Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 8, 2013

ထပ်ချေးဦးမှာ

ရုပ် ဆိုး shared Thanda Win's photo.
ထပ်ချေးဦးမှာ
=======

• ပြီးခဲ့တဲ့လက တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတဲ့ စကားတစ်ခွန်း ကြားလိုက်ရပါတယ်။ ချစ်လှစွာသော လယ်ဆည်ဝန်ကြီးက စိုက်ပျိုးစားရိတ်ချေးငွေပြန်မပေးနိုင်တဲ့ လယ်သမားများကို သံသရာကြွေးမပါဖို့ ထမင်းတစ်နပ်လျှော့စားပြီး အကြွေးဆပ်ကြပါ တဲ့။ ဘာသာရေးထောင့်ကကြည့်ရင်တော့ မှန်ပင်မှန်သော်ငြားလည်း တိုင်းသူပြည်သားများကို ၀လင်အောင်ကျွေးမွေးစောင့်ရှောက်ဖို့ရာ တာဝန်ရှိတဲ့ ( တာဝန်ယူထားရတဲ့) မင်းအစိုးရများထောင့်ကကြည့်ရင်တော့ အလွဲကြီးလွဲနေပါတယ်။ ရဟန်းက မင်း လိုကျင့်ရင်၊ မင်း က ရဟန်းလိုကျင့်ရင် တိုင်းပြည်ပျက်တတ်သတဲ့။ အထူးသဖြင့် ဒီအကြွေးတွေ ဘယ်လိုဖြစ်လာသလဲ၊ ဘာကြောင့်ပြန်မဆပ်နိုင်သလဲဆိုတဲ့ အကြောင်းရင်းများကို စီစစ်ကြည့်ရင်ပေါ့လေ။
• အတိတ်ကိုလှန်ရရင် ကျေးဇူးရှင်တောင်သူဦးကြီးများလို့ ပထမတန်းမြန်မာဖတ်စာထဲ တခမ်းတနားဂုဏ်ပြုခံရပေမယ့် မြန်မာပြည်လူဦးရေရဲ့ ၇၀% သောလယ်သမားများဟာ လက်တွေ့မှာ နင်းပြားဖြစ်နေခဲ့တာ နှစ် ၅၀ ရှိခဲ့ပါပြီ။ ဆိုရှယ်လစ်စနစ်ရဲ့ မအောင်မြင်တဲ့စီးပွားရေးမူဝါဒများဒဏ်ကို အဆိုးဆုံးခံခဲ့ကြရတာပါ။ ဦးနေ၀င်းအစိုးရက စိုက်ဆိုစိုက်၊ ရောင်းဆိုရောင်း၊ တိုင်းပြည်မှာ ဆန်စပါးဖူလုံဖို့၊ ပြည်သူပြည်သားတွေကို ထမင်းဝအောင်ကျွေးထားဖို့တာဝန်ကို နွားနဲ့ဖက်ရုန်းပြီး ပခုံးထမ်းယူခဲ့ကြရတာပါ။ အထွက်တိုးဖို့ချမှတ်ခဲ့တဲ့ စီမံကိန်းမျိုးစုံကလည်း ရေ၊မြေ၊ရာသီဥတု၊ ဈေးကွက် ကိုစနစ်တကျတွက်ချက်ခဲ့ခြင်းမရှိတာမို့ မြန်မာနိုင်ငံဟာ တောင်အာရှမှာ ဆန်တင်ပို့မှုအများဆုံး နံပါတ်တစ်နေရာကနေ ဘိတ်ချေးအဆင့်ထိ လျော့ကျခဲ့ပါတယ်။ ပြည်တွင်းမှာ ဆန်လုံလောက်ဖို့အတွက် ပြည်ပကို မရောင်းနဲ့ဆိုတာမို့ တင်ပို့ခွင့်မရခဲ့ပါဘူး။ ကိုယ်တိုင်စိုက်ပျိုးရိတ်သိမ်းရတဲ့သီးနှံကို အမြင့်ဆုံးဈေးနဲ့ရောင်းချင်ပေမယ့် ရေမြေသခင် မင်းဘုရင်များက တိုင်းပြည်မဆူပူအောင် အနိမ့်ဆုံးဈေးနဲ့ရောင်းဆို ရောင်းကြရတာပါပဲ။
• ရာသီဥတုကို အံတုနိုင်တဲ့ ခေတ်မီနည်းပညာအမျိုးမျိုးနဲ့ စက်မှုလယ်ယာခေတ်ကို ရောက်တာနှစ်ပေါင်းကြာပေမယ့်လည်း မိရိုးဖလာအဆင့်က ဒီနေ့အထိမတက်နိုင်သေးတဲ့ ဦးကြီးများဟာ သဘာဝတရားက ကျီစယ်တဲ့အခါမှာ ကျောကော့နေအောင်ခံခဲ့ကြရပါတယ်။ အခါမဲ့မိုးကြောင့် လယ်ပျက်တာတောင် အစိုးရအကြိုက် အထွက်တိုးချင်ယောင်ဆောင်ကြရပါတယ်။ ၂၀၀၈ နာဂစ်မှာတော့ အိုးအိမ်၊ မိသားစုတွေကို ဆုံးရှူံးရရုံမက စိုက်သမျှ ရေထဲရောက်ခဲ့ပါတယ်။ အတိဒုက္ခရောက်ကြရတဲ့ မြန်မာ့ဆန်အိုး ဧရာဝတီဒေသကို လုံလောက်အောင် မကူညီ မကယ်ဆယ်နိုင်ခဲ့တဲ့ စစ်အစိုးရဟာ စိုက်ပျိုးစားရိတ်များ၊ ချေးငွေများကိစ္စကို လေသံလေးတောင်မဟခဲ့ပါဘူး။ မြန်မာပြည်အလယ်ပိုင်း ဒေသမှာလည်း ဒီအတိုင်းပါပဲ။ မျိုးစပါးမှားရောင်းလို့၊ မိုးမရွာလို့၊ ပိုးကျလို့ အကြောင်းမျိုးစုံအောက်မှာ ပင်ပန်းသမျှအရာမထင်ခဲ့တဲ့အကြိမ်ပေါင်း မနည်းပါဘူး။ ဒီတစ်နှစ် လယ်ပျက်သွားရင် အလွတ်ချေးယူတဲ့အခါ အတိုးက အနဲဆုံး ၁၇ ကျပ်တိုးနှုန်းနဲ့ နောက်သုံးနှစ် ရုန်းပေဦးတော့ပါ။ အကြွေးသံသရာဆိုတာ ဒါပါပဲ။ 
• စိုက်ပျိုးစားရိတ်ကို အကြမ်းဖျဉ်းတွက်ရင် မျိုးစပါးဖိုး၊ အလုပ်သမားဖိုး၊ စက်သုံးဆီဖိုး၊ မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုးတွေပါဝင်ပါတယ်။ ဧရာဝတီမှာ တစ်ဧကကို ပျှမ်းမျှ တစ်သိန်းကျပ်လောက်ကုန်ကျပါတယ်။ အစိုးရထုတ်ချေးငွေက ငါးသောင်းထဲပါ။ ချေးခွင့်ရဖို့ ပေးကမ်းစွန့်ကြဲရတာတွေလည်း ရှိပါသေးတယ်။ စက်သုံးဆီိကို အစိုးရထိန်းချုပ်ထားတာ အားလုံးအသိပါ။ မြေသြဇာဆိုတာလည်း ခရိုနီပိုင်ဓါတ်မြေသြဇာစက်ရုံတွေ လက်ဝါးကြီးအုပ်နိုင်အောင် ပြည်ပဓါတ်မြေသြဇာကို ဈေးချိုချိုနဲ့ တင်သွင်းခွင့်မရခဲ့ပါဘူး။ အစိုးရနဲ့ ပိုင်လို့ သွင်းခွင့်ရ၊ ထုတ်ခွင့်ရ၊ အောက်လမ်းကမှောင်ခိုသွင်းသမျှမှာလည်း အရည်အသွေးကို စံချိန်မီအောင်စီစစ်ခြင်းမရှိတာမို့ ဒီဒဏ်တွေကို နောက်ဆုံးခံကြရတာက လယ်သမားတွေပါ။ ပိုးသတ်ဆေးဆိုလည်း သုံးစွဲနည်းကအစ စနစ်တကျသင်ကြားပေးခြင်း မရှိတာကြောင့် အသက်ဆုံးရတဲ့လယ်သမားတွေရှိနေတဲ့အပြင် စားသုံးသူပြည်သူများအတွက်လည်း အန္တရာယ်ပါ။ စိုက်စားရိတ်တင် ခေါင်းလေးတာမဟုတ်သေးပါဘူး။ ရောင်းချတဲ့အခါမှာလည်း ဆန်ချောအဖြစ်မရောင်းနိုင်ပဲ၊ ပြည်တွင်းမှာတောင် သယ်ယူပို့ဆောင်စားရိတ်ကလည်း ကြီးလေးလှတာမို့ လယ်သမားများမှာ စပါးပွဲစားများလက်ထဲကို မျက်စိမှိတ်ထိုးအပ်ရပါတယ်။ ကုန်ကြမ်းကို အနိမ့်ဈေးနဲ့ ရောင်းရသူများရဲ့ ဘ၀မှာ ဘယ်လိုမြင့်တက်နိုင်ပါ့မလဲ။ လယ်ကိုအကြောင်းပြုပြီး ကြီးပွားချမ်းသာနေကြသူများကို ကြည့်လိုက်ရင် ဘာတွေမှားနေလဲလို့ ခန့်မှန်းနိုင်တာပဲလေ။ 
• ဒီလိုအနစ်နာခံပေးဆပ်ခဲ့ပေမယ့် လယ်သမားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းများဟာ ဟိုးအောက်ဆုံးမှာပဲရှိနေခဲ့တာပါ။ ပညာမတတ်လေ ခိုင်းကောင်းလေလို့ သဘောထားခဲ့ပုံပါပဲ။ နိုင်ငံစီးပွားရေးရဲ့ ပင်မဒေါက်တိုင်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် စီစဉ်ပေးထားတာလေးတွေကို ကြည့်ရအောင်ပါ။ ကမ္ဘာ့အဆင့်တစ် ဆန်တင်ပို့သူ အိမ်နီးချင်းထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးသိပ္ပံ ဒီပလိုမာကျောင်းပေါင်း ၄၅ ကျောင်း နဲ့ စိုက်ပျိုးရေးတက္ကသိုလ်ပေါင်း ၇၄ ကျောင်း ရှိနေပေမယ့် မြန်မာပြည်မှာတော့ ရှားရှားပါးပါး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တစ်ခုပဲရှိပါတယ်။ တစ်ခုထဲရှိလို့ ကမ္ဘာ့အဆင့်မှီသလားဆိုတော့လည်း ----------------- ။ အမျှော်အမြင်လို့ သုံးနှုန်းကြရမှာ မျှော်လည်းမမျှော်၊ မြင်လည်းမမြင်ဘူးထင်ပါရဲ့။
• ဦးကြီးများရဲ့ သားသမီးများအနေနဲ့ အခြေခံပညာအလယ်တန်းအဆင့်ကို တက်နိုင်သူက ၂၀ ရာနှုန်းတောင်မပြည့်ပါဘူး။ အထက်တန်းနဲ့ တက္ကသိုလ်အဆင့်ကတော့ တစ်ရာနှုန်းလောက်ပဲရှိပါတယ်။ ဒါက ဧရာဝတီတိုင်းမှာပါ။ မြန်မာပြည်အလယ်ပိုင်းနဲ့ တောင်ပေါ်ဒေသတွေမှာ ဒီထက်ဆိုးပါလိမ့်မယ်။ တက္ကသိုလ်တက်ရာမှာလည်း အင်္ဂလိပ်စာအားနည်းမှုကြောင့် မြန်မာစာအဓိကဘာသာတွဲမျိုးကို အဝေးသင်ယူကြရပါတယ်။ ကျောင်းအိပ်ကျောင်းစားတက်ရတဲ့ စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ်ကို အိပ်မက်တောင်မမက်နိုင်ကြပါဘူး။ သူတို့အတွက်နည်းပညာဆိုတာ အာကာသလောက်နီးနီး အလှမ်းဝေးလှပါတယ်။ 
• လယ်ယာလုပ်ငန်းဟာ ကမ္ဘာပေါ်မှာရှေးအကျဆုံး၊ အလိုအပ်ဆုံးနဲ့ ထိရှအလွယ်ဆုံးစီးပွားရေးဖြစ်တာမို့ စိုက်ပျိုးသူများကို ကာကွယ်ပေးဖို့ အုပ်ချုပ်သူများကြိုးစားကြရပါတယ်။ ချမ်းသာတဲ့နိုင်ငံများဟာ လူသက်သာပြီး ၀င်ငွေများတဲ့ဝန်ဆောင်မှုလုပ်ငန်းများကိုသာ အားပြုကြပါတယ်။ မြန်မာ့စီးပွားရေးမှာလည်း ဘယ်ကိုပဲ ဦးတည်သည်ဖြစ်စေ လူဦးရေစုစုပေါင်းရဲ့ ၇၀ ရာနှုန်းသော လယ်သမားများ အဆင့်အတန်းမြင့်မှ မြန်မာပြည်အဆင့်အတန်းမြင့်နိုင်မှာပါ။ သူတို့မပါပဲရှေ့မရောက်နိုင်တာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နားလည်နိုင်ဖို့လိုပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရသစ်တက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လယ်ယာကဏ္ဍကိုမြှင့်တင်သွားမယ်လို့ဆိုပါတယ်။ သမ္မတကြီးကိုယ်တိုင်လည်းလယ်သမား သားသမီးဖြစ်တဲ့အပြင် နိုင်ငံတကာဧည့်သည်တော်ကြီးများကိုလည်း လယ်တောအိမ်မှာ တွေ့ဆုံလေ့ရှိတယ်လို့ သတင်းတွေဖတ်ရပါတယ်။ ဒါကြောင့် ဦးကြီးများအတွက် အင်မတန်မျှော်လင့်မိပါတယ်။ 
• စိုက်ပျိုးစီးပွားကို မြှင့်တင်ဖို့ကြိုးစားရာမှာ ရေတိုစီမံကိန်းများအနေနဲ့ စတင်စိုက်ပျိုးချိန်ကနေ ရောင်းချချိန်အထိ အစိုးရနဲ့ ခရိုနီထိန်းချုပ်မှုကြောင့် မလိုအပ်ပဲကြီးလေးနေရတဲ့ ကုန်ကျစားရိတ်မျိုးစုံကို လျှော့ချပေးဖို့လိုပါတယ်။ မီဒီယာများကတဆင့် စိုက်နည်း၊ပျိုးနည်း၊ ပိုးသတ်နည်း စတဲ့နည်းပညာသစ်များကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးဖို့လိုပါတယ်။ စပါးအထွက်နှုန်းတိုးအောင်နဲ့ ရောင်းဈေးအမြင့်ဆုံးရရှိအောင် ကူညီပံ့ပိုးဖို့လိုပါတယ်။ ဒီအတွက် ဆန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေက အနဲနဲ့အများခံကြရမယ်ဆိုရင်တောင်မှ နှစ် ၅၀ အနင်းခံထားရတဲ့ ဦးကြီးများအတွက် မုဒိတာပွားနိုင်ဖို့လိုပါတယ်။ အခုတော့ အစိုးရသစ်ဟာ ထုတ်လုပ်၊တင်ပို့၊ရောင်းချတဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ ယိုပေါက်၊ ဟာပေါက်မျိုးစုံကို ပြင်ဆင်ဖြည့်တင်းခြင်းမရှိပဲနဲ့ စိုက်ပျိုးစားရိတ်ကို အလွယ်တကူထုတ်ချေးခဲ့ပါတယ်။ ဒါဟာအစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို လူကြိုက်များစေနိုင်ပေမယ့် အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေတယ်ဆိုတာ အခုလက်တွေ့ပါပဲ။ ချေးငွေကျပ်သန်းပေါင်း ၆ထောင်ဆိုတာ ခရိုနီတယောက်အတွက် ရယ်စရာကြီးပါ။ အစိုးရကိုတော့ နောက်ထပ်ရင်းနှီးမြှပ်နှံသူတွေရဖို့ အကျပ်တွေ့စေပါတယ်။ ဒီပုံစံအတိုင်း လယ်မြေတွေကို လယ်သမားပိုင်အဖြစ် မှတ်ပုံတင်ပြီးတဲ့နောက် ဘဏ်မှာအပေါင်ထားလို့ နောက်တချီ ချေးကြငှားကြဦးမယ်ဆိုရင်ဖြင့် ----------------------။ 
• ရေရှည်စီမံကိန်းအနေနဲ့ကတော့ စိုက်ပျိုးရေးဒီပလိုမာကျောင်းများကို တနိုင်ငံလုံးအနှံ့ဖွင့်လှစ်သင့်ပါတယ်။ ကျေးရွာများမှာ အလယ်တန်းအဆင့်ပြီးမြောက်လာတဲ့ ကလေးများကို ဦးတည်ပြီး မြန်မာလိုသင်ကြားနိုင်ရင် အကောင်းဆုံးပါ။ သီအိုရီကို လက်တွေ့နဲ့ ပေါင်းစပ်စေခြင်းအားဖြင့် အခြေခိုင်ခိုင်မြှင့်တင်နိုင်ပါလိမ့်မယ်။ ရည်မှန်းချက်က ထိုင်းကိုမှီရုံမက ကျော်ချင်ပေမယ့် တွက်ကြည့်တော့မှ စက်မရှိတာကို သတိပြုစေလိုပါတယ်။
• အစိုးရမင်းများအနေနဲ့ တာဝန်ရှိတဲ့ ထောင့်မျိုးစုံဖြည့်ဆည်းပေးနေလျှက်မှ လယ်သမားများက အလုပ်မလုပ်ချင်၊ ချဲထိုးချင်လို့ အကြွေးမဆပ်နိုင်ဘူးဆိုလျှင်တော့ တစ်ဦးချင်းကို အမည်ပျက်စာရင်းထည့်သွင်းလို့ ပိုင်ဆိုင်မှုသိမ်းတာမျိုးကို နည်းလမ်းတကျလုပ်ခွင့်ရှိပါတယ်။ သမ္မတကြီးကိုယ်တိုင် လက်ခုပ်တီးပေးရမှာပါ။ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ် လို့စစ်တပ်ပုံစံအတိုင်း ဆက်လက်အမိန့်ပေးလိုသေးတယ်ဆိုလျှင်တော့ ဒုတိယံပိ တတိယံပိ ဆုံးရှူံးမှုများကိုသာ ရင်ဆိုင်ကြရမှာ ဖြစ်ပါကြောင်း။

 • ပြီးခဲ့တဲ့လက တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတဲ့ စကားတစ်ခွန်း ကြားလိုက်ရပါတယ်။ ချစ်လှစွာသော လယ်ဆည်ဝန်ကြီးက စိုက်ပျိုးစားရိတ်ခေ...ျးငွေပြန်မပေးနိုင်တဲ့ လယ်သမားများကို သံသရာကြွေးမပါဖို့ ထမင်းတစ်နပ်လျှော့စားပြီး အကြွေးဆပ်ကြပါ တဲ့။ ဘာသာရေးထောင့်ကကြည့်ရင်တော့ မှန်ပင်မှန်သော်ငြားလည်း တိုင်းသူပြည်သားများကို ၀လင်အောင်ကျွေးမွေးစောင့်ရှောက်ဖို့ရာ တာဝန်ရှိတဲ့ ( တာဝန်ယူထားရတဲ့) မင်းအစိုးရများထောင့်ကကြည့်ရင်တော့ အလွဲကြီးလွဲနေပါတယ်။ ရဟန်းက မင်း လိုကျင့်ရင်၊ မင်း က ရဟန်းလိုကျင့်ရင် တိုင်းပြည်ပျက်တတ်သတဲ့။ အထူးသဖြင့် ဒီအကြွေးတွေ ဘယ်လိုဖြစ်လာသလဲ၊ ဘာကြောင့်ပြန်မဆပ်နိုင်သလဲဆိုတဲ့ အကြောင်းရင်းများကို စီစစ်ကြည့်ရင်ပေါ့လေ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။