ကို စိန်သန်း shared Zaw Mintun Zawmintun's photo.
ဗန်းမော်မြို့တွင် မြန်မာငွေစက္ကူ အတုများ ပျံ့နှံ့
FRIDAY,01 MARCH 2013 10:58 ၊ သျှမ်းသံတော်ဆင့်
သစ်မှောင်ခို လုပ်ငန်းနယ်ပယ်များမှ ၀င်ရောက်လာသည်ဟု ယူဆရသည့် ကျပ်...ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန် အတုများ ယခုလ ၂၇ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ် စီးပွားရေး လုပ်ငန်းများအတွင်း ပျံ့နှံ့ဝင်ရောက်ခဲ့ရာ မြို့ခံများ အကြား စိုးရိမ်မှုတိုးပွားနေကြာင်း သိရပါသည်။
၎င်းနေ့ နေ့လည် ၁နာရီခန့်က ဗန်းမော်မြို့ ကမ္ဘောဇဘဏ်တွင် ကျပ်ငွေအတု ၁၀ သိန်း တွေ့ရှိခဲ့သည့် အပြင် နယ်ဘက်မှ ဆိုင်ကယ်လာဝယ်သူ တစ်ဦးထံမှ ၂ သိန်းကျော်ထပ်မံတွေ့ရှိခဲ့ကြောင်း ဗန်းမော်မြို့ခံ ဆိုင်ကယ်အရောင်း ပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
"ဒီနေ့ ဗန်းမော်မှာ ၅ထောင် နဲ့ ၁သောင်းတန်အတုတွေ ပလူပျံနေတယ်။ပိုက်ဆံရှင်းတဲ့အခါ တအား ခက်နေတာ။နေ့လည် ၁ နာရီလောက်က ကမ္ဘောဇဘဏ်မှာ ၁၀သိန်း မိတယ်။ ဈေးထဲမှာ ပိုက်ဆံတွေ ၅ ရွတ်တို့ ၃ ရွတ် တို့ မိတာတွေ အများကြီး ဖြစ်နေတယ်။ ဆိုင်မှာက ဆိုင်ကယ်တစ်စီးလာဝယ်တာ ၄ သိန်းအုပ်ထဲမှာ ၂ သိန်းလောက် ညှပ်ပါလာတယ်။ ပိုက်ဆံက သိသာတယ်။ ချောချောကြီး ဖြစ်နေတာ" - ဟု သူက ပြောသည်။
အဆိုပါ ငွေစက္ကူအတုများမှာ သစ်ကွင်းများမှ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောရာတွင် - "သစ်ကွင်းတွေ ရှိတဲ့ နမ့်အူကြီးတို့ အင်းကြီးတို့ဘက်ကနေ ၀င်လာတာ။ အဲဒီဘက်မှာ ငွေတု အရောင်းအ၀ယ်လည်း ဖြစ်နေတယ်လို့ ကြားတယ်။ သစ်ကားတွေဖြတ်ဖို့ လမ်းရှင်းကြေးပေးတဲ့အထဲမှာလည်း ငွေတုတွေပါတယ်။ စစ်တပ်နဲ့ ရဲတွေ လက်ထဲမှာ အများကြီးရောက်နေတယ်" ဟု သူက ဆိုသည်။
ယခုလ ၂၅ ရက်နေ့က ဗန်းမော်မြို့နယ် နမ့်ဖားကျေးရွာမှ သစ်လုပ်ငန်းရှင်တစ်ဦး မန္တလေးမြို့၌ ကားဆင်းဝယ်ရာတွင်
ကျပ် သိန်း ၁၀၀ ကျော်ခန့်ရှိ ငွေအတုများ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၄င်းသစ်လုပ်ငန်းရှင်အား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
FRIDAY,01 MARCH 2013 10:58 ၊ သျှမ်းသံတော်ဆင့်
သစ်မှောင်ခို လုပ်ငန်းနယ်ပယ်များမှ ၀င်ရောက်လာသည်ဟု ယူဆရသည့် ကျပ်...ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန် အတုများ ယခုလ ၂၇ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ် စီးပွားရေး လုပ်ငန်းများအတွင်း ပျံ့နှံ့ဝင်ရောက်ခဲ့ရာ မြို့ခံများ အကြား စိုးရိမ်မှုတိုးပွားနေကြာင်း သိရပါသည်။
၎င်းနေ့ နေ့လည် ၁နာရီခန့်က ဗန်းမော်မြို့ ကမ္ဘောဇဘဏ်တွင် ကျပ်ငွေအတု ၁၀ သိန်း တွေ့ရှိခဲ့သည့် အပြင် နယ်ဘက်မှ ဆိုင်ကယ်လာဝယ်သူ တစ်ဦးထံမှ ၂ သိန်းကျော်ထပ်မံတွေ့ရှိခဲ့ကြောင
"ဒီနေ့ ဗန်းမော်မှာ ၅ထောင် နဲ့ ၁သောင်းတန်အတုတွေ ပလူပျံနေတယ်။ပိုက်ဆံရှင်းတဲ့အခါ
အဆိုပါ ငွေစက္ကူအတုများမှာ သစ်ကွင်းများမှ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောရာတွင် - "သစ်ကွင်းတွေ ရှိတဲ့ နမ့်အူကြီးတို့ အင်းကြီးတို့ဘက်ကနေ ၀င်လာတာ။ အဲဒီဘက်မှာ ငွေတု အရောင်းအ၀ယ်လည်း ဖြစ်နေတယ်လို့ ကြားတယ်။ သစ်ကားတွေဖြတ်ဖို့ လမ်းရှင်းကြေးပေးတဲ့အထဲမှာလည်း ငွေတုတွေပါတယ်။ စစ်တပ်နဲ့ ရဲတွေ လက်ထဲမှာ အများကြီးရောက်နေတယ်" ဟု သူက ဆိုသည်။
ယခုလ ၂၅ ရက်နေ့က ဗန်းမော်မြို့နယ် နမ့်ဖားကျေးရွာမှ သစ်လုပ်ငန်းရှင်တစ်ဦး မန္တလေးမြို့၌ ကားဆင်းဝယ်ရာတွင်
ကျပ် သိန်း ၁၀၀ ကျော်ခန့်ရှိ ငွေအတုများ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၄င်းသစ်လုပ်ငန်းရှင်အား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။