အူတက်အောင်ရီရသောဟာသများနဲ့အခြား
ဆပ်ကပ်တွင် ဓားများဖြင့် လက်လှည့် ကစားသူ တစ်ဦးသည် ရန်ကုန်မြို့ရှိ ဘုရားပွဲတစ်ခုတွင် သွားရောက်ပြသရန် ကားမောင်းလာ၏။
တိုသို့ ကားမောင်းလာစဉ်.....ကုန်းကျော်တ
တား၍စစ်ဆေးလေ၏။ကား ၀ိတက်စစ်၏။ လူလိုင်စင် စစ်၏။ အားလုံးမှန်၏။
သို့နှင့် ကားအတွင်းသို့ လှမ်းချက်လိုက်ရာ ကားအတွင်းမှ မျက်လှည့်ဆရာ၏ ဓားများကို တွေ့ရလေတော့သည်။
ထိုအခါ ယာဉ်ထိမ်းရဲမှ သံသယသံ ဖြင့် (အမှန်မှာ .... ဂွင် မိပီ ဟူသော ပီတိဖြင့် )....
" ခင်ဗျားကားထဲက ဓါး တွေက ဘာလုပ်တာလဲ။ ခုတစ်လော အုပ်စုလိုက်..ရိုက်နှက်ရမ်းကားေ
ဆပ်ကပ်ဆရာ။ ။ကျနော်က ဆပ်ကပ်ဆရာပါဗျာ။ ခု ဒီည....ဆပ်ကပ်ပြပွဲမှာ ကျနော်ကစားပြရမှာပါ......ဆရာရယ်
ယာဉ်ထိမ်းရဲ။ ။ဟားဟား.....ခင်ဗျားကတော့ လိမ်ချင်သေးတယ်။ ကဲ ဒီလိုဆိုရင် ကျုပ်ကို ကစားပြစမ်းပါ.....။
မျက်လှည့် ဆရာလည်း ကား ပေါ်မှ ဆင်းကာ ဓားများ ကို အပေါ်မြှောက်ပစ်လိုက် ၊ ပြန်ဖမ်းပြလိုက်နှင့် ကားလမ်းဘေးတွင် ကစားပြရလေတော့၏။
ထိုစဉ် အခြား ကား တစ်စီးက အနားမှ ဖြတ်မောင်းသွားရင်း ဓား ကစားပြနေသည်ကို မြင်တွေ့ရသဖြင့် ဖြည်းဖြည်းမောင်းပီး ကြည့်လေသည်။
ပြီးမှ ...ဖြေးဖြေးမောင်းသူ ကားဒရိုင်ဘာမှ ဘေးတွင် ထိုင်နေသော ကားပေါ်ပါသူအား....
" တော်ပါသေးရဲ့ဗျာ။ ကျုပ်အရက်ဖြတ်လိုက်တာ ကံကောင်းတာပဲ ။
ဟိုတခါတုန်းက အရက်မူးတာကို alcoholic tester ( အရက်မူးတိုင်း ကိရိယာ )နဲ့ စမ်းမယ်ဆိုပီးကြားလိုက်ကတည်းက အရက်ဖြတ်လိုက်တာ။
ကဲ...အခုကြည့်စမ်း....။စမ်း တဲ့ ကိရိယာပျက်လို့ ဖြစ်သလို စမ်းနေပုံပဲဗျ။
ဟိုလူကို အရက်သောက်ထားလို့ မူးမမူး ကို.. မြန်မာပြည်ကမော်တော်ပီကယ်တွေ စမ်းချက်ကတော့ ကြောက်စရာကြီးဗျာ...ဘုရားဘုရား ...."....တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely.....

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။