှာ ကိုယ်ခံနိုင်သလောက်ရှိ တဲ့ အပူချိန်မှာ ဆားလေးနည်းနည်း ဆပ်ပြာမှုန့် နည်းနည်းထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပြီး ခြေထောက်ချင်း ပွတ်ထားပေးနိုင်ပါတယ်။ အဲဒီလို လုပ်လိုက်ရင် ခြေဖနောင့်ကွဲထဲမှာရှိတဲ့ အညစ်အကြေးတွေဟာ အပြင်ကိုထွက်သွားမယ်။ အသားမာတွေလည်း ပျော့သွားမယ်။ အပေါ်ဆုံးအလွှာတွေလည်း တဖြည်းဖြည်းချင်း ကွာကျ သွားတဲ့အတွက် အမြန်ဆုံးသက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဓားတို့၊ ကတ်ကြေးတို့နဲ့ ကိုက်ဖြတ်တာတို့၊ လက်နဲ့ဆွဲဖဲ့တာမျိုးတော့ မလုပ်ရပါဘူး။
ခြေဖနောင့်ကွဲခဲ့ရင် ...
ခြေထောက်ကို ရေဆေးသန့်စင်ပြီးပြီဆိုရင် ညအိပ်ခါနီးမှာ သင့်တော်မယ့် အဆီပါတဲ့ cream တခုခုကို လိမ်းအိပ်ရပါမယ်။ ဘာမှမရှိတဲ့ နေရာမှာဆို အုန်းဆီ (Coconut oil) ခြေထောက်မှာလိမ်းပြီး အိပ်ရပါမယ်။ Cracked heels cream တစ်ခုခုကို လိမ်းနိုင်ရင်တော့ ပိုကောင်းပါတယ်။ တကယ် လို့ ခြေထောက်ကွဲတာ ပိုဆိုးရင်တော့ ဆေးလိမ်းပြီးမှ ခြေအိတ်ဝတ်ထား လို့ပဲဖြစ်ဖြစ် ပတ်တီးလေး ပတ်ထားလို့ပဲဖြစ်ဖြစ် လုပ်ပေးရင် ပိုကောင်းပါ တယ်။
သတိထားသင့်တဲ့အချက်တွေ ...
ခြေဖနောင့်ကွဲသူတွေဟာ ဖိနပ်ရွေးချယ်ဝတ်ဆင်မှု မှားယွင်းလို့လည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခွာပါးတဲ့ ဖိနပ်မျိုးကို မ၀တ်သင့်ပါဘူး။ ခွာမညီတဲ့ ဖိနပ်မျိုးကိုလည်း မ၀တ်သင့်ပါဘူး။ ခွာနည်းနည်း ထူတာဟာ ပိုသင့်တော်ပါတယ်။ အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်ဖိနပ်ဝတ်ချင်ရင် ၀တ်နိုင် ပါတယ်။ Shoe စီးရင်လည်း ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ဖိနပ်Size ကို ရွေးဖို့လိုပါတယ်။ ချောင်လွန်းရင်လည်း လမ်းလျှောက်တိုင်း ပွတ်တိုက်မှုဖြစ်ပြီး အသားမာ ပိုတတ်တတ်ပါတယ်။ ကြပ်လွန်းရင်လည်း သွေးကောင်းကောင်း မလျှောက်လို့ အနာကျက်နှေးနိုင်ပါတယ်။ ခြေအိတ်နဲ့ Shoeနဲ့ စီးရင် ခြေထောက် ရေစိုကြီးနဲ့ မ၀တ်ရပါဘူး။ ခြေအိတ်လည်းရေစိုနေရင် သေသေ ချာချာ မခြောက်ရင် မ၀တ်သင့်ပါဘူး။ ခြေထောက်ပေါ်မှာ အားပြုတဲ့ တစ်နည်းအားဖြင့် ဖနောင့်နဲ့ ဆောင့်ပြီးကျတဲ့ လေ့ကျင့်ခန်းမျိုးကို ရှောင်ရမှာ ဖြစ်ပါတယ်။ ပြေးတာလွှားတာတွေလည်း ခေတ္တလျှော့ရမှာဖြစ်ပါတယ်။ လမ်းလျှောက်တာမျိုးကျတော့ လုပ်လို့ရပါတယ်။
နောက်တစ်ခု အရေးအကြီးဆုံးကတော့ ရေများများ သောက်ပေးဖို့ ဖြစ်ပါတယ်။ ခြေထောက်ကွဲရခြင်းရဲ့ အဓိကအကြောင်းက အရေပြား ခြောက်သွေ့လို့ ဖြစ်ရတာဖြစ်တဲ့အတွက် ရေများများသောက်မှ အရေပြား ပြန်လည်စိုပြေလာမှာဖြစ်ပါတယ်။ ရေဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေထက်စာ ရင်မကငအ ကြငခန တွေကို ပိုသောက်နိုင်လေ ကောင်းလေဖြစ်ပါတယ်။ ဥပမာ-သံပုရာရည်၊ လိမ္မော်ရည်၊ နာနတ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည် စသည်ဖြင့်ပေါ့။ ဒါ့အပြင် သွပ်ဓာတ် (zince)ပါဝင်တဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဥပမာ-ဆန်လုံးညို (brown rice)၊ ဒိန်ချဉ် (yogurt)၊ မစားနိုင်ရင် Zince ပါတဲ့ အားဆေးတစ်ခုခု မှီဝဲနိုင်ပါတယ်။ တစ်နေ့ကို 30 mg လောက် စားသင့်ပါတယ်။ Vitamin E ပါတဲ့ အစားအစာတွေဖြစ်တဲ့ Vegetable oil တွေ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။ မစားနိုင် ရင်လည်း သဘာဝဗီတာမင်အီး (natural vitamin E)ပါတဲ့ ဆေးဝါးတွေ မှီဝဲနိုင်ပါတယ်။ တစ်နေ့ကို 400 IU လောက် လိုပါတယ်။ Omega-3 fatty acid ပါတဲ့ အစားအစာတွေကိုလည်း ပိုစားပေးရ ပါမယ်။ အဲဒါတွေကတော့ ငါးအဆီ (fish oil)၊ ငါးမြင်းဗိုက်သားလိုဟာမျိုးပေါ့။ မစားနိုင်ရင်လည်း နေ့စဉ်ဆေးသောက်လို့ ရပါတယ်။ ဏနခအငည ပါတဲ့ အစားအစာတွေလည်း မကြာခဏ စားသင့်ပါတယ်။ ဥပမာ ပန်းသီးတို့၊ သစ်တော်သီးတို့လို အသီးမျိုးဖြစ်ပါ တယ်။
မကုသဘဲထားခဲ့ရင် ...
သာမန်အားဖြင့်တော့ ခြေဖနောင့်ကွဲရောဂါဟာ အမြင်မလှတာက လွဲလို့ သိပ်ဒုက်္ခပေးလေ့မရှိပါဘူး။ ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်၊ ခြေထောက် သန့်ရှင်းရေးကိုလည်း ဂရုမစိုက်ဘူးဆိုရင် ပိုပြီး ကွဲလာပြီးတော့ ရောင်လာတတ် ပါတယ်။ ရောင်တော့ နာလာမယ်။ ပိုဆိုးလာရင် သွေးထွက်လာမယ်။ အဲဒီအခါမှာ လမ်းလျှောက်လို့ မရဘူး ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကတ်ကြေးတို့၊ ဘလိတ်ဓားတို့နဲ့ ခြစ်ထုတ်တာတို့၊ ဖဲ့တာတို့လုပ်ခဲ့ရင် မေးခိုင်ပိုးဝင်တတ်လို့ လုံးဝမပြုလုပ်သင့်ပါဘူး။ ရိုးရိုး ဘက်တီးရီးယားတွေ ၀င်သွားရင်ကို အနာပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကုသလို့လည်း လွယ်ကူ တဲ့ ဒီရောဂါကို ပေါ့ပေါ့ဆဆမနေပဲ အမြန်ဆုံး သက်သာပျောက်ကင်းအောင် ကုသသင့်ကြောင်း အကြံပေးလိုပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။