Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 8, 2013

ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီးတဲ့လားကွယ်

Hla Wai shared Moe Zay Nyein's photo.
ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီးတဲ့လားကွယ်
မိုးဇေညိမ်း

ကနေ့မနက် ဖေ့စ်ဘုတ်ဖွင့်တော့ Myawady News Page ဆိုပြီး ကက(ပြည်) လက်အောက်ခံ မြ၀တီသတင်းဌာနရဲ့နာမည်နဲ့ ခပ်ဆင်ဆင်လုပ်ထားတဲ့ Page က သတင်းတစ်ပုဒ်ကို ရှယ်ထားကြတာတွေ့မိတယ်။ တခြားဟာတွေတော့ အကျယ်ချဲ့ပြီး မပြောလိုတော့ပါဘူး။ အဲဒီ သတင်းက ဖတ်မိတဲ့ စာလေးတစ်ကြောင်းနဲ့ပတ်သတ်ပြီး စဉ်းစားမိတာလေးပဲ ပြောချင်တာပါ။ “ဆယ်စုနှစ်ကျော်ကျော် ဖိနှိပ်အုပ်ချုပ်လာတဲ့ ခေတ်တစ်ခေတ်ကို ပြောင်းလဲသွားအောင် လုပ်ပေးတဲ့လူ” ဆိုပြီး ဦးသိန်းစိန်ကို ညွှန်းဆိုထားတာတွေ့ရလို့ပါ။ ဦးသိန်းစိန်က မြန်မာပြည်ကို ပြောင်းလဲသွားအောင် လုပ်ပေးခဲ့တဲ့လူဟုတ်ရဲ့လားလို့ ကျွန်တော်စဉ်းစားမိပါတယ်။

တရံရောအခါက ဗွီ၊အိုင်၊လီနင်ကို ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ်ရော ကမ္ဘာ့ကွန်မြူနစ် ခေါင်းဆောင်ကြီးအဖြစ်ပါ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဇာဘုရင်ရဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို လီနင်က ဦးဆောင်တော်လှန်ဖြုတ်ချပြီး ဆိုဗီယက်လူ့အဖွဲ့အစည်းကို တည်ဆောက်ခဲ့လို့ပါ။ သူ့စကားလေးတစ်ခွန်းကိုတောင် အမှတ်ရမိသေးတယ်။ “စစ်မှန်တဲ့ တော်လှန်ရေးဆိုတာဟာ ရှိပြီးသားစနစ်ဟောင်းကို ထပ်မွမ်းမံတာမဟုတ်ပဲနဲ့ စနစ်ဟောင်းကို ဖြိုချပြီး စနစ်သစ်ကို တည်ဆောက်တာဖြစ်တယ်” တဲ့။ မှတ်မိသလောက် ပြန်ရေးတာပါ။

နောက်တစ်ခါ မော်စီတုန်းကို တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုကြတယ်။ ဂျပန်ကို တိုက်ထုတ်၊ ချန်ကေရှိတ်ကို ဖော်မိုဆာသို့ မောင်းထုတ်ပြီး တရုတ်ပြည်သစ်ကို တည်ထောင်ခဲ့လို့ပါ။ ဒီလိုပဲ တိန့်ရှောင်ဖိန်ကိုလည်း တရုတ်ပြည်ရဲ့ ဒုတိယဖခင်အဖြစ် အသိအမှတ်ပြုခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ အာဏာကို လက်ဝါးကြီးအုပ်၊ အစွန်းရောက် ကွန်မြူနစ် အာဏာရှင်စနစ်ကို တည်ဆောက်နေတဲ့ မော်စီတုန်းမိန်းမ (နာမည်တော့ မေ့သွားပြီ၊ အကျယ်ချုပ်ထားရင်းနဲ့ ၁၉၈၉ ခုနှစ်ကလား … ကိုယ့်ကိုကိုယ်သတ်သေသွားတယ်) ကိုဖြုတ်ချဖမ်းဆီးပြီး ပြည်သူတွေနဲ့ လိုက်လျောညီထွေရှိတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ်သစ်ကို စတင်ခဲ့လို့ပါပဲ။

ဒီလိုပါပဲ။ ဂျပန်တွေ၊ အင်္ဂလိပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေးရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုကြတယ်။ ပြင်သစ်တွေကို တိုက်ထုတ်၊ အမေရိကန်သြဇာလွှမ်းမိုးနေတဲ့ တောင်ဗီယက်နမ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ဟိုချီမင်းကိုလည်း ဗီယက်နမ်ရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုထားကြတယ်။ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တိုက်ခိုက်ပြီး ထင်သာမြင်သာရှိ၊ လက်တွေ့ကျတဲ့ တောင်အာဖရိကနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခဲ့တဲ့ နယ်လဆင်မင်ဒဲလားကို ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ကြတယ်။ ပြည်သူတွေ မလိုလားတဲ့ စနစ်ဟောင်းကြီးကို အမြစ်ကနေဆွဲနုတ်၊ တိုက်ဖျက်ခဲ့တဲ့လူတွေကို ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေလို အသိအမှတ်ပြုခဲ့ကြပါတယ်။ စနစ်ဟောင်းကို လူကြည့်ကောင်းအောင် မွမ်းမံဖာထေးပြီး ပြုပြင်နေတာကို ပြုပြင်ပြောင်းလဲရေးသမားလို့ မခေါ်ခဲ့ကြပါဘူး။

ထားပါတော့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေအကြောင်း ပြောရရင် စာတစ်စောင်ပေတစ်ဖွဲ့ဖြစ်သွားလိမ့်မယ်။ ဦးသိန်းစိန်က အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေအပေါ် သနားဂရုဏာကြီးစွာနဲ့ ဦးသန်းရွှေအစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ကြီးကို တည်ဆောက်ပေးခဲ့တာလား။ နအဖခေတ်တုန်းက ဦးသန်းရွှေ၊ ခင်ဗျားနားတော့ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီစနစ်ကို ပေးလိုက်ပါဗျာ လို့ သတ္တိရှိရှိ ပြောခဲ့ဖူးလို့လား။ ဦးသန်းရွှေရဲ့အလိုကျရေးထားတဲ့ အခြေခံဥပဒေ၊ ဆရာကို ပြန်ပြီး အာမခံရဲဘူးလို့ ယူဆလို့ ဦးသန်းရွှေက ရွေးချယ်ပေးခဲ့တဲ့ သမ္မတ၊ ခိုင်းကောင်းမယ်ထင်လို့ တင်ထားတဲ့ သမ္မတ၊ စစ်အာဏာရှင်စနစ်ကြီးစိုးနေတဲ့ အချိန်တုန်းက အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်တာဝန်တွေအထိ ယူခဲ့ဖူးတဲ့ အလိုတူအလိုပါ စစ်အာဏာရှင် တစ်ယောက် …. ဒီလိုလူမျိုးကို ခုချိန်ရောက်မှ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီးဆိုပြီး ဂုဏ်မြှောက်နေတာကိုတော့ လက်မခံနိုင်ပါဘူး။ တကယ်လို့ ဦးသန်းရွှေက ဦးသိန်းစိန်ကို သဘောမကျခဲ့ရင်လည်း တခြားတစ်ယောက်ယောက်ကို သမ္မတအဖြစ်တင်မြှောက်ခဲ့မှာပါပဲ။ သမိုင်းအသစ်ကို ရေးတာမဟုတ်ပဲနဲ့ သမိုင်းဟောင်းရဲ့ ကြိုးဆွဲရာကို ကနေရတဲ့လူတစ်ယောက်၊ သမိုင်းအဟောင်းရဲ့ ယုတ်မာညစ်ထေးမှုတွေကို ကာကွယ်ပေးရတဲ့သူတစ်ယောက်ကို ကျွန်တော်ကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။

(ရိုင်းစိုင်းသော၊ ကပေါက်တိကပေါက်ချာ ငါ့စကားနွားရနိုင်သော၊ စကားလုံးမပါဝင်ပဲ လွတ်လပ်စွာဖြင့် သဘောထား ကွဲလွဲနိုင်၊ ဆွေးနွေးနိုင်ပါသည်)

 မိုးဇေညိမ်း

ကနေ့မနက် ဖေ့စ်ဘုတ်ဖွင့်တော့ Myawady News Page ဆိုပြီး ကက(ပြည်) လက်အောက်ခံ မြ၀တီသတင်းဌာနရဲ့နာမည်နဲ့ ခပ...်ဆင်ဆင်လုပ်ထားတဲ့ Page က သတင်းတစ်ပုဒ်ကို ရှယ်ထားကြတာတွေ့မိတယ်။ တခြားဟာတွေတော့ အကျယ်ချဲ့ပြီး မပြောလိုတော့ပါဘူး။ အဲဒီ သတင်းက ဖတ်မိတဲ့ စာလေးတစ်ကြောင်းနဲ့ပတ်သတ်ပြီး စဉ်းစားမိတာလေးပဲ ပြောချင်တာပါ။ “ဆယ်စုနှစ်ကျော်ကျော် ဖိနှိပ်အုပ်ချုပ်လာတဲ့ ခေတ်တစ်ခေတ်ကို ပြောင်းလဲသွားအောင် လုပ်ပေးတဲ့လူ” ဆိုပြီး ဦးသိန်းစိန်ကို ညွှန်းဆိုထားတာတွေ့ရလို့ပါ။ ဦးသိန်းစိန်က မြန်မာပြည်ကို ပြောင်းလဲသွားအောင် လုပ်ပေးခဲ့တဲ့လူဟုတ်ရဲ့လားလို့ ကျွန်တော်စဉ်းစားမိပါတယ်။

တရံရောအခါက ဗွီ၊အိုင်၊လီနင်ကို ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ်ရော ကမ္ဘာ့ကွန်မြူနစ် ခေါင်းဆောင်ကြီးအဖြစ်ပါ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဇာဘုရင်ရဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို လီနင်က ဦးဆောင်တော်လှန်ဖြုတ်ချပြီး ဆိုဗီယက်လူ့အဖွဲ့အစည်းကို တည်ဆောက်ခဲ့လို့ပါ။ သူ့စကားလေးတစ်ခွန်းကိုတောင် အမှတ်ရမိသေးတယ်။ “စစ်မှန်တဲ့ တော်လှန်ရေးဆိုတာဟာ ရှိပြီးသားစနစ်ဟောင်းကို ထပ်မွမ်းမံတာမဟုတ်ပဲနဲ့ စနစ်ဟောင်းကို ဖြိုချပြီး စနစ်သစ်ကို တည်ဆောက်တာဖြစ်တယ်” တဲ့။ မှတ်မိသလောက် ပြန်ရေးတာပါ။

နောက်တစ်ခါ မော်စီတုန်းကို တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုကြတယ်။ ဂျပန်ကို တိုက်ထုတ်၊ ချန်ကေရှိတ်ကို ဖော်မိုဆာသို့ မောင်းထုတ်ပြီး တရုတ်ပြည်သစ်ကို တည်ထောင်ခဲ့လို့ပါ။ ဒီလိုပဲ တိန့်ရှောင်ဖိန်ကိုလည်း တရုတ်ပြည်ရဲ့ ဒုတိယဖခင်အဖြစ် အသိအမှတ်ပြုခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ အာဏာကို လက်ဝါးကြီးအုပ်၊ အစွန်းရောက် ကွန်မြူနစ် အာဏာရှင်စနစ်ကို တည်ဆောက်နေတဲ့ မော်စီတုန်းမိန်းမ (နာမည်တော့ မေ့သွားပြီ၊ အကျယ်ချုပ်ထားရင်းနဲ့ ၁၉၈၉ ခုနှစ်ကလား … ကိုယ့်ကိုကိုယ်သတ်သေသွားတယ်) ကိုဖြုတ်ချဖမ်းဆီးပြီး ပြည်သူတွေနဲ့ လိုက်လျောညီထွေရှိတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ်သစ်ကို စတင်ခဲ့လို့ပါပဲ။

ဒီလိုပါပဲ။ ဂျပန်တွေ၊ အင်္ဂလိပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေးရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုကြတယ်။ ပြင်သစ်တွေကို တိုက်ထုတ်၊ အမေရိကန်သြဇာလွှမ်းမိုးနေတဲ့ တောင်ဗီယက်နမ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ဟိုချီမင်းကိုလည်း ဗီယက်နမ်ရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုထားကြတယ်။ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တိုက်ခိုက်ပြီး ထင်သာမြင်သာရှိ၊ လက်တွေ့ကျတဲ့ တောင်အာဖရိကနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခဲ့တဲ့ နယ်လဆင်မင်ဒဲလားကို ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ကြတယ်။ ပြည်သူတွေ မလိုလားတဲ့ စနစ်ဟောင်းကြီးကို အမြစ်ကနေဆွဲနုတ်၊ တိုက်ဖျက်ခဲ့တဲ့လူတွေကို ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေလို အသိအမှတ်ပြုခဲ့ကြပါတယ်။ စနစ်ဟောင်းကို လူကြည့်ကောင်းအောင် မွမ်းမံဖာထေးပြီး ပြုပြင်နေတာကို ပြုပြင်ပြောင်းလဲရေးသမားလို့ မခေါ်ခဲ့ကြပါဘူး။

ထားပါတော့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေအကြောင်း ပြောရရင် စာတစ်စောင်ပေတစ်ဖွဲ့ဖြစ်သွားလိမ့်မယ်။ ဦးသိန်းစိန်က အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေအပေါ် သနားဂရုဏာကြီးစွာနဲ့ ဦးသန်းရွှေအစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ကြီးကို တည်ဆောက်ပေးခဲ့တာလား။ နအဖခေတ်တုန်းက ဦးသန်းရွှေ၊ ခင်ဗျားနားတော့ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီစနစ်ကို ပေးလိုက်ပါဗျာ လို့ သတ္တိရှိရှိ ပြောခဲ့ဖူးလို့လား။ ဦးသန်းရွှေရဲ့အလိုကျရေးထားတဲ့ အခြေခံဥပဒေ၊ ဆရာကို ပြန်ပြီး အာမခံရဲဘူးလို့ ယူဆလို့ ဦးသန်းရွှေက ရွေးချယ်ပေးခဲ့တဲ့ သမ္မတ၊ ခိုင်းကောင်းမယ်ထင်လို့ တင်ထားတဲ့ သမ္မတ၊ စစ်အာဏာရှင်စနစ်ကြီးစိုးနေတဲ့ အချိန်တုန်းက အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်တာဝန်တွေအထိ ယူခဲ့ဖူးတဲ့ အလိုတူအလိုပါ စစ်အာဏာရှင် တစ်ယောက် …. ဒီလိုလူမျိုးကို ခုချိန်ရောက်မှ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီးဆိုပြီး ဂုဏ်မြှောက်နေတာကိုတော့ လက်မခံနိုင်ပါဘူး။ တကယ်လို့ ဦးသန်းရွှေက ဦးသိန်းစိန်ကို သဘောမကျခဲ့ရင်လည်း တခြားတစ်ယောက်ယောက်ကို သမ္မတအဖြစ်တင်မြှောက်ခဲ့မှာပါပဲ။ သမိုင်းအသစ်ကို ရေးတာမဟုတ်ပဲနဲ့ သမိုင်းဟောင်းရဲ့ ကြိုးဆွဲရာကို ကနေရတဲ့လူတစ်ယောက်၊ သမိုင်းအဟောင်းရဲ့ ယုတ်မာညစ်ထေးမှုတွေကို ကာကွယ်ပေးရတဲ့သူတစ်ယောက်ကို ကျွန်တော်ကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။

(ရိုင်းစိုင်းသော၊ ကပေါက်တိကပေါက်ချာ ငါ့စကားနွားရနိုင်သော၊ စကားလုံးမပါဝင်ပဲ လွတ်လပ်စွာဖြင့် သဘောထား ကွဲလွဲနိုင်၊ ဆွေးနွေးနိုင်ပါသည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။