Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 11, 2013

လေ့ကျင့်ခန်း လုပ်သူတိုင်း အစားသင့်ဆုံး အစားအစာများ


လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ များစွာရရှိနိုင်သလို ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေလည်း ရှိနေပါတယ်။ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

(၁) အစာကြေလွယ်သော သစ်သီးများ စားပါ


သစ်သီးတွေ စားသုံးတာက ကျန်းမာရေးနဲ့ ညီညွတ်စေတယ်ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ သစ်သီးတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သကြားဓာတ်များစွာ ပါဝင်ပြီး သင့်ခန္ဓာကိုယ်တွင်းမှာ စွမ်းအင် ဖြစ်ပေါ်စေပါတယ်။ လတ်ဆတ်တဲ့ ငှက်ပျောသီး၊ ပန်းသီးတွေမှာ ဗီတာမင် စီ၊ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် လေ့ကျင့်ခန်း မလုပ်ခင် စားပေးပါက လေ့ကျင့်ခန်း လုပ်ချိန်မှာ သဘာဝအတိုင်း စွမ်းအင်တွေ တိုးပွားစေပါတယ်။ အစာကြေဖို့ ခက်ခဲတဲ့ အစားအစာတွေ စားသုံးပါက လေ့ကျင့်ခန်း လုပ်တဲ့အခါ ဗိုက်နာဗိုက်အောင့်တာကို ဖြစ်စေပါတယ်။

(၂) ကြွက်သားကြီးထွားမှုကို အားပေးသော ဒိန်ချဉ် သောက်ပါ

ဒိန်ချဉ်မှာ ပရိုတင်းများစွာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ကာဗိုဟိုက်ဒရိတ်ကို ရရှိစေတာကြောင့် လေ့ကျင့်ခန်း လုပ်ရာမှာ လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပေါင်းစပ်ပါဝင်တဲ့ ဒိန်ချဉ်က ကြွက်သားကြီးထွားမှုကို အားပေးပါတယ်။ ဒိန်ချဉ်ထဲကို ဘယ်ရီသီး အနည်းငယ် ထပ်ပေါင်းထည့်ပြီး စားတာက အရသာ ပိုစေတဲ့အပြင် စွမ်းအင် ပမာဏကိုလည်း တိုးမြှင့်ရရှိစေပါတယ်။

(၃) ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ကွေကာသောက်ပါ

ကွေကာက ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ အားပေးကူညီပါတယ်။ ကွေကာမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး လေ့ကျင့်ခန်းလုပ်တာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးတဲ့ ဘီတိန်းဒြပ်ပေါင်း ပါဝင်ပါတယ်။ ကွေကာက ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်းမှာ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်ရဲ့ မနက်စာ ဒါမှမဟုတ် လေ့ကျင့်ခန်း မလုပ်ခင်မှာ ကွေကာ သောက်ပေးတာက ပိုမိုသင့်တော်ပါတယ်။

(၄) ကြွက်သားများ ပြန်လည် တည်ဆောက်နိုင်ရန် ကြက်သားစားပါ

လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီအတွင်းမှာ ကြွက်သားတွေကို ပုံမှန်အနေအထားအတိုင်း ရောက်အောင် ခန္ဓာကိုယ်က ပြန်လည်တည်ဆောက် ရပါတယ်။ ကြက်သား၊ ဥအမျိုးမျိုးနဲ့ ငါးတွေမှာပါတဲ့ ပရိုတင်းကနေ ကြွက်သားတွေအတွက် လိုအပ်တဲ့ အမိုင်နိုအက်စစ်ကို ရရှိပြီး ကြွက်သားသန်မာမှုနဲ့ ကြီးထွားမှုကို အားပေးပါတယ်။ ပရိုတင်းဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေက လေ့ကျင့်ခန်းလုပ်တာကို ပိုမိုထိရောက်စေပါတယ်။

(၅) လတ်ဆတ်သော သစ်သီးဖျော်ရည် သောက်ပါ

လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ သောက်ပေးတာက လေ့ကျင့်ခန်း လုပ်ပြီးချိန် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရာမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ အများစုက လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ အစာများများ စားတတ်ကြပါတယ်။ တကယ်တော့ သစ်သီးဖျော်ရည် သောက်ပေးတာက ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို အမြန်ဆုံး စုပ်ယူပြီး ကြွက်သားတွေကို ပြန်လည် တည်ဆောက်ပေးပါတယ်။

(၆) အဆီများကို လောင်ကျွမ်းစေသော အုတ်ဂျုံစားပါ

အုတ်ဂျုံက ကြွက်သားတွေ တည်ဆောက်မှုအတွက် အသင့်တော်ဆုံး အစားအစာပါ။ အုတ်ဂျုံကနေ ကြွက်သားတွေအတွက် စွမ်းအင်အဖြစ် လိုအပ်တဲ့ သကြားဓာတ်ကို ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် အုတ်ဂျုံက အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားအတွက် စွမ်းအင်ဖြစ်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေ အနေနဲ့ စားသင့်တဲ့ အစားအစာ တစ်ခုပါ။ လေ့ကျင့်ခန်းမလုပ်ခင် သုံးနာရီအတွင်းမှာ အုတ်ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ စားပေးပါ။ သကြားဓာတ်ကို တဖြည်းဖြည်းချင်း ရရှိစေပြီး လေ့ကျင့်ခန်းလုပ်ရာမှာ စွမ်းအင်ပမာဏကို မြှင့်တင်ပေးပါတယ်။

(၇) သတ္တုဓာတ်များ ပြန်လည်ဖြည့်တင်းရန် အသီးခြောက်နှင့် အစေ့အဆန် စားပါ

စပျစ်သီးခြောက်၊ ဆီးသီးခြောက် စတဲ့ အသီးခြောက်တွေနဲ့ အစေ့အဆန်တွေကနေ လေ့ကျင့်ခန်းလုပ်ရာမှာ ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ အသီးခြောက်နဲ့ အစေ့အဆန်တွေကနေ သတ္တုဓာတ်တွေ သာမက ကြွက်သား တည်ဆောက်ပေးတဲ့ ပရိုတင်းဓာတ်ကိုပါ ရရှိစေပါတယ်။ လေ့ကျင့်ခန်း မလုပ်မီနဲ့ လုပ်ပြီးချိန်တွေမှာ စားပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
http://bluenavyblog.blogspot.no/2013/03/blog-post_5775.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။