ရေးမိရေးရာလေးများ
ဂရိ နတ်မင်းကြီးဇူးစ်ဟာ လောကကြီးကို ဖန်ဆင်းလိုက်တယ်။ ကြယ်တွေကို ဖန်ဆင်းလိုက်တယ်။ နေတွေလတွေကို ဖန်ဆင်းလိုက်တယ်။ကမ္ဘာမြေကြီးကို
...
“အလှအပနဲ့ အမှန်တရား” ကိုဖန်ဆင်းပြီးတဲ့နောက် နတ်သဘင် အစည်းအဝေးခေါ်လိုက်တယ်။ အစည်းအဝေးမှာ ဇူးစ်နတ်မင်းကြီးက ပြောတယ်။
“အလှအပနဲ့ အမှန်တရား” ကို ငါဖန်ဆင်းလိုက်ပြီ။ ဒါပေမယ့် ဒီ “အလှအပနဲ့ အမှန်တရား”ကို လူတွေ လွယ်လွယ်နဲ့ ရှာမတွေအောင် လုံခြုံတဲ့နေရာမှာ ဖွက်ထားရမယ်။ ဘယ်နေရာမှာ ဖွက်ရရင် ကောင်းမှာလဲ ဆိုတာကို နတ်မင်းများ ပြောကြပါ” လို့ပြောတယ်။
နတ်မင်းတစ်ပါးက “ပင်လယ် သမုဒ္ဒရာ အောက်မှာ ဖွက်ရရင် တော်တော်နဲ့ ရှာလို့တွေ့နိုင်မှာ မဟုတ်ဘူး နတ်မင်းကြီး” လို့လျှောက်တယ်။
တခြားနတ်တွေက “လူတွေဟာ အင်မတန် စူးစမ်းတတ်တဲ့ သတ္တ၀ါ ဖြစ်တယ်။ ပင်လယ် သမုဒ္ဒရာအောက်ကို လွယ်လွယ်နဲ့ ရောက်အောင် သွားကြည့်နိုင်မှာပဲ၊ ဒီလိုဆိုရင် လွယ်လွယ်နဲ့ပဲ တွေ့သွားနိုင်တယ်” လို့ပြောတယ်။
နောက်နတ်မင်း တစ်ပါးက “အမြင့်ဆုံး တောင်ထိပ်မှာ တင်ထားရရင် ကောင်းမယ်” လို့ပြောတယ်။
တခြားနတ်တွေက “လူတွေဟာ အင်မတန် စူးစမ်းတတ်တဲ့ သတ္တ၀ါဖြစ်တယ်။ တောင်ထိပ် ကိုလည်း လွယ်လွယ်နဲ့ပဲ ရောက်အောင် သွားကြည့်နိုင်မှာပဲ။ အဲဒီလိုဆိုရင် လွယ်လွယ်နဲ့ပဲ တွေ့သွားနိုင်တယ်” လို့ပြောတယ်။
ပညာရှိ နတ်သားတစ်ပါးက လက်ထောင်ပြီတော့ “ရှာရ အခက်ဆုံးနေရာကို ကျွန်တော် သိပါတယ်”လို့ ပြောတယ်။
ဇူးစ်နတ်မင်းကြီးက “ပြောပါ” လို့ဆိုတော့မှ ပညာရှိနတ်သားက “အလှအပနဲ့ အမှန်တရား ကိုလူတွေရဲ့ နှလုံးသားထဲမှာဖွက်ထားလိုက်ပါ။ လူတွေဟာ အပြင်မှာပဲ ရှာလိမ့်မယ်။ ဒါကြောင့် နှလုံးသားထဲမှာ ဖွက်ထားတဲ့ အလှအပနဲ့ အမှန်တရားကို တော်တော်တန်တန်လူ တွေ့မှာမဟုတ်ဘူး။ အင်မတန် ဉာဏ်ကြီးတဲ့သူ အင်မတန်လုံ့လ၀ီရိယကြီးတဲ့သူမှသ
ဒါမှာ လွယ်လွယ်နဲ့ လိုချင်တဲ့သူတွေဟာ အပြင်မှာရှာကြမယ်။ စာအုပ်ထဲမှာရှာကြမယ်။ အစစ်ကိုတွေ့မှာ မဟုတ်ဘူး။ အရိပ်ကိုပဲ တွေ့မယ်။
အဲဒါနဲ့ နတ်မင်းကြီးဟာ အလှအပနဲ့ အမှန်တရားကို လူတွေရဲ့ နှလုံးသားထဲမှာ ဖွက်ထားလိုက်တယ်။
ဆရာတော် ဦးဇောတိက ရဲ့ “အလှတရားမှ အမှန်တရားသို့” မှ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။