Nay Zaw shared Zaw Lin's photo.
စာအုပ်အမည်က ဤကမ္ဘာကိုတရုတ်တို့ကြီးစိုးသည့်အ ခါဝယ် ဖြစ်ပါတယ်။ ဌေးနိုင်ဘာသာပြန်ဆိုပါတယ်။ တရုပ်ကြီးစိုးမှုကို ခုခံဖို့ရာ တရုပ်ပြည်အကြောင်း နားလည်ဖို့လိုပါတယ်။ ပြီးတော့ တရုပ်ကြီးစိုးမှုကို ခုခံကာကွယ်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်မှ ဖြစ်ပါမယ်။ လောလောဆယ် တောင်တရုပ်ပင်လယ်မှာ တရုပ်ပြည်ရဲ့ တဖက်သတ်နယ်နမိတ်စည်းမျဉ်းအရ ရေနံကြွယ်ဝတယ် သတ်မှတ်ထားတဲ့ စပရက်တလီ၊ ပါရာဆယ်ကျွန်းစုများ ဟာ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင် များနဲ့ အငြင်းပွားနေဆဲဖြစ်ပြီး တရုပ်က အာစီယံအဖွဲ့နဲ့ မပြိုင်ပဲ၊ နွားကွဲကျားကိုက် ဆိုသလို တနိုင်ငံချင်းနဲ့ပဲ ဆွေးနွေးမယ်ပြောပြီး၊ စစ်တပ်ကိုနေရာချထားလိုက်ခြင်းဟာ ..အာစီရံနိုင်ငံများအဖွဲ့ အကျပ်တည်းရောက်နေပါတယ်။ အခန်း(၉) တရုပ်ပြည်နှင့်အိမ်နီးချင်းများ မှာ ဖတ်ရှုနိုင်ပါတယ်။ ရှည်လျားလှတဲ့ ကမ်းရိုးတန်း ကီလိုမီတာ ၂၀၀၀ခန့် ပိုင်ဆိုတဲ့ မြန်မာပြည် နဲ့ ဗီယက်နမ်တို့ဟာ အိန္နိယသမုဒ္ဒရာ နဲ့ အရှေ့တောင်အာရှနိုင်ငံများကို ထွက်ပေါက်ဖြစ်တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံများမှာ တရုပ်ကြီးစိုးမှုကို အထူးပူးပေါင်းကာကွယ်ရမဲ့ ၂နိုင်ငံဖြစ်ပါတယ်။ မြန်မာသမိုင်းပညာရှင် သန့်မြင့်ဦး The River of Lost Footsteps and Where China Meets India: Thant Myint-U စာအုပ်နဲ့ ပူတွဲလေ့လာဖို့ ကောင်းတဲ့ သုတေသနစာအုပ်ဖြစ်ပါတယ်။
နိဂုံးချုပ်မှတ်ချက်များအနေနဲ့ တရုပ်ပြည်ရဲ့ ၀ိသေသလက္ခဏာ ရှစ်ချက်ကို တင်ပြထားပါတယ်။
၁။ တရုပ်ပြည်သည် သမရိုးကျနိုင်ငံမဟုတ်၊ ဂရိ၊ရောမ အင်ပါယာကဲ့သို့ နှစ်၅၀၀၀ခန့်ရာဇ၀င်ရှိခဲ့ပြီး ၁၉ရာစုတွင် အနောက်တိုင်းစစ်အင်အားကို ဒူးထောက်ခဲ့ရပြီး၊ ယခုခေတ်တွင် ပြန်လည်နိုးထလာသော နဂါးကြီးဖြစ်သည်။
၂။ တရုပ်အင်ပါယာသည် နီးစပ်သောနီုင်ငံများကို ပဏ္ဍာဆက် လက်အောက်ခံနိုင်ငံပုံစံ ဆက်ဆံရေးကို ရှေးယခင်က ကျင့်သုံးခဲ့သည်။ အိမ်နိးချင်း၊ အာဖရိက၊ ဥရောပ ..နိုင်ငံများနှင့်ဆက်ဆံရာတွင် ထိုစနစ်ကို ပြန်လည်ကျင့်သုံးနေခြင်းဖြစ်သည် ။ စောင့်ကြည့်ရန်ဖြစ်သည်။
၃။ ပြည်တွင်း လူမျိုးရေးအမြင်ဖြစ်သည်။ ဟန်တရုပ်တို့က ကြီးစိုးနေခြင်းသည် ရှေးရိုးစဉ်လာဖြစ်ပြီး၊ ဟောင်ကောင်၊တိုင်ဝမ်တို့က သီးခြားဖြစ်နေခြင်းသည် ပြည်တွင်းရေး လူမျိုးနွယ်မတူညီမှုဖြစ်သည်။ တရုပ်လူမျိုးစုများကို စာစကားတူအောင်ပြုလုပ် စည်းရုံးထားပြီးဖြစ်သည်။ ပြောစကားမတူခြင်းကိုလည်း မင်ဒရိန်း (တရုပ်စကား)ဖြင့် ညီညွတ်မှုကိုရယူထားပြီးဖြစ်သော်လ ည်း ..ပြည်တွင်းလူမျိုးရေးကွဲပြားနေ ခြင်းမှာလည်း အဓိကအချက်ဖြစ်ခြင်း။
၎။ တရုပ်နိုင်ငံအကျယ်အ၀န်းနှင့်လူဦးရေသည် တိုက်ကြီးတစ်တိုက်ဟု ယူဆနိုင်သည်အထိ ကြီးမားသည်။ အခြားမည်သည့်နိုင်ငံမှာ ထိုသို့ ကြီးမားသော ဧရိယာ၊လူဦးရေမရှိပါ။ အုပ်ချုပ်မှုစနစ်မှာလည်း ဥရောပကဲ့သို့မဟုတ်၊ အမေရိကားကဲ့သို့မဟုတ်၊ အစဉ်အလာကို ထိန်ပြီးအုပ်ချုပ်မည့် ပုံစံဖြစ်ခြင်း။
၅။ တရုပ်လူမှုရေးစနစ်သည် အုပ်ချုပ်မှုအာဏာကို အစိုးရသည် အခြားလူတန်းစား (ဘာသာရေး၊လူမှုရေး၊စီးပွားရေး) ခေါင်းဆောင်များနှင့် အာဏာခွဲဝေသုံးစွဲရန် အကြောင်းမရှိ။ ကွန်ဖြူးရှပ် အဆုံးအမကို နာခံအုပ်ချုပ်ရန်ဖြစ်သည်။ လူထုအုံကြွမှုကလွဲပြီး အစိုးရပြောင်းလဲရန်မရှိဟု ခံယူထားခြင်း။
၆။ တရုပ်ပြည်၏ ကိုယ်ပိုင်ခေတ်မှီခြင်း။ ခေတ်မီစနစ်များကို လက်ခံကျင့်သုံးရာတွင် အနောက်နိုင်ငံများထက် ပိုမိုသက်တောင့်သက်သာစွာ ကျင့်သုံးလက်ခံခြင်းဖြစ်သည်။ တိုးတက်မှုမြန်ဆန်လှသော်လည်း ခေတ်ပေါ်စနစ်၊ပစ္စည်းများကို ကိုယ်ပိုင်နည်းဖြင့် လက်ခံ၊အသုံးချနေခြင်း။
၇။ တရုပ်ပြည်သည် ကွန်မြူနစ်ပါတီ အစိုးရလက်အောက်တွင် ရှိနေသည်။ ကွန်မြူနစ်သည် စတင်ခဲ့သော ရုရှားနီုင်ငံတွင် ကျဆုံးသွားသော်လည်း တရုပ်ပြည်တွင် ဆက်လက်အုပ်စိုးနေခြင်း။
၈။ တရုပ်ပြည်သည် ဖွံ့ဖြိုးပြီး နှင့် ဖွံ့ဖြိုးဆဲ အဆင့်၂ခု အတူ လာမည့် ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ရှိနေမည်ဖြစ်ခြင်း။
စာအုပ် မူရင်းစာရေးသူ မာတင်ဂျာ့က်စ်သည် လန်ဒန်စီးပွားရေးကျောင်း (LSE) ၏ IDEAS စင်တာမှ အကြီးတန်း ဧည့်ပညာရှင်တစ်ဦးဖြစ်သည်။ ဘေဂျင်း ဆင်ဟွာတက္ကသိုလ် (Tsinghua University) တွင် ဧည့်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ ဘောဂျင်းရန်မင်တက္ကသိုလ်၊ ကျိုတို ichi University နှင့် Ritsuimeikan University များ၏ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စင်ကာပူအမျိုးသားတက္ကသိုလ် အာရှသုတေသန အင်စတီကျု (Asia Research Institute) ၏ အကြီးတန်း ပညာရှင်လည်း ဖြစ်ခဲ့သည်။ ဂျာက်စ် သည် Marxism Today ၏ ပူးတွဲအယ်ဒီတာဖြစ်ခဲ့ဖူးပြီး ဗြိတိသျှ သုခမိန်အဖွဲ့ တစ်ခုဖြစ်သည့် "Demos" ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည်။ မန်ချက်စတာ တက္ကသိုလ်မှ ဂုဏ်ထူးတန်းဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ကာ၊ ကိန်းဘရစ်တက္ကသိုလ်မှ Ph.D ဘွဲ့ရရှိခဲ့သည်။ ယခုအခါ သားဖြစ်သူ ရာဝီနှင့်အတူ လန်ဒန်တွင် နေထိုင်လျှက်ရှိသည်။
ဌေးနိုင် (ဘာသာပြန်သူ)
အမည်ရင်း ဌေးဝင်းနိုင်ဖြစ်ပြီး ၁၉၇၀ပြည့်နှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၉၄တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ(ဂုဏ်ထူးဘွဲ့) ရရှိခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် စင်ကာပူ အမျိုးသားတက္ကသိုလ်မှ မဟာဝိဇ္ဖာဘွဲ့ကို ရရှိခဲ့သည်။ ကွန်ပြူတာ ပရိုဂရမ်ရေးသားသူ၊ အိုင်တီပညာရှင်၊ အရောင်းမန်နေဂျာ၊ စီးပွားရေးအတိုင်ပင်ခံ စသည့် တာဝန်များဖြင့် ပြည်တွင်း၊ပြည်ပ ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုအခါ ဇနီး၊သားတစ်ယောက်နှင့်အတူ စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
Myanmar Heritage
ပုံနှိပ်ခြင်း ..ပထမအကြိမ်၊ ၂၀၁၂ အောက်တိုဘာလ၊
ထုတ်ဝေသူ ဒေါ်ခင်မာချို (၀၃၇၃၈) ပန်းဝေစာပေ
ပုံနှီပ်သူ ဦးမောင်လွင် (၀၂၄၁၃) နေလင်းပုံနှိပ်တိုက်
ဤကမ္ဘာကိုတရုပ်တို့ကြီးစိုးသည့်အ ခါဝယ် ..ဌေးနိုင် (၄၂၀ စာ၊ ၁၄x၂၁ စင်တီ)
နိဂုံးချုပ်မှတ်ချက်များအနေနဲ့ တရုပ်ပြည်ရဲ့ ၀ိသေသလက္ခဏာ ရှစ်ချက်ကို တင်ပြထားပါတယ်။
၁။ တရုပ်ပြည်သည် သမရိုးကျနိုင်ငံမဟုတ်၊ ဂရိ၊ရောမ အင်ပါယာကဲ့သို့ နှစ်၅၀၀၀ခန့်ရာဇ၀င်ရှိခဲ့ပြီး ၁၉ရာစုတွင် အနောက်တိုင်းစစ်အင်အားကို ဒူးထောက်ခဲ့ရပြီး၊ ယခုခေတ်တွင် ပြန်လည်နိုးထလာသော နဂါးကြီးဖြစ်သည်။
၂။ တရုပ်အင်ပါယာသည် နီးစပ်သောနီုင်ငံများကို ပဏ္ဍာဆက် လက်အောက်ခံနိုင်ငံပုံစံ ဆက်ဆံရေးကို ရှေးယခင်က ကျင့်သုံးခဲ့သည်။ အိမ်နိးချင်း၊ အာဖရိက၊ ဥရောပ ..နိုင်ငံများနှင့်ဆက်ဆံရာတွင် ထိုစနစ်ကို ပြန်လည်ကျင့်သုံးနေခြင်းဖြစ်သည်
၃။ ပြည်တွင်း လူမျိုးရေးအမြင်ဖြစ်သည်။ ဟန်တရုပ်တို့က ကြီးစိုးနေခြင်းသည် ရှေးရိုးစဉ်လာဖြစ်ပြီး၊ ဟောင်ကောင်၊တိုင်ဝမ်တို့က သီးခြားဖြစ်နေခြင်းသည် ပြည်တွင်းရေး လူမျိုးနွယ်မတူညီမှုဖြစ်သည်။ တရုပ်လူမျိုးစုများကို စာစကားတူအောင်ပြုလုပ် စည်းရုံးထားပြီးဖြစ်သည်။ ပြောစကားမတူခြင်းကိုလည်း မင်ဒရိန်း (တရုပ်စကား)ဖြင့် ညီညွတ်မှုကိုရယူထားပြီးဖြစ်သော်လ
၎။ တရုပ်နိုင်ငံအကျယ်အ၀န်းနှင့်လူဦ
၅။ တရုပ်လူမှုရေးစနစ်သည် အုပ်ချုပ်မှုအာဏာကို အစိုးရသည် အခြားလူတန်းစား (ဘာသာရေး၊လူမှုရေး၊စီးပွားရေး) ခေါင်းဆောင်များနှင့် အာဏာခွဲဝေသုံးစွဲရန် အကြောင်းမရှိ။ ကွန်ဖြူးရှပ် အဆုံးအမကို နာခံအုပ်ချုပ်ရန်ဖြစ်သည်။ လူထုအုံကြွမှုကလွဲပြီး အစိုးရပြောင်းလဲရန်မရှိဟု ခံယူထားခြင်း။
၆။ တရုပ်ပြည်၏ ကိုယ်ပိုင်ခေတ်မှီခြင်း။ ခေတ်မီစနစ်များကို လက်ခံကျင့်သုံးရာတွင် အနောက်နိုင်ငံများထက် ပိုမိုသက်တောင့်သက်သာစွာ ကျင့်သုံးလက်ခံခြင်းဖြစ်သည်။ တိုးတက်မှုမြန်ဆန်လှသော်လည်း ခေတ်ပေါ်စနစ်၊ပစ္စည်းများကို ကိုယ်ပိုင်နည်းဖြင့် လက်ခံ၊အသုံးချနေခြင်း။
၇။ တရုပ်ပြည်သည် ကွန်မြူနစ်ပါတီ အစိုးရလက်အောက်တွင် ရှိနေသည်။ ကွန်မြူနစ်သည် စတင်ခဲ့သော ရုရှားနီုင်ငံတွင် ကျဆုံးသွားသော်လည်း တရုပ်ပြည်တွင် ဆက်လက်အုပ်စိုးနေခြင်း။
၈။ တရုပ်ပြည်သည် ဖွံ့ဖြိုးပြီး နှင့် ဖွံ့ဖြိုးဆဲ အဆင့်၂ခု အတူ လာမည့် ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ရှိနေမည်ဖြစ်ခြင်း။
စာအုပ် မူရင်းစာရေးသူ မာတင်ဂျာ့က်စ်သည် လန်ဒန်စီးပွားရေးကျောင်း (LSE) ၏ IDEAS စင်တာမှ အကြီးတန်း ဧည့်ပညာရှင်တစ်ဦးဖြစ်သည်။ ဘေဂျင်း ဆင်ဟွာတက္ကသိုလ် (Tsinghua University) တွင် ဧည့်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ ဘောဂျင်းရန်မင်တက္ကသိုလ်၊ ကျိုတို ichi University နှင့် Ritsuimeikan University များ၏ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စင်ကာပူအမျိုးသားတက္ကသိုလ် အာရှသုတေသန အင်စတီကျု (Asia Research Institute) ၏ အကြီးတန်း ပညာရှင်လည်း ဖြစ်ခဲ့သည်။ ဂျာက်စ် သည် Marxism Today ၏ ပူးတွဲအယ်ဒီတာဖြစ်ခဲ့ဖူးပြီး ဗြိတိသျှ သုခမိန်အဖွဲ့ တစ်ခုဖြစ်သည့် "Demos" ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည်။ မန်ချက်စတာ တက္ကသိုလ်မှ ဂုဏ်ထူးတန်းဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ကာ၊ ကိန်းဘရစ်တက္ကသိုလ်မှ Ph.D ဘွဲ့ရရှိခဲ့သည်။ ယခုအခါ သားဖြစ်သူ ရာဝီနှင့်အတူ လန်ဒန်တွင် နေထိုင်လျှက်ရှိသည်။
ဌေးနိုင် (ဘာသာပြန်သူ)
အမည်ရင်း ဌေးဝင်းနိုင်ဖြစ်ပြီး ၁၉၇၀ပြည့်နှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၉၄တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ(ဂုဏ်ထူးဘွဲ့) ရရှိခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် စင်ကာပူ အမျိုးသားတက္ကသိုလ်မှ မဟာဝိဇ္ဖာဘွဲ့ကို ရရှိခဲ့သည်။ ကွန်ပြူတာ ပရိုဂရမ်ရေးသားသူ၊ အိုင်တီပညာရှင်၊ အရောင်းမန်နေဂျာ၊ စီးပွားရေးအတိုင်ပင်ခံ စသည့် တာဝန်များဖြင့် ပြည်တွင်း၊ပြည်ပ ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုအခါ ဇနီး၊သားတစ်ယောက်နှင့်အတူ စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
Myanmar Heritage
ပုံနှိပ်ခြင်း ..ပထမအကြိမ်၊ ၂၀၁၂ အောက်တိုဘာလ၊
ထုတ်ဝေသူ ဒေါ်ခင်မာချို (၀၃၇၃၈) ပန်းဝေစာပေ
ပုံနှီပ်သူ ဦးမောင်လွင် (၀၂၄၁၃) နေလင်းပုံနှိပ်တိုက်
ဤကမ္ဘာကိုတရုပ်တို့ကြီးစိုးသည့်အ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။