Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 11, 2013

ထာဝစဉ် တန်ဖိုး ထားကြရမည့် နိုင်ငံနှင့် လူမျိုး ဂုဏ်သိက္ခာ


 Royal Hero Media
ဖေဖော်ဝါရီ ၂၃ ရက်ထုတ် ရတနာပုံ သတင်းစာ နောက်ကျော တစ်နေရာမှ သတင်း တစ်ပုဒ်ကြောင့် နိုင်ငံသား တစ်ဦး အနေဖြင့် မျက်နှာ တစ်ခုလုံး ပူထူ သွားသလို လို၊ ကျောထဲမှာ စိမ့်သွား သလိုလို များစွာ တုန်လှုပ်ပြီး ဝမ်းနည်းစွာ ခံစား ရတာမို့ ဒီစာကို ရေးဖြစ်တယ် ဆိုရင် ပို၍ မှန်ကန်ပါသည်။
အဆိုပါ သတင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်က အမှတ်(၇) နယ...်မြေ ဝက်ကြီး အင်းရပ် ပုဂံ-ညောင်ဦး မြို့ဟောင်း အနောက်ရထား လမ်းမကြီး သင်္ခါရ လမ်းဆုံနှင့် အလိုတော်ပြည့် ဘုရား လမ်းကြားတွင် တရုတ် နိုင်ငံသူ နှစ်ဦး၏ စက်ဘီး ရှေ့ခြင်းထဲမှ ပစ္စည်း ခုနစ်မျိုးပါ ကာလ တန်ဖိုးငွေကျပ် ၁၉၃၆ဝဝဝ တန် ကျောပိုးအိတ်ကို မြန်မာ နိုင်ငံသား သုံးဦးမှ ပြောင်ပြောင် တင်းတင်း ဆွဲယူ သွားခြင်းနှင့် ဖေဖော်ဝါရီ ၁၆ ရက်က ရွှေလိပ်တူး ဘုရား အနီးတွင် အင်္ဂလန် နိုင်ငံသူ နှစ်ဦး၏ ပစ္စည်း ခြောက်မျိုးပါ ကျောပိုး အိတ်ကို မြန်မာ နိုင်ငံသား လူငယ်နှစ်ဦးက ဆွဲယူ ထွက်ပြေးခြင်း ဖြစ်စဉ် နှစ်ခုသည် လေးရက်အတွင်း ဖြစ်ပွား ခဲ့သည်ကို ဖတ်ရှုရသည်။ ယဉ်ကျေးမှု နယ်မြေမှ သတင်းနှင့် မကြာသေးမီ နှစ်အတွင်း ကလည်း ကျောက်ပန်းတောင်းနှင့် ညောင်ဦးကြား ကမ္ဘာလှည့် ခရီးသွား ဂျပန် အမျိုးသမီး တစ်ဦးကို မတရား ပြုကျင့်ရန် ကြံရွယ် ရာက သေဆုံး သွားသည့် ဖြစ်စဉ် တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

ဤသတင်း များသည် မြန်မာ လူမျိုးတို့၏ တန်ဖိုးနှင့် လူ့အသိုက် အဝန်း ယဉ်ကျေးမှုကို နိမ့်ကျ စေသလို နိုင်ငံ၏ ဂုဏ်သိက္ခာ ကိုလည်း များစွာ ညှိုးနွမ်းစေခဲ့ ရပါသည်။ ထို့အတူ ဤဖြစ်စဉ် များသည် ကျွန်ုပ်တို့ လူမျိုး၏ ကိုးကွယ်ရာ ဘာသာ တရားနှင့်လည်း လုံးလုံးလျားလျား ဆန့်ကျင်နေ ပါသည်။ လူ့ယဉ်ကျေးမှုနှင့် ကြည့်လျှင် အင်မတန် သေးသိမ် ၍ အောက်တန်း ကျသော လုပ်ရပ် ဖြစ်သလို ကမ္ဘာ့ အလယ်တွင် ရှက်ဖွယ် ကောင်းလှပါသည်။

ယခုအခါ အိမ်သာ၍ ဧည့်လာဆိုတဲ့ စကားလို မိမိတို့၏ နိုင်ငံသို့ ကမ္ဘာ့ နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွားများ လာရောက်ခြင်းသည် နိုင်ငံနှင့် လူမျိုး အကျိုးနှင့် ယှဉ်ကြည့်မည် ဆိုလျှင် အင်မတန် ဂုဏ်ယူစရာ ကောင်းသလို အရင်းအနှီး မလိုဘဲ နိုင်ငံတော် အတွက် နိုင်ငံသားများ အတွက် နိုင်ငံခြားငွေ ရရှိ နေခြင်းလည်း ဖြစ်ပါသည်။

နောက်သတင်းတစ်ခု သတိ ပြုမိသည်မှာ အိမ်သာတော့ ဧည့်လာကြ လေပြီဟူသော သတင်း မှတ်စု ဖြစ်သည်။ ထိုသတင်း မှတ်စုကို ဖတ်ရသည့် အခါ နိုင်ငံသား တစ်ယောက် အနေဖြင့် မျက်ရည် လည်မတတ် ဝမ်းသာဂုဏ်ယူ ရပါသည်။

ဘာကြောင့်လည်း ဆိုတော့ ''အစ်မတို့ ဒီတစ်ခါ နိုင်ငံခြားသား ဧည့်သည် အများစုဟာ အနောက် ဥရောပ နိုင်ငံတွေက ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံနဲ့ ဂျာမန် နိုင်ငံသား အများစု ဖြစ်ပါတယ်။ ဖော်ရွေတဲ့ မြန်မာနိုင်ငံ သားများရဲ့ အပြုံးမျက်နှာ၊ သာယာ လှပတဲ့ မြန်မာနိုင်ငံ၊ ယခင်နဲ့ မတူတဲ့ အစစ အရာရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး များနဲ့ တိုးတက်နေတဲ့ မြန်မာ ပြည်ကို လာလည်ခွင့် ရတဲ့အတွက် အလွန်ပဲ ကျေနပ်ကြ၊ ဝမ်းသာပျော်ရွှင် ကြရပါတယ်။ ကိုယ့်နိုင်ငံကို ပြန်ရောက်တဲ့ အခါမှာလည်း သာယာ လှပတဲ့ မြန်မာနိုင်ငံ အကြောင်းကို ပြောပြမယ်။ လည်ပတ်သင့်တဲ့ နိုင်ငံတွေ ထဲမှာ မြန်မာ နိုင်ငံက အကောင်းဆုံး ဆိုတာ မိတ်ဆွေများကို တိုက်တွန်းမယ်'' ဟု နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များက မှတ်ချက် ပြုခြင်းကို ဖတ်လိုက်ရတော့ ဖရဏာ ပီတိ ဂွမ်းဆီထိ ပမာ ကျေနပ်မှု၊ ဝမ်းသာမှု တို့ဖြင့် ဂုဏ်ယူခံစား ရပါသည်။

သာယာ လှပတဲ့ ကျွန်ုပ်တို့နိုင်ငံ၊ အပြုံး မျက်နှာနဲ့ ယဉ်ကျေးပျူငှာ ဖော်ရွေတတ်တဲ့ ကျွန်ုပ်တို့ လူမျိုးဆိုတာ ရှေးယခင် ဘိုးစဉ် ဘောင်ဆက်က ဆင်းသက် လာခဲ့တာမို့ အမြတ်တနိုး တန်ဖိုး ထားကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်သော အခါ ကာလက အကြောင်း အမျိုးမျိုးကြောင့် ကမ္ဘာ့ နိုင်ငံ အသီးသီးက ပြည်သူတွေ မြန်မာ လူမျိုးတို့၏ အကြောင်းကို မသိခဲ့ ကြတာ ဖြစ်ပါတယ်။ မျက်မှောက် ကာလတွင် ထင်သာမြင်သာ ပြုပြင် ပြောင်းလဲမှု တို့ဖြင့် ဒီမိုကရေစီ နိုင်ငံတော် သစ်တည်ဆောက် နေချိန်တွင် အနောက် ဥရောပ နိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေ လာလည်ခွင့် ရကြသည့် အတွက် မြန်မာ လူမျိုးတို့၏ ရိုးသားမှု၊ ပွင့်လင်းမှု၊ ဖော်ရွေမှုနှင့် အတူ ကမ္ဘာမှာ မရှိသေးသည့် ရိုးရာ ဝတ်စား ဆင်ယင်မှု များကို မြင်တွေ့ ကြရသည့် အခါ ကျေနပ်မှု ပီတိများနှင့် အိမ်ပြန် ရောက်လျှင်ပင် ဖောက်သည်ချဖို့ နိုင်ငံများစွာ ထဲက လည်ပတ်ရန် အကောင်း ဆုံးသော နိုင်ငံဟာ မြန်မာနိုင်ငံ ပါလို့ မိတ်ဆွေတွေကို တိုက်တွန်းမယ် ဆိုသည့် စကား ကြားသိ လိုက်ရတော့ မြန်မာ နိုင်ငံမှာ မြန်မာလူမျိုး ဖြစ်ရတာ ဘယ်လောက်များ ဂုဏ်ယူ စရာ ကောင်းလိုက် ပါသလဲ။ ယခုလို သတင်းစကား မျိုးကိုသာ အမြဲ ကြားလိုပါသည်။

ယခုဆိုလျှင် မြန်မာ နိုင်ငံရဲ့ ဒေသ အနှံ့မှာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ တစ်နေ့တခြား တိုးတက် များပြားစွာ ဝင်ရောက်လည်ပတ် နေကြသလို ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်း ကလည်း သာယာ လှပတဲ့ မြန်မာ နိုင်ငံဟာ လည်ပတ်သင့်တဲ့ ကမ္ဘာ့ နံပါတ်တစ် နိုင်ငံပါလို့ ထုတ်ဖော်ပြောကြား ထားပါသည်။ ကျွန်ုပ်တို့ နိုင်ငံသူ နိုင်ငံသား အားလုံး က ဂုဏ်ယူစွာ ကြိုဆို ကြရပါမည်။

မကြာမီ မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ပွဲတော်ကြီးသို့ နိုင်ငံခြားသား အားကစား သမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ လာရောက်ကြမည် ဖြစ်ပါသည်။ ထိုအခါ ယဉ်ကျေးပျူငှာ ဖော်ရွေစွာဖြင့် ပွဲအစ အဆုံး အကောင်းဆုံး ဖြစ်အောင် အစစ အရာရာ ကူညီကြရ မှာက အိမ်ရှင် ဝတ္တရား မြန်မာ များ ဖြစ်ပါသည်။

ကျွန်ုပ်တို့ လူမျိုးများ၏ ဖော်ရွေမှု၊ ရိုင်းပင်း ကူညီမှု၊ ကိုယ်ချင်း စာနာမှု၊ ယဉ်ကျေးပျူငှာ အပြုံးမျက်နှာ ပိုင်ဆိုင်မှု၊ လှပတင့်တယ် ဝင့်ထည်သော မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှု စသည့် ကမ္ဘာ တစ်ခွင်တွင် အစဉ် ထုံသင်းသည့် ဂုဏ်သတင်းနှင့် အတူ နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်သိက္ခာ အဆင့်အတန်း မညှိုးနွမ်း ရအောင် မိဘပြည်သူ ညီအစ်ကို မောင်နှမ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်း ထိန်းသိမ်းခြင်းဖြင့် တန်ဖိုး ထားကြပါစို့ဟု လေးစားစွာ နှိုးဆော်ပန်ကြား ရေးသား လိုက်ရပါသည်။

ဖေထွဏ်းဇော်- ရေစကြို

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။