Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 3, 2013

ကြယ်စင်မော်ကွန်း' ဇာတ်ကား

Ko Htun and 2 other friends shared Thway Thit Sar's photo.
တပ်မတော် စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး မျက်မှောက်ခေတ်အထိ နှစ်ပေါင်း ၇၀ အတွင်းကို သမိုင်းနောက်ခံထားပြီး မျိုးဆက်သုံးဆက်က မိသားစုဘ၀တွေရဲ့အခြေအနေကို ရုပ်ရှင်ဆန်ဆန်ရိုက် ကူးထားတဲ့ သမိုင်းနောက်ခံရုပ်ရှင် ဇာတ်ကား 'ကြယ်စင်မော်ကွန်း' ဖန်တီးမှုဟာ အကြမ်းအားဖြင့် ပြီးစီးသွားပြီမို့ ဒီနှစ်အတွင်း ရုံတင်ပြသနိုင်တော့မယ် လို့ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ပန်းချီစိုးမိုးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

တပ်မတော်ကို သန္ဓေတည်ပြီး မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့မိန့်ခွန်းတွေ၊ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို နောက်ခံထားပြီး မျိုးဆက်သုံးဆက်ရဲ့ ဘ၀အခြေအနေတွေကို သုံးနှစ်ကြာ အချိန်ယူ ရိုက်ကူးခဲ့ရတဲ့ ဒီဇာတ်ကားကို မိုးဆန်းပန်းကုမ္ပဏီက ထုတ်လုပ်တာ ဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင် ပေါင်းများစွာ ပါဝင်ထားကြပါတယ်။

"တပ်မတော်သမိုင်းရိုက်မယ်ဆိုတော့ ဗိုလ်ချုပ်က မပါမဖြစ် ပါရတော့ မယ်။ ဗိုလ်ချုပ်ဟာ တပ်မတော်ရဲ့ဖခင်ဖြစ်တယ်။ သမိုင်းကတော့ နောက် ခံပဲပါတယ်။ ကျန်တာကို ရုပ်ရှင်ကားတစ်ကား လိုရိုက်ထားတာပါ။ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ကြည့်ရင်းနဲ့ ရုပ်ရှင်ကို အရသာခံရင်းနဲ့ သမိုင်းဖြစ်စဉ်တွေ အချိန်အခါလိုက် ထည့်ထားတာဖြစ်ပါတယ်"လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ဦးစိုးမိုးက ပြောပါတယ်။

နယ်ချဲ့ကို တော်လှန်တဲ့အချိန်မှာ လူမင်းက ရဟန်းဘ၀ကနေ လူထွက်ပြီး တော်လှန်ရေးထဲ ပါဝင်လှုပ်ရှားခဲ့တယ်။ ဝေဠုကျော် ကလည်း ကျောင်းဆရာ လုပ်နေရာကနေ တော်လှန်ရေးထဲဝင်ပြီး ဘီအိုင်အေရဲဘော်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုတွေ လုပ်ခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။

နယ်ချဲ့တွေက တပ်မတော်အင်အား ကြီးလာမှာ ကြောက်တာမို့ တပ်မတော် အင်အားကို ကန့်သတ်လိုက်တယ်။ ဒါကြောင့် ဘီအိုင်အေ ကို ဖျက်သိမ်းပြီး လူဦးရေအနည်းငယ်နဲ့ ဘီဒီအေကိုပြန်ဖွဲ့ပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး တပ်မတော်ကို ဘယ်လိုဖွဲ့စည်းခဲ့သလဲ။ နယ်ချဲ့ကို ဘယ်လိုတိုက်ထုတ်ခဲ့သလဲဆိုတဲ့ အကြောင်း အချက်ကိုအခြေခံလိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ကားထဲမှာ သမိုင်းကိုနောက်ခံထားပြီး ရိုက်ကူးတယ်။ ဗိုလ်ချုပ်မိသားစုအကြောင်း တော့မပါပါဘူး"လို့ ဒါရိုက်တာက ပြောပါတယ်။

ဇာတ်ကားထဲမှာ ဘီဒီအေခေတ်က တပ်မတော်သားတွေ တစ်ဦးနဲ့တစ်ဦး အင်မတန်သစ္စာရှိကြပုံကိုလည်း ထည့်သွင်းရိုက်ကူး ထားပါတယ်။ တပ်မတော်သားတစ်ဦး ရှေ့တန်းမှာ တိုက်ပွဲကျတဲ့အခါ ကျန်ရစ်ခဲ့တဲ့သူ့ရဲ့သားသမီးတွေကို သွေးသားရင်းသဖွယ် စောင့်ရှောက်ကြပုံတွေကိုလည်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။

မျိုးဆက်သုံးဆက်ခွဲပြီး ရိုက်ကူးတင် ပြထားတာမို့ လူမင်း၊ ဝေဠုကျော်၊ အောင်ခိုင်၊ တင့်တင့်ထွန်း၊ ပန်းဖြူ၊ စိုးမြတ်သူဇာတို့တစ်တွေကို တစ်ခေတ်၊ နေတိုး၊ အိန္ဒြာကျော်ဇင်တို့တစ်တွေကို တစ်ခေတ်အတွက် ပါဝင်စေပြီး ထွန်းထွန်း၊ သက်မွန်မြင့်တို့တစ်တွေက တစ်ခေတ် အဖြစ် ပါဝင်ထားပါတယ်။

"ရိုက်သမျှအကြောင်းအရာအားလုံးကတော့ မှတ်တမ်းမှတ်ရာကို အခြေခံပြီး ရိုက်တဲ့အတွက် လွဲမှားစရာတော့ မရှိဘူး။ စာအုပ်တွေ ဖတ်ပြီး ကိုးကားရပါတယ်။ တပ်မတော်ကို ဘယ်လိုဖွဲ့စည်းခဲ့သလဲ။ နယ်ချဲ့ကို ဘယ်လိုတိုက်ခဲ့သလဲ။ အဲဒီအကြောင်းအချက်တွေကို အခြေခံသမိုင်းကိုနောက်ခံပြီး ရုပ်ရှင်ဆန်ဆန်ရိုက်ကူးခဲ့ပါတယ်"လို့ ဒါရိုက် တာပန်းချီစိုးမိုးက ပြောပါတယ်။

ဗိုလ်ချုပ်မိန့်ခွန်း ပြောတာတွေနဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ လှုပ်ရှားမှုဖြစ်စဉ်သတင်းဓာတ်ပုံတွေကို ပြည်ပကနေ ရယူ သွားမယ်လို့ဆိုပြီး အဲဒီ အပိုင်းတွေကို ထပ်ဖြည့်သွားမယ်လို့ ပြောပါတယ်။

"ဒီက မှတ်တမ်းပြုစုခဲ့တဲ့လူတွေက သေသေချာချာသိမ်းဆည်းတာ မရှိတော့ အခွေတွေ၊ မှတ်တမ်းတွေက အစက်အပြောက်တွေ၊ ညောင်စေးတွေကပ်ပြီး အကုန်ပျက်စီးတယ်"လို့လည်း ပြောပါတယ်။

လတ်တလောမှာ ရိုက်ကူးရေးအပိုင်းအတွက် အကုန်ပြီးစီးသွားပြီဖြစ်ပြီး ကားဆက်တာနဲ့ အသံပိုင်းဆိုင်ရာတွေ ပြုလုပ်ဖို့ ကျန်နေ သေးတယ်လို့ ဆိုပါတယ်။

"အကြမ်းထည် တည်းဖြတ်ပြီးပြီ။ အသေးစိတ် တည်းဖြတ်ဖို့ပဲ၊လိုပါတော့တယ်။ နှစ်ပေါင်း ၇၀ ကာလကို ရိုက်တာ ဆိုတော့ ဖလင် ပေဆက်တာ တစ်ကားလုံးကို ၁၀ နာရီရှိတယ်။ အဲဒါကို ၂ နာရီ ခွဲ၊ သုံးနာရီ ဖြတ်ပစ်ရမယ်" လို့ ဦးစိုးမိုးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရတဲ့ အခန်းကို ရိုက်ကူးရာမှာ တကယ့် ၀န်ကြီးများရုံးဝင်းထဲမှာ ရိုက်ကူးထားပြီး လုပ်ကြံခံရတဲ့ခန်းမ အတွက် ဆင်တင် ပြင်ဆင်ချိန်ကာလ ၁၅ ရက်လောက် ကြာတယ်လို့ ပြောပါတယ်။

"ဗိုလ်ချုပ်လုပ်ကြံတဲ့အခန်းကို ရိုက်တာက သုံးရက်လောက် ရိုက်ရတယ်။ ပြတာက တစ်မိနစ်ခွဲပဲကြာတယ်။ တပ်မတော်ရဲ့သမိုင်းကို ရိုက်ကူးတာ ဗိုလ်ချုပ်ရုပ်ကတော့ အပီအပြင်ဆုံးပဲ"လို့ ဇာတ်ကားနဲ့ပတ်သတ်ပြီး သူ့အမြင်ကို ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးရေးအတွက် လိုအပ်တဲ့ အခွင့်အရေးတွေ အထိုက်အလျောက်ရရှိပေမယ့် စိတ်ရှိသလောက် ဖော်ကျူးခွင့်မရဘူးလို့ ဆိုပါတယ်။

"နိုင်ငံတကာက ကုန်ကျစရိတ်ရဲ့ ခြေမှုန့်လောက် ပမာဏငွေကြေးနဲ့ ရိုက်ရတာပါ။ ဗိုလ်ချုပ် မြို့တော်ခန်းမမှာ နောက်ဆုံးမိန့်ခွန်း ပြောခဲ့တာကို ရိုက်ချင်တယ်။ လူပေါင်း ၁၀,၀၀၀ ကျော် လောက်ရှာရမယ်။ "နောက် .. တကယ်တမ်း တရုတ်ဖြူ တိုက်ပွဲတွေမှာဆို အမေရိကန်ဘက်က တရုတ်ဖြူကို စစ်လေယာဉ်တွေနဲ့ ဘေ ထုပ်တွေ လာချပေးတယ်။ ထောက်ပံ့ကြေးတွေ လာချပေးတယ်။ အဲဒီမှာ မြန်မာတပ်က ရိက္ခာတွေချပေးတယ် ဆိုတာကို လူစီးလေယာဉ်ပျံနဲ့ ရိုက်ချင်တာပေါ့။ ဗုံးကြဲတဲ့အခါမှာလည်း ဗုံးကြဲတဲ့လေယာဉ်တွေ ရိုက်ချင်တယ်။ တကယ်တမ်း အဲဒီလိုလုပ်တဲ့အခါ လေယာဉ်ပျံကို သုံးရမယ်။ ငွေရေးကြေးရေးကလည်း မပြည့်မစုံ၊ ပံ့ပိုးမှုကလည်း မပြည့်မစုံနဲ့ဆိုတော့ စိတ်ထဲရှိသလိုတော့ မဖော်ကျူးနိုင်ပါဘူး။ အဲဒီလို ကြားမှာ ရိုက်ကူးရတဲ့အနေနဲ့ စိတ်ကြိုက်ဖြစ်တယ်လို့ ပြော နိုင်တယ်။ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်။ ပရိသတ်လည်း ကြိုက်မယ်လို့ ယုံကြည်တယ်"လို့ဇာတ်ကားအပေါ်သူ့ အမြင်ကို ပြောပါတယ်။

မပြည့်စုံတာတွေနဲ့ ရိုက်ကူးခဲ့ရပေမယ့် ဗိုလ်ချုပ်သရုပ်ဆောင်ချက်ကိုတော့ အားရတယ်လို့ ဆိုပါတယ်။

"ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်တဲ့ သူက အင်မတန်ပီပြင်ပါတယ်။ သူက တပ်ထဲက ဒု-ဗိုလ်ပါ။ သူ့ကို ဗိုလ်ချုပ်ရဲ့ မျက်နှာထား၊ စိတ်ဓာတ်ရအောင် လေး၊ ငါးလကြာ လေ့ကျင့်ပေးရပါတယ်။ ဆရာကိုယ်တိုင်လည်း သူ့ကိုမိတ်ကပ် လိမ်းပေးတယ်။ ဆံပင်ညှပ် တာကအစ သူ့ကို လိုက်ညှပ်ပေးပါတယ်။ ဗိုလ်ချုပ်က အမြဲတမ်း ကတုံးဆံတောက်မဟုတ်ပါဘူး။ တချို့အခန်းတွေဆို ဘိုကေလေးနဲ့ ရိုက်ရပါတယ်"လို့ ပြောပါတယ်။

ဇာတ်ကားအတွက် နောက်ခံတီးလုံးကိုတော့ စန္ဒရားတင်ဝင်းလှိုင်က တီးခတ်ပေးမှာ ဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးဖို့ အတွက် သမိုင်း စာအုပ်များစွာ ဖတ်ရှုရပေမယ့် စာအုပ် တစ်အုပ်နဲ့တစ်အုပ် အချက်အလက် ကွဲလွဲတာတွေ ရှိတာကြောင့် အနီးစပ်ဆုံး ဖြစ်အောင် ဖန်တီးခဲ့တယ်လို့လည်း ပြောပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံတဲ့ အခန်းဆို ဗိုလ်ချုပ်အောင်ဆန်းဝတ်တဲ့ ၀တ်စုံကိုသာ စာအုပ်ထဲမှာပါတဲ့အတွက် သိပေမယ့် ကျန်တဲ့ ဦးရာဇတ်၊ မန်းဘခိုင်၊ မောင်ထွေးတို့ရဲ့ဝတ်စုံတွေကို ခန့်မှန်းရိုက်ကူးရတယ်"လို့ ဆိုပါတယ်။

တပ်မတော်သမိုင်းကြောင်းကို မှတ်တမ်းအဖြစ် အရင်က ရိုက်ဖူးကြပေမယ့် ရုပ်ရှင်အနေနဲ့ ဒီ'ကြယ်စင်မော်ကွန်း' ဇာတ်ကားက ပထမဆုံးရိုက်ကူးခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

"မှတ်တမ်းသက်သက်ဆို ပရိသတ်တွေ ပျင်းပြီး ရုပ်ရှင်ရုံထဲမှာတင် အိပ်ပျော်သွားလိမ့်မယ်။ ဒါကြောင့် သမိုင်းကို နောက်ခံပြုပြီး ရုပ်ရှင်ဇာတ်ကားဆန်ဆန် ရိုက်ကူးထားတာပါ"လို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။ 

မူရင်း(http://www.myanmar.mmtimes.com/2012/timeout/567/tmout01.html)
တပ်မတော် စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး မျက်မှောက်ခေတ်အထိ နှစ်ပေါင်း ၇၀ အတွင်းကို သမိုင်းနောက်ခံထားပြီး မျိုးဆက်သုံးဆက်က မိသားစုဘ၀တွေရဲ့အခြေအနေကို ရုပ်ရှင်ဆန်ဆန်ရိုက် ကူးထားတဲ့ သမိုင်းနောက်ခံရုပ်ရှင် ဇာတ်ကား 'ကြယ်စင်မော်ကွန်း' ဖန်တီးမှုဟာ အကြမ်းအားဖြင့် ပြီးစီးသွားပြီမို့ ဒီနှစ်အတွင်း ရုံတင်ပြသနိုင်တော့မယ် လို့ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ပန်းချီစိုးမိုးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။