အခုက ပြည်သူလူထုရဲ့မျက်နှာကို ကြည့်ရမယ့်ခေတ်ဖြစ်သွားပြီ ဆိုတဲ့ ဆောင်းဦးလှိုင်
ဒီမိုကရေစီရပြီဆိုပြီး သရုပ်ပျက်အ၀တ်အစားတွေ ၀တ်ဆင်လာ တာတွေကို တွေ့လာရပါတယ်။ အစ်ကို့အမြင်လေး ပြောပြပေးပါဦး။
ဒီမိုကရေစီနိုင်ငံမှာ မိမိကိုယ်မိမိ မထိန်းနိုင်ဘူး ဆိုရင်တော့ ပြဿနာလေးတွေဖြစ်တတ်ပါတယ်။ မိမိဘာသာ လွတ်လပ်စွာ ၀တ်စားဆင်ယင်တယ်ဆိုတာ ဟုတ်ပြီ၊ သူ့မှာ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ရှိပါတယ် ။ ဒါပေမဲ့ ၀တ်ချင်တာဝတ်ဖို့တော့ မကောင်းပါဘူး။ မြန်မာ့ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှု ကိုတော့ ထိန်းသိမ်းထားသင့်ပါတယ်။ အဲဒီမှာ တစ်ခု ပြောချင်တာက လူ့အခွင့်အရေးအရဆိုရင် သူ့ဘာသာဝတ်ချင်တာ ၀တ်ခွင့်ရှိတယ်။ ဒါပေမဲ့ သူ့အိမ်ထဲမှာ သူ့ဘာသာဝတ်ချင်တာဝတ်၊ ကျွန်တော်တို့ မြင်လည်း မမြင်ရဘူး။ ပြောခွင့်လည်းမရှိဘူး။ ဒါ သူ့အခွင့်အရေးပဲ။ အများပြည်သူအလယ်မှာတော့ အရမ်းတိုပြတ်ပြီး သရုပ်ပျက် အ၀တ် အစားတွေဝတ်လာရင်တော့ အများက ကိုယ့်ကိုကြည့်ပါပြီ၊ ကြည့်ပြီးတော့ စိတ်တွေမရိုးမရွဖြစ်တဲ့သူလည်း ရှိမယ်။ တချို့ကလည်း ၀တ်ထားတာ ရက်စက်လိုက်တာ၊ ပက်စက်လိုက်တာဆိုပြီး လူကြီးတွေး တွေးတဲ့သူလည်း ရှိမယ်။ တချို့ကလည်း ကြည့်လို့ကော...င်းလိုက်တာ အလှူကြီးများ ပေးနေ သလား မသိဘူးဆိုပြီး တစ်ဝကြီး ကြည့်ချင်ကြည့်သွားကြမယ်။ အဲဒီတော့ မိမိရဲ့ဘေးပတ်ဝန်းကျင်မှာ ဂယက်ရိုက်ပါပြီ။ သူတစ်ယောက်တည်း လွတ်လပ်ခွင့်မဟုတ်တော့ပါဘူး။ အများပြည်သူနဲ့ ဆိုင်သွားပါပြီ။ မိမိလွတ်လပ်ခွင့်တစ်ခုတည်း မဟုတ်တော့ပါဘူး။ အများပြည်သူရဲ့ အ လယ်ကို ထွက်လာတဲ့အတွက် အများပြည်သူနဲ့ ဆိုင်သွားပါပြီ။ မိမိဆန္ဒ တစ်ခုတည်း မဟုတ်တော့ပါဘူး။ အထူးသဖြင့် ကျော်ကြားတဲ့သူတွေ စင်ပေါ်တက်ရင် ပိုတာဝန်ရှိတယ်။ သူတို့ကို လာကြည့်တဲ့ပရိသတ် ရှိ တယ်။ သူတို့ကြောင့် အောက်ကပရိသတ်တွေ အတုယူမှားသွားနိုင်တာ ရှိသလို အခန့်မသင့်ရင် ဒီလိုသရုပ်ပျက်အ၀တ်အစားကို မနှစ်သက်တဲ့သူ တချို့နဲ့တွေ့ရင် အော်ဆဲခံရနိုင်သလို ရေသန့်ဘူးနဲ့ လှမ်းပေါက်ခံရနိုင်ပါ တယ်။ အဲဒီအတွက် ကိုယ့်ကိုအော်တဲ့သူကို အပြစ်ပြောလို့မရတော့ဘူး။ ကိုယ်က မပေါ့်တပေါ်သွားဝတ်တာကိုး။ ဒါကြောင့် လွတ်လပ်မှုရှိပေမယ့် သူများကို မထိခိုက်အောင်တော့ နေထိုင်ဝတ်စားသင့်ပါတယ်။
Eternal Light Magazine
March 2013
လူငယ်နှင့် ဒီမိုကရေစီ
Re-Post By ACM 11-3-2013
အေးချမ်းမွန် Credit to >>Eternal Light Magazine << Thank
ဒီမိုကရေစီရပြီဆိုပြီး သရုပ်ပျက်အ၀တ်အစားတွေ ၀တ်ဆင်လာ တာတွေကို တွေ့လာရပါတယ်။ အစ်ကို့အမြင်လေး ပြောပြပေးပါဦး။
ဒီမိုကရေစီနိုင်ငံမှာ မိမိကိုယ်မိမိ မထိန်းနိုင်ဘူး ဆိုရင်တော့ ပြဿနာလေးတွေဖြစ်တတ်ပါတယ်။ မိမိဘာသာ လွတ်လပ်စွာ ၀တ်စားဆင်ယင်တယ်ဆိုတာ ဟုတ်ပြီ၊ သူ့မှာ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ရှိပါတယ်
Eternal Light Magazine
March 2013
လူငယ်နှင့် ဒီမိုကရေစီ
Re-Post By ACM 11-3-2013
အေးချမ်းမွန် Credit to >>Eternal Light Magazine << Thank

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။