Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 11, 2013

"အဝေးကြီးမှာ မနေချင်တော့ဘူး"

KhingKhing Su shared Aye Chan Mon's photo.
"အဝေးကြီးမှာ မနေချင်တော့ဘူး"
Re-Post By ACM 11-3-2013

  ပြည်ပရောက်နေတဲ့ ရုပ်ရှင်မင်းသား၊ အဆိုတော် စိုးသူက ဒီလကုန်ပိုင်းမှာ past & present, Soe Thu ဆိုတဲ့ ဂီတဖျော်ဖြေပွဲကြီးတခု ရန်ကုန်မှာ လုပ်တော့မှာပါ။

ရုပ်ရှင်ဇာတ်ကားတွေ၊ တကိုယ်တော် တေးစီးရီးတွေ အများအပြား ထွက်ခဲ့တဲ့ စိုးသူက 
၂၀၀၁ မှာ မြန်မာပြည်က ထွက်သွားပြီး အမေရိကန်ပြည်ထောင်စုမှာ ဆရာဝန်တဦး အဖြစ် ရပ်တည်ခဲ့ပါတယ်။

ဧရာဝတီက အင်တာဗျူးရာမှာ အကယ်ဒမီစိုးသူက  သူ့ရဲ့ မိသားစု၊ သူ့ရဲ့ အတိတ် နဲ့ လတ်တလော အနုပညာလှုပ်ရှားမှုများအကြောင်း ပြောပြပါတယ်။
ဧရာဝတီသတင်းထောက် နဒီထိုက်က မေးမြန်းထားတာ ဖြစ်ပါတယ်။

မေး။   ။ ဖျော်ဖြေပွဲရဲ့ခေါင်းစဉ်ကို Past & Present, Soe Thu လို့ ဘာကြောင့်ပေးထားသလဲဆိုတာ သိပါရစေ။ 

ဖြေ။   ။ အတိတ်၊ ပစ္စုပန်မှာ ကျနော့် အနေနဲ့ ပရိသတ်အပေါ်ထားတဲ့စိတ်က တူတူပဲ ရှိနေသေးတယ် ဆိုတဲ့သဘောနဲ့ ဒီနာမည်လေး ပေးဖြစ်တာပါ။ 
အဓိကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပရိသတ်ကို ကျေးဇူးတင်စွာနဲ့ အတတ်နိုင်ဆုံး ပြန်ပေးဆပ်ချင်တဲ့အတွက် ခုလို စီစဉ်ဖြစ်သွားတာပါ။ 

မေး။   ။  အခမဲ့ဖျော်ဖြေပွဲအဖြစ် စီစဉ်ထားတာက ဘယ်လို ရည်ရွယ်ချက်ကြောင့်လဲ။ 

ဖြေ။  ။ ဒါက စေတနာကို ဦးထိပ်ထားလို့ပါ။ လာကြည့်ကြမယ့် မိဘပြည်သူတွေအတွက် သူတို့နေရာကနေ စဉ်းစားတာပါ။
 မကြည့်ရ တာကြာပြီဖြစ်တဲ့လူတွေကို ကြည့်လဲကြည့်စေချင်တယ်။ တကိုယ်တော် ဖျော်ဖြေပွဲလည်း တခါမှ မလုပ်ဖြစ်ခဲ့ဘူး။ အားရပါးရကြည့် စေချင်တယ်။ 

မေး။   ။ ဖျော်ဖြေပွဲမှာ တခြားအဆိုတော်တွေနဲ့ စုံတွဲသီဆိုဖို့ကော စီစဉ်ထားပါသလား။ 

ဖြေ။   ။ ဒါက ပရိသတ်အတွက် အကောင်းဆုံးနဲ့ အဆင်ပြေဆုံး လုပ်သွားဖို့ စီစဉ်ထားပါတယ်။  
ဘယ်သူတွေပါမလဲ ဘယ်လိုဖျော်ဖြေမလဲ ဆိုတာ Surprise အနေနဲ့ (အံ့သြသွားအောင်) ပရိသတ်ကို သိစေချင်လို့ပါ။ 

မေး။   ။ ဆိုမယ့်သီချင်းတွေကကော အဟောင်းတွေပဲလား။ သီချင်းသစ်တွေကော ဆိုဖြစ်မလား။ 

ဖြေ။   ။ အများစုကတော့ အဟောင်းပဲ ဆိုဖြစ်မှာပါ၊ ပရိသတ်တွေက သိချင်းဟောင်းတွေ ပိုကြားချင်တယ် ဆိုတော့လေ။ 
နောက်... အဟောင်းတွေပဲ ဆိုတော့ ပရိသတ်ငြီးငွေ့သွားမှာလည်း စိုးတယ်။ ဒိအတွက် အသစ်တွေလည်း ဆိုဖြစ်မှာပါ။ 

မေး။   ။ အစ်ကိုရဲ့ အရင်က  မန်ချက်စတာတီးဝိုင်းကိုကော ထည့်မှာလား။   ထူးထူးခြားခြားအစီအစဉ်လေးတွေရော ရှိသလား။

ဖြေ။   ။ လာအားပေးတဲ့သူတိုင်းကို အဆင်ပြေစေချင်ပါတယ်။ နောက်ပရိသတ်တွေ အားပေးတဲ့အပေါ်မှာ အကောင်းဆုံးတွေ ပေးချင်တယ်။ 
 ဖြစ်နိုင်ရင်သီချင်းအပုဒ် တထောင်လောက် ဆိုပြချင်တယ်။ အရင်က လက်တွဲလုပ်ခဲ့တဲ့ Iron cross,  Emperor  တို့ ကျနော်ဆိုခဲ့ဖူးတဲ့ တီးဝိုင်းအကုန်လုံးကို ထည့်ချင်တယ်။ 
နောက် ... ကျနော့် တီးဝိုင်းမန်ချက်စတာကိုလည်း ထည့်တီးချင်တယ်။ 

မေး။   ။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကော ရိုက်သွားဖို့ရှိလား။ 

ဖြေ။   ။ အကောင်းဆုံးဖြစ်အောင် အချိန်ပေးပြီး လုပ်ချင်တယ်။ အချိန်ပေးနိုင်တဲ့အပေါ်မှာ စဉ်းစားပြီး လုပ်ဆောင်သွားမှာပါ။ 
ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်။ ဒီထဲကနေပြီး ပရိသတ်အတွက် အဆင်ပြေနိုင်မယ့်ဟာလေးတွေကို ရွေးချယ်ရိုက်ကူး သွားမှာပါ။ 

မေး။   ။ သီချင်းခွေအသစ်ထုတ်ဖို့ကော ရှိလား။ 

ဖြေ။   ။ ဒီကိုပြန်မလာခင်ထဲက ကမ်းလှမ်းထားတာရှိတော့ လုပ်ဖြစ်သွားမှာပါ။ 

စိုးသူရဲ့ ဂီတဖျော်ဖြေပွဲ ကြော်ငြာ

မေး။   ။ အခုလက်ရှိလှုပ်ရှားမှုက။ 

ဖြေ။   ။  လက်ရှိက ကြော်ငြာတွေ ရိုက်ဖြစ်နေတယ်။  

မေး။   ။   အနုပညာရှင်တွေပြည်ပက ပြန်လာပြီး ဖျော်ဖြေပွဲတွေလုပ်တယ်၊ ပရိသတ်ကို ကျေးဇူးဆပ်တယ်လို့ ပြောတယ်။ နောက် ပြန်သွားကြတယ်။ ဈေးကွက်တခုလိုဖြစ်နေတယ်။  ဂီတဖျော်ဖြေပွဲလုပ်တာနဲ့တင်ပဲ ပြီးသွားမလား။ တက်သစ်စတွေအတွက်  လုပ်သွားဖို့ မရှိဘူးလား။

ဖြေ။   ။ ကိုစိုးသူက အနုပညာလုပ်ငန်းမှာ ပါဝင် ထမ်းဆောင်ခဲ့သူတဦးပါ။ ဒီမှာ ဂီတလောကကောင်းဖို့မှာ တဦးချင်း တယောက်ချင်းက ကောင်းအောင် စေတနာအပြည့်နဲ့ ဆောင်ရွက်ရမှာ ဖြစ်သလို အများကလည်း ပေါင်းလုပ်ရင် ကောင်းမှာတွေလည်း ရှိပါတယ်။
 ဒီမှာ ကိုယ်လုပ်နိုင်သလောက် လုပ်သွားဖို့ စဉ်းစားထားပါတယ်။ 
ဘယ်ဘက်ကဖြစ်ဖြစ် လုပ်နိုင်သလောက် လုပ်ပေးဖို့ ဘယ်တော့မှ နောက်မတွန့်ဘဲ လုပ်ဆောင်ပေးသွားမှာပါ။ 

မေး။   ။ တကိုယ်တော် မြေတောင်မြှောက်ပေးဖို့ကော အစီအစဉ်မရှိဘူးလား။ 

ဖြေ။   ။ အရင်ထဲကလည်း လုပ်ပါတယ်။ အရင်ထဲက ၀ါသနာတူ သူငယ်ချင်းတွေပေါင်းပြီး မော်ဒယ်လ်အေဂျင်စီ ထောင်ခဲ့ဖူးပါတယ်။ 
ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးပေးခဲ့တာတွေရှိပါတယ်။ တချို့ ထွက်လာတာတွေရှိသလို ထွက်မလာတာတွေလည်း ရှိပါတယ်။ 
ဒီကနေ့ တချို့တွေဆို တော်တော် နာမည်ရတဲ့ စီနီယာတန်းတွေ ရောက်နေတာတွေ ရှိပါတယ်။ အဲလို ပံ့ပိုးပေးတာတွေ ရှိပါတယ်။ 

မေး။   ။ ဖျော်ဖြေပွဲအပြီးမှာ ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲ။ ဒီမှာ ပြန်အခြေချနေသွားမလား။

ဖြေ။   ။ ကျနော်က အနုပညာအလုပ်တွေ လုပ်ခဲ့တယ်။ ပရိသတ်တွေကလည်း အကောင်းဆုံး တုံ့ပြန် အားပေးခဲ့ကြတယ်။ 
တော်ရာမှာနေရ ဆိုသလိုပါပဲ အကြောင်းအမျိုးမျိုးကြောင့် အဝေးကြီးမှာ သွားနေရတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုချစ်တဲ့ စိတ်ကတော့ အရင်ကလည်း ဒီတိုင်းပဲ၊ ခုလဲ ဒီအတိုင်းပဲရှိပါတယ်။ အဝေးကြီးမှာ သွားနေလည်း ဒီအတိုင်းပဲ။ 
ဆက်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေဒီတိုင်းပဲ ဆက်ရှိနေမှာပါ။ 
ဘယ်မှာခြေချမလဲ ဆိုတာထက် ဘယ်မှာနေနေ ကိုယ်ချစ်တဲ့အနုပညာနဲ့ မိဘပြည်သူတွေကို စွမ်းဆောင်နိုင်ဆုံး လုပ်ပေးနိုင်သလောက်ကို ကြိုးစား လုပ်ဆောင်ပေးသွားမှာပါ။ နေတဲ့နေရာနဲ့ ဆုံးဖြတ်ချက်ထက် စိတ်စေတနာနဲ့ မိဘပြည်သူပေါ်ကို တုံ့ပြန်တဲ့ အနုပညာကိုချစ်တဲ့စိတ်ကပဲ အဓိကကျမှာပါ။ 

မေး။   ။ တိတိကျကျ မပြောနိုင်သေးတာက လက်ရှိ နိုင်ငံပေါ်လစီကြောင့်လား။ အလုပ်အကိုင်ကြောင့်လား။

ဖြေ။   ။ ဒါကို ခဏခဏ မေးကြပါတယ်။ ခုချိန်မှာတော့ သွားလိုက်ပြန်လိုက် ရှိနေဦးမှာပါ။ အရင်လို အဝေးကြီးမှာ မနေချင်တော့ဘူး။ 
အခြေချဖို့ မဆုံးဖြတ်ရသေးဘူးလား ဆိုတော့ ပြောရရင်ခက်ပါတယ်။ ဖြစ်နိုင်ရင် ဒီကနေ မပြန်ချင်တော့ဘူး။ လူဆိုတာက နေချင်တဲ့နေရာမှာ မနေရဘူးလေ။ 
ဟိုမှာကလည်း အလုပ်တခုရှိတော့ ခုချိန်မှာ ဘာမှမပြောနိုင်သေးဘူး။ 

မေး။   ။  အမေရိကန်နိုင်ငံသား ခံယူထားလို့များ ဒီမှာ အခြေချဖို့ ခက်ခဲနေတာလား ဆိုတာ သိချင်ပါတယ်။ 

ဖြေ။   ။ အဲလို မဟုတ်ပါဘူး။ ခုချိန်ထိ ကျနော် ဒီနိုင်ငံသားပါ။ ဇနီးနဲ့ သမီးကလည်း ဒီနိုင်ငံသားပါပဲ။ 
ဒီနိုင်ငံကိုချစ်တဲ့ ဒီနိုင်ငံသားအနေနဲ့ပဲ ဆက်ရှိနေပါသေးတယ်။ 

မေး။   ။ ဇနီးနဲ့ သမီးလေးအကြောင်း နည်းနည်း ပြောပြပေးပါ။

ဖြေ။   ။ (ဇနီး အမည်က) ခင်မြမြ၀တ်မှုံဆွေပါ။ 
သမီးလေးက ၆ နှစ်ခွဲ ရှိပါပြီ။ နာမည်က အိန်ဂျယ်စိုးသူလွင် ခေါ် စုဝတ်မှုံစိုးပါ။  
ဆိုတာ၊ ကတာ အင်မတန်ဝါသနာပါတယ်။ အင်မတန် ရှက်တတ်ပါတယ်။ 
သူ အနုပညာဝါသနာပါလို့ လုပ်မယ် ဆိုရင်တော့ ကျနော်က အားပေးရမှာပေါ့။ တဦးတည်းသောသမီးလေးပါ။ အခု ရန်ကုန်မှာပါပဲ။ 

အချိန်ယူဖြေကြားပေးတဲ့အတွက် အများကြီး  ကျေးဇူးတင်ပါတယ်။ 

(ဓာတ်ပုံများ - နဒီထိုက်/ဧရာဝတီ)

အေးချမ်းမွန် Credit to >> ဧရာဝတီ)<< Thank
‎"အဝေးကြီးမှာ မနေချင်တော့ဘူး"
Re-Post By ACM 11-3-2013

ပြည်ပရောက်နေတဲ့ ရုပ်ရှင်မင်းသား၊ အဆိုတော် စိုးသူက ဒီလကုန်ပိုင်းမှာ past & present, Soe Thu ဆိုတဲ့ ဂီတေ...ဖျာ်ဖြေပွဲကြီးတခု ရန်ကုန်မှာ လုပ်တော့မှာပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။