Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 10, 2013

ပြန်လည်အသက်သွင်းလိုက်သော 'အ' သုံးလုံး

 
Miraculous Master For English Language
ပြန်လည်အသက်သွင်းလိုက်သော 'အ' သုံးလုံး
Category: ဆောင်းပါး Written by လဲ့ရည်မြင့် 

 နှစ်ပေါင်း ၂၀ ကျော်ကြာ ပျောက်ကွယ်ခဲ့သော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလုပ်အားပေးများ ၏ လှုပ်ရှားဆောင်ရွက်မှုတစ်ခုဖြစ်သည့် စာမတတ်သူများ အပျောက်ရေး 'အ' သုံးလုံး စီမံချက်ကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ကိုးခု၌ ပြန်လည် စတင်ခဲ့ရာ ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံ၏ပညာရေး ကဏ္ဍအတွက် သမိုင်းမှတ်တိုင်သစ်တစ်ရပ် ပြန်လည်စိုက်ထူလိုက်ခြင်းပင် ဖြစ်သည်။

တစ်နိုင်ငံလုံး စာတတ်မြောက်သူ ၉၅ ရာခိုင်နှုန်းကျော်ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသော်လည်း မြန်မာနိုင်ငံလူဦးရေနှင့် ပြန်လည်နှိုင်းယှဉ်ပါက စာမတတ်သူများစွာ ရှိနေသေးကြောင်း အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် ပြန်လည်စတင်ခဲ့သော အဆိုပါစီမံချက်ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပညာရေးဝန်ကြီးဌာန ထောက်ပံ့မှုဖြင့် တက္ကသိုလ်ခုနှစ်ခုမှ ကျောင်းသားကျောင်းသူ ၃၀၀၀ ကျော် အင်အားဖြည့် လုပ်အား ပေးခဲ့ကြောင်း မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာနက ထုတ်ပြန်သည်။

လုပ်အားပေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအပြင် ဒေသခံလုပ်အားပေးဆရာ၊ ဆရာမ ၃၀၀၀ ကျော်လည်း ထပ်မံအားဖြည့် ဆောင်ရွက်ခဲ့ကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးမြတ်ကျော်က The Voice သို့ဖြည့်စွက်ပြောကြားသည်။

ယခင်စာမတတ်သူများ ပပျောက်ရေးဆောင်ရွက်သော ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ပါဝင်လုပ် အားပေးခဲ့သည့် တက္ကသိုလ်ကျောင်းသားကျောင်းသူ ၄၉၂,၇၀၆ ဦးရှိကြောင်း ယခင်စာတတ်မြောက် ရေး လုပ်အားပေးအဖွဲ့မှတ်တမ်းများအရ သိရသည်။

ယခုအခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုများကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ရှိ ဘားအံ၊ မုဒုံ၊ ကျိုက်ထို၊ တီးတိန်၊ ရေဦး၊ ချောင်းဦး၊ ရေစကြို၊ ငဖဲနှင့် တမူးမြို့နယ်တို့တွင် ၂၀၁၃ ခုနှစ်ဧပြီလဆန်းမှ မေလ ၁၅ ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

"စာတတ်မြောက်တာထက် သူ့နောက်မှာကျန်နေတဲ့ အကျိုးရလဒ်တွေအများကြီးရှိတယ်" ဟု မြန်မာ နိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့ ဥက္ကဋ္ဌဦးသန်းဦးက ပြောကြားသည်။

အဆိုပါစာတတ်မြောက်ရေး လှုပ်ရှားမှုများသည် သက်ကြီးစာမတတ်သူများအတွက် များစွာအကျိုးရှိ ကြောင်း၊ လက်တွေ့စာသင်ချိန် မိနစ် ၆၀ နှင့် အခြေခံစာရေးစာဖတ် တတ်မြောက်သွားခဲ့ကြောင်း ကိုယ်တိုင်လုပ်အားပေးခဲ့ဖူးသူ NLD ပညာရေးကော်မတီဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။

"ကျွန်မတို့တာဝန်ကျတဲ့ မင်းကင်းဘက်မှာတော့ အခက်အခဲဘာမှမရှိဘူး။ သူတို့အားလုံးက လှိုက် လှိုက်လှဲလှဲ လက်ခံကြတယ်။ ကျောင်းသားတွေဘက်ကလည်း သူတို့အလုပ်တွေ ကူလိုက်ပေးကြ တယ်။ ပြန်တော့ အပေါင်းအသင်းတွေအများကြီးရလာတယ်" ဟု ၁၉၈၃ ခုနှစ်က မင်းကင်းမြို့နယ် တွင် သွားရောက်လုပ်အားပေးခဲ့သူ ရန်ကုန်တက္ကသိုလ် စာတတ်မြောက်ရေး လုပ်အားပေးအဖွဲ့ဝင် ဆရာမဒေါ်အေးသက်မော်က ပြောဆိုသည်။

လွန်ခဲ့သော စီမံချက်ကာလအတွင်း လုပ်အားပေးခဲ့သော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ရက်တိုသင်တန်းများ သင်ကြားပေးခဲ့သော်လည်း လက်ရှိပြန်လည်စတင်သော စီမံချက်တွင် ဆရာကိုင် စာအုပ်များကိုသာ ကြိုတင်ဝေငှခဲ့ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ကျော်က ဆိုသည်။

လုပ်အားပေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် နေ့စဉ်စရိတ်များကို ပညာရေးဝန်ကြီး ဌာနက ပံ့ပိုးပေးသည့်အပြင် သင်ကြားခံသူများအတွက် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ ထောက် ပံ့ပေးခဲ့ကြောင်း ၎င်းထံမှသိရသည်။

"ပြဋ္ဌာန်းစာအုပ်မှာ အရင်သက်ကြီးစာမတတ်သူတွေကို သင်ပေးတဲ့အတိုင်းပဲ ပုံနှိပ်ထားတယ်။ အရမ်းကြီးပြောင်းထားတာတော့ သိပ်မရှိပါဘူး" ဟု ဦးမြတ်ကျော်က ရှင်းပြသည်။

နိုင်ငံတစ်ဝန်း အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်သူများ၏ အကျိုးရလဒ်ကြောင့် စာမတတ်သူ ဦးရေ ၃,၀၁၂,၄၃၄ ဦးရှိသည့်အနက် ၂,၄၁၁,၁၇၉ ဦးစာတတ်မြောက်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၈၀ ဒသမ ၀၄ ရာခိုင်နှုန်းထိရှိကြောင်း ယခင်စာတတ်မြောက်ရေး လုပ်အားပေးမှတ်တမ်းများတွင် ဖော်ပြထားသည်။

"အခုပညာရေးဝန်ကြီးဌာနမှာရှိထားတဲ့ စာမတတ်သူ ရာခိုင်နှုန်းကမတိကျဘူး။ သူတို့ကဘယ်လို နည်းနဲ့ ကောက်ယူထားတဲ့ရာခိုင်နှုန်းဆိုတာလည်း မသိရဘူး" ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်ရှိသော စာမတတ်သူဦးရေကို မသိရှိရသည့်အတွက် အခြေခံ စာတတ်မြောက် ရေးလှုပ်ရှားမှု ဆောင်ရွက်မည်ဆိုလျှင် အဆိုပါလူဦးရေစာရင်း ဦးစွာသိရှိရန်လိုအပ်ပြီး တစ်နိုင်ငံလုံး စီမံကိန်းအဖြစ် စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက မသင်မနေရ မူလတန်းပညာရေးစနစ်ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် စတင်ခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် မူလတန်းပညာရေး မဖြစ်မနေသင်ကြား ရမည်ဆိုသော ဥပဒေမရှိသောကြောင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဦးသန်းဦးက The Voice သို့ပြောဆိုသည်။

ထို့အပြင် အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် မသင်မနေရ အလယ်တန်း ပညာရေး စနစ်ကိုပါ ထပ်ဆင့်အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း။ သို့သော် မည်သည့်စာသင်နှစ် တွင် စတင်မည်ကို မသတ်မှတ်နိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

"ကျွန်မရဲ့အမေလို စာမတတ်တဲ့သူတွေ နယ်မှာအများကြီး ရှိသေးတယ်။ သူတို့တွေအတွက် ဒီလို စာသင်ကြားဖို့ဆိုတာ အချိတ်အဆက် အရမ်းခက်တယ်" ဟု အခြေခံစာရေးစာဖတ် ပြန်လည်သင်ကြား နေသူ ရခိုင်ပြည်နယ် အမ်းမြို့တွင်နေထိုင်သော အသက် ၄၀ ကျော်အရွယ် မိခင်၏ သမီးဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက The Voice သို့ပြောကြားသည်။

အစိုးရက 'အ' သုံးလုံး လုပ်အားပေးစီမံချက်သစ်ကို ပြန်လည်အကောင်အထည်ဖော်လျက် ရှိနေစဉ် မှာပင် ၁၉၈၃ ခုနှစ်က မင်းကင်းမြို့နယ်အတွင်း အသုံးလုံး လုပ်အားပေးခဲ့ကြသော ရန်ကုန်တက္ကသိုလ် လုပ်အားပေးအဖွဲ့၏ နှစ် (၃၀) ပြည့် ပုလဲရတုပြန်လည်တွေ့ဆုံပွဲကို မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ရာ လုပ်အားပေးဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်း သားဟောင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

"လုပ်အားပေးတွေက ဘယ်သူ့ရဲ့ဖိအား၊ တိုက်တွန်းချက်မှမပါဘဲနဲ့ လုပ်အားပေးခဲ့ကြတာချည်းပဲ" ဟု ရန်ကုန်တက္ကသိုလ် စာတတ်မြောက်ရေး လုပ်အားပေးအဖွဲ့ (မင်းကင်းမြို့နယ်) အဖွဲ့ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ (ငြိမ်း) ဦးမျိုးသန့်က ပြောဆိုသည်။

"စာတတ်မြောက်ရေး လုပ်အားပေးအလုပ်က သေးသေးနုပ်နုပ်မဟုတ်ဘူး။ ကြီးကြီးမားမား သမိုင်းဝင်ခဲ့ တဲ့လုပ်ငန်းပါ။ ပြည်သူ့ဘဝအမှန်ကို လေ့လာရင်း ကိုယ်ပေးဆပ်နိုင်တာကို ပေးဆပ်ခဲ့ကြတယ်" ဟု မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ (ယခင် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဗဟို ကော်မတီအတွင်းရေးမှူး) ဦးသန်းဦးကဆိုသည်။

"အခုစာတတ်ရုံတင်မကဘူး စာဖတ်ချင်အောင်ပါ စီစဉ်ပေးသင့်တယ်" ဟု မင်းကင်းမြို့နယ်အသင်း နာယက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခဌာနမှူး (ငြိမ်း) ဒေါ်ပိုက အကြုံပြုပြောကြားသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရသစ် လက်ထက်တွင် ပြောင်းလဲလာသော ပညာရေးစီမံချက်များအနက် 'အ' သုံးလုံးစီမံချက်သည် အခြေခံစာမတတ်သူများအတွက် များစွာအထောက်အကူ ပြုနိုင်သော ကြောင့် ကျန်ရှိနေသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများကလည်း ဝိုင်းဝန်းလုပ်အားပေးကြရန် လိုအပ်ပေသည်။


The Voice Weekly Journal

Vol.9 / No.14, 2013

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။