Żaw Żaw Ñaing shared Thit Htoo Lwin blog's photo.
နယူးဇီလန်က ပညာရှင်များ တီထွင်အောင်မြင်သွားတဲ့ အလှအပ သီအိုရီ တစ်ခု ဖြစ်ပါတယ်။ ဆံပင်မှာ တကယ်ရွှေသွင်းလို့ ရသွားပါပြီ။
ဟိုးအရင်အချိန်က ဂရိနဲ့ ...ရောမတို့မှာ ဆံပင်ငွေသွင်းတာတို့လုပ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဆံပင်ရွှေသွင်းတာကတော့ ယခု ရက်ပိုင်းမှ နယူးဇီလန် ပညာရှင်တို့ တီထွင်လိုက်တာ ဖြစ်ပါတယ်။
ဆံပင်ထဲ ရွှေသွင်းတာ ၆ နာရီကြာပြီး တကယ်ရွှေရောင်လက်လက်ထွက်လာ ဖို့ကျတော့ ၁၆ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။ တကယ့်ရွှေရောင်အတိုင်းထွက် ပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိအောင် ကြိုးစားဖန်တီးထားပေမယ့် အချို့ ကတော့ မယုံကြည်ကြသေးပါဘူး။
ဆံပင်ကို အပေါ်ယံရွှေဆိုးရုံမဟုတ်ပဲ ခေါင်းသားအတွင်းက အရင်းဆဲလ် အထိတောင် ရွှေထည့်တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် ဆံပင်ပေါက်ရင်တောင်ရွှေရောင်ပဲ ပေါက်ပါတယ်။ ဒီအတွက် ရွှေသွင်းဖို့ ကုန်ကျတဲ့ တန်ဖိုးက ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ ရွှေပမာဏ နည်းနည်းလေးပါ။
ရွှေမှာ ပါတဲ့ သတ္တုဓာတ်တစ်မျိုးဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိတယ်ဆိုတာကို သိရှိပြီးနောက် သောက်ဆေးအပြင် အလှအပဆိုင်ရာ ပစ္စည်းများမှာအထိ ရွှေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။
ယခု နောက်ထပ် နည်းလမ်းတစ်မျိုးကတော့ ဆံပင်မှာ ရွှေသွင်းခြင်း ဖြစ် ပါတယ်။ မကြာမီရေပန်းစားလာဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
-
http://blog.techspace.com.mm/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။