Ye Yint Nge shared Myawady News's photo.
“Breaking News“
KIA နှင့် BDY ကုမ္မဏီတို့ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်းရှိ ကျွန်းသစ်နှင့်တမလန်းသစ်များခိုးထုတ်လျှက်ရှိ
Friday, March 8, 2013
၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှစတင်ကာ မန်စီမြို့နယ် နန့်ဟန်ကျေးရွာနှင့် ရှမ်းပြည်မြောက်ပိုင်းကျောက် မဲခရိုင်မဘိန်းမြို့နယ် တ၀ိုက် တွင်တရုတ်နိုင် ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိသစ်ကုမ္မဏီ အမည်ခံသစ်ခိုး ဂိုဏ်းကြီးရောက်ရှိလာကြောင်းသိရ သည်။
ယင်းနှင့်အတူလမ်းဖေါက်လုပ်ရေးစက်ယန္တယားများ၊ဘက်ဖိုးယာဉ် များ၊မြေးတူးမြေကော် စက်များ၊ချိန်းဆောများ၊ တရုတ်နိုင်ငံသားကျွမ်းကျင် ပညာရှင်များ၊တရုတ်လုပ်သား များ၊ စုစုပေါင်း အင်အား (၅၀၀)ခန့် တပါတည်းလိုက်ပါလာကြောင်းသတင်းရရှိသည်။
BDY ကုမ္မဏီကအောက်ပါသစ်ခိုးလမ်းကြောင်း များကိုတစ်လအတွင်း အပြီးဖေါက် လုပ်ကာ တရုတ်နိုင် ငံနောင်တောင်းမြို့ ဖက်မှ ယန်းဖေါင်၊ အယ်စူဝူးစသည့်(၁၀)ဘီးသစ်တင်ယဉ်ြ ကီးစီးရေ(၇၀၀)ခန့်ကို အသုတ် လိုက်တင်သွင်းခဲ့ကြောင်းသတင်းရရှိသည်-
( ၁)နန့်ဟန်-စကရွာ-ပကာကောက်-နှစ်မွှာ-ပါဖန်-ပန်ဂျပ်-လွယ်ခန်း-ပန်ထ န်-ဘုံချောင်း-လူးလူးယန်-ကောင်ေ ဗွယန်- မန်ဝိန်းကြီး-တရုတ်နိုင် ငံနောင်တောင်းမြို့
( ၂)ပန်ထန်-မိုင်၃၀-ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင် ငံနောင်တောင်းမြို့
( ၃)မန်စီမြို့ဘုရားကုန်း-ဂျာမိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
( ၄)ကြိုးစွန်တောင်သစ်တောကြိုးဝို င်း-နန့်အူကြီး-၇မိုင်-စီမွန်း- မန်သာ-မိုင်းခေါင်-မဒန်ယန်-၁၇မိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင် ငံနောင်တောင်းမြို့
( ၅)မိုင်းခေါင်-ဂျေစွမ်း-မကျီကုန်-ဘော်နွယ်- တရုတ်နိုင်ငံနောင်တောင်းမြို့
ကျွန်းသစ်နှင့်တမလန်းသစ်များထွက်ရှိရာပင်ရင်းဒေသမှာ ကျောက်မဲ ခရိုင်မဘိန်းမြို့နယ်ဖြစ်ပြီးယင်းမှတစ် ဆင့် ကွန်းချောင်း-ခေါလော-ယန်းဘို-မအူကုန်း-မဲဇလီ-ပင်ကြိမ်း-လ၀ါ လမ်းကြောင်းအတိုင်း မန်စီမြို့နယ် နန့်ဟန်ကျေး ရွာကျေးရွာတွင်သယ်ယူစုပုံထားကြောင်းသိရသည်။
မန်စီမြို့နယ်အတွင်းတရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိသစ်ကုမ္မဏီ အမည်ခံ သစ်ခိုး ဂိုဏ်းကြီး က သယ်ဆောင် ခိုးထုတ်နေသော ကျွှန်းသစ်နှင့်တမလန်းသစ်များအား နန့်ဟန်ရွာ၊ ဂျာမိုင်ရွာ၊ မိုင်းစိမ်း၊ မိုင်းဟိန်းရွာ၊ အင်ဂျီရွာ၊ မိုင်းခေါင်ရွာ ကြိုးစွန်တော်သစ်တောကြိုးဝိုင်း ၊ သံတံတားရွာ၊ အောက်ချောင်းရွာ များတွင် စုပုံထားရှိကြောင်းလည်းသိရှိရသည်။
တရုတ်နိုင်ငံနောင်တောင်းမြို့အေ ခြစိုက် BDY အမည်ရှိသစ် ကုမ္မဏီ အမည်ခံသစ်ခိုးဂိုဏ်းကြီးသည် ၂၀၁၃ခုနှစ် ဇန်န၀ါရီလကုန်ခန့်မှ စတင်ကာ စုရပ်ဖြစ်သော မန်စီမြို့နယ်နန့်ဟန်ကျေးရွာနှင့်မိုင်းခေါင်ကျေးရွာ တို့မှ ဖော်ပြ ပါသစ်ခိုးလမ်းကြောင်း(၅)ကြောင်း အတိုင်း တရုတ်နိုင် ငံနောင်တောင်းမြို့ ယနေ့ တိုင် သယ်ဆောင်ခိုး ထုတ် ခဲ့ကြောင်းသတင်းရရှိသည်။
သစ်တင်ယဉ်တစ်စီးလျှင် တန် (၂၀) ခန့်တင်ဆောင်ပြီးနေ့ စဉ် စီးရေ (၁၀၀) ခန့် နယ်စပ်သို့သယ်ဆောင်ခိုး ထုတ်လျှက်သည်။ ကျွန်းသစ်လုံးများပေါ်တွင်အဆိုပါ ဂိုဏ်း၏ marker တံဆိပ် BDY-1,BDY-2 စာတမ်း ရိုက်နှိပ် ထားသည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီးဇ န်န၀ါရီလ ၂၈ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်ကလည်းသတင်းရေးသားဖေါ်ပြ ခဲ့ ဖူးသည်။
တရုတ်နိုင်ငံနောင်တောင်းမြို့အေ ခြစိုက် BDY အမည်ရှိသစ် ကုမ္မဏီ အမည်ခံသစ်ခိုးဂိုဏ်းကြီး ၏ဂိုဏ်း ခေါင်းဆောင်(၃)ဦးမှာ (B) ဘရန်နူး ကချင်လူမျိုး၊ (D) ဒွန်ဖေါ့တန်ဂွန်း၊ ကချင်လူမျိုး (Y) မော်ရုံး(ခ)လီမော်ရုံး၊ တရုတ်လူမျိုးတို့ဖြစ်ကြောင်းသတင်းရရှိသည်။
တရုတ်နိုင်ငံနောင်တောင်းမြို့အေ ခြစိုက် BDY အမည်ရှိသစ်ကုမ္မဏီ အမည်ခံသစ်ခိုးဂိုဏ်းကြီးတွင် အဖွဲ့ဝင်သစ်လောပန်း(၂၀)ဦး ရှိပြီး ကနဦး မတည်ထည့်ဝင်ငွေ တရုတ်ယွမ်သိန်း(၅၀)စီဖြင့်စုစုေ ပါင်းယွမ် သိန်း(၁၀၀၀)(မြန်မာငွေကျပ်သန်းေ ပါင်း ၁၄၀၀၀ ခန့်)ကို ၎င်းသုံးဦးထံသို့ထည့်ဝင်ရသည်။
ယင်းငွေများအနက်ယွမ်သိန်း ၆၀၀ ကို KIA အဖွဲ့ထံသို့ စစ် အသုံးစရိတ်ရန်ပုံငွေပေးချေရသည်။ KIA အဖွဲ့သည်ယင်းငွေယွမ်သိန်း ၆၀၀ဖြင့်တရုတ်လုပ်လက်နက်မျိုးစုံကိုဝယ်ယူစုဆောင်းနိုင်ခဲ့သည်။
BDY သစ်ကုမ္မဏီသည်ကျန်တရုတ်ယွမ်ငွေသိ န်း(၄၀၀)(မြန်မာငွေကျပ် သိန်းပေါင်းငါးသောင်းကျော် ခန့်) ကိုနောင်တောင်းမြို့ရှိ တရုတ်အာဏာပိုင် များ အားလာဘ်ငွေများပေးကာ ၄င်း၏ ယန္တယားကို လည်ပတ် ခဲ့နိုင်ကြောင်းသတင်းရရှိသည်။
ယင်းသို့လည်ပတ်ရာတွင် သစ်ခိုးလမ်းကြောင်းပေါ်ရှိအရေးကြီး check point များတွင်အောက်ပါလမ်းကြောင်း ထိန်းများကိုခန့်အပ်တာဝန်ပေးပြီး ကင်းထောက်စေသည်၊ မန်စီမြို့နယ် မန်ဝိန်းကြီးရွာတွင် ကိုဘောက်လာ၊ မန်စီမြို့နယ် နန့်ဟန်ရွာတွင် ကိုမာဘရန်၊ မန်စီမြို့ပေါ် ကိုဖိုးသား၊ မန်စီမြို့နယ် ကိုက်ထိပ် စခန်း ကိုမိုက်ကယ် နှင့် မန်စီမြို့နယ် မိုင်ခေါင်ရွာ ကိုဘယ်ကြီးတို့အား ကင်းထောက်များအဖြစ်ခန့်အပ်ထား ကြောင်းသတင်း ရ ရှိသည်။ ၄င်း၏တာဝန်သည်သစ်ကားများ အဖမ်းမခံရရေး အတွက် ဖမ်းဆီးရေးစစ်ကြောင်း အားကြို တင်စနည်းနာခြင်း၊လိုအပ် လျှင် လာဘ်ငွေအမြောက်အမြားပေးခြင်းတို့  လုပ်ဆောင်ခဲ့သည်။ လမ်းကြောင်း ထိန်းတစ်ဦးလျှင် pajero တစ်စီး၊ ကျပ်သိန်း ၃၀၀ ၊ တရုတ်ဖုန်း၊ cdma ဖုန်း၊ လမ်းလျှောက်စကားပြောစက် တို့ထောက်ပံ့တပ်ဆင်ပေးထား ကြောင်းသတင်းရရှိသည်။
မန်စီမြို့နယ် နန့်ဟန်ကျေးရွာမှောင်ခိုသစ်ကွင်းတွင်သစ်တင်လုပ် သား၊ ယာဉ်မောင်းတရုတ် လူမျိုး(၅၀၀)ခန့်၊ ဒေသခံတိုင်းရင်း သား(၅၀၀၀)ခန့်နှင့် သစ်ကားစီးရေ (၇၀၀)ခန့်မှနေ့စဉ်တရုတ်နယ်စပ်သို့သစ် များခိုး ထုတ်နေ ခြင်းးဖြစ်သည်။
မန်စီမြို့နယ်နန့်ဟန်ကျေးရွာသစ် ကွင်းတွင်လေးကောင်၊ခြောက်ကောင်ေ လာင်းကစားဝိုင်း (၅၀) ခန့် ၊ အနှိပ်ခန်း (၃၀) ခန့်၊ပြည့်တန်ဆာခန်း(၂၀)ခန့်၊ဘိ န်းနှင့်ရာမစိတ်ကြွဆေးဆိုင်(၁၀) ဆိုင်ခန့်ရောင်းချလျှက် ရှိသည်။
တရုတ်နိုင်ငံနောင်တောင်းမြို့အေ ခြစိုက် BDY သစ်ကုမ္မဏီ အမည်ခံ သစ်ခိုး ဂိုဏ်းကြီးသည် ဗန်းမော်မြို့(၃)မိုင် ကွက် သစ်တွင် ရွှေမိုးသွန်းအောင် ကုမ္မဏီအမည်ဖြင့်ရုံးခန်းဖွင့်လှ စ်ထားပြီးဗန်းမော်-နမ့်ခမ်းကားလ မ်း ကို BOT စနစ်ဖြင့်ငှားရမ်းဖေါက်လုပ်ကာဒေ သဖွံ့ဖြိုးရေးကို FOR SHOW လုပ်ကိုင်လျှက်ရှိ သည်။
BDY သစ်ခိုးဂိုဏ်းကြီးအခြေပြုရာမန်စီမြို့နယ် နန့်ဟန်ကျေးရွာနှင့် မိုင်းခေါင်ကျေး ရွာ၊ကျောက်မဲခရိုင် မဘိန်းမြို့နယ်တ၀ိုက် သည်၂၀၁၁ ခုနှစ်မတိုင်မီကမိမိအမာခံနယ်မြေ များဖြစ်သော်လည်းယခုအခါ KIA အဖွဲ့အစည်းဝင်များဆက်ကြေးကောက်သွားလာလှုပ်ရှားရာနယ်မြေများဖြစ်လာခဲ့သည်။ ရဲ၊ သစ်တော စသည့်နယ်ဖက်ဌာနဆိုင်ရာ များသွားလာမရ သည့်အညိုရောင်နယ်မြေများဖြစ်သည် ။
BDY သစ်ခိုးဂိုဏ်းကြီးနှင့်KIA တို့ပေါင်းကာသစ်တောဝန်ထမ်း များကို သတ်ဖြတ် ခဲ့ရာ ၂ ဦးသေဆုံး ၃ ဦး ဒါဏ်ရာရှိ ခဲ့သည်။ BDY သစ်ခိုး ဂိုဏ်းကြီး သည်နယ်မြေမအေးချမ်းမှုကို အခွင့်ကောင်းယူကာစိတ် တိုင်း ကျ သစ်မှောင်ခိုခိုးထုတ်ခွင့်ရရှိခဲ့ကြကြောင်းသတင်းရရှိသည်။
မောင်လင်း
KIA နှင့် BDY ကုမ္မဏီတို့ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်းရှိ ကျွန်းသစ်နှင့်တမလန်းသစ်များခို
Friday, March 8, 2013
၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှစတင်ကာ မန်စီမြို့နယ် နန့်ဟန်ကျေးရွာနှင့် ရှမ်းပြည်မြောက်ပိုင်းကျောက် မဲခရိုင်မဘိန်းမြို့နယ် တ၀ိုက် တွင်တရုတ်နိုင် ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိသစ်ကုမ္မဏီ အမည်ခံသစ်ခိုး ဂိုဏ်းကြီးရောက်ရှိလာကြောင်းသိရ
ယင်းနှင့်အတူလမ်းဖေါက်လုပ်ရေးစက
BDY ကုမ္မဏီကအောက်ပါသစ်ခိုးလမ်းကြောင
( ၁)နန့်ဟန်-စကရွာ-ပကာကောက်-နှစ်မ
( ၂)ပန်ထန်-မိုင်၃၀-ခပ်ပရာ-တိန်ဆင
( ၃)မန်စီမြို့ဘုရားကုန်း-ဂျာမိုင
( ၄)ကြိုးစွန်တောင်သစ်တောကြိုးဝို
( ၅)မိုင်းခေါင်-ဂျေစွမ်း-မကျီကုန
ကျွန်းသစ်နှင့်တမလန်းသစ်များထွက
မန်စီမြို့နယ်အတွင်းတရုတ်နိုင်င
တရုတ်နိုင်ငံနောင်တောင်းမြို့အေ
သစ်တင်ယဉ်တစ်စီးလျှင် တန် (၂၀) ခန့်တင်ဆောင်ပြီးနေ့ စဉ် စီးရေ (၁၀၀) ခန့် နယ်စပ်သို့သယ်ဆောင်ခိုး ထုတ်လျှက်သည်။ ကျွန်းသစ်လုံးများပေါ်တွင်အဆိုပါ
တရုတ်နိုင်ငံနောင်တောင်းမြို့အေ
တရုတ်နိုင်ငံနောင်တောင်းမြို့အေ
ယင်းငွေများအနက်ယွမ်သိန်း ၆၀၀ ကို KIA အဖွဲ့ထံသို့ စစ် အသုံးစရိတ်ရန်ပုံငွေပေးချေရသည်။
BDY သစ်ကုမ္မဏီသည်ကျန်တရုတ်ယွမ်ငွေသိ
ယင်းသို့လည်ပတ်ရာတွင် သစ်ခိုးလမ်းကြောင်းပေါ်ရှိအရေးကြ
မန်စီမြို့နယ် နန့်ဟန်ကျေးရွာမှောင်ခိုသစ်ကွင်
မန်စီမြို့နယ်နန့်ဟန်ကျေးရွာသစ်
တရုတ်နိုင်ငံနောင်တောင်းမြို့အေ
BDY သစ်ခိုးဂိုဏ်းကြီးအခြေပြုရာမန်စ
BDY သစ်ခိုးဂိုဏ်းကြီးနှင့်KIA တို့ပေါင်းကာသစ်တောဝန်ထမ်း များကို သတ်ဖြတ် ခဲ့ရာ ၂ ဦးသေဆုံး ၃ ဦး ဒါဏ်ရာရှိ ခဲ့သည်။ BDY သစ်ခိုး ဂိုဏ်းကြီး သည်နယ်မြေမအေးချမ်းမှုကို အခွင့်ကောင်းယူကာစိတ် တိုင်း ကျ သစ်မှောင်ခိုခိုးထုတ်ခွင့်ရရှိခ
မောင်လင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။