ကို စိန်သန်း shared Freedom News Group(Burma)'s photo.
ဂျော်ဒန် နိုင်ငံ မှာ ရောက် ရှိ နေတဲ့ မြန်မာ အလုပ်သမား တွေ လုပ်ခ ၊လစာ
တိုးမြှင့် တောင်းဆိ...ု ဆန္ဒပြ မှု ကြောင့် စနေ နေ့  မနက် ပိုင်း က အလုပ်ရှင် ရဲ့  လက်ပါးစေ တွေ ရိုက် နှက် ခံရလို့  မြန်မာ သံရုံး ကို ဆက် သွယ်တဲ့ အခါ ဘယ်လို မှ ဆက် သွယ် လို့  မရ ဘူး လို့  အလုပ်သမား တစ်ဦး က FNG ကို ပြောပါတယ်။ သောကြာနေ့  က ဆက်သွယ် လို့  ရသေးတယ်။ အခု ဆက် လို့  မရဘူး ၊ အီဂျစ် မှာ ရှိ တဲ့ သံရုံး ကို ထပ် ဆက် ကြည့် တဲ့ အခါ သူ တို့  နဲ့  မဆိုင်ဘူးလို့  ဆိုတယ် ဟု ပြောသည်။
ဂျော်ဒန် မှာ မြန်မာ သံရုံး ရော ကောင်စစ်ဝန် ရော မရှိ တဲ့ အတွက် အစ္စရေး မှာ ရှိ တဲ့ မြန်မာ သံရုံး ကို ဆက်သွယ် ရတာ ဖြစ်ပါတယ်။ သံရုံး က ဂျော်ဒန် ရောက် မြန်မာ အလုပ် သမား တွေ ဆီက အမြဲ ပဲ အခွန် ကောက် ပြီး တစ်ခါ တစ်ရံ မှာ တော့ အလှုငွေ တွေ ဘာတွေ တောင် ကောက် ပါတယ် လို့  ဆို ပါတယ်။
စနေ နေ့  မနက် က ဂျော်ဒန် လူမျိုး တွေ က မိန်းကလေး အလုပ်သမား ဆောင် ကို ၀င်လာ ပြီး အလုပ် ဆင်း ဖို့  အတင်း အဓမ္မ ခေါ် ဆောင် ရာ ကနေ မြန်မာ တွေ က ငြင်းဆန် ခဲ့ ပါတယ်။ ဂျော်ဒန် တွေ ရဲ့  ရိုက် နှက် မှု ကြောင့် မြန်မာ အလုပ် သမား တွေ
ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။