Myawady News
တစ်ခါတုန်းက မျက်မမြင် နှစ်ယောက်ပာာ ခရီးတို တစ်ခုကို သွားဖို့ အကြောင်းဖန်လာခဲ့တယ်။ သွားရမယ့် အချိန်က ညအချိန်ပါ။ လကလည်း မသာတော့ အင်မတန် မှောင်မည်းနေတယ်။
မသွားလို့ကလည်းလုံးဝ မဖြစ်။ သွားရအောင်ကလည်း အခက်အခဲတွေ အများကြီးရှိတယ်။
ညအခါဆိုပေမယ့် လူတော့မပြတ်ပေ။ ခရီးအတွက် အထောက်အကူပြုမယ့် ပစ္စည်းက နှစ်ခုပဲရှိတယ်။ တောင်ဝှေးတစ်ချောင်းနဲ့ မီးအိမ်တစ်လုံးပါ။ တောင်ဝှေးကိုင်တဲ့ လူက မီးအိမ်ကို မကိုင်ရဘူး။ မီးအိမ်ကိုင်တဲ့ လူက တောင်ဝှေး မကိုင်ရဘူး။
မျက်စိမမြင်တဲ့ လူအတွက် မီးအိမ်ပာာ အသုံးမတည့်ဘူးလေ။ တောင်ဝှေးပာာ မျက်မမြင်အတွက် အကောင်းဆုံး အဆောင်ပစ္စည်းပါ။ စိတ်ထားဖြူစင်တဲ့မျက်မမြင်ပာာ ယုတ်မာတဲ့ မျက်မမြင်ကို ပြောတယ်။
"ခင်ဗျား မီးအိမ်ကို ယူမလား"
ယုတ်မာတဲ့ လူက ပြန်ပြောတယ်။
"ကျုပ်က မီးအိမ်ကို ဘာလုပ်ရမှာလဲ။ မျက်စိမှ မမြင်တာ။ ကျုပ်အတွက် တောင်ဝှေးကသာ အကောင်းဆုံးပဲ။ ခင်ဗျားပဲ မီးအိမ်ယူပြီး သွားပေတော့။ "
စိတ်ထားဖြူစင်တဲ့လူက အသုံးမတည့်တဲ့ မီးအိမ်ကို ကိုင်ပြီးသွားတယ်။
ညီမလေးရေ...
ညီမလေးသာဆို ဘယ်ပစ္စည်းကို ရွေးမလဲ။
တောင်ဝှေးပာာ ကိုယ့်အန္တရာယ်ကို ရှောင်ကွင်းဖို့။ကိုယ့်အတွက်ပဲ အသုံးဝင်တယ်။
မီးအိမ်ကိုင်တဲ့လူပာာ လမ်းမှာတွေ့တဲ့လူတွေကို မြင်တွေ့စေဖို့။ ကိုယ်တိုင်တော့ အသုံးမတည့်ပေမယ့် အများအတွက်တော့ ကောင်းတယ်။
တောင်ဝှေးကိုင်တဲ့လူပာာ မြွေကိုက်ပြီး သေသွားတယ်။ မီးအိမ်ကိုင်တဲ့ လူကတော့ မီးအိမ်ရဲ့ အလင်းကြောင့် လူတွေက သူ့ကို တွေ့ပြီး ခေါ်ဆောင်သွားတယ်။ လိုရာခရီးကို ရောက်သွားတယ်။
ညီမလေးရေ..
တောင်ဝှေးသမားက ရယူတဲ့လူ။ မီးအိမ်သမားက အများအတွက် ပေးဆပ်တဲ့လူ။ သူတို့နှစ်ယောက် ယှဉ်လိုက်ရင် ပေးတဲ့လူက ပိုရတယ် ညီမလေး။
ညီမလေးမှတ်သားပေးပါ။ ပေးဆပ်ခြင်းပာာ ရယူခြင်းရဲ့ နိဒါန်းပဲ။
အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။